Gold-Test
အာရှမှာ အချမ်းသာဆုံး ပုဂ္ဂိုဟ်၏ ဘ၀နေထိုင်နည်း ()ခု
—————————————————————————- 
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့ 
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
အာရှမှာ အချမ်းသာဆုံး ပုဂ္ဂိုဟ်၏ ဘ၀နေထိုင်နည်း (၈)ခု
၁။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အနာဂတ်အတွက် အစီအစဉ်ရေးဆွဲခြင်းကို အခြားသူတွေထက် အချိန်ပေးလုပ်ဆောင်ပါ။
၂။ အခြေအနေကောင်းကြုံနေရခိုက်မှာလည်း အလွန်အကျွံ အကောင်းမမြင်သင့်သလို အခြေအနေဆိုးရင်လည်း အရမ်းအဆိုးမမြင်ပါနဲ့။
၃။ သင်ကိုယ်တိုင်နဲ့ သင့်လုပ်ငန်းရဲ့ ကောင်းမွန်တဲ့ ဂုဏ်သိက္ခာဟာ ငွေစာရင်းမှာ မဖော်ပြနိုင်တဲ့ တန်ဖိုးမဖြတ်နိုင်သော ပိုင်ဆိုင်မှုတစ်ခုဖြစ်ပါတယ်။
၄။ ဘယ်လောက်ကြံ့ခိုင်ပြီး စွမ်းဆောင်နိုင်စွမ်းရှိတယ်ဆိုတာက အရေးမကြီးပါဘူး။ မြင့်မြတ်တဲ့နှလုံးသား မရှိရင် မအောင်မြင်နိုင်ပါဘူး။
၅။ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ စိတ်သဘောထားနဲ့ စွမ်းဆောင်ရည်က သာတူညီမျှအရေးကြီးပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်က အခြားသူတွေကို အောင်မြင်မှုရလာအောင် လွှမ်းမိုးနိုင်ပြီး သူဌေးတွေကတော့ အခြားသူတွေကို သိမ်ငယ်အောင်ပဲ လုပ်တတ်ကြတယ်။
၆။ အောင်မြင်ဖို့အတွက် ခက်ခဲတာ မှန်ပေမယ့် ကျရှုံးဖို့ လက္ခဏာတွေကိုလည်း နေရာအနှံ့မှာ ပြသထားပါတယ်။ ကျရှုံးမှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ခြင်းက အောင်မြင်မှုဆီသို့ ဖြတ်လမ်းပဲဖြစ်ပါတယ်။
၇။ အောင်မြင်သူတိုင်းဟာ ပင်ကိုယ်အရည်အချင်းကို အာရုံစိုက်တတ်ကြတယ်။ သူတို့ထက် ထူးချွန်ထက်မြက်သူကို ရွေးချယ်တတ်ကြသလို နေရာပေးဖို့လည်း လက်ရှောင်မနေတတ်ကြဘူး။
၈။ ကောင်းမွန်သောစီမံခန့်ခွဲမှုရဲ့အနှစ်သာရဟာ အပြောင်းအလဲကို လက်ခံနိုင်စွမ်းနဲ့ ရှေးထုံးနဲ့ မူသစ်ကို ရောယှက်နိုင်စွမ်းတို့ပေါ်မှာ မူတည်တယ်။
အခုဖော်ပြခဲ့တဲ့ အချက်တွေက အာရှမှာ အချမ်းသားဆုံး ဘီလျံနာ Li Ka-Shing (လီကာရှင်း)ရဲ့ ဘ၀အောင်မြင်ရေး အကြံပေးစကားတွေပဲ ဖြစ်ပါတယ်။ Li Ka-shing ဟာ အနှိမ်ချခံ ဖခင်မဲ့ ဆယ်ကျော်သက်တစ်ယောက်ဘဝကနေ ကမ္ဘာ့အချမ်းသာဆုံး စီးပွားရေးခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်အောင် လျှောက်လှမ်းလာနိုင်ခဲ့သူဖြစ်ပြီး အရက်ရောဆုံး ပရဟိတသမားတစ်ဦးလည်း ဖြစ်ပါတယ်။
GM ရဲ့ တခြား ထင်ပေါ်ကြော်ကြားသော သူများနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် https://mmgentleman.com/category/people/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================