ေအာင္ျမင္မႈဆီသို႔ အဆင့္(၃)ခု

ေအာင္ျမင္မႈဆီသို႔ အဆင့္()ခု

ေအာင္ျမင္မႈဆီကို ေလွ်ာက္လွမ္းရာမွာ ရင္ဆိုင္ရတဲ ျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔လည္း လိုအပ္ပါတယ္။ ျပႆနာတစ္ခုကို စနစ္တက်ခြဲျခမ္းစိတ္ျဖာၿပီး အေကာင္းဆံုးေျဖရွင္းခ်က္တစ္ခုကို ေဖာ္ထုတ္ႏိုင္စြမ္းက အေရးႀကီးပါတယ္။ ဒီလို ေျဖရွင္းႏိုင္ဖို႔ လုပ္ေဆာင္ရမယ့္ အဆင့္သံုးခုကို ေဖာ္ျပပါလိုက္ပါတယ္။

၁။ ကစားပြဲကို ဘယ္လိုကစားေနၾကလဲ နားလည္ထားဖို႔ လိုပါတယ္။

တစ္ခုခုကို ကၽြမ္းက်င္တတ္ေျမာက္ဖို႔အတြက္ အရင္ဆံုး ေလ့လာသင္ယူဖို႔လိုအပ္ပါတယ္။ စည္းမ်ဥ္းေတြက ဘာေတြလဲ၊ ဘယ္သူေတြက အဓိကက်လဲ။ ဘာေတြျဖစ္ပ်က္ေနလဲ၊ ဘယ္သူေတြက ေအာင္ျမင္ေနလဲ။ ဘာေၾကာင့္ က်႐ႈံးက်တာလဲ။ ဆန္းသစ္တီထြင္မႈက ဘယ္လိုျဖစ္လာႏိုင္မလဲ၊ စတာေတြကို ေလ့လာပါ။ ဒီအခ်ိန္မွာ အခ်က္အလက္ေတြ ရွာေဖြေနရမွာျဖစ္ပါတယ္။ သင္လုပ္ကိုင္ဖို႔ ရည္မွန္းထားတဲ့လုပ္ငန္းနယ္ပယ္ ထဲမွာ အရင္လုပ္ေနသူေတြဆီက ပညာယူရမွာျဖစ္ပါတယ္။ လူအမ်ားစုက ဒီအဆင့္ကို ေက်ာ္သြားတတ္ၾကပါတယ္။ အနည္းငယ္သိတယ္ဆို႐ုံေလာက္နဲ႔ လုပ္ငန္းတစ္ခုကို တန္းၿပီးလုပ္ေဆာင္တတ္ၾကပါတယ္။ သင့္အေနနဲ႔ သက္ဆိုင္ရာလုပ္ငန္းနဲ႔ ရင္းႏွီးမႈရွိၿပီးသားျဖစ္ရင္ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ အေသအခ်ာမေလ့လာပဲနဲ႔ေတာ့ ဘာမွမသိႏိုင္ပါဘူး။ လုပ္ငန္းမွာ ၾကံဳလာႏိုင္တဲ့ စိန္ေခၚမႈေတြကို အေစာပိုင္းကတည္းက မသိထားရင္ ေနာက္ပိုင္းမွာ ထိခိုက္စရာေတြ ၾကံဳေတြ႕ရမွာျဖစ္ပါတယ္။

၂။ အခြင့္အလမ္းကို ရွာေဖြပါ။

သင္လုပ္ေဆာင္မယ့္ လုပ္ငန္းနယ္ပယ္မွာ ဘာေတြလစ္ဟာေနလဲ၊ လိုအပ္ေနလဲ ဆိုတာႀကိဳးစား ေလ့လာပါ။ ဒီလို လိုအပ္ခ်က္ေတြကို လိုက္ျဖည့္ဆည္းေပးႏိုင္မလားဆိုတာကို ခ်င့္တြက္ပါ။ သင့္ရဲ႕အားသာခ်က္ အားနည္းခ်က္ေတြနဲ႔ ခ်င့္ခ်ိန္ၿပီး ဒီလိုအပ္ခ်က္ေတြဟာ အခြင့္အလမ္းျဖစ္လာႏိုင္မလား ဆံုးျဖတ္ရမွာ ျဖစ္ပါတယ္။ တကယ္ေအာင္ျမင္ခ်င္တယ္ဆိုရင္ အခြင့္အလမ္းကို ရွာေဖြတတ္ရမွာျဖစ္ပါတယ္။ ေအာင္ျမင္ခ်င္႐ုံ အလုပ္ႀကိဳးစား႐ုံနဲ႔ေတာ့လည္း မျဖစ္ေသးပါဘူး။ စနစ္တက် လုပ္ႏိုင္ဖို႔လည္း လိုပါတယ္။

၃။ လုပ္ငန္းစီမံခ်က္ေရးဆြဲလုပ္ေဆာင္ပါ။

ေအာင္ျမင္ေအာင္လုပ္ေဆာင္ဖို႔ အေရးႀကီးတဲ့ အခ်က္အလက္ေတြအားလံုးရရွိၿပီဆိုရင္ေတာ့ ဘယ္လိုလုပ္မလဲဆိုတာပဲ က်န္ပါေတာ့တယ္။ လုပ္ေဆာင္ခ်က္အစီအစဥ္ ရွိဖို႔ လိုပါတယ္။ တစ္ဆင့္ၿပီး တစ္ဆင့္ ဘယ္လို လုပ္ေဆာင္မွာလဲ၊ ဘယ္သူေတြက ကူညီေပးႏိုင္မွာလဲ စသျဖင့္ ၾကိဳတင္စီစဥ္ထားရမွာျဖစ္ပါတယ္။ သင့္ရဲ႕စီမံခ်က္က လိုအပ္သလိုေျပာင္းလဲသြားႏိုင္ပါတယ္။ ဒါေပမယ့္ အေျခခံမူေဘာင္တစ္ခုအေနနဲ႔ေတာ့ ရွိထားရမွာျဖစ္ပါတယ္။

အားလံုးျခံဳၿပီးေျပာရရင္ ေအာင္ျမင္မႈရရွိဖို႔ အျမန္ဆံုးနည္းလမ္းကေတာ့ ဘာလုပ္ခ်င္တာလဲဆိုတာကို ေလ့လာပါ၊ ၿပီးရင္ အခြင့္အလမ္းရွိမရွိရွာေဖြပါ။ ေနာက္ဆံုးအခ်က္ကေတာ့ သင္သိထားသမွ်၊ ပိုင္ဆိုင္သမွ်ေတြကို အေျခခံၿပီး လုပ္ငန္းစီမံခ်က္တစ္ခု ေဖာ္ေဆာင္လုပ္ကိုင္ဖို႔ပဲ ျဖစ္ပါတယ္။

GM ရဲ့ တျခား စီးပြားေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/money/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

အောင်မြင်မှုဆီသို့ အဆင့်(၃)ခု

အောင်မြင်မှုဆီကို လျှောက်လှမ်းရာမှာ ရင်ဆိုင်ရတဲ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့လည်း လိုအပ်ပါတယ်။ ပြဿနာတစ်ခုကို စနစ်တကျခွဲခြမ်းစိတ်ဖြာပြီး အကောင်းဆုံးဖြေရှင်းချက်တစ်ခုကို ဖော်ထုတ်နိုင်စွမ်းက အရေးကြီးပါတယ်။ ဒီလို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်ရမယ့် အဆင့်သုံးခုကို ဖော်ပြပါလိုက်ပါတယ်။

၁။ ကစားပွဲကို ဘယ်လိုကစားနေကြလဲ နားလည်ထားဖို့ လိုပါတယ်။

တစ်ခုခုကို ကျွမ်းကျင်တတ်မြောက်ဖို့အတွက် အရင်ဆုံး လေ့လာသင်ယူဖို့လိုအပ်ပါတယ်။ စည်းမျဉ်းတွေက ဘာတွေလဲ၊ ဘယ်သူတွေက အဓိကကျလဲ။ ဘာတွေဖြစ်ပျက်နေလဲ၊ ဘယ်သူတွေက အောင်မြင်နေလဲ။ ဘာကြောင့် ကျရှုံးကျတာလဲ။ ဆန်းသစ်တီထွင်မှုက ဘယ်လိုဖြစ်လာနိုင်မလဲ၊ စတာတွေကို လေ့လာပါ။ ဒီအချိန်မှာ အချက်အလက်တွေ ရှာဖွေနေရမှာဖြစ်ပါတယ်။ သင်လုပ်ကိုင်ဖို့ ရည်မှန်းထားတဲ့လုပ်ငန်းနယ်ပယ် ထဲမှာ အရင်လုပ်နေသူတွေဆီက ပညာယူရမှာဖြစ်ပါတယ်။ လူအများစုက ဒီအဆင့်ကို ကျော်သွားတတ်ကြပါတယ်။ အနည်းငယ်သိတယ်ဆိုရုံလောက်နဲ့ လုပ်ငန်းတစ်ခုကို တန်းပြီးလုပ်ဆောင်တတ်ကြပါတယ်။ သင့်အနေနဲ့ သက်ဆိုင်ရာလုပ်ငန်းနဲ့ ရင်းနှီးမှုရှိပြီးသားဖြစ်ရင်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသေအချာမလေ့လာပဲနဲ့တော့ ဘာမှမသိနိုင်ပါဘူး။ လုပ်ငန်းမှာ ကြုံလာနိုင်တဲ့ စိန်ခေါ်မှုတွေကို အစောပိုင်းကတည်းက မသိထားရင် နောက်ပိုင်းမှာ ထိခိုက်စရာတွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။

၂။ အခွင့်အလမ်းကို ရှာဖွေပါ။

သင်လုပ်ဆောင်မယ့် လုပ်ငန်းနယ်ပယ်မှာ ဘာတွေလစ်ဟာနေလဲ၊ လိုအပ်နေလဲ ဆိုတာကြိုးစား လေ့လာပါ။ ဒီလို လိုအပ်ချက်တွေကို လိုက်ဖြည့်ဆည်းပေးနိုင်မလားဆိုတာကို ချင့်တွက်ပါ။ သင့်ရဲ့အားသာချက် အားနည်းချက်တွေနဲ့ ချင့်ချိန်ပြီး ဒီလိုအပ်ချက်တွေဟာ အခွင့်အလမ်းဖြစ်လာနိုင်မလား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ တကယ်အောင်မြင်ချင်တယ်ဆိုရင် အခွင့်အလမ်းကို ရှာဖွေတတ်ရမှာဖြစ်ပါတယ်။ အောင်မြင်ချင်ရုံ အလုပ်ကြိုးစားရုံနဲ့တော့လည်း မဖြစ်သေးပါဘူး။ စနစ်တကျ လုပ်နိုင်ဖို့လည်း လိုပါတယ်။

၃။ လုပ်ငန်းစီမံချက်ရေးဆွဲလုပ်ဆောင်ပါ။

အောင်မြင်အောင်လုပ်ဆောင်ဖို့ အရေးကြီးတဲ့ အချက်အလက်တွေအားလုံးရရှိပြီဆိုရင်တော့ ဘယ်လိုလုပ်မလဲဆိုတာပဲ ကျန်ပါတော့တယ်။ လုပ်ဆောင်ချက်အစီအစဉ် ရှိဖို့ လိုပါတယ်။ တစ်ဆင့်ပြီး တစ်ဆင့် ဘယ်လို လုပ်ဆောင်မှာလဲ၊ ဘယ်သူတွေက ကူညီပေးနိုင်မှာလဲ စသဖြင့် ကြိုတင်စီစဉ်ထားရမှာဖြစ်ပါတယ်။ သင့်ရဲ့စီမံချက်က လိုအပ်သလိုပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် အခြေခံမူဘောင်တစ်ခုအနေနဲ့တော့ ရှိထားရမှာဖြစ်ပါတယ်။

အားလုံးခြုံပြီးပြောရရင် အောင်မြင်မှုရရှိဖို့ အမြန်ဆုံးနည်းလမ်းကတော့ ဘာလုပ်ချင်တာလဲဆိုတာကို လေ့လာပါ၊ ပြီးရင် အခွင့်အလမ်းရှိမရှိရှာဖွေပါ။ နောက်ဆုံးအချက်ကတော့ သင်သိထားသမျှ၊ ပိုင်ဆိုင်သမျှတွေကို အခြေခံပြီး လုပ်ငန်းစီမံချက်တစ်ခု ဖော်ဆောင်လုပ်ကိုင်ဖို့ပဲ ဖြစ်ပါတယ်။
GM ရဲ့ တခြား စီးပွားရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/money/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

 

 

Related Posts

%%footer%%