နည္းပညာေခတ္ထဲမွာ ခ်စ္သူကိုု ဘယ္လိုုမ်ိဳး ခ်စ္မလဲ
နည္းပညာေတြ ဖြံ႔ၿဖိဳးတိုးတက္လာတဲ့ ေခတ္ႀကီးထဲမွာ ကၽြန္ေတာ္တို႔အားလံုးက ေန႔စဥ္နဲ႔အမွ် လိမ္လည္ လွည့္စားေနတတ္ၾကတယ္ဆိုရင္ လြန္တယ္လို႔ ထင္ပါလိမ့္မယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေသခ်ာစဥ္းစားၾကည့္ဖို႔ လိုပါလိမ့္မယ္။
မနက္ခင္းမွာ အိပ္ရာကထတာနဲ႔ မ်က္ႏွာမသစ္ခင္မွာ ဖုန္းကိုလွမ္းယူလိုက္ၿပီး သင့္ေကာင္မေလးဆီကို မနက္ခင္းႏႈတ္ဆက္တဲ့ Message တစ္ေစာင္ေလာက္လွမ္းပို႔လိုက္မယ္။ ဒီလို Message က အဓိပၸါယ္ႏွစ္မ်ိဳးသက္ေရာက္ပါတယ္။ သူမက သင့္စိတ္ထဲမွာ ပထမဆံုးေပၚလာတဲ့ အရာျဖစ္တယ္ဆိုတာနဲ႔ ပိုအေရးႀကီးတာက သင့္အတြက္ ဘယ္ေလာက္ပဲအလုပ္မ်ားမ်ား သူမက ဦးစားေပးျဖစ္တယ္ဆိုတာပါပဲ။ တကယ္လက္ေတြ႕ကေတာ့ ဒီလို ဟုတ္ခ်င္မွဟုတ္မွာပါ။ တကယ္တမ္းေတာ့ Instagram ဒါမွမဟုတ္ Facebook ကို၀င္ၿပီး ဟိုၾကည့္ဒီၾကည့္ အရင္ဆံုး ေလွ်ာက္ၾကည့္တတ္ပါတယ္။ ၿပီးေတာ့မွသာ သင့္ေကာင္မေလးဆီကို Message ပို႔ျဖစ္ပါလိမ့္မယ္။
အခုေခတ္မွာ ခ်စ္သူစံုတြဲေတြအၾကားဆက္ဆံေရးက ဦးတည္ခ်က္ေပ်ာက္ဆံုးေနတတ္ပါတယ္။ ေယာက်ၤားေလး မိန္းကေလး ခ်စ္ႀကိဳက္ေနၾကေပမယ့္ relationship တစ္ခုရဲ႕ အဓိပၸါယ္က ဘာလဲဆိုတာကို ေသခ်ာမသိတတ္ၾကေတာ့ပါဘူး။ ႏွစ္ဦးသား ေလွ်ာက္သြားဖို႔၊ ခ်ိန္းေတြ႔ဖို႔၊ Message ေတြ အျပန္အလွန္ပို႔႐ုံေလာက္ပဲလား။
ခ်စ္သူႏွစ္ဦးၾကားဆက္ဆံေရးမွာ ဆက္သြယ္ေရးက အေရးႀကီးပါတယ္။ ဒါေပမယ့္လည္း အမ်ားစုက ဆက္သြယ္ေရးနည္းပညာေတြ သံုးေနရင္းနဲ႔ပဲ တစ္ေယာက္ကို တစ္ေယာက္ လီဆည္ လွည့္ျဖား ေနတတ္ၾကတယ္ဆိုတာကို မသိၾကသလို ဒီလိုျဖစ္ေနတာကိုပဲ အားလံုးက အမွန္လို႔ထင္ေနတတ္ၾကပါတယ္။ ခ်စ္သူႏွစ္ေယာက္ၾကားမွာ လွည့္စားတယ္၊ ေဖာက္ျပန္တယ္လို႔ ေျပာလိုက္ရင္ ဘာကိုအရင္ဆံုးေတြးမိႏိုင္ပါသလဲ။ ဟုတ္ပါတယ္။ ေနာက္တစ္ေယာက္နဲ႔ ျဖစ္ေနတာမ်ိဳးကိုပဲ ေတြးမိမွာပါ။ ကိုယ္ခ်စ္တဲ့လူတစ္ေယာက္ အျခားတစ္ေယာက္ေယာက္နဲ႔ ဆက္သြယ္ေနမယ္၊ ခ်စ္ႀကိဳက္ေနမယ္၊ ဂရုစိုက္ေနမယ္ဆိုရင္ ယုံၾကည္မႈက ေပ်ာက္ဆံုးသြားပါလိမ့္မယ္။
ဟုတ္ပါတယ္။ ေနာက္တစ္ေယာက္နဲ႔ ေဖာက္ျပန္တာကလည္း အဆိုးဆံုးေဖာက္ျပန္မႈျဖစ္ပါတယ္။ ဒါေပမယ့္ ႏွစ္ဦးသားဆက္ဆံေရးမွာ ေန႔စဥ္နဲ႔အမွ်လွည့္စားခံေနရတာကိုေရာ သတိထားမိပါရဲ႕လား။ ႏွစ္ဦးသား ဆံုေတြ႔ခ်ိန္မွာ ဖုန္းေတြထုတ္၊ Message ေတြနဲ႔ ပတ္သက္ၿပီး ၿငင္းခံုၾက၊ ဆိုရွယ္မီဒီယာေတြေပၚက အေၾကာင္းအရာေတြနဲ႔ပဲ အခ်ိန္ကုန္ေနၾကၿပီး အဆက္အသြယ္ျပတ္ေတာက္မႈေတြ၊ အာ႐ုံမစိုက္ႏိုင္တာေတြ၊ ရင္းႏွီးမႈမရွိေတာ့တာေတြနဲ႔ မခ်စ္တတ္ၾကေတာ့တာအထိ ၾကံဳေတြ႕ေနတတ္ၾကပါတယ္။ ဒီလိုကိစၥေတြက ေနာက္တစ္ေယာက္နဲ႔ ေပၚတင္ ေဖာက္ျပန္သြားတာထက္ ပိုဆိုးပါေသးတယ္။
ႏွစ္ေယာက္သားေတြ႕ၾကခ်ိန္မွာ ဘာမဟုတ္တဲ့အေၾကာင္းအရာေတြ တင္ေနတာ၊ လူေတြဆီက comment ရဖို႔ ဓာတ္ပံုေတြ တင္ေနတာကို ထိုင္ၾကည့္ရင္း တစ္ဦးကိုတစ္ဦး အျပန္အလွန္ အေလးထားဆက္ဆံမႈမရွိတာကိုက လွည့္စားေနတဲ့ သေဘာပဲျဖစ္ပါတယ္။
ကဲ ဒီေတာ့ နည္းပညာေတြကို ေမ့ထားၿပီး နည္းလမ္းေဟာင္းေတြကိုပဲ ျပန္သံုးၾကည့္ပါ။ လက္ေတြတြဲထားတာ၊ ကားတံခါးကိုဖြင့္ေပးတာ၊ ပန္းစည္းေတြ ပို႔ေပးတာ စတဲ့ နည္းလမ္းေတြကို မစြန္႔ပစ္လိုက္သင့္ပါဘူး။ အခ်စ္နဲ႔ ပတ္သက္လာရင္ ကေလးတစ္ေယာက္လို႔ ျဖစ္ေနဖို႔လိုပါတယ္။ ဘာကိုမွအထိခိုက္မခံႏိုင္ပဲ ကိုယ္ခ်စ္တဲ့ တစ္စံုတစ္ေယာက္အတြက္ အေသးစိတ္အထိဂရုစိုက္ေနတတ္ဖို႔ လိုပါတယ္။
တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္အာ႐ုံစိုက္ပါ။ သူမကို အသိအမွတ္ျပဳပါ။ သင့္အတြက္ သူမက ဘယ္ေလာက္အထိအေရးပါလဲဆိုတာကို ေဖာ္ျပပါ။ အေရးႀကီးတာက သင့္ရဲ႕ဖုန္းကို ခဏေမ့ထားၿပီး ခ်စ္သူကို အျပည့္အ၀ အေလးထားဆက္ဆံဖို႔ပဲျဖစ္ပါတယ္။
GM ရဲ့ တျခား အခ်စ္ေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/love/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
နည်းပညာခေတ်ထဲမှာ ချစ်သူကို ဘယ်လိုမျိုး ချစ်မလဲ
နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ကျွန်တော်တို့အားလုံးက နေ့စဉ်နဲ့အမျှ လိမ်လည် လှည့်စားနေတတ်ကြတယ်ဆိုရင် လွန်တယ်လို့ ထင်ပါလိမ့်မယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သေချာစဉ်းစားကြည့်ဖို့ လိုပါလိမ့်မယ်။
မနက်ခင်းမှာ အိပ်ရာကထတာနဲ့ မျက်နှာမသစ်ခင်မှာ ဖုန်းကိုလှမ်းယူလိုက်ပြီး သင့်ကောင်မလေးဆီကို မနက်ခင်းနှုတ်ဆက်တဲ့ Message တစ်စောင်လောက်လှမ်းပို့လိုက်မယ်။ ဒီလို Message က အဓိပ္ပါယ်နှစ်မျိုးသက်ရောက်ပါတယ်။ သူမက သင့်စိတ်ထဲမှာ ပထမဆုံးပေါ်လာတဲ့ အရာဖြစ်တယ်ဆိုတာနဲ့ ပိုအရေးကြီးတာက သင့်အတွက် ဘယ်လောက်ပဲအလုပ်များများ သူမက ဦးစားပေးဖြစ်တယ်ဆိုတာပါပဲ။ တကယ်လက်တွေ့ကတော့ ဒီလို ဟုတ်ချင်မှဟုတ်မှာပါ။ တကယ်တမ်းတော့ Instagram ဒါမှမဟုတ် Facebook ကိုဝင်ပြီး ဟိုကြည့်ဒီကြည့် အရင်ဆုံး လျှောက်ကြည့်တတ်ပါတယ်။ ပြီးတော့မှသာ သင့်ကောင်မလေးဆီကို Message ပို့ဖြစ်ပါလိမ့်မယ်။
အခုခေတ်မှာ ချစ်သူစုံတွဲတွေအကြားဆက်ဆံရေးက ဦးတည်ချက်ပျောက်ဆုံးနေတတ်ပါတယ်။ ယောင်္ကျားလေး မိန်းကလေး ချစ်ကြိုက်နေကြပေမယ့် relationship တစ်ခုရဲ့ အဓိပ္ပါယ်က ဘာလဲဆိုတာကို သေချာမသိတတ်ကြတော့ပါဘူး။ နှစ်ဦးသား လျှောက်သွားဖို့၊ ချိန်းတွေ့ဖို့၊ Message တွေ အပြန်အလှန်ပို့ရုံလောက်ပဲလား။
300-x-250-
ချစ်သူနှစ်ဦးကြားဆက်ဆံရေးမှာ ဆက်သွယ်ရေးက အရေးကြီးပါတယ်။ ဒါပေမယ့်လည်း အများစုက ဆက်သွယ်ရေးနည်းပညာတွေ သုံးနေရင်းနဲ့ပဲ တစ်ယောက်ကို တစ်ယောက် လီဆည် လှည့်ဖြား နေတတ်ကြတယ်ဆိုတာကို မသိကြသလို ဒီလိုဖြစ်နေတာကိုပဲ အားလုံးက အမှန်လို့ထင်နေတတ်ကြပါတယ်။ ချစ်သူနှစ်ယောက်ကြားမှာ လှည့်စားတယ်၊ ဖောက်ပြန်တယ်လို့ ပြောလိုက်ရင် ဘာကိုအရင်ဆုံးတွေးမိနိုင်ပါသလဲ။ ဟုတ်ပါတယ်။ နောက်တစ်ယောက်နဲ့ ဖြစ်နေတာမျိုးကိုပဲ တွေးမိမှာပါ။ ကိုယ်ချစ်တဲ့လူတစ်ယောက် အခြားတစ်ယောက်ယောက်နဲ့ ဆက်သွယ်နေမယ်၊ ချစ်ကြိုက်နေမယ်၊ ဂရုစိုက်နေမယ်ဆိုရင် ယုံကြည်မှုက ပျောက်ဆုံးသွားပါလိမ့်မယ်။
ဟုတ်ပါတယ်။ နောက်တစ်ယောက်နဲ့ ဖောက်ပြန်တာကလည်း အဆိုးဆုံးဖောက်ပြန်မှုဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဦးသားဆက်ဆံရေးမှာ နေ့စဉ်နဲ့အမျှလှည့်စားခံနေရတာကိုရော သတိထားမိပါရဲ့လား။ နှစ်ဦးသား ဆုံတွေ့ချိန်မှာ ဖုန်းတွေထုတ်၊ Message တွေနဲ့ ပတ်သက်ပြီး ငြင်းခုံကြ၊ ဆိုရှယ်မီဒီယာတွေပေါ်က အကြောင်းအရာတွေနဲ့ပဲ အချိန်ကုန်နေကြပြီး အဆက်အသွယ်ပြတ်တောက်မှုတွေ၊ အာရုံမစိုက်နိုင်တာတွေ၊ ရင်းနှီးမှုမရှိတော့တာတွေနဲ့ မချစ်တတ်ကြတော့တာအထိ ကြုံတွေ့နေတတ်ကြပါတယ်။ ဒီလိုကိစ္စတွေက နောက်တစ်ယောက်နဲ့ ပေါ်တင် ဖောက်ပြန်သွားတာထက် ပိုဆိုးပါသေးတယ်။
နှစ်ယောက်သားတွေ့ကြချိန်မှာ ဘာမဟုတ်တဲ့အကြောင်းအရာတွေ တင်နေတာ၊ လူတွေဆီက comment ရဖို့ ဓာတ်ပုံတွေ တင်နေတာကို ထိုင်ကြည့်ရင်း တစ်ဦးကိုတစ်ဦး အပြန်အလှန် အလေးထားဆက်ဆံမှုမရှိတာကိုက လှည့်စားနေတဲ့ သဘောပဲဖြစ်ပါတယ်။
ကဲ ဒီတော့ နည်းပညာတွေကို မေ့ထားပြီး နည်းလမ်းဟောင်းတွေကိုပဲ ပြန်သုံးကြည့်ပါ။ လက်တွေတွဲထားတာ၊ ကားတံခါးကိုဖွင့်ပေးတာ၊ ပန်းစည်းတွေ ပို့ပေးတာ စတဲ့ နည်းလမ်းတွေကို မစွန့်ပစ်လိုက်သင့်ပါဘူး။ အချစ်နဲ့ ပတ်သက်လာရင် ကလေးတစ်ယောက်လို့ ဖြစ်နေဖို့လိုပါတယ်။ ဘာကိုမှအထိခိုက်မခံနိုင်ပဲ ကိုယ်ချစ်တဲ့ တစ်စုံတစ်ယောက်အတွက် အသေးစိတ်အထိဂရုစိုက်နေတတ်ဖို့ လိုပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အာရုံစိုက်ပါ။ သူမကို အသိအမှတ်ပြုပါ။ သင့်အတွက် သူမက ဘယ်လောက်အထိအရေးပါလဲဆိုတာကို ဖော်ပြပါ။ အရေးကြီးတာက သင့်ရဲ့ဖုန်းကို ခဏမေ့ထားပြီး ချစ်သူကို အပြည့်အဝ အလေးထားဆက်ဆံဖို့ပဲဖြစ်ပါတယ်။
GM ရဲ့ တခြား အချစ်ရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/love/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================