အိုင္က်ဴတိုးတက္ေစဖို႔ နည္းလမ္း(၇)ခု

အိုင္က်ဴတိုးတက္ေစဖို႔ နည္းလမ္း()ခု

သင့္ရဲ႕ဉာဏ္ရည္ညႊန္းကိန္း (Intelligence Quotient IQ) ဟာ သင့္ရဲ႕ဉာဏ္စြမ္းနဲ႔ နားလည္သိျမင္ႏိုင္သည့္ ႏႈန္းကို တိုင္းတာမႈတစ္ခုပဲျဖစ္ပါတယ္။ အခုေဖာ္ျပမယ့္ နည္းလမ္း()ခုကေတာ့ ()ရက္တစ္ပတ္အတြင္းမွာပဲ ဉာဏ္ရည္ညႊန္းကိန္း IQ အမွတ္ ၁၇ မွတ္အထိတိုးတက္လာေစႏိုင္တဲ့ နည္းလမ္းေတြပဲျဖစ္ပါတယ္။

၁။ စဥ္းစားရသည့္ ဂိမ္းမ်ားကစားပါ

Fluid Intelligence လို႔ေခၚတဲ့ ဉာဏ္ရည္ဟာ အိုင္က်ဴစစ္ေဆးမႈတိုင္းရဲ႕ အဓိကအစိတ္အပိုင္းျဖစ္ၿပီး အလုပ္လုပ္တဲ့မွတ္ဉာဏ္နဲ႔ ဆက္စပ္ေနပါတယ္။ ဒီလိုမွတ္ဉာဏ္တိုးတက္လာဖို႔အတြက္ တစ္ေန႔ကို (၂၅)မိနစ္ေလာက္ စဥ္းစားရတဲ့ ဂိမ္းေတြျဖစ္တဲ့ puzzle game ေတြလိုမ်ိဳးကစားေပးရင္ IQ ရမွတ္ ()မွတ္ တိုးတက္လာႏိုင္ပါတယ္။

၂။ ျဖည့္စြက္ေဆးေတြ ေသာက္သံုးပါ။

တစ္ေန႔ကို creatine ဓာတ္ ()ဂရမ္ေလာက္မွီ၀ဲေပးမယ္ဆိုရင္ သီတင္းပတ္()ပတ္မွာ သင့္ IQ အနည္းဆံုး (၁၅)မွတ္ တိုးတက္လာႏိုင္ပါတယ္။ Creatine ဓာတ္ဟာ ဦးေႏွာက္စြမ္းရည္ကို သိသိသာသာတိုးျမွင့္ေပးႏိုင္ၿပီး ဦးေႏွာက္ရဲ႕တြက္ခ်က္မႈေတြအတြက္ လိုအပ္တဲ့ စြမ္းအင္ကို တိုးပြားေစပါတယ္။ ေန႔စဥ္မွီ၀ဲမယ္ဆိုရင္ တစ္ေန႔ကို IQ ရမွတ္ ()မွတ္ တိုးလာမွာျဖစ္ပါတယ္။

၃။ လူေတြနဲ႔ဆက္ဆံေျပာဆိုရတဲ့ ဂိမ္းေတြလည္း ကစားပါ။

သင့္ရဲ႕ဦးေႏွာက္စြမ္းရည္ျမင့္တာလာဖို႔အတြက္ အရည္အခ်င္းေတြအသံုးခ်ရၿပီး လူေတြနဲ႕လည္း ေျပာဆိုဆက္ဆက္ရတဲ့ ဂိမ္းေတြလည္း ကစားေပးဖို႔လိုပါတယ္။ ဥပမာအဂၤလိပ္စာလံုးေတြ ဆက္ရတဲ့ Scrabble ကစားနည္းလိုမ်ိဳးကို တစ္ေန႔ကို မိနစ္(၅၀) တစ္နာရီေလာက္ကစားေပးတာမ်ိဳးျဖစ္ပါတယ္။ ဒီလိုကစားေပးမယ္ဆိုရင္ သင့္ရဲ႕ IQ ကို ()မွတ္တိုးတက္ေစမွာျဖစ္ပါတယ္။

၄။ လူဆိုးေတြကို ရွင္းထုတ္ပါ။

ရန္ျဖစ္ဖို႔ေျပာတာမဟုတ္ပါဘူး။ သုေတသနရလဒ္ေတြအရ Counter-strike လိုမ်ိဳး first-person ဂိမ္းေတြက အျပင္ေလာကမွာ အျမင္ပိုင္းဆိုင္ရာသတိထားမႈကို တိုးျမွင့္ေပးႏိုင္တယ္လို႔ဆိုပါတယ္။ ဒီလို႔ ဂိမ္းေတြကစားမယ္ ဆိုရင္ IQ စစ္ေဆးခ်ိန္မွာ အျမင္ပိုင္းဆိုင္ရာစစ္ေဆးခ်က္ေတြကို တိတိက်က်လုပ္ေဆာင္ႏိုင္ပါမွာျဖစ္ပါတယ္။ ညႊန္းဆိုေပးပါဆိုရင္ေတာ့ Call of Duty ဂိမ္းေတြက အေကာင္းဆံုးပါ။ ဒီဂိမ္းေတြကို တစ္ေန႔ကို တစ္နာရီေလာက္ ကစားေပးမယ္ဆိုရင္လည္း သင့္ IQ အမွတ္ကို ()မွတ္တိုးတက္ေစမွာျဖစ္ပါတယ္။

၅။ ကိုယ္လက္ေလ့က်င့္ခန္းလုပ္ပါ။

ပိုေတာ္တဲ့လူတစ္ေယာက္ျဖစ္ခ်င္ရင္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ၿပီး လမ္းေလွ်ာက္စက္ကို အသံုးျပဳဖို႔လည္း လိုအပ္ပါတယ္။ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းေတြလုပ္ေဆာင္ၿပီး ႏွလံုးေသြးေၾကာက်န္းမာမႈဟာ သင့္ရဲ႕ အေျပာအဆိုနဲ႔ဆိုင္တဲ့ ဉာဏ္ရည္ကို (၅၀)ရာခိုင္ႏႈန္းတိုးတက္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ တစ္ေန႔ကို မိနစ္ (၂၀)ေလာက္ ေလ့က်င့္ခန္းလုပ္ေပး႐ုံနဲ႔ IQ အမွတ္ ()မွတ္တိုးလာႏိုင္မွာ ျဖစ္ပါတယ္။

၆။ IQ test ေတြ ထပ္ေလ့က်င့္ပါ။

IQ Test ေတြကို ျပန္ေျဖ၊ ျပန္ေလ့က်င့္တာကလည္း သင့္ရဲ႕ဉာဏ္ရည္ကို တိုးတက္လာေစႏိုင္ပါတယ္။ ေလ့က်င့္မႈေၾကာင့္ ေနာက္တစ္ႀကိမ္ IQ Test ေျဖတဲ့အခါမွာ ပိုမိုနားလည္လြယ္ေစမွာလည္း ျဖစ္ပါတယ္။ တစ္ေန႔ကို မိနစ္(၃၀)ေလာက္ IQ Test ေျဖၾကည့္ပါ။ ဉာဏ္ရည္ညႊန္းကိန္း ()မွတ္တိုးလာႏိုင္ပါတယ္။

၇။ အသီးအရြက္မ်ားမ်ားစားပါ။

အသီးအရြက္မ်ားမ်ားစားတဲ့သူေတြက အသားစားတဲ့လူေတြထက္ ဉာဏ္ပိုေကာင္းတယ္လို႔ ဆိုပါတယ္။ အသီးအရြယ္စားျခင္းက ဉာဏ္ရည္ရဲ႕လုပ္ငန္းေဆာင္တာေတြကို ထက္ျမက္ေစၿပီး အသိဉာဏ္ခ်ိဳ႕ယြင္းမႈကို လည္း ေႏွးေကြးေစပါတယ္။ အခုပဲစားေသာက္ပံုကို ျပင္လိုက္မယ္ဆိုရင္ လြန္ခဲ့တဲ့(၁၀)ႏွစ္ေလာက္က သြက္လက္ထက္ျမက္တဲ့ ဉာဏ္ရည္မ်ိဳးကို ျပန္ရႏိုင္ပါတယ္။ အသီးအရြက္ေတြမ်ားမ်ားစား႐ုံနဲ႔ တစ္ေန႔ကို IQ ရမွတ္ ()မွတ္တိုးေနမွာျဖစ္ပါတယ္။

 

GM ရဲ့ တျခား ဗဟုုသုုတႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/knowleadge/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

အိုင်ကျူတိုးတက်စေဖို့ နည်းလမ်း(၇)ခု

သင့်ရဲ့ဉာဏ်ရည်ညွှန်းကိန်း (Intelligence Quotient IQ) ဟာ သင့်ရဲ့ဉာဏ်စွမ်းနဲ့ နားလည်သိမြင်နိုင်သည့် နှုန်းကို တိုင်းတာမှုတစ်ခုပဲဖြစ်ပါတယ်။ အခုဖော်ပြမယ့် နည်းလမ်း(၇)ခုကတော့ (၇)ရက်တစ်ပတ်အတွင်းမှာပဲ ဉာဏ်ရည်ညွှန်းကိန်း IQ အမှတ် ၁၇ မှတ်အထိတိုးတက်လာစေနိုင်တဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။

၁။ စဉ်းစားရသည့် ဂိမ်းများကစားပါ

Fluid Intelligence လို့ခေါ်တဲ့ ဉာဏ်ရည်ဟာ အိုင်ကျူစစ်ဆေးမှုတိုင်းရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပြီး အလုပ်လုပ်တဲ့မှတ်ဉာဏ်နဲ့ ဆက်စပ်နေပါတယ်။ ဒီလိုမှတ်ဉာဏ်တိုးတက်လာဖို့အတွက် တစ်နေ့ကို (၂၅)မိနစ်လောက် စဉ်းစားရတဲ့ ဂိမ်းတွေဖြစ်တဲ့ puzzle game တွေလိုမျိုးကစားပေးရင် IQ ရမှတ် (၄)မှတ် တိုးတက်လာနိုင်ပါတယ်။

၂။ ဖြည့်စွက်ဆေးတွေ သောက်သုံးပါ။

တစ်နေ့ကို creatine ဓာတ် (၅)ဂရမ်လောက်မှီဝဲပေးမယ်ဆိုရင် သီတင်းပတ်(၆)ပတ်မှာ သင့် IQ အနည်းဆုံး (၁၅)မှတ် တိုးတက်လာနိုင်ပါတယ်။ Creatine ဓာတ်ဟာ ဦးနှောက်စွမ်းရည်ကို သိသိသာသာတိုးမြှင့်ပေးနိုင်ပြီး ဦးနှောက်ရဲ့တွက်ချက်မှုတွေအတွက် လိုအပ်တဲ့ စွမ်းအင်ကို တိုးပွားစေပါတယ်။ နေ့စဉ်မှီဝဲမယ်ဆိုရင် တစ်နေ့ကို IQ ရမှတ် (၂)မှတ် တိုးလာမှာဖြစ်ပါတယ်။

၃။ လူတွေနဲ့ဆက်ဆံပြောဆိုရတဲ့ ဂိမ်းတွေလည်း ကစားပါ။

သင့်ရဲ့ဦးနှောက်စွမ်းရည်မြင့်တာလာဖို့အတွက် အရည်အချင်းတွေအသုံးချရပြီး လူတွေနဲ့လည်း ပြောဆိုဆက်ဆက်ရတဲ့ ဂိမ်းတွေလည်း ကစားပေးဖို့လိုပါတယ်။ ဥပမာ – အင်္ဂလိပ်စာလုံးတွေ ဆက်ရတဲ့ Scrabble ကစားနည်းလိုမျိုးကို တစ်နေ့ကို မိနစ်(၅၀)၊ တစ်နာရီလောက်ကစားပေးတာမျိုးဖြစ်ပါတယ်။ ဒီလိုကစားပေးမယ်ဆိုရင် သင့်ရဲ့ IQ ကို (၁)မှတ်တိုးတက်စေမှာဖြစ်ပါတယ်။

၄။ လူဆိုးတွေကို ရှင်းထုတ်ပါ။

ရန်ဖြစ်ဖို့ပြောတာမဟုတ်ပါဘူး။ သုတေသနရလဒ်တွေအရ Counter-strike လိုမျိုး first-person ဂိမ်းတွေက အပြင်လောကမှာ အမြင်ပိုင်းဆိုင်ရာသတိထားမှုကို တိုးမြှင့်ပေးနိုင်တယ်လို့ဆိုပါတယ်။ ဒီလို့ ဂိမ်းတွေကစားမယ် ဆိုရင် IQ စစ်ဆေးချိန်မှာ အမြင်ပိုင်းဆိုင်ရာစစ်ဆေးချက်တွေကို တိတိကျကျလုပ်ဆောင်နိုင်ပါမှာဖြစ်ပါတယ်။ ညွှန်းဆိုပေးပါဆိုရင်တော့ Call of Duty ဂိမ်းတွေက အကောင်းဆုံးပါ။ ဒီဂိမ်းတွေကို တစ်နေ့ကို တစ်နာရီလောက် ကစားပေးမယ်ဆိုရင်လည်း သင့် IQ အမှတ်ကို (၂)မှတ်တိုးတက်စေမှာဖြစ်ပါတယ်။

၅။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

ပိုတော်တဲ့လူတစ်ယောက်ဖြစ်ချင်ရင် ကိုယ်အလေးချိန်လျှော့ချပြီး လမ်းလျှောက်စက်ကို အသုံးပြုဖို့လည်း လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေလုပ်ဆောင်ပြီး နှလုံးသွေးကြောကျန်းမာမှုဟာ သင့်ရဲ့ အပြောအဆိုနဲ့ဆိုင်တဲ့ ဉာဏ်ရည်ကို (၅၀)ရာခိုင်နှုန်းတိုးတက်စေနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို မိနစ် (၂၀)လောက် လေ့ကျင့်ခန်းလုပ်ပေးရုံနဲ့ IQ အမှတ် (၅)မှတ်တိုးလာနိုင်မှာ ဖြစ်ပါတယ်။

၆။ IQ test တွေ ထပ်လေ့ကျင့်ပါ။

IQ Test တွေကို ပြန်ဖြေ၊ ပြန်လေ့ကျင့်တာကလည်း သင့်ရဲ့ဉာဏ်ရည်ကို တိုးတက်လာစေနိုင်ပါတယ်။ လေ့ကျင့်မှုကြောင့် နောက်တစ်ကြိမ် IQ Test ဖြေတဲ့အခါမှာ ပိုမိုနားလည်လွယ်စေမှာလည်း ဖြစ်ပါတယ်။ တစ်နေ့ကို မိနစ်(၃၀)လောက် IQ Test ဖြေကြည့်ပါ။ ဉာဏ်ရည်ညွှန်းကိန်း (၂)မှတ်တိုးလာနိုင်ပါတယ်။

၇။ အသီးအရွက်များများစားပါ။

အသီးအရွက်များများစားတဲ့သူတွေက အသားစားတဲ့လူတွေထက် ဉာဏ်ပိုကောင်းတယ်လို့ ဆိုပါတယ်။ အသီးအရွယ်စားခြင်းက ဉာဏ်ရည်ရဲ့လုပ်ငန်းဆောင်တာတွေကို ထက်မြက်စေပြီး အသိဉာဏ်ချို့ယွင်းမှုကို လည်း နှေးကွေးစေပါတယ်။ အခုပဲစားသောက်ပုံကို ပြင်လိုက်မယ်ဆိုရင် လွန်ခဲ့တဲ့(၁၀)နှစ်လောက်က သွက်လက်ထက်မြက်တဲ့ ဉာဏ်ရည်မျိုးကို ပြန်ရနိုင်ပါတယ်။ အသီးအရွက်တွေများများစားရုံနဲ့ တစ်နေ့ကို IQ ရမှတ် (၁)မှတ်တိုးနေမှာဖြစ်ပါတယ်။
GM ရဲ့ တခြား ဗဟုသုတနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/knowleadge/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

 

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%