လိင္အဂၤါအေရျပားလွီးျဖတ္ျခင္း၏ သက္ေရာက္မႈမ်ား

လိင်အင်္ဂါအရေပြားလှီးဖြတ်ခြင်း၏ သက်ရောက်မှုမျာ

လိင္အဂၤါအေရျပားလွီးျဖတ္ျခင္း၏ သက္ေရာက္မႈမ်ား

အမ်ိဳးသားေတြမွာ လိင္အဂၤါထိပ္ပိုင္းအေရျပားလွီးျဖတ္ျခင္းနဲ႔ ပတ္သက္ၿပီး သိသင့္သိထိုက္တာေတြ ရွိပါတယ္။ အေမရိကန္ႏိုင္ငံမွာေတာ့ ေမြးဖြားၿပီးခါစ ေယာကၤ်ားေလးေတြရဲ႕ (၆၀)ရာခိုင္ႏႈန္းကို အေရျပားလွီးျဖတ္ ထားၿပီးသားျဖစ္တယ္လို႔ သိရပါတယ္။ ဒီလိုအေရျပားလွီးျဖတ္တာက ဘ၀တစ္ေလွ်ာက္လံုးမွာ ဘယ္လိုအက်ိဳးသက္ေရာက္မႈေတြ ရွိလဲဆိုတာကို ေဖာ္ျပလိုက္ပါတယ္။

Click More Info

လိင္ဆက္ဆံခ်ိန္ကို ပိုၾကာေစပါတယ္။

လိင္အဂၤါထိပ္အေရျပားလွီးျဖတ္တာက လိင္ဆက္ဆံခ်ိန္မွာ ကိစၥၿပီးဖို႔ အခ်ိန္ကို ပိုၾကာေစပါတယ္။ ေလ့လာမႈေတြအရ အေရျပားလွီးျဖတ္ထားသူေတြဟာ မလွီးျဖတ္ထားသူေတြထက္ အနည္းဆံုး စကၠန္႔ (၂၀)ေလာက္ပိုၿပီး အခ်ိန္ၾကာတယ္လို႔ ဆိုပါတယ္။ ဒီလိုျဖစ္ရတာဟာ အေရျပားလွီးျဖတ္ထားျခင္းေၾကာင့္ လိင္အဂၤါက ခံစားသိရွိမႈနည္းသြားတဲ့အတြက္ေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

မိန္းကေလးအတြက္လည္း ကိစၥၿပီးဖို႔ ၾကာေစပါတယ္။

အေရျပားလွီးျဖတ္ထားတဲ့ အမ်ိဳးသားေတြနဲ႔ အိမ္ေထာင္ျပဳထားတဲ့ အမ်ိဳးသမီးေတြမွာ ကိစၥၿပီးဖို႔ ခက္ခဲၾကာျမင့္တာ အပါအ၀င္ အျခားလိင္မႈကိစၥဆိုင္ရာ အခက္အခဲေတြ ၾကံဳေတြ႕ရတယ္လို႔ သိရပါတယ္။ လိင္ဆက္ဆံေနခ်ိန္မွာ အဂၤါထိပ္ပိုင္းအေရျပားနဲ႔ ပြတ္တိုက္မႈက ခံစားမႈကို ပိုေကာင္းေစတယ္လို႔လည္း ဆိုၾကပါတယ္။ အမ်ိဳးသမီးတိုင္းက မလွီးျဖတ္ထားတာကို ႀကိဳက္တယ္လို႔ မဆိုလိုပါဘူး။ တစ္ခ်ိဳ႕ေတြအတြက္ၾကေတာ့လည္း လွီးျဖတ္ထားတဲ့အတြက္ ေပၚလြင္ေနတဲ့ထိပ္ပိုင္းက ပိုၿပီးခံစားလို႔ ေကာင္းတယ္လို႔ ေျပာၾကပါတယ္။

ကင္ဆာျဖစ္ႏိုင္ေခ် ေလ်ာ့နည္းသြားပါတယ္။

အေရျပားလွီးျဖတ္ထားတဲ့ အမ်ိဳးသားေတြက ဆီးက်ိတ္ကင္ဆာအပါအ၀င္ လိင္အဂၤါနဲ႔ပတ္သက္တဲ့ ကင္ဆာေရာဂါျဖစ္ႏိုင္ေခ် နည္းသြားတယ္လို႔ သုေတသီေတြက ေျပာထားပါတယ္။ လိင္အဂၤါ ထိပ္ပိုင္းအေရျပားဟာ HPV လိုမ်ိဳး လိင္မွတဆင့္ကူးစက္ေရာဂါပိုးေတြကို လက္ခံထားႏိုင္ၿပီး တျဖည္းျဖည္းနဲ႔ ကင္ဆာေရာဂါေတြ ျဖစ္လာႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေယာကၤ်ားေလးတိုင္း အေရျပားလွီးျဖတ္ဖို႔ မဆိုလိုပါဘူး။ ကြန္ဒံုအသံုးျပဳျခင္း၊ လိင္အဂၤါကို သန္႔ရွင္းေအာင္ထားျခင္းတို႔နဲ႔ လိင္ကတဆင့္ကူးစက္ေရာဂါေတြကို ကာကြယ္ႏိုင္ပါတယ္။

လိင္မွတဆင့္ကူးစက္ေရာဂါေတြ ကူးစက္ခံရႏိုင္ေခ်နည္းပါတယ္။

လိင္အဂၤါထိပ္ပိုင္းအေရျပာမွာ HIV အပါအ၀င္ လိင္မွတဆင့္ကူးစက္ေရာဂါေတြကို လက္ခံထားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အေရျပားလွီးျဖတ္မထားသူေတြက လိင္မွတဆင့္ ကူးစက္ေရာဂါေတြ ကူးစက္ခံရႏိုင္ေခ် ႏွစ္ဆပိုမ်ားတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္လည္း အေရျပားလွီးျဖတ္ထား႐ုံနဲ႔ ကူးစက္ေရာဂါေတြကို ကာကြယ္ႏိုင္တာမဟုတ္ပါဘူး။ အေကာင္းဆံုးကေတာ့ အစြပ္စြပ္ထားဖို႔ပါပဲ။

ကြန္ဒံုကို ျမဲျမံေစပါတယ္။

အေရျပားလွီးျဖတ္မထားသူေတြ ကြန္ဒံုးစြပ္တဲ့အခါမွာ ထိပ္ပိုင္းအေရျပားေၾကာင့္ ေခ်ာ္ထြက္ၿပီး ကၽြတ္သြားႏိုင္ပါတယ္။ အေရျပားလွီးျဖတ္မထားသူေတြ အေနနဲ႔ ကြန္ဒံုးအသံုးျပဳမယ္ဆိုရင္ ထိပ္ပိုင္းအေရျပားကို ေနာက္ကိုဆြဲထားၿပီးမွာ စြပ္ပါ။ ေနသားတက်စြပ္ၿပီးေတာ့မွ အေရျပားကိုမူလေနရာ ျပန္တြန္း ပို႔ေပးပါ။ ဒီလိုဆိုရင္ေတာ့ ကြန္ဒံုးကို ျမဲျမံေနေစမွာျဖစ္ပါတယ္။ ဒါေပမယ့္ ရပ္ၿပီးျပန္ထိန္းညွိေပးဖို႔ေတာ့ လိုပါလိမ့္မယ္။

 


 

လိင်အင်္ဂါအရေပြားလှီးဖြတ်ခြင်း၏ သက်ရောက်မှုများ

အမျိုးသားတွေမှာ လိင်အင်္ဂါထိပ်ပိုင်းအရေပြားလှီးဖြတ်ခြင်းနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ ရှိပါတယ်။ အမေရိကန်နိုင်ငံမှာတော့ မွေးဖွားပြီးခါစ ယောင်္ကျားလေးတွေရဲ့ (၆၀)ရာခိုင်နှုန်းကို အရေပြားလှီးဖြတ် ထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုအရေပြားလှီးဖြတ်တာက ဘဝတစ်လျှောက်လုံးမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

လိင်ဆက်ဆံချိန်ကို ပိုကြာစေပါတယ်။

လိင်အင်္ဂါထိပ်အရေပြားလှီးဖြတ်တာက လိင်ဆက်ဆံချိန်မှာ ကိစ္စပြီးဖို့ အချိန်ကို ပိုကြာစေပါတယ်။ လေ့လာမှုတွေအရ အရေပြားလှီးဖြတ်ထားသူတွေဟာ မလှီးဖြတ်ထားသူတွေထက် အနည်းဆုံး စက္ကန့် (၂၀)လောက်ပိုပြီး အချိန်ကြာတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်ရတာဟာ အရေပြားလှီးဖြတ်ထားခြင်းကြောင့် လိင်အင်္ဂါက ခံစားသိရှိမှုနည်းသွားတဲ့အတွက်ကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မိန်းကလေးအတွက်လည်း ကိစ္စပြီးဖို့ ကြာစေပါတယ်။

အရေပြားလှီးဖြတ်ထားတဲ့ အမျိုးသားတွေနဲ့ အိမ်ထောင်ပြုထားတဲ့ အမျိုးသမီးတွေမှာ ကိစ္စပြီးဖို့ ခက်ခဲကြာမြင့်တာ အပါအဝင် အခြားလိင်မှုကိစ္စဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့ရတယ်လို့ သိရပါတယ်။ လိင်ဆက်ဆံနေချိန်မှာ အင်္ဂါထိပ်ပိုင်းအရေပြားနဲ့ ပွတ်တိုက်မှုက ခံစားမှုကို ပိုကောင်းစေတယ်လို့လည်း ဆိုကြပါတယ်။ အမျိုးသမီးတိုင်းက မလှီးဖြတ်ထားတာကို ကြိုက်တယ်လို့ မဆိုလိုပါဘူး။ တစ်ချို့တွေအတွက်ကြတော့လည်း လှီးဖြတ်ထားတဲ့အတွက် ပေါ်လွင်နေတဲ့ထိပ်ပိုင်းက ပိုပြီးခံစားလို့ ကောင်းတယ်လို့ ပြောကြပါတယ်။

ကင်ဆာဖြစ်နိုင်ချေ လျော့နည်းသွားပါတယ်။

အရေပြားလှီးဖြတ်ထားတဲ့ အမျိုးသားတွေက ဆီးကျိတ်ကင်ဆာအပါအဝင် လိင်အင်္ဂါနဲ့ပတ်သက်တဲ့ ကင်ဆာရောဂါဖြစ်နိုင်ချေ နည်းသွားတယ်လို့ သုတေသီတွေက ပြောထားပါတယ်။ လိင်အင်္ဂါ ထိပ်ပိုင်းအရေပြားဟာ HPV လိုမျိုး လိင်မှတဆင့်ကူးစက်ရောဂါပိုးတွေကို လက်ခံထားနိုင်ပြီး တဖြည်းဖြည်းနဲ့ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယောင်္ကျားလေးတိုင်း အရေပြားလှီးဖြတ်ဖို့ မဆိုလိုပါဘူး။ ကွန်ဒုံအသုံးပြုခြင်း၊ လိင်အင်္ဂါကို သန့်ရှင်းအောင်ထားခြင်းတို့နဲ့ လိင်ကတဆင့်ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

လိင်မှတဆင့်ကူးစက်ရောဂါတွေ ကူးစက်ခံရနိုင်ချေနည်းပါတယ်။

လိင်အင်္ဂါထိပ်ပိုင်းအရေပြာမှာ HIV အပါအဝင် လိင်မှတဆင့်ကူးစက်ရောဂါတွေကို လက်ခံထားနိုင်ပါတယ်။ ဒါ့ကြောင့် အရေပြားလှီးဖြတ်မထားသူတွေက လိင်မှတဆင့် ကူးစက်ရောဂါတွေ ကူးစက်ခံရနိုင်ချေ နှစ်ဆပိုများတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အရေပြားလှီးဖြတ်ထားရုံနဲ့ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်တာမဟုတ်ပါဘူး။ အကောင်းဆုံးကတော့ အစွပ်စွပ်ထားဖို့ပါပဲ။

ကွန်ဒုံကို မြဲမြံစေပါတယ်။

အရေပြားလှီးဖြတ်မထားသူတွေ ကွန်ဒုံးစွပ်တဲ့အခါမှာ ထိပ်ပိုင်းအရေပြားကြောင့် ချော်ထွက်ပြီး ကျွတ်သွားနိုင်ပါတယ်။ အရေပြားလှီးဖြတ်မထားသူတွေ အနေနဲ့ ကွန်ဒုံးအသုံးပြုမယ်ဆိုရင် ထိပ်ပိုင်းအရေပြားကို နောက်ကိုဆွဲထားပြီးမှာ စွပ်ပါ။ နေသားတကျစွပ်ပြီးတော့မှ အရေပြားကိုမူလနေရာ ပြန်တွန်း ပို့ပေးပါ။ ဒီလိုဆိုရင်တော့ ကွန်ဒုံးကို မြဲမြံနေစေမှာဖြစ်ပါတယ်။ ဒါပေမယ့် ရပ်ပြီးပြန်ထိန်းညှိပေးဖို့တော့ လိုပါလိမ့်မယ်။
GM ရဲ့ တခြား ကျန်းမာရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/health/

မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

 

 

Related Posts

%%footer%%