အမွန္တကယ္ ႏွိမ့္ခ်တတ္သူျဖစ္ဖို႔

အမွန္တကယ္ ႏွိမ့္ခ်တတ္သူျဖစ္ဖို႔

မိမိကိုယ္ကိုႏွိမ့္ခ်ျခင္းဟာ သင့္ဘ၀မွာ အျပဳသေဘာေဆာင္တဲ့ေျပာင္းလဲမႈေတြကို ျဖစ္ေပၚေစႏိုင္တဲ့ အရည္အေသြးတစ္ခု ျဖစ္ပါတယ္။ မိမိကိုယ္ကိုႏွိမ့္ခ်ႏိုင္စြမ္းျမင့္မာမႈဟာ ဘ၀ရည္မွန္းခ်က္ ျမင့္မားျခင္း၊ က်န္းမာေရးပိုေကာင္းျခင္း၊ လုပ္ငန္းခြင္အတြင္း အဆင္ေျပေခ်ာေမြ႕ျခင္း၊ အိမ္ေထာင္ေရးခိုင္ျမဲျခင္း စတာေတြနဲ႔ ပတ္သက္ေနပါတယ္။ ဒါ့ေၾကာင့္ မိမိကိုယ္ကို နည္းလမ္းမွန္မွန္နဲ႔ ႏွိမ့္ခ်တတ္ဖို႔ နည္းလမ္းေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ ေ၀ဖန္အၾကံျပဳခ်က္ေတာင္းပါ။

ႏွိမ့္ခ်ျခင္းဟာ အသြားအျပန္ရွိပါတယ္။ မိမိကိစၥထက္ အျခားသူေတြရဲ႕ အေရးကိစၥကို ဦးစားေပးတတ္ဖို႔ လိုသလို မိမိကိုယ္ကိုလည္း တိတိက်က်ျမင္ႏိုင္ရမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အရင္းႏွီးဆံုးသူငယ္ခ်င္းေတြကို သင့္ရဲ႕ေကာင္းကြက္သံုးခုကို ေမးၾကည့္ပါ။ ၿပီးရင္ သင္ျပဳျပင္ေျပာင္းလဲဖို႔လိုတဲ့ အခ်က္သံုးခုကို ထပ္ေမးပါ။ သင့္ရဲ႕အားသာခ်က္ေတြအတြက္ ဂုဏ္ယူၿပီး အားနည္းခ်က္ေတြကို ျပဳျပင္ဖို႔ ႀကိဳးစားပါ။

၂။ ဘက္လိုက္အေတြးအေခၚေတြကို ရင္ဆိုင္ေျဖရွင္းပါ။

မိမိကိုယ္ကို ႏွိမ့္ခ်တတ္ျခင္းဟာ စိတ္သေဘာထားပြင့္လင္းဖို႔ လိုပါတယ္။ အေၾကာင္းအရာတစ္ခုနဲ႔ပတ္သက္ၿပီး စိတ္ထဲမွာ မတင္မက်နဲ႔ ႀကိဳတင္သံုးသပ္ထားတတ္တဲ့ ဘက္လိုက္အယူအဆေတြကို ရွင္းရွင္းလင္းလင္း သိေအာင္လုပ္ေဆာင္ပါ။ ဥပမာေျပာရရင္ ဘာသာတရားတစ္ခုနဲ႔ ပတ္သက္ၿပီး မေကာင္းတဲ့အျမင္ သံုးသပ္ခ်က္ေတြ ရွိေနမယ္ဆိုရင္ တကယ့္ယုံၾကည္ကိုးကြယ္သူတစ္ေယာက္နဲ႔ ေဆြးေႏြးၾကည့္ပါ။ ဒါမွမဟုတ္ ကိုယ္တိုင္ေလ့လာက်င့္သံုးၾကည့္ၿပီးမွ အမွန္အမွားဆံုးျဖတ္ပါ။

၃။ ေမးခြန္းစေမးပါ။

သင္ သိထားၿပီးသားကို စေျပာဖုိ႔ထက္ မသိေသးတာကို ေမးလိုက္တာကလည္း ႏွိမ့္ခ်မႈတစ္မ်ိဳးပါပဲ။ ဒီလိုနည္းလမ္းနဲ႔ အျခားသူေတြလည္း ပါ၀င္ပတ္သက္လာေစႏိုင္ပါတယ္။ တကယ္လို႔ သင္က အရာအားလံုးကို သိႏွင့္ၿပီးသားလို ဟန္ေဆာင္ေနမယ္ဆိုရင္ အျခားသူေတြက သိရွိၿပီး ၀န္းရံေပးမွာ မဟုတ္ေတာ့ပါဘူး။


၄။ အမွန္တကယ္ နားေထာင္ပါ။

ေမးခြန္းေတြ ေမးေနေပမယ့္ အေျဖကို အမွန္တကယ္နားမေထာင္ဘူးဆိုရင္ အဆင္ေျပမွာမဟုတ္ပါဘူး။ နားေထာင္ေပးတာက သင့္ရဲ႕မာနကို ေလွ်ာ့ခ်ရာေရာက္ပါတယ္။ သင့္အေၾကာင္းေတြ သင့္ရဲ႕အယူအဆေတြကုိပဲ ေတြးေန၊ ေျပာေနရမွာ မဟုတ္ပါဘူး။ တစ္ေယာက္ေယာက္က ထင္ျမင္ခ်က္တစ္ခု၊ အေတြ႕အၾကံဳတစ္ခုကို ေ၀မွ်ၿပီးတဲ့ေနာက္မွာ သင့္အေနနဲ႔တစ္ခုခုျပန္မေျပာခင္ သူေျပာခဲ့တဲ့အေၾကာင္းအရာကို ေသခ်ာနားလည္တဲ့အထိ ဆင္ျခင္သံုးသပ္ဖို႔ အခ်ိန္ယူနားေထာင္ပါ။

၅။ က်႐ႈံးမႈေတြကို လက္ခံပါ။

သင္ရဲ႕အေတြ႕အၾကံဳေတြက သင္ၾကားမႈကို လက္ခံပါ။ အ႐ႈံးေတြကို လက္ခံႏိုင္ဖို႔ မိမိကိုယ္ကိုႏွိမ့္ခ်တတ္မႈက ဘယ္လိုစိန္ေခၚမႈေတြကိုမဆို က်႐ႈံးမွာကို စိုးရိမ္မေနပဲ လက္ခံႏိုင္လာေစမွာ ျဖစ္ပါတယ္။ က်႐ႈံးမႈေတြ ႀကံဳေတြ႕ရတဲ့အခါတိုင္းမွာ သင္ခန္းစာယူၿပီး ေနာက္တစ္ခါပိုေကာင္းေအာင္ လုပ္ေဆာင္ပါ။

၆။ အံ့ၾသေလးစားစရာေတြကို ရွာေဖြပါ။

ကမာၻေလာကႀကီးရဲ႕အလွတရားနဲ႔ အံ့ခ်ီးဖြယ္ရာေတြကို သတိျပဳေစာင့္ၾကည့္ၿပီး အသိအမွတ္ျပဳပါ။ သင္တစ္ေယာက္တည္းကပဲ စၾကာ၀ဠာႀကီးထဲမွာ အေရးအႀကီးဆံုးမဟုတ္ဘူးဆိုတာကို သိလာရင္ ကိုယ့္ကိုယ္ကို ႏွိမ့္ခ်တတ္သြားပါလိမ့္မယ္။ ညေကာင္းကင္ယံက ၾကယ္ေတြကို ေငးၾကည္ေနတဲ့အခ်ိန္မွာ ကိုယ့္ကိုယ္ကို အဟုတ္ႀကီးထင္ေနတဲ့စိတ္က ဘာမွမဟုတ္တာကို သေဘာေပါက္ပါလိမ့္မယ္။

GM ရဲ့ တျခား လူမႈေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/social/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

အမှန်တကယ် နှိမ့်ချတတ်သူဖြစ်ဖို့

မိမိကိုယ်ကိုနှိမ့်ချခြင်းဟာ သင့်ဘဝမှာ အပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေနိုင်တဲ့ အရည်အသွေးတစ်ခု ဖြစ်ပါတယ်။ မိမိကိုယ်ကိုနှိမ့်ချနိုင်စွမ်းမြင့်မာမှုဟာ ဘဝရည်မှန်းချက် မြင့်မားခြင်း၊ ကျန်းမာရေးပိုကောင်းခြင်း၊ လုပ်ငန်းခွင်အတွင်း အဆင်ပြေချောမွေ့ခြင်း၊ အိမ်ထောင်ရေးခိုင်မြဲခြင်း စတာတွေနဲ့ ပတ်သက်နေပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို နည်းလမ်းမှန်မှန်နဲ့ နှိမ့်ချတတ်ဖို့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ဝေဖန်အကြံပြုချက်တောင်းပါ။

နှိမ့်ချခြင်းဟာ အသွားအပြန်ရှိပါတယ်။ မိမိကိစ္စထက် အခြားသူတွေရဲ့ အရေးကိစ္စကို ဦးစားပေးတတ်ဖို့ လိုသလို မိမိကိုယ်ကိုလည်း တိတိကျကျမြင်နိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အရင်းနှီးဆုံးသူငယ်ချင်းတွေကို သင့်ရဲ့ကောင်းကွက်သုံးခုကို မေးကြည့်ပါ။ ပြီးရင် သင်ပြုပြင်ပြောင်းလဲဖို့လိုတဲ့ အချက်သုံးခုကို ထပ်မေးပါ။ သင့်ရဲ့အားသာချက်တွေအတွက် ဂုဏ်ယူပြီး အားနည်းချက်တွေကို ပြုပြင်ဖို့ ကြိုးစားပါ။

၂။ ဘက်လိုက်အတွေးအခေါ်တွေကို ရင်ဆိုင်ဖြေရှင်းပါ။

မိမိကိုယ်ကို နှိမ့်ချတတ်ခြင်းဟာ စိတ်သဘောထားပွင့်လင်းဖို့ လိုပါတယ်။ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး စိတ်ထဲမှာ မတင်မကျနဲ့ ကြိုတင်သုံးသပ်ထားတတ်တဲ့ ဘက်လိုက်အယူအဆတွေကို ရှင်းရှင်းလင်းလင်း သိအောင်လုပ်ဆောင်ပါ။ ဥပမာပြောရရင် ဘာသာတရားတစ်ခုနဲ့ ပတ်သက်ပြီး မကောင်းတဲ့အမြင် သုံးသပ်ချက်တွေ ရှိနေမယ်ဆိုရင် တကယ့်ယုံကြည်ကိုးကွယ်သူတစ်ယောက်နဲ့ ဆွေးနွေးကြည့်ပါ။ ဒါမှမဟုတ် ကိုယ်တိုင်လေ့လာကျင့်သုံးကြည့်ပြီးမှ အမှန်အမှားဆုံးဖြတ်ပါ။

၃။ မေးခွန်းစမေးပါ။

သင် သိထားပြီးသားကို စပြောဖို့ထက် မသိသေးတာကို မေးလိုက်တာကလည်း နှိမ့်ချမှုတစ်မျိုးပါပဲ။ ဒီလိုနည်းလမ်းနဲ့ အခြားသူတွေလည်း ပါဝင်ပတ်သက်လာစေနိုင်ပါတယ်။ တကယ်လို့ သင်က အရာအားလုံးကို သိနှင့်ပြီးသားလို ဟန်ဆောင်နေမယ်ဆိုရင် အခြားသူတွေက သိရှိပြီး ဝန်းရံပေးမှာ မဟုတ်တော့ပါဘူး။

၄။ အမှန်တကယ် နားထောင်ပါ။

မေးခွန်းတွေ မေးနေပေမယ့် အဖြေကို အမှန်တကယ်နားမထောင်ဘူးဆိုရင် အဆင်ပြေမှာမဟုတ်ပါဘူး။ နားထောင်ပေးတာက သင့်ရဲ့မာနကို လျှော့ချရာရောက်ပါတယ်။ သင့်အကြောင်းတွေ သင့်ရဲ့အယူအဆတွေကိုပဲ တွေးနေ၊ ပြောနေရမှာ မဟုတ်ပါဘူး။ တစ်ယောက်ယောက်က ထင်မြင်ချက်တစ်ခု၊ အတွေ့အကြုံတစ်ခုကို ဝေမျှပြီးတဲ့နောက်မှာ သင့်အနေနဲ့တစ်ခုခုပြန်မပြောခင် သူပြောခဲ့တဲ့အကြောင်းအရာကို သေချာနားလည်တဲ့အထိ ဆင်ခြင်သုံးသပ်ဖို့ အချိန်ယူနားထောင်ပါ။

၅။ ကျရှုံးမှုတွေကို လက်ခံပါ။

သင်ရဲ့အတွေ့အကြုံတွေက သင်ကြားမှုကို လက်ခံပါ။ အရှုံးတွေကို လက်ခံနိုင်ဖို့ မိမိကိုယ်ကိုနှိမ့်ချတတ်မှုက ဘယ်လိုစိန်ခေါ်မှုတွေကိုမဆို ကျရှုံးမှာကို စိုးရိမ်မနေပဲ လက်ခံနိုင်လာစေမှာ ဖြစ်ပါတယ်။ ကျရှုံးမှုတွေ ကြုံတွေ့ရတဲ့အခါတိုင်းမှာ သင်ခန်းစာယူပြီး နောက်တစ်ခါပိုကောင်းအောင် လုပ်ဆောင်ပါ။

၆။ အံ့ဩလေးစားစရာတွေကို ရှာဖွေပါ။

ကမ္ဘာလောကကြီးရဲ့အလှတရားနဲ့ အံ့ချီးဖွယ်ရာတွေကို သတိပြုစောင့်ကြည့်ပြီး အသိအမှတ်ပြုပါ။ သင်တစ်ယောက်တည်းကပဲ စကြာဝဠာကြီးထဲမှာ အရေးအကြီးဆုံးမဟုတ်ဘူးဆိုတာကို သိလာရင် ကိုယ့်ကိုယ်ကို နှိမ့်ချတတ်သွားပါလိမ့်မယ်။ ညကောင်းကင်ယံက ကြယ်တွေကို ငေးကြည်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေတဲ့စိတ်က ဘာမှမဟုတ်တာကို သဘောပေါက်ပါလိမ့်မယ်။
GM ရဲ့ တခြား လူမှုရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/social/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

 

 

Related Posts

%%footer%%