Gold-Test

ျပင္သစ္စကားသင္ယူသင့္တဲ့ အေၾကာင္းရင္း()ခု

၁။ အဂၤလိပ္စကားေျပာတတ္သူေတြအတြက္ ျပင္သစ္စကားဟာ သင္ယူဖို႔လြယ္ကူပါတယ္။

အဂၤလိပ္စကားဟာ ဂ်ာမန္နဲ႔ ျပင္သစ္ဘာသာစကားတို႔ရဲ႕ အသြင္ကြဲတစ္ခုလို႔ေျပာလို႔ရပါတယ္။ ျပင္သစ္စကားလံုးေတြကေန ဆင္းသက္လာတဲ့ အဂၤလိပ္စကားလံုးေတြကလည္း အမ်ားႀကီးပါပဲ။

၂။ ျပင္သစ္စကားကိုသင္ယူရင္ စပိန္စကားသင္ယူရတာကိုပါ လြယ္ကူေစတယ္။

ျပင္သစ္စကားနဲ႔ စပိန္စကားတို႔ဟာ လက္တင္ဘာသာစကားေန ဆင္းသက္လာၾကတာျဖစ္ပါတယ္။ ဒ့ါေၾကာင့္ စပိန္စကားသင္ယူဖို႔စိတ္ကူးရွိေနရင္ ျပင္သစ္စာသင္လိုက္တာက ပိုၿပီးလြယ္ကူသြားေစမွာျဖစ္ပါတယ္။ ဒါ့အျပင္ ျပင္သစ္စကားဟာ အီတလီ၊ ေပၚတူဂီနဲ႔ ႐ုိေမနီးယန္းဘာသာစကားတို႔လို ႐ိုမန္ဘာသာစကားေတြရဲ႕ အေျခခံလည္း ျဖစ္ပါတယ္။

၃။ ျပင္သစ္စကားဟာ ဒုတိယေျမာက္အဓိကဘာသာစကားတစ္ခုျဖစ္တယ္။

ကမာၻေပၚက ႏိုင္ငံတိုင္းလိုလိုမွာ အဂၤလိပ္ဘာသာစကားၿပီးရင္ ျပင္သစ္ဘာသာစကားကို ေျပာၾကေလ့ရွိပါတယ္။ ကမာၻတစ္၀ွမ္းမွာ ျပင္သစ္စကားေျပာသူဦးေရ သန္း(၂၀၀)ေက်ာ္ရွိၿပီး ကမာၻမွာ လူေျပာအမ်ားဆံုး န၀မေျမာက္ ဘာသာစကားအျဖစ္ ရွိေနပါတယ္။ ဥေရာပသမဂၢရဲ႕ အဓိကေနရာေတြျဖစ္တဲ့ ဘရပ္ဆဲ၊ လူဇမ္ဘတ္ စတဲ့ေနရာေတြမွာ ျပင္သစ္စကားကိုအဓိကေျပာဆိုၾကသလို ေနတိုးအဖြဲ႕၊ ယူနက္စကိုနဲ႔ ႏိုင္ငံတကာ အိုလံပစ္ ေကာ္မတီ၊ ကုလသမဂၢ၊ ၾကက္ေျခနီနဲ႔ ႏိုင္ငံတကာခုံ႐ုံးတို႔မွာလည္း ႐ုံးသံုးဘာသာစကားတစ္ခုျဖစ္ပါတယ္။

၄။ ျပင္သစ္ႏိုင္ငံကလည္း ကမာၻအထင္ရွားဆံုးလည္ပတ္စရာေနရာတစ္ခုျဖစ္တယ္။

ျပင္သစ္ႏိုင္ငံက ပဲရစ္၊ မာဆိုင္း၊ ကိန္းစ္၊ မိုနာကိုနဲ႔ ဗာဆိုင္းၿမိဳ႕တို႔ဟာ ခရီးသြား(၈၅)သန္းခန္႔ကို ဆြဲေဆာင္ေနၿပီး ကမာၻမွာလူႀကိဳက္အမ်ားဆံုး ခရီးသြားေနရာတစ္ခုအျဖစ္ရွိေနပါတယ္။ ဒါ့အျပင္ျပင္သစ္စကားေလးသာ တတ္ထားလို႔ကေတာ့ ကေနဒါ၊ ဆြစ္ဇာလန္၊ မိုနာကို၊ ဘယ္ဂ်ီယံ၊ လူဇမ္ဘတ္၊ ကာေရဘီယံေဒသနဲ႔ အာဖရိက ႏိုင္ငံေတာ္ေတာ္မ်ားမ်ားကိုလည္း အခက္အခဲမရွိသြားလာလည္ပတ္ႏိုင္မွာျဖစ္ပါတယ္။

250-x-200

၅။ ေခတ္သစ္တ႐ုတ္နဲ႔႐ုရွားအေၾကာင္းနားလည္ဖို႔အတြက္လည္း လိုအပ္ပါတယ္။

ျပင္သစ္ေတာ္လွန္ေရးဟာ အၾကြင္းမဲ့အာဏာရွင္စနစ္ကို မီးေမာင္းထိုးျပလိုက္တာျဖစ္တဲ့အတြက္ ၁၉၁၇ ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့ ႐ုရွားေတာ္လွန္ေရးဟာ ျပင္သစ္ေတာ္လွန္ေရးရဲ႕ေနာက္ဆက္တြဲျဖစ္သလို ႐ုရွားေတာ္လွန္ေရး ေၾကာင့္ တ႐ုတ္ႏိုင္ငံရဲ႕ ကြန္ျမဴနစ္ေတာ္လွန္ေရးက စတင္ခဲ့တာျဖစ္ပါတယ္။ ဒါ့ေၾကာင့္လည္း ျပင္သစ္ေတာ္လွန္ ေရးနဲ႔ ပတ္သက္တဲ့စာအုပ္ေတြ ေရာင္းအားေကာင္းခဲ့တာျဖစ္ပါတယ္။

၆။ ျပင္သစ္စာမတတ္ရင္ ဘာသာရပ္အခ်ိဳ႕သင္ယူဖို႔အခက္ေတြ႕ပါလိမ့္မယ္။

ဟုတ္ပါတယ္။ စာေပ၊ ျပဇာတ္ပညာ၊ ဂီတ၊ သခ်ၤာ၊ သိပၸံ၊ သမိုင္း၊ ဖက္ရွင္၊ ဗိသုကာပညာ စတာေတြကို ျပင္သစ္စာတတ္ၿပီး သင္ယူရင္ ပိုၿပီးတတ္လြယ္ပါတယ္။ ျပင္သစ္ဘာသာစကားဟာ ဂႏၱ၀င္စာေပေတြရဲ႕ ဘာသာစကားတစ္ခုျဖစ္ၿပီး ျပင္သစ္စာေပေတြဟာ အျခားစာေပေတြထက္ စာေပဆိုင္ရာႏိုဘယ္ဆုေတြ ပိုမိုဆြတ္ခူးထားႏိုင္ခဲ့ပါတယ္။

၇။ အလုပ္အကိုင္အခြင့္အလမ္းအတြက္လည္း အေထာက္အကူျဖစ္ေစတယ္။

႐ုတ္တရက္ဆိုရင္ေတာ့ ဒီလိုျပင္သစ္စကားတတ္႐ုံနဲ႔ လူမႈစီးပြားေရးဆိုင္ရာအက်ိဳးေက်းဇူးေတြ ရရွိႏိုင္တာ ဘာမွ မဆိုင္ဘူးလို႔ ထင္စရာပါ။ ဒါေပမယ့္ ျပင္သင္လို ေျပာဆိုဆက္ဆံတတ္တာဟာ ကမာၻ႕ဆဌမေျမာက္အႀကီးဆံုး စီးပြားေရးေစ်းကြက္နဲ႔ တတိယအႀကီးဆံုးႏိုင္ငံျခားရင္းႏွီးျမဳပ္ႏံွမႈေစ်းကြက္အတြက္ အခြင့္အလမ္းေတြ ပြင့္သြားတာပဲျဖစ္ပါတယ္။

၈။ ျပင္သစ္ႏိုင္ငံေရးအရႈပ္အရွင္းေတြကိုလည္း သိျမင္လာႏိုင္တယ္။

မၾကာေသးမီက ျပင္သစ္သမၼတ ဖရန္႕ဆြာ ေဟာ္လြန္း တစ္ေယာက္ သူ႔ဇနီး သ႐ုပ္ေဆာင္မင္းသမီးေနအိမ္ ကေန ဆိုင္ကယ္ဦးထုပ္ေဆာင္ၿပီး ထြက္သြားတဲ့အေၾကာင္းကို ၾကားမိမွာပါ။ ဒီကိစၥဟာ အေမရိကန္မွာဆိုရင္ ႐ႈံ႕ခ်စရာကိစၥတစ္ခုျဖစ္လာႏိုင္ေပမယ့္ ျပင္သစ္မွာေတာ့ သမၼတ ေဟာ္လြန္ လူသိမ်ားဖို႔အေၾကာင္းတစ္ခုသာ ျဖစ္လာခဲ့ပါတယ္။

GM ရဲ့ တျခား ဗဟုုသုုတႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ https://mmgentleman.com/category/knowleadge/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

ပြင်သစ်စကားသင်ယူသင့်တဲ့ အကြောင်းရင်း(၈)ခု

၁။ အင်္ဂလိပ်စကားပြောတတ်သူတွေအတွက် ပြင်သစ်စကားဟာ သင်ယူဖို့လွယ်ကူပါတယ်။

အင်္ဂလိပ်စကားဟာ ဂျာမန်နဲ့ ပြင်သစ်ဘာသာစကားတို့ရဲ့ အသွင်ကွဲတစ်ခုလို့ပြောလို့ရပါတယ်။ ပြင်သစ်စကားလုံးတွေကနေ ဆင်းသက်လာတဲ့ အင်္ဂလိပ်စကားလုံးတွေကလည်း အများကြီးပါပဲ။

၂။ ပြင်သစ်စကားကိုသင်ယူရင် စပိန်စကားသင်ယူရတာကိုပါ လွယ်ကူစေတယ်။

ပြင်သစ်စကားနဲ့ စပိန်စကားတို့ဟာ လက်တင်ဘာသာစကားနေ ဆင်းသက်လာကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် စပိန်စကားသင်ယူဖို့စိတ်ကူးရှိနေရင် ပြင်သစ်စာသင်လိုက်တာက ပိုပြီးလွယ်ကူသွားစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြင်သစ်စကားဟာ အီတလီ၊ ပေါ်တူဂီနဲ့ ရိုမေနီးယန်းဘာသာစကားတို့လို ရိုမန်ဘာသာစကားတွေရဲ့ အခြေခံလည်း ဖြစ်ပါတယ်။

၃။ ပြင်သစ်စကားဟာ ဒုတိယမြောက်အဓိကဘာသာစကားတစ်ခုဖြစ်တယ်။

ကမ္ဘာပေါ်က နိုင်ငံတိုင်းလိုလိုမှာ အင်္ဂလိပ်ဘာသာစကားပြီးရင် ပြင်သစ်ဘာသာစကားကို ပြောကြလေ့ရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ပြင်သစ်စကားပြောသူဦးရေ သန်း(၂၀၀)ကျော်ရှိပြီး ကမ္ဘာမှာ လူပြောအများဆုံး နဝမမြောက် ဘာသာစကားအဖြစ် ရှိနေပါတယ်။ ဥရောပသမဂ္ဂရဲ့ အဓိကနေရာတွေဖြစ်တဲ့ ဘရပ်ဆဲ၊ လူဇမ်ဘတ် စတဲ့နေရာတွေမှာ ပြင်သစ်စကားကိုအဓိကပြောဆိုကြသလို နေတိုးအဖွဲ့၊ ယူနက်စကိုနဲ့ နိုင်ငံတကာ အိုလံပစ် ကော်မတီ၊ ကုလသမဂ္ဂ၊ ကြက်ခြေနီနဲ့ နိုင်ငံတကာခုံရုံးတို့မှာလည်း ရုံးသုံးဘာသာစကားတစ်ခုဖြစ်ပါတယ်။

၄။ ပြင်သစ်နိုင်ငံကလည်း ကမ္ဘာအထင်ရှားဆုံးလည်ပတ်စရာနေရာတစ်ခုဖြစ်တယ်။

ပြင်သစ်နိုင်ငံက ပဲရစ်၊ မာဆိုင်း၊ ကိန်းစ်၊ မိုနာကိုနဲ့ ဗာဆိုင်းမြို့တို့ဟာ ခရီးသွား(၈၅)သန်းခန့်ကို ဆွဲဆောင်နေပြီး ကမ္ဘာမှာလူကြိုက်အများဆုံး ခရီးသွားနေရာတစ်ခုအဖြစ်ရှိနေပါတယ်။ ဒါ့အပြင်ပြင်သစ်စကားလေးသာ တတ်ထားလို့ကတော့ ကနေဒါ၊ ဆွစ်ဇာလန်၊ မိုနာကို၊ ဘယ်ဂျီယံ၊ လူဇမ်ဘတ်၊ ကာရေဘီယံဒေသနဲ့ အာဖရိက နိုင်ငံတော်တော်များများကိုလည်း အခက်အခဲမရှိသွားလာလည်ပတ်နိုင်မှာဖြစ်ပါတယ်။

၅။ ခေတ်သစ်တရုတ်နဲ့ရုရှားအကြောင်းနားလည်ဖို့အတွက်လည်း လိုအပ်ပါတယ်။

ပြင်သစ်တော်လှန်ရေးဟာ အကြွင်းမဲ့အာဏာရှင်စနစ်ကို မီးမောင်းထိုးပြလိုက်တာဖြစ်တဲ့အတွက် ၁၉၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရုရှားတော်လှန်ရေးဟာ ပြင်သစ်တော်လှန်ရေးရဲ့နောက်ဆက်တွဲဖြစ်သလို ရုရှားတော်လှန်ရေး ကြောင့် တရုတ်နိုင်ငံရဲ့ ကွန်မြူနစ်တော်လှန်ရေးက စတင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ပြင်သစ်တော်လှန် ရေးနဲ့ ပတ်သက်တဲ့စာအုပ်တွေ ရောင်းအားကောင်းခဲ့တာဖြစ်ပါတယ်။

၆။ ပြင်သစ်စာမတတ်ရင် ဘာသာရပ်အချို့သင်ယူဖို့အခက်တွေ့ပါလိမ့်မယ်။

ဟုတ်ပါတယ်။ စာပေ၊ ပြဇာတ်ပညာ၊ ဂီတ၊ သင်္ချာ၊ သိပ္ပံ၊ သမိုင်း၊ ဖက်ရှင်၊ ဗိသုကာပညာ စတာတွေကို ပြင်သစ်စာတတ်ပြီး သင်ယူရင် ပိုပြီးတတ်လွယ်ပါတယ်။ ပြင်သစ်ဘာသာစကားဟာ ဂန္တဝင်စာပေတွေရဲ့ ဘာသာစကားတစ်ခုဖြစ်ပြီး ပြင်သစ်စာပေတွေဟာ အခြားစာပေတွေထက် စာပေဆိုင်ရာနိုဘယ်ဆုတွေ ပိုမိုဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

၇။ အလုပ်အကိုင်အခွင့်အလမ်းအတွက်လည်း အထောက်အကူဖြစ်စေတယ်။

ရုတ်တရက်ဆိုရင်တော့ ဒီလိုပြင်သစ်စကားတတ်ရုံနဲ့ လူမှုစီးပွားရေးဆိုင်ရာအကျိုးကျေးဇူးတွေ ရရှိနိုင်တာ ဘာမှ မဆိုင်ဘူးလို့ ထင်စရာပါ။ ဒါပေမယ့် ပြင်သင်လို ပြောဆိုဆက်ဆံတတ်တာဟာ ကမ္ဘာ့ဆဌမမြောက်အကြီးဆုံး စီးပွားရေးဈေးကွက်နဲ့ တတိယအကြီးဆုံးနိုင်ငံခြားရင်းနှီးမြုပ်နှံမှုဈေးကွက်အတွက် အခွင့်အလမ်းတွေ ပွင့်သွားတာပဲဖြစ်ပါတယ်။

၈။ ပြင်သစ်နိုင်ငံရေးအရှုပ်အရှင်းတွေကိုလည်း သိမြင်လာနိုင်တယ်။

မကြာသေးမီက ပြင်သစ်သမ္မတ ဖရန့်ဆွာ ဟော်လွန်း တစ်ယောက် သူ့ဇနီး သရုပ်ဆောင်မင်းသမီးနေအိမ် ကနေ ဆိုင်ကယ်ဦးထုပ်ဆောင်ပြီး ထွက်သွားတဲ့အကြောင်းကို ကြားမိမှာပါ။ ဒီကိစ္စဟာ အမေရိကန်မှာဆိုရင် ရှုံ့ချစရာကိစ္စတစ်ခုဖြစ်လာနိုင်ပေမယ့် ပြင်သစ်မှာတော့ သမ္မတ ဟော်လွန် လူသိများဖို့အကြောင်းတစ်ခုသာ ဖြစ်လာခဲ့ပါတယ်။
GM ရဲ့ တခြား ဗဟုသုတနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် https://mmgentleman.com/category/knowleadge/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================