သူေဌးျဖစ္ဖို႔ မလုပ္သင့္သည့္ကိစၥ(၇)ခု
သန္းၾကြယ္သူေဌးတစ္ေယာက္ျဖစ္ခ်င္ပါသလား?။ သူတို႔ျပဳမူေနထိုင္သလို လိုက္ေနၾကည့္ပါ။ အခုေဖာ္ျပလိုက္ တဲ့ ကိစၥ(၇)ခုကို သန္းၾကြယ္သူေဌးေတြက ဘယ္ေတာ့မွမလုပ္ပါဘူး။
၁။ တီဗီြၾကည့္ၿပီး အခ်ိန္ကုန္မခံၾကပါဘူး။
သန္းၾကြယ္သူေဌးေတြက ဘယ္ေတာ့မွ ႐ုပ္ျမင္သံၾကားအစီအစဥ္ေတြ၊ ဇာတ္လမ္းေတြၾကည့္ၿပီး အခ်ိန္ကုန္ မခံၾကပါဘူး။ တီဗီြၾကည့္မယ့္အစား သူတို႔က စာအုပ္ေတြပဲဖတ္ေနေလ့ရွိပါတယ္။ Elon Musk ကေန Warren Buffett အထိ နာမည္ေက်ာ္ လုပ္ငန္းရွင္သူေဌးေတြအားလံုးဟား တစ္ေန႔တာရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို စာဖတ္ျခင္းျဖင့္ ကုန္ဆံုးတတ္ၾကပါတယ္။ စာဖတ္တဲ့ေနရာမွာလည္း အေပ်ာ္ဖတ္စာေပေတြထက္ ပညာရမယ့္၊ တိုးတက္မႈတစ္စံုတစ္ရာရရွိႏိုင္မယ့္ စာအုပ္စာေပေတြကိုပဲ ဖတ္ေလ့ရွိပါတယ္။
၂။ ဘယ္ေတာ့မွ တစ္ဦးတည္း သီးျခားခြဲထြက္ေနေလ့မရွိပါဘူး။
သန္းၾကြယ္သူေဌးေတြအားလံုးက လူမႈဆက္ဆံေရးေကာင္းၾကသူေတြခ်ည္းပဲျဖစ္ပါတယ္။ သူတို႔ဟာ အျမဲတမ္းလိုလို မိတ္ေဆြသစ္ေတြနဲ႔ ေတြ႕ဆံုၿပီး စကားစျမည္ေျပာေနေလ့ရွိပါတယ္။ ဒီလို႔ လူမႈဆက္ဆံေရး ေကာင္းမြန္တာဟာ ေအာင္ျမင္မႈရဲ႕ေသာ့ခ်က္ျဖစ္တယ္ဆိုတာကို သူတို႔ေတြက ေသခ်ာသိရွိထားၾကၿပီး သူတို႔ရဲ႕ လူမႈကြန္ယက္ကို တိုးခ်ဲ႕ႏိုင္ဖို႔ အားထည့္ၾကပါတယ္။
၃။ အပိုေတြေလွ်ာက္ေတြးေလ့မရွိပါဘူး။
ေအာင္ျမင္တဲ့လုပ္ငန္းရွင္ေတြတိုင္းဟာ သူတို႔ရဲ႕ပင္ကိုယ္သိစိတ္ကို ယံုၾကည္စြာအသံုးျပဳေလ့ရွိၿပီး အမ်ားႀကီးေလွ်ာက္ေတြးေလ့မရွိပါဘူး။ ဒီလိုဆိုေတာ့ အက်ိဳးဆက္ေတြကို ေသခ်ာမသံုးသပ္တာမ်ိဳးကို ဆိုလိုတာေတာ့ မဟုတ္ပါဘူး။ သူတို႔က ဆင္ျခင္သံုးသပ္မႈေတြနဲ႔ အခ်ိန္ကုန္မခံတာမ်ိဳးကို ဆိုလိုတာျဖစ္ပါတယ္။ သူတို႔လုပ္ေဆာင္ရမယ့္ အရာေတြကို ေသခ်ာဆင္ျခင္သံုးသပ္ၿပီးၿပီဆိုတာနဲ႔ လမ္းေၾကာင္းတစ္ခုကို ေရြးခ်ယ္ၿပီး လုပ္စရာရွိတာေတြကို စတင္လုပ္ေဆာင္ၾကပါတယ္။ ဘယ္ေတာ့မွ ေနာက္ျပန္လွည့္ၾကည့္ေလ့မရွိပါဘူး။
၄။ တကယ္ရင္မဆိုင္ၾကည့္ပဲ အ႐ႈံးမေပးၾကပါဘူး။
သန္းၾကြယ္သူေဌးေတြအားလံုးဟာ ဒုကၡေရာက္လာခ်ိန္မွာ ဘယ္ေတာ့မွ အ႐ႈံးေပးဖို႔မစဥ္းစားတတ္ၾကပါဘူး။ သူတို႔ေတြဟာ က်႐ႈံးမႈေတြ အဆင္မေျပမႈေတြအားလံုးကို ဇြဲရွိရွိနဲ႔ ေက်ာ္ျဖတ္ၾကပါတယ္။ လုပ္ငန္းရွင္အမ်ားစုဟာ လုပ္ေဖာ္ကိုင္ဖက္ေတြ၊ မိတ္ေဆြ၊ မိသားစု၀င္ေတြရဲ႕ေ၀ဖန္ျပစ္တင္မႈေတြ ခံရေလ့ရွိေပမယ့္ လက္မေလွ်ာ့တတ္ၾကပါဘူး။ ေအာင္ျမင္သူအစစ္ေတြက ဘယ္ေတာ့မွ ေနာက္ေကာက္က် မက်န္ေနခဲ့ပါဘူး။
၅။ အားကစားလုပ္ဖို႔ မေမ့ၾကပါဘူး။
ခ်မ္းသားေအာင္ျမင္ေနတဲ့ လုပ္ငန္းရွင္တိုင္းဟာ မနက္ခင္းမွာေလ့က်င့္ခန္းလုပ္တတ္ၾကပါတယ္။ သူတို႔အတြက္ မနက္ခင္းေလ့က်င့္ခန္းလုပ္တာဟာ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြအတြက္ အာ႐ုံစူးစိုက္ႏိုင္ၿပီး၊ လုပ္ငန္းၿပီးေျမာက္မႈကို တိုးတက္လာေစဖို႔ အက်ိဳးသက္ေရာက္မႈရွိတယ္ဆိုတာကို နားလည္ၾကပါတယ္။
၆။ အိပ္ရာထေနာက္က်ေလ့မရွိပါဘူး။
ေအာင္ျမင္တဲ့လုပ္ငန္းရွင္အမ်ားစုဟာ မနက္ေစာေစာအိပ္ရာထတတ္ၾကသူေတြခ်ည္းပဲျဖစ္ပါတယ္။ သူတို႔ဟာ ဘယ္ေတာ့မွ အိပ္ရာထဲမွာေကြးေနၿပီး အလုပ္ေနာက္က်ခံတဲ့အထဲမွာ မပါၾကပါဘူး။
၇။ ပ်င္းရိၿငီးေငြ႕တယ္ဆိုတာ မရွိပါဘူး။
ေအာင္ျမင္သူအမ်ားစုဟာ သူတို႔ပတ္၀န္းက်င္မွာ ေလ့လာစရာအခြင့္အလမ္းေတြအျမဲတမ္းရွိေနတာကို သိၾကတဲ့အတြက္ ပ်င္းေနတယ္ဆိုတာ မရွိပါဘူး။ ထိုင္ၿပီး ပ်င္းေနမယ့္အစား မိတ္ေဆြသစ္ေတြနဲ႔ ေတြ႕ဆံုဖို႔၊ သင္တန္းေတြတက္ဖို႔၊ စာအုပ္ေတြဖတ္ဖို႔၊ စသျဖင့္ သူတို႔ရဲ႕အရည္အခ်င္းနဲ႔ အသိပညာဗဟုသုတေတြ တိုးလာဖို႔ကိုပဲ အျမဲအားထုတ္ေနတတ္ၾကပါတယ္။
နိဂံုးခ်ဳပ္ရမယ္ဆိုရင္ သင္ေရာသန္းၾကြယ္သူေဌးတစ္ေယာက္ျဖစ္ခ်စ္စိတ္ရွိပါသလား။ ရွိတယ္ဆိုရင္ေတာ့ အခုေဖာ္ျပခဲ့တဲ့အခ်က္ေတြကို လိုက္လုပ္ၾကည့္ဖို႔ အၾကံျပဳလိုက္ပါတယ္။
GM ရဲ့ တျခား စီးပြားေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/money/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
သူဌေးဖြစ်ဖို့ မလုပ်သင့်သည့်ကိစ္စ(၇)ခု
သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ချင်ပါသလား?။ သူတို့ပြုမူနေထိုင်သလို လိုက်နေကြည့်ပါ။ အခုဖော်ပြလိုက် တဲ့ ကိစ္စ(၇)ခုကို သန်းကြွယ်သူဌေးတွေက ဘယ်တော့မှမလုပ်ပါဘူး။
၁။ တီဗွီကြည့်ပြီး အချိန်ကုန်မခံကြပါဘူး။
သန်းကြွယ်သူဌေးတွေက ဘယ်တော့မှ ရုပ်မြင်သံကြားအစီအစဉ်တွေ၊ ဇာတ်လမ်းတွေကြည့်ပြီး အချိန်ကုန် မခံကြပါဘူး။ တီဗွီကြည့်မယ့်အစား သူတို့က စာအုပ်တွေပဲဖတ်နေလေ့ရှိပါတယ်။ Elon Musk ကနေ Warren Buffett အထိ နာမည်ကျော် လုပ်ငန်းရှင်သူဌေးတွေအားလုံးဟား တစ်နေ့တာရဲ့အချိန်တော်တော်များများကို စာဖတ်ခြင်းဖြင့် ကုန်ဆုံးတတ်ကြပါတယ်။ စာဖတ်တဲ့နေရာမှာလည်း အပျော်ဖတ်စာပေတွေထက် ပညာရမယ့်၊ တိုးတက်မှုတစ်စုံတစ်ရာရရှိနိုင်မယ့် စာအုပ်စာပေတွေကိုပဲ ဖတ်လေ့ရှိပါတယ်။
၂။ ဘယ်တော့မှ တစ်ဦးတည်း သီးခြားခွဲထွက်နေလေ့မရှိပါဘူး။
သန်းကြွယ်သူဌေးတွေအားလုံးက လူမှုဆက်ဆံရေးကောင်းကြသူတွေချည်းပဲဖြစ်ပါတယ်။ သူတို့ဟာ အမြဲတမ်းလိုလို မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံပြီး စကားစမြည်ပြောနေလေ့ရှိပါတယ်။ ဒီလို့ လူမှုဆက်ဆံရေး ကောင်းမွန်တာဟာ အောင်မြင်မှုရဲ့သော့ချက်ဖြစ်တယ်ဆိုတာကို သူတို့တွေက သေချာသိရှိထားကြပြီး သူတို့ရဲ့ လူမှုကွန်ယက်ကို တိုးချဲ့နိုင်ဖို့ အားထည့်ကြပါတယ်။
၃။ အပိုတွေလျှောက်တွေးလေ့မရှိပါဘူး။
အောင်မြင်တဲ့လုပ်ငန်းရှင်တွေတိုင်းဟာ သူတို့ရဲ့ပင်ကိုယ်သိစိတ်ကို ယုံကြည်စွာအသုံးပြုလေ့ရှိပြီး အများကြီးလျှောက်တွေးလေ့မရှိပါဘူး။ ဒီလိုဆိုတော့ အကျိုးဆက်တွေကို သေချာမသုံးသပ်တာမျိုးကို ဆိုလိုတာတော့ မဟုတ်ပါဘူး။ သူတို့က ဆင်ခြင်သုံးသပ်မှုတွေနဲ့ အချိန်ကုန်မခံတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ သူတို့လုပ်ဆောင်ရမယ့် အရာတွေကို သေချာဆင်ခြင်သုံးသပ်ပြီးပြီဆိုတာနဲ့ လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး လုပ်စရာရှိတာတွေကို စတင်လုပ်ဆောင်ကြပါတယ်။ ဘယ်တော့မှ နောက်ပြန်လှည့်ကြည့်လေ့မရှိပါဘူး။
၄။ တကယ်ရင်မဆိုင်ကြည့်ပဲ အရှုံးမပေးကြပါဘူး။
သန်းကြွယ်သူဌေးတွေအားလုံးဟာ ဒုက္ခရောက်လာချိန်မှာ ဘယ်တော့မှ အရှုံးပေးဖို့မစဉ်းစားတတ်ကြပါဘူး။ သူတို့တွေဟာ ကျရှုံးမှုတွေ အဆင်မပြေမှုတွေအားလုံးကို ဇွဲရှိရှိနဲ့ ကျော်ဖြတ်ကြပါတယ်။ လုပ်ငန်းရှင်အများစုဟာ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေ၊ မိသားစုဝင်တွေရဲ့ဝေဖန်ပြစ်တင်မှုတွေ ခံရလေ့ရှိပေမယ့် လက်မလျှော့တတ်ကြပါဘူး။ အောင်မြင်သူအစစ်တွေက ဘယ်တော့မှ နောက်ကောက်ကျ မကျန်နေခဲ့ပါဘူး။
၅။ အားကစားလုပ်ဖို့ မမေ့ကြပါဘူး။
ချမ်းသားအောင်မြင်နေတဲ့ လုပ်ငန်းရှင်တိုင်းဟာ မနက်ခင်းမှာလေ့ကျင့်ခန်းလုပ်တတ်ကြပါတယ်။ သူတို့အတွက် မနက်ခင်းလေ့ကျင့်ခန်းလုပ်တာဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် အာရုံစူးစိုက်နိုင်ပြီး၊ လုပ်ငန်းပြီးမြောက်မှုကို တိုးတက်လာစေဖို့ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို နားလည်ကြပါတယ်။
၆။ အိပ်ရာထနောက်ကျလေ့မရှိပါဘူး။
အောင်မြင်တဲ့လုပ်ငန်းရှင်အများစုဟာ မနက်စောစောအိပ်ရာထတတ်ကြသူတွေချည်းပဲဖြစ်ပါတယ်။ သူတို့ဟာ ဘယ်တော့မှ အိပ်ရာထဲမှာကွေးနေပြီး အလုပ်နောက်ကျခံတဲ့အထဲမှာ မပါကြပါဘူး။
၇။ ပျင်းရိငြီးငွေ့တယ်ဆိုတာ မရှိပါဘူး။
အောင်မြင်သူအများစုဟာ သူတို့ပတ်ဝန်းကျင်မှာ လေ့လာစရာအခွင့်အလမ်းတွေအမြဲတမ်းရှိနေတာကို သိကြတဲ့အတွက် ပျင်းနေတယ်ဆိုတာ မရှိပါဘူး။ ထိုင်ပြီး ပျင်းနေမယ့်အစား မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံဖို့၊ သင်တန်းတွေတက်ဖို့၊ စာအုပ်တွေဖတ်ဖို့၊ စသဖြင့် သူတို့ရဲ့အရည်အချင်းနဲ့ အသိပညာဗဟုသုတတွေ တိုးလာဖို့ကိုပဲ အမြဲအားထုတ်နေတတ်ကြပါတယ်။
နိဂုံးချုပ်ရမယ်ဆိုရင် သင်ရောသန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ချစ်စိတ်ရှိပါသလား။ ရှိတယ်ဆိုရင်တော့ အခုဖော်ပြခဲ့တဲ့အချက်တွေကို လိုက်လုပ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။
GM ရဲ့ တခြား စီးပွားရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/money/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================