ေပ်ာ္ရႊင္ၾကည္ႏူးသည့္ ဆက္ဆံေရးျဖစ္ဖို႔ အမူအက်င့္ (၁၀)ခု
မိန္းကေလးေတြရဲ႕စိတ္ကို လႈပ္ရွားသြားေစႏိုင္တ့ဲ အေၾကာင္းရင္းေတြ အမ်ားႀကီးရွိပါတယ္။ ဒီထဲကမွ တခ်ိဳ႕ေသာ အျပဳအမူေလးေတြက ဘာမွအေရးမႀကီးဘူး ထင္ရေပမယ့္ မိန္းကေလးေတြကို ၾကည္ႏူးခံစားသြားရေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ခ်စ္သူစုံတြဲေတြ အၾကား ေပ်ာ္ရႊင္ၾကည္ႏူးစရာ ဆက္ဆံေရးကိုတည္ေဆာက္ႏိုင္ဖို႔ အေရးပါတ့ဲအခ်က္ေလးေတြကို ေဖာ္ျပလိုက္ပါတယ္။
၁။ အၾကည့္
မ်က္၀န္းေတြဟာ စိတ္ရဲ႕တံခါးေပါက္ေတြ ျဖစ္ပါတယ္။ မ်က္လုံးအၾကည့္ေတြကတဆင့္ အေၾကာင္းအရာေတြ အမ်ားႀကီးကို ေဖာ္ျပႏိုင္ပါဆယ္။ ဒါ့ေၾကာင့္ အၾကည့္ေတြရဲ႕စြမ္းအားကို ဂ႐ုတစိုက္အသုံးခ်ၿပီး မိန္းကေလးတစ္ေယာက္ကို ရင္ခုန္စိတ္လႈပ္ရွားသြားေစႏိုင္ပါတယ္။
၂။ အျပံဳး
အျပံဳးေတြဟာလည္း စြမ္းအားရွိပါတယ္။ အၾကည့္ေတြရဲ႕ေနာက္မွာ အျပံဳးေတြ ေပါက္ဖြားလာေလ့ရွိၿပီး စြဲလန္းမႈ၊ ခ်စ္ျခင္းေမတၱာ၊ နားလည္မႈ စတဲ့ ခံစားမႈေတြကို ကိုယ္စားျပဳပါတယ္။ စစ္မွန္တ့ဲအျပံဳးေတြ ျဖစ္ဖို႔လိုအပ္သလို လိုတာထက္ပိုမသုံးမိဖို႔လည္း အေရးႀကီးပါတယ္။ အျပံဳးေတြဟာ သင့္ရဲ႕ပါတနာကို စိတ္ၾကည္ႏူးေစ႐ံုသာမက သင္ကိုယ္တိုင္အတြက္လည္း ေကာင္းတ့ဲအခ်က္ေတြ ရွိပါတယ္။ ျပံဳးေနတ့ဲလူတစ္ေယာက္ဟာ အျခားသူေတြထက္ပိုၿပီး ေပ်ာ္ရႊင္ရတတ္ပါတယ္။
၃။ နားေထာင္ေပးျခင္း
သင့္ရဲ႕ပါတနာေျပာတ့ဲအေၾကာင္းအရာကို အေလးထားနားေထာင္ေပးတတ္တာလည္း သူမကို ေက်နပ္ပီတိျဖစ္ေစပါတယ္။ အလးအနက္ထား နားေထာင္ေပးျခင္းျဖင့္ သူမရဲ႕စိတ္ခံစားမႈ၊ ဆိုလိုခ်င္တ့ဲအေၾကာင္းအရာနဲ႔ ရည္ရြယ္ခ်က္ကို ပိုမိုနားလည္လာမွာ ျဖစ္ပါတယ္။ အေလးအနက္နားေထာင္ရာမွာ –
သင္ၾကားသိတ့ဲအခ်က္က တဖက္လူေျပာခ်င္တာ ဟုတ္မဟုတ္အတည္ျပဳပါ။
အဓိက ဆိုလိုရင္းနဲ႔ ခံစားမႈစြက္သည့္ အခ်က္ေတြကို ခြဲျခားပါ။
အားေပးစကားေျပာပါ
စိတ္၀င္စားမႈ အျပည့္ထည့္ထားပါ
ခ်စ္ခင္ၾကင္နာမႈျဖင့္ လိုလိုလားလား နားေထာင္ပါ။
၄။ အသံ
စကားေျပာတ့ဲေနရာမွာ ဂ႐ုစိုက္ရမယ့္ အခ်က္ေတြရွိပါတယ္။ ဘယ္လိုေျပာမလဲ၊ ဘယ္အခ်ိန္မွာ ဘာအေၾကာင္းေျပာမလဲ ဆိုတာေတြပဲ ျဖစ္ပါတယ္။ ေနာက္ထပ္အေရးႀကီးတာက စကားလုံးမဟုတ္တ့ဲ အသံေတြျဖစ္ပါတယ္။ သီခ်င္းဆိုတာ၊ သံစဥ္တစ္ခုခုကို ညည္းဆိုျပတာေတြက သင့္ရဲ႕ပါတနာကို ေက်နပ္ေစႏိုင္တ့ဲ အေၾကာင္းေတြျဖစ္ပါတယ္။ သီခ်င္းညည္းဆိုတာက သင္ဘယ္ေနရာမွာ ရွိေနတယ္၊ ဘာေတြကိုခံစားေနရတယ္ဆိုတာကို သင့္ပါတနာက အလြယ္တကူသိရွိသြားေစႏိုင္ပါတယ္။
၅။ အလိုက္သိျခင္း
သင့္ပါတနာရဲ႕ အလုပ္ေတြကို မခိုင္းပဲနဲ႔လုပ္ေပးတာ၊ လိုအက္ခ်က္ေတြကို အလိုက္တသိနဲ႔ ျဖည့္ဆည္းေပးတာေတြက တကယ္ကို ဟတ္ထိေစတ့ဲ အျပဳအမူေတြပဲျဖစ္ပါတယ္။ ပန္းကန္ေတြကူေဆးေပးတာ၊ သူမေရးထားတ့ဲ ကဗ်ာေတြ စာေတြကို ဖတ္ၾကည့္ေပးတာ စသျဖင့္ လုပ္ေပးလို႔ရပါတယ္။
၆။ လက္ေဆာင္
လက္ေဆာင္ေပးတာဟာ အမူအက်င့္ေကာင္းတစ္ခုျဖစ္ပါတယ္။ သင့္ပါတနာကို လက္ေဆာင္တစ္ခုေပးလိုက္တိုင္းမွာ သူမကို ဂ႐ုစိုက္တယ္၊ သူမဟာ သင့္အတြက္ အေရးႀကီးတယ္ လို႔ ေျပာေနတာနဲ႔ အတူတူပါပဲ။ ဒါ့ေၾကာင့္ လက္ေဆာင္ေပးျခင္းဟာလည္း သူမကို ေပ်ာ္ရႊင္ေက်နပ္သြားေစမယ့္ အခ်က္တစ္ခုျဖစ္ပါတယ္။ လက္ေဆာင္ေပးတ့ဲေနရာမွာ တန္ဖိုးႀကီး ပစၥည္းမွမဟုတ္ပါဘူး။ တတ္ႏိုင္သေလာက္ အတိုင္းအတာေလာက္ပါပဲ။ ဒါမွမဟုတ္ ဆိုင္ေကာင္းေကာင္းတစ္ဆိုင္မွာ ညစာအတူသြားစားဖို႔၊ ခရီးသြားဖို႔ စသျဖင့္ ႐ုပ္၀တၳဳမဟုတ္ပဲ အမွတ္တရျဖစ္ေစႏိုင္တ့ဲ လက္ေဆာင္ေတြလည္း ေပးလို႔ရပါတယ္။
၇။ အသိအမွတ္ျပဳျခင္း
သင့္ပါတနာကို သင္ခ်စ္တ့ဲအေၾကာင္း ဘယ္ႏွစ္ခါေျပာေလ့ရွိပါသလဲ။ လက္မထပ္ရေသးတ့ဲ ခ်စ္သူစုံတြဲေတြမွာ ဒီစကားက ေျပာဖို႔လြယ္ေပမယ့္ မေျပာျဖစ္ဘူးဆိုရင္ေတာ့ ဘာေၾကာင့္လဲဆိုတာ အေျဖရွာဖို႔ လိုေနပါၿပီ။ တကယ္ေတာ့ မင္းကို ငါ ခ်စ္တယ္။ အရာရာအားလုံးအတြက္ ေက်ဇူးတင္တယ္ စတ့ဲ စကားေလးေတြက ႏွစ္ဦးသားဆက္ဆံေရးကို အသိအမွတ္ျပဳတန္ဖိုးထားတ့ဲ ဟကားေလးေတြပဲ ျဖစ္ပါတယ္။
၈။ စိတ္၀င္တစား အေလးထားျခင္း
သင့္အေပၚကို အေလးထားဆက္ဆံတာကို သင္သေဘာက်သလိုပဲ သင့္ရဲ႕ပါတနာကိုလည္း အေလးထားဆက္ဆံတတ္ဖို႔ လိုပါတယ္။ ဘာေၾကာင့္မ်ား အေလးထားဆက္ဆံတတ္ဖို႔ လိုတာလဲ။ ခ်စ္သူစုံတြဲမွာ အျပန္အလွန္ ဂ႐ုစိုက္မႈ၊ လုံျခံဳမႈ၊ အကူအညီလိုအပ္ေနခ်ိန္မွာ တစ္ေယာက္တည္းအားငယ္မေနခ်င္လို႔၊ စတာေတြကို လိုခ်င္ၾကသလို လိုအပ္လို႔လည္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အေလးထားဆက္ဆံေပးျခင္းက သူမကို ၾကည္ႏူးေပ်ာ္ရႊင္ေစၿပီး ႏွဟ္ဦးသားဆက္ဆံေရး ခိုင္ျမဲေစဖို႔ အေထာက္အကူျဖစ္ေစႏိုင္ပါတယ္။
၉။ ေ၀မွ်ခံစားတတ္ျခင္း
ဘ၀ရဲ႕ အေကာင္းအဆိုးေတြအားလုံးကို အတူတကြေ၀မွ်ခံစားတတ္ဖို႔ လိုပါတယ္။ အေတြ႕အၾကံဳေတြ၊ ခံစားမႈေတြကို ေ၀မွ်ခံစားတ့ဲအခါမွာ ႏွစ္ေယာက္စလုံးအတြက္ အမွတ္တရေတြျဖစ္ေစၿပီး ၾကည္ႏူးေပ်ာ္ရႊင္ေစႏိုင္မွာျဖစ္ပါတယ္။
၁၀။ အခ်ိန္ေပးျခင္း
ကၽြန္ေတာ္တို႔အားလုံးမွာ သာတူညီမွ်ပိုင္ဆိုင္ၾကတ့ဲ အဖိုးတန္းဆုံးအရာတစ္ခုကေဆာ့ အခ်ိန္ပဲျဖစ္ပါတယ္။ အလြယ္တကူ သက္တမ္းလြန္ကုန္းဆုံးသြားႏိုင္ၿပီး အကန္႔အသတ္နဲ႔ပဲရွိတ့ဲ ရင္းျမစ္တစ္ခုျဖစ္ပါတယ္။ အေပၚမွာေျပာခ့ဲတ့ဲ ကိစၥအမ်ားစုကို လုပ္ေဆာင္ဖို႔ အခ်ိန္ေပးႏိုင္ဖို႔ လိုပါတယ္။ သင့္ခ်စ္သူကို စိတ္ေက်နပ္မႈ အျပည့္အ၀ေပးႏိုင္ဖို႔ အတူတကြ အခ်ိန္ကုန္ဆုံးမယ့္ အခ်ိန္ေပးႏိုင္ေအာင္ ႀကိဳးစားပါ။ အလုပ္မ်ားတ့ဲ ေခတ္ကာလႀကီးထဲမွာ သင့္ရဲ႕ပါတနာအတြက္ အခ်ိန္ေပးႏိုင္မွသာ ေပ်ာ္ရႊင္ခ်မ္းေျမ႕တ့ဲ ဆက္ဆံေရးကို ခိုင္ခိုင္ျမဲျမဲတည္ေဆာက္ႏိုင္မွာျဖစ္ပါတယ္။
GM ရဲ့ တျခား အခ်စ္ေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/love/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
ပျော်ရွှင်ကြည်နူးသည့် ဆက်ဆံရေးဖြစ်ဖို့ အမူအကျင့် (၁၀)ခု
မိန်းကလေးတွေရဲ့စိတ်ကို လှုပ်ရှားသွားစေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဒီထဲကမှ တချို့သော အပြုအမူလေးတွေက ဘာမှအရေးမကြီးဘူး ထင်ရပေမယ့် မိန်းကလေးတွေကို ကြည်နူးခံစားသွားရစေနိုင်ပါတယ်။ ဒါ့ကြောင့် ချစ်သူစုံတွဲတွေ အကြား ပျော်ရွှင်ကြည်နူးစရာ ဆက်ဆံရေးကိုတည်ဆောက်နိုင်ဖို့ အရေးပါတဲ့အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။
၁။ အကြည့်
မျက်ဝန်းတွေဟာ စိတ်ရဲ့တံခါးပေါက်တွေ ဖြစ်ပါတယ်။ မျက်လုံးအကြည့်တွေကတဆင့် အကြောင်းအရာတွေ အများကြီးကို ဖော်ပြနိုင်ပါဆယ်။ ဒါ့ကြောင့် အကြည့်တွေရဲ့စွမ်းအားကို ဂရုတစိုက်အသုံးချပြီး မိန်းကလေးတစ်ယောက်ကို ရင်ခုန်စိတ်လှုပ်ရှားသွားစေနိုင်ပါတယ်။
၂။ အပြုံး
အပြုံးတွေဟာလည်း စွမ်းအားရှိပါတယ်။ အကြည့်တွေရဲ့နောက်မှာ အပြုံးတွေ ပေါက်ဖွားလာလေ့ရှိပြီး စွဲလန်းမှု၊ ချစ်ခြင်းမေတ္တာ၊ နားလည်မှု စတဲ့ ခံစားမှုတွေကို ကိုယ်စားပြုပါတယ်။ စစ်မှန်တဲ့အပြုံးတွေ ဖြစ်ဖို့လိုအပ်သလို လိုတာထက်ပိုမသုံးမိဖို့လည်း အရေးကြီးပါတယ်။ အပြုံးတွေဟာ သင့်ရဲ့ပါတနာကို စိတ်ကြည်နူးစေရုံသာမက သင်ကိုယ်တိုင်အတွက်လည်း ကောင်းတဲ့အချက်တွေ ရှိပါတယ်။ ပြုံးနေတဲ့လူတစ်ယောက်ဟာ အခြားသူတွေထက်ပိုပြီး ပျော်ရွှင်ရတတ်ပါတယ်။
၃။ နားထောင်ပေးခြင်း
သင့်ရဲ့ပါတနာပြောတဲ့အကြောင်းအရာကို အလေးထားနားထောင်ပေးတတ်တာလည်း သူမကို ကျေနပ်ပီတိဖြစ်စေပါတယ်။ အလးအနက်ထား နားထောင်ပေးခြင်းဖြင့် သူမရဲ့စိတ်ခံစားမှု၊ ဆိုလိုချင်တဲ့အကြောင်းအရာနဲ့ ရည်ရွယ်ချက်ကို ပိုမိုနားလည်လာမှာ ဖြစ်ပါတယ်။ အလေးအနက်နားထောင်ရာမှာ –
သင်ကြားသိတဲ့အချက်က တဖက်လူပြောချင်တာ ဟုတ်မဟုတ်အတည်ပြုပါ။
အဓိက ဆိုလိုရင်းနဲ့ ခံစားမှုစွက်သည့် အချက်တွေကို ခွဲခြားပါ။
အားပေးစကားပြောပါ
စိတ်ဝင်စားမှု အပြည့်ထည့်ထားပါ
ချစ်ခင်ကြင်နာမှုဖြင့် လိုလိုလားလား နားထောင်ပါ။
၄။ အသံ
စကားပြောတဲ့နေရာမှာ ဂရုစိုက်ရမယ့် အချက်တွေရှိပါတယ်။ ဘယ်လိုပြောမလဲ၊ ဘယ်အချိန်မှာ ဘာအကြောင်းပြောမလဲ ဆိုတာတွေပဲ ဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတာက စကားလုံးမဟုတ်တဲ့ အသံတွေဖြစ်ပါတယ်။ သီချင်းဆိုတာ၊ သံစဉ်တစ်ခုခုကို ညည်းဆိုပြတာတွေက သင့်ရဲ့ပါတနာကို ကျေနပ်စေနိုင်တဲ့ အကြောင်းတွေဖြစ်ပါတယ်။ သီချင်းညည်းဆိုတာက သင်ဘယ်နေရာမှာ ရှိနေတယ်၊ ဘာတွေကိုခံစားနေရတယ်ဆိုတာကို သင့်ပါတနာက အလွယ်တကူသိရှိသွားစေနိုင်ပါတယ်။
၅။ အလိုက်သိခြင်း
သင့်ပါတနာရဲ့ အလုပ်တွေကို မခိုင်းပဲနဲ့လုပ်ပေးတာ၊ လိုအက်ချက်တွေကို အလိုက်တသိနဲ့ ဖြည့်ဆည်းပေးတာတွေက တကယ်ကို ဟတ်ထိစေတဲ့ အပြုအမူတွေပဲဖြစ်ပါတယ်။ ပန်းကန်တွေကူဆေးပေးတာ၊ သူမရေးထားတဲ့ ကဗျာတွေ စာတွေကို ဖတ်ကြည့်ပေးတာ စသဖြင့် လုပ်ပေးလို့ရပါတယ်။
၆။ လက်ဆောင်
လက်ဆောင်ပေးတာဟာ အမူအကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။ သင့်ပါတနာကို လက်ဆောင်တစ်ခုပေးလိုက်တိုင်းမှာ သူမကို ဂရုစိုက်တယ်၊ သူမဟာ သင့်အတွက် အရေးကြီးတယ် လို့ ပြောနေတာနဲ့ အတူတူပါပဲ။ ဒါ့ကြောင့် လက်ဆောင်ပေးခြင်းဟာလည်း သူမကို ပျော်ရွှင်ကျေနပ်သွားစေမယ့် အချက်တစ်ခုဖြစ်ပါတယ်။ လက်ဆောင်ပေးတဲ့နေရာမှာ တန်ဖိုးကြီး ပစ္စည်းမှမဟုတ်ပါဘူး။ တတ်နိုင်သလောက် အတိုင်းအတာလောက်ပါပဲ။ ဒါမှမဟုတ် ဆိုင်ကောင်းကောင်းတစ်ဆိုင်မှာ ညစာအတူသွားစားဖို့၊ ခရီးသွားဖို့ စသဖြင့် ရုပ်ဝတ္ထုမဟုတ်ပဲ အမှတ်တရဖြစ်စေနိုင်တဲ့ လက်ဆောင်တွေလည်း ပေးလို့ရပါတယ်။
၇။ အသိအမှတ်ပြုခြင်း
သင့်ပါတနာကို သင်ချစ်တဲ့အကြောင်း ဘယ်နှစ်ခါပြောလေ့ရှိပါသလဲ။ လက်မထပ်ရသေးတဲ့ ချစ်သူစုံတွဲတွေမှာ ဒီစကားက ပြောဖို့လွယ်ပေမယ့် မပြောဖြစ်ဘူးဆိုရင်တော့ ဘာကြောင့်လဲဆိုတာ အဖြေရှာဖို့ လိုနေပါပြီ။ တကယ်တော့ မင်းကို ငါ ချစ်တယ်။ အရာရာအားလုံးအတွက် ကျေဇူးတင်တယ် စတဲ့ စကားလေးတွေက နှစ်ဦးသားဆက်ဆံရေးကို အသိအမှတ်ပြုတန်ဖိုးထားတဲ့ ဟကားလေးတွေပဲ ဖြစ်ပါတယ်။
၈။ စိတ်ဝင်တစား အလေးထားခြင်း
သင့်အပေါ်ကို အလေးထားဆက်ဆံတာကို သင်သဘောကျသလိုပဲ သင့်ရဲ့ပါတနာကိုလည်း အလေးထားဆက်ဆံတတ်ဖို့ လိုပါတယ်။ ဘာကြောင့်များ အလေးထားဆက်ဆံတတ်ဖို့ လိုတာလဲ။ ချစ်သူစုံတွဲမှာ အပြန်အလှန် ဂရုစိုက်မှု၊ လုံခြုံမှု၊ အကူအညီလိုအပ်နေချိန်မှာ တစ်ယောက်တည်းအားငယ်မနေချင်လို့၊ စတာတွေကို လိုချင်ကြသလို လိုအပ်လို့လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အလေးထားဆက်ဆံပေးခြင်းက သူမကို ကြည်နူးပျော်ရွှင်စေပြီး နှဟ်ဦးသားဆက်ဆံရေး ခိုင်မြဲစေဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။
၉။ ဝေမျှခံစားတတ်ခြင်း
ဘဝရဲ့ အကောင်းအဆိုးတွေအားလုံးကို အတူတကွဝေမျှခံစားတတ်ဖို့ လိုပါတယ်။ အတွေ့အကြုံတွေ၊ ခံစားမှုတွေကို ဝေမျှခံစားတဲ့အခါမှာ နှစ်ယောက်စလုံးအတွက် အမှတ်တရတွေဖြစ်စေပြီး ကြည်နူးပျော်ရွှင်စေနိုင်မှာဖြစ်ပါတယ်။
၁၀။ အချိန်ပေးခြင်း
ကျွန်တော်တို့အားလုံးမှာ သာတူညီမျှပိုင်ဆိုင်ကြတဲ့ အဖိုးတန်းဆုံးအရာတစ်ခုကဆော့ အချိန်ပဲဖြစ်ပါတယ်။ အလွယ်တကူ သက်တမ်းလွန်ကုန်းဆုံးသွားနိုင်ပြီး အကန့်အသတ်နဲ့ပဲရှိတဲ့ ရင်းမြစ်တစ်ခုဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့ ကိစ္စအများစုကို လုပ်ဆောင်ဖို့ အချိန်ပေးနိုင်ဖို့ လိုပါတယ်။ သင့်ချစ်သူကို စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်ဖို့ အတူတကွ အချိန်ကုန်ဆုံးမယ့် အချိန်ပေးနိုင်အောင် ကြိုးစားပါ။ အလုပ်များတဲ့ ခေတ်ကာလကြီးထဲမှာ သင့်ရဲ့ပါတနာအတွက် အချိန်ပေးနိုင်မှသာ ပျော်ရွှင်ချမ်းမြေ့တဲ့ ဆက်ဆံရေးကို ခိုင်ခိုင်မြဲမြဲတည်ဆောက်နိုင်မှာဖြစ်ပါတယ်။
GM ရဲ့ တခြား အချစ်ရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/love/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================