ကေလးအေဖ ျဖစ္သြားႏိုင္မယ့္ ခပ္တံုးတံုး အမွား ၁၀ ခု
သင္ ဘီယာ အလံုးေပါင္းမ်ားစြာ၊ Dinner မ်ားစြာကို ျဖတ္သန္းအၿပီးမွာေတာ့ အဲဒီ အရမ္းလန္းတဲ့ ေကာင္မေလးကို သင့္အတြက္ စည္းရံုးႏိုင္လိုက္ပါၿပီ။ အဲဒါေၾကာင့္ အခန္းကိုျပန္ၿပီး ဇာတ္လမ္းစဖို႔ ၾကံေနပါသလား။ ကြန္ဒြမ္ဆိုတာ ခံစားမႈကို အေႏွာင့္အယွက္ ျဖစ္တယ္။ ဟုတ္တယ္မဟုတ္လား။
အၾကံ မွားပါတယ္။ ခံစားမႈကိာ အေႏွာင့္အယွက္ အျဖစ္ဆံုးကေတာ့ ကေလးထိန္းရတဲ့ ပထမ ႏွစ္ပါပဲ။ မိဘတစ္ေယာက္ဟာ ကေလးတစ္ေယာက္ အတြက္ ေဒၚလာ တစ္ေသာင္းေလာက္ ထြက္ႏုိင္ပါတယ္။
အဲဒီေတာ့ အကုန္အက် မခံလိုဘူးဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕ ေအာက္က အမွားစာရင္းေတြကို ဖတ္ၾကည့္လိုက္ပါ။ သင့္ကိုယ္သင္ အကုန္သိၿပီ မထင္ပါနဲ႔။ တစ္ခ်က္မွားတာနဲ႔ ကေလးအေဖ ျဖစ္သြားႏိုင္ပါတယ္။
၁. သင္က မတ္တပ္ရပ္ၿပီး လိင္ဆက္ဆံရင္ ကေလးမရႏိုင္ဘူးလို႔ ထင္ပါတယ္
ေယာက္်ား ငါးေယာက္မွာ တစ္ေယာက္က အဲဒီလို ယူဆထားတတ္ၾကပါတယ္။ သင္သိထားဖို႔က ေျမဆြဲအားနိယာမကုိ လိင္ဆက္ဆံရာမွာ သံုးလို႔ မရပါဘူး။
၂. ေတြ႕ကရာေခ်ာဆီကို သံုးပါတယ္
အရင္ဆံုး သင္ သံုးမယ့္ေခ်ာဆီဟာ ဘာနဲ႔ လုပ္ထားတာလဲဆိုတာကို အျမဲ စစ္ေဆးၾကည့္ပါ။ အႏွိပ္ဆီ၊ အသားလွဆီလိုမ်ိဳး ေရနံ အေျခခံ အဆီေတြဟာ ကြမ္ဒြမ္ အသားကို ရိေစပါတယ္။
၃. လက္ေတြက ေခြၽးထြက္ေနလို႔ ကြမ္ဒြမ္ထုပ္ကို ကိုက္ေဖာက္ပါတယ္
ဓားေတြ၊ ကတ္ေၾကးေတြ၊ ပါးစပ္ေတြ သံုးတာဟာ ကြမ္ဒြမ္ မေတာ္တဆ ကြဲသြားဖို႔ အခြင့္အလမ္း ၃ ဆပိုပါတယ္။ သင္နဲ႔ ဖခင္ဘဝၾကားမွာ ျခားထားတဲ့ တံတိုင္းပါးပါးေလးအနားကို ဓားေတြ ယူလာခ်င္ပါသလား?? ေသခ်ာစဥ္းစားပါ။
၄. ကြမ္ဒြမ္ထိပ္မွာ ေနရာမခ်န္ပါဘူး
ေရပိုက္တစ္ခုကို လက္နဲ႔ အုပ္ကိုင္ၿပီး အ႐ွိန္ျပည့္ ဖြင့္လိုက္ရင္ ဘယ္လိုေနပါသလဲ?? သင့္ကြမ္ဒြမ္ကိုလဲ ထိပ္ပုိင္းမွာ လက္မဝက္ေလာက္ ေနရာ ခ်န္ထားပါ။ မဟုတ္ရင္ ေပါက္ထြက္သြားႏိုင္ပါတယ္။
၅. သူမ တားေဆးစားထားလို႔ ကြမ္ဒြမ္ မသံုးပါဘူး
ူသင့္ရည္းစားဆိုရင္ေတာ့ ယံုရေပမယ့္ တညတာ အေဖာ္ဆိုရင္ သင္ ယံုမွာပါလား။ တားေဆးေတြဟာ ၉၀ ကေန ၉၉ ရာႏႈန္းထိ ကိုယ္ဝန္မရေအာင္ တားေပးႏိုင္ေပမယ့္ ကြမ္ဒြမ္နဲ႔ တြဲသံုးရင္ေတာ့ လံုးဝနီးပါး ကေလးမရႏိုင္ပါဘူး။ သင့္သေဘာပါ။
၆. အနားနီးမွ ကြမ္ဒြမ္ ႐ွာမရတာနဲ႔ အားနာလို႔ ဒီတိုင္းပဲ လုပ္လိုက္ပါတယ္
သင္ ေတာ္ေတာ္ မ်က္ႏွာပူရမယ့္ အခ်ိန္ဆိုတာ နားလည္ပါတယ္။ ဒါေပမယ့္ ကေလးမယူႏိုင္ေသးခင္ အေဖ ျဖစ္လာတာေလာက္ေတာ့ မဆိုးေသးပါဘူး။ ထၿပီး နည္းနည္းႀကိဳးစား ႐ွာပါ။ မ႐ွိရင္ အနီးဆံုး စတိုးဆိုင္ သြားဝယ္ပါ။
၇. သင့္ကြမ္ဒြမ္ကို ပိုက္ဆံအိတ္ထဲမွာ ျဖစ္သလိုေဆာင္ထားပါတယ္
ျပင္းထန္တဲ့ အပူ၊ အေအးဟာ ကြမ္ဒြမ္မွာပါတဲ့ အဆီကို ပ်က္စီးေစပါတယ္။ အဲဒါေၾကာင့္ ေအးၿပီး ေမွာင္ၿပီး ေျခာက္ေသြ႕တဲ့ ေနရာေတြမွာ ထားပါ။ ဒါမွမဟုတ္ မာတဲ့ Case တစ္ခုခုနဲ႔ ထည့္ထားပါ။
၈. ကြမ္ဒြမ္ထဲမွာ ေခ်ာဆီ မထည့္ပါဘူး
သင္ လုပ္ေဆာင္ေတာ့မယ့္ ၾကာ႐ွည္တဲ့ လိင္ဆက္ဆံပြဲႀကီးဟာ ကြမ္ဒြမ္ကို ျပဲသြားေစႏိုင္ေလာက္ပါတယ္။ ကြမ္ဒြမ္ထဲမွာ ေခ်ာဆီ ထည့္ျခင္းအားျဖင့္ ျပဲျခင္းမွ ကာကြယ္တဲ့အျပင္ ပိုၿပီးလဲ ေကာင္းေကာင္း ခံစားရေစပါတယ္။
၉. လိင္ကိစၥမၿပီးခင္ ကြမ္ဒြမ္ ခြၽတ္ပါတယ္
အဲဒါဆို မသံုးတာနဲ႔ ဘာမွမထူးေတာ့ပါဘူး။ ကြမ္ဒြမ္ဟာ ကိုယ္ဝန္ရျခင္းမွ ၉၈ ရာႏႈန္း ကာကြယ္ေပးႏိုင္တာမို႔ စနစ္တက် သံုးလိုက္ပါ။ ခြၽတ္ရင္လဲ အရင္းက ကိုင္ၿပီး ခြၽတ္ပါ။ မဟုတ္ရင္ ဖိတ္က်ႏိုင္ပါတယ္။
၁၀. ကြမ္ဒြမ္မလိုပါဘူး ဆြဲထုတ္တာ ကြၽမ္းပါတယ္
သင္ အခ်ိန္မီ ဆြဲထုတ္ႏိုင္ရင္ေတာင္ ကိုယ္ဝန္ရႏိုင္ပါေသးတယ္။ သင့္ရဲ႕ သုတ္မတိုင္မီ ထြက္တဲ့ အၾကည္ရည္ဟာ သင့္ရဲ႕ ေနာက္ဆံုး ဆက္ဆံစဥ္က သုတ္ပိုးေတြကို သယ္ၿပီး ကိုယ္ဝန္ရသြားႏိုင္ပါတယ္။ ဆက္ဆံမႈ တစ္ခုနဲ႔ တစ္ခုၾကားတိုင္း ဆီးသြားတာ ေကာင္းေပမယ့္ အေကာင္းဆံုးကေတာ့ ကြမ္ဒြမ္ပါပဲ။
GM ရဲ့ တျခား ဗဟုုသုုတႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/knowleadge/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
ကလေးအဖေ ဖြစ်သွားနိုင်မယ့် ခပ်တုံးတုံး အမှား ၁၀ ခု
သင် ဘီယာ အလုံးပေါင်းများစွာ၊ Dinner များစွာကို ဖြတ်သန်းအပြီးမှာတော့ အဲဒီ အရမ်းလန်းတဲ့ ကောင်မလေးကို သင့်အတွက် စည်းရုံးနိုင်လိုက်ပါပြီ။ အဲဒါကြောင့် အခန်းကိုပြန်ပြီး ဇာတ်လမ်းစဖို့ ကြံနေပါသလား။ ကွန်ဒွမ်ဆိုတာ ခံစားမှုကို အနှောင့်အယှက် ဖြစ်တယ်။ ဟုတ်တယ်မဟုတ်လား။
အကြံ မှားပါတယ်။ ခံစားမှုကိာ အနှောင့်အယှက် အဖြစ်ဆုံးကတော့ ကလေးထိန်းရတဲ့ ပထမ နှစ်ပါပဲ။ မိဘတစ်ယောက်ဟာ ကလေးတစ်ယောက် အတွက် ဒေါ်လာ တစ်သောင်းလောက် ထွက်နိုင်ပါတယ်။
အဲဒီတော့ အကုန်အကျ မခံလိုဘူးဆိုရင် ကျွန်တော်တို့ရဲ့ အောက်က အမှားစာရင်းတွေကို ဖတ်ကြည့်လိုက်ပါ။ သင့်ကိုယ်သင် အကုန်သိပြီ မထင်ပါနဲ့။ တစ်ချက်မှားတာနဲ့ ကလေးအဖေ ဖြစ်သွားနိုင်ပါတယ်။
၁. သင်က မတ်တပ်ရပ်ပြီး လိင်ဆက်ဆံရင် ကလေးမရနိုင်ဘူးလို့ ထင်ပါတယ်
ယောက်ျား ငါးယောက်မှာ တစ်ယောက်က အဲဒီလို ယူဆထားတတ်ကြပါတယ်။ သင်သိထားဖို့က မြေဆွဲအားနိယာမကို လိင်ဆက်ဆံရာမှာ သုံးလို့ မရပါဘူး။
၂. တွေ့ကရာချောဆီကို သုံးပါတယ်
အရင်ဆုံး သင် သုံးမယ့်ချောဆီဟာ ဘာနဲ့ လုပ်ထားတာလဲဆိုတာကို အမြဲ စစ်ဆေးကြည့်ပါ။ အနှိပ်ဆီ၊ အသားလှဆီလိုမျိုး ရေနံ အခြေခံ အဆီတွေဟာ ကွမ်ဒွမ် အသားကို ရိစေပါတယ်။
plus-5 300-x-250-
၃. လက်တွေက ချွေးထွက်နေလို့ ကွမ်ဒွမ်ထုပ်ကို ကိုက်ဖောက်ပါတယ်
ဓားတွေ၊ ကတ်ကြေးတွေ၊ ပါးစပ်တွေ သုံးတာဟာ ကွမ်ဒွမ် မတော်တဆ ကွဲသွားဖို့ အခွင့်အလမ်း ၃ ဆပိုပါတယ်။ သင်နဲ့ ဖခင်ဘဝကြားမှာ ခြားထားတဲ့ တံတိုင်းပါးပါးလေးအနားကို ဓားတွေ ယူလာချင်ပါသလား?? သေချာစဉ်းစားပါ။
၄. ကွမ်ဒွမ်ထိပ်မှာ နေရာမချန်ပါဘူး
ရေပိုက်တစ်ခုကို လက်နဲ့ အုပ်ကိုင်ပြီး အရှိန်ပြည့် ဖွင့်လိုက်ရင် ဘယ်လိုနေပါသလဲ?? သင့်ကွမ်ဒွမ်ကိုလဲ ထိပ်ပိုင်းမှာ လက်မဝက်လောက် နေရာ ချန်ထားပါ။ မဟုတ်ရင် ပေါက်ထွက်သွားနိုင်ပါတယ်။
၅. သူမ တားဆေးစားထားလို့ ကွမ်ဒွမ် မသုံးပါဘူး
ူသင့်ရည်းစားဆိုရင်တော့ ယုံရပေမယ့် တညတာ အဖော်ဆိုရင် သင် ယုံမှာပါလား။ တားဆေးတွေဟာ ၉၀ ကနေ ၉၉ ရာနှုန်းထိ ကိုယ်ဝန်မရအောင် တားပေးနိုင်ပေမယ့် ကွမ်ဒွမ်နဲ့ တွဲသုံးရင်တော့ လုံးဝနီးပါး ကလေးမရနိုင်ပါဘူး။ သင့်သဘောပါ။
၆. အနားနီးမှ ကွမ်ဒွမ် ရှာမရတာနဲ့ အားနာလို့ ဒီတိုင်းပဲ လုပ်လိုက်ပါတယ်
သင် တော်တော် မျက်နှာပူရမယ့် အချိန်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကလေးမယူနိုင်သေးခင် အဖေ ဖြစ်လာတာလောက်တော့ မဆိုးသေးပါဘူး။ ထပြီး နည်းနည်းကြိုးစား ရှာပါ။ မရှိရင် အနီးဆုံး စတိုးဆိုင် သွားဝယ်ပါ။
၇. သင့်ကွမ်ဒွမ်ကို ပိုက်ဆံအိတ်ထဲမှာ ဖြစ်သလိုဆောင်ထားပါတယ်
ပြင်းထန်တဲ့ အပူ၊ အအေးဟာ ကွမ်ဒွမ်မှာပါတဲ့ အဆီကို ပျက်စီးစေပါတယ်။ အဲဒါကြောင့် အေးပြီး မှောင်ပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားပါ။ ဒါမှမဟုတ် မာတဲ့ Case တစ်ခုခုနဲ့ ထည့်ထားပါ။
၈. ကွမ်ဒွမ်ထဲမှာ ချောဆီ မထည့်ပါဘူး
သင် လုပ်ဆောင်တော့မယ့် ကြာရှည်တဲ့ လိင်ဆက်ဆံပွဲကြီးဟာ ကွမ်ဒွမ်ကို ပြဲသွားစေနိုင်လောက်ပါတယ်။ ကွမ်ဒွမ်ထဲမှာ ချောဆီ ထည့်ခြင်းအားဖြင့် ပြဲခြင်းမှ ကာကွယ်တဲ့အပြင် ပိုပြီးလဲ ကောင်းကောင်း ခံစားရစေပါတယ်။
၉. လိင်ကိစ္စမပြီးခင် ကွမ်ဒွမ် ချွတ်ပါတယ်
အဲဒါဆို မသုံးတာနဲ့ ဘာမှမထူးတော့ပါဘူး။ ကွမ်ဒွမ်ဟာ ကိုယ်ဝန်ရခြင်းမှ ၉၈ ရာနှုန်း ကာကွယ်ပေးနိုင်တာမို့ စနစ်တကျ သုံးလိုက်ပါ။ ချွတ်ရင်လဲ အရင်းက ကိုင်ပြီး ချွတ်ပါ။ မဟုတ်ရင် ဖိတ်ကျနိုင်ပါတယ်။
၁၀. ကွမ်ဒွမ်မလိုပါဘူး ဆွဲထုတ်တာ ကျွမ်းပါတယ်
သင် အချိန်မီ ဆွဲထုတ်နိုင်ရင်တောင် ကိုယ်ဝန်ရနိုင်ပါသေးတယ်။ သင့်ရဲ့ သုတ်မတိုင်မီ ထွက်တဲ့ အကြည်ရည်ဟာ သင့်ရဲ့ နောက်ဆုံး ဆက်ဆံစဉ်က သုတ်ပိုးတွေကို သယ်ပြီး ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဆက်ဆံမှု တစ်ခုနဲ့ တစ်ခုကြားတိုင်း ဆီးသွားတာ ကောင်းပေမယ့် အကောင်းဆုံးကတော့ ကွမ်ဒွမ်ပါပဲ။
GM ရဲ့ တခြား ဗဟုသုတနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/knowleadge/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================