အရြယ္ေရာက္လာတာနဲ႔အမွ် အခ်စ္ကိုေတြ႕ဖို႔ ခက္ခဲလာသည့္ အေၾကာင္းရင္း
ကၽြန္ေတာ္တို႔ ငယ္ရြယ္စဥ္က အခ်စ္ဆိုတာ အရမ္းကို ႐ိုးရွင္းပါတယ္။ အသက္အရြယ္ရလာတာနဲ႔အမွ် အခ်စ္က ႐ႈပ္ေထြးလာတယ္။ ပိုၿပီး နားလည္ရခက္ ႐ႈပ္ေထြးလာ႐ံုတင္မဟုတ္ဘူး။ အထိအခိုက္လည္း မခံေတာ့ပါဘူး။ အလြယ္တကူနဲ႔ မခ်စ္မိႏိုင္ေတာ့သလို အတိတ္က အခ်စ္ဇာတ္လမ္းေတြကို ေမ့ေဖ်ာက္လိုက္ဖို႔က ပိုခက္လာတတ္ပါတယ္။
ဒါ ဘာေၾကာင့္လဲ ? အခ်ိန္ၾကာလာတာနဲ႔ အခ်စ္အေၾကာင္းကို ပိုသိၿပီး အလြယ္တကူခ်စ္ႏိုင္ၾကရမွာ မဟုတ္ဘူးလား။ ဒီကိစၥနဲ႔ပတ္သက္တ့ဲ အမွန္တရားက သဘာ၀ေတာ့ မက်ပါဘူး။ အရြယ္ရလာတာနဲ႔အတူ အသိဉာဏ္ေတြ၊ အေတြ႕အၾကံဳေတြ ပိုမ်ားလာတာေၾကာင့္ အခ်စ္ကိုေတြ႕ရွိဖို႔ ပိုလြယ္လာသင့္ပါတယ္။ ဒါေပမယ့္ ျဖစ္မလာပါဘူး။ တစ္ေယာက္ေယာက္နဲ႔ ခ်စ္ႀကိဳးသြယ္ဖို႔ကို ဆံုးျဖတ္ခ်က္ေတြ တစ္ပိုင္းတစ္စပါ၀င္လာပါတယ္။ အခ်စ္က သူ႔အလိုလို ေမွာ္ဆန္ေနတာမဟုတ္ေတာ့ပဲ ကၽြန္ေတာ္တို႔ကပဲ အခ်စ္ကို ေမွာ္ဆန္ေအာင္ လုပ္လာၾကပါတယ္။
အသက္အရြယ္ရလာတာနဲ႔ အခ်စ္ရဲ႕ေမွာ္ဆန္မႈေတြ ေပ်ာက္ဆံုးသြားသလို ဘ၀ရဲ႕ဆန္းၾကယ္မႈေတြလည္း ေမွးမွိန္ေပ်ာက္ကြယ္သြားတတ္ပါတယ္။ ဒါကလည္း သိပ္ေတာ္မဆန္းပါဘူး။ အေတြ႕အၾကံဳေတြ ပိုမ်ားၿပီး အသိေတြၾကြယ္လာတာနဲ႔အမွ် ဘ၀နဲ႔ပတ္သက္ၿပီး စိတ္ကူးယဥ္မဆန္ေတာ့ပဲ လက္ေတြ႕က်က်႐ႈျမင္တတ္လာတာေၾကာင့္ ျဖစ္ပါတယ္။ ဒီလိုပါပဲ။ အခ်စ္အေၾကာင္းကို ပိုၿပီးနားလည္လာတာနဲ႔အမွ် အခ်စ္ကိုေတြ႕ဖို႔ကလည္း ပိုခက္ခဲသြားတတ္ပါတယ္။
ဒါ့ေၾကာင့္ အေတြးအေခၚေတြ ရင့္က်က္လာၿပီး အမွီအခိုကင္းလာတာနဲ႔အမွ် အခ်စ္ကိုေတြ႕ဖို႔ ခက္ခဲလာတာျဖစ္ပါတယ္။ အမွီအခိုကင္းမႈက ခ်စ္သူခ်င္းဆက္ဆံေရးကို ထိခိုက္ပ်က္စီးေစႏိုင္ပါတယ္။ အားလံုးျပည့္စံုေကာင္းမြန္ေနတဲ့ စံုတြဲေတြ ဘာေၾကာင့္လမ္းခြဲသြားတတ္ၾကတာလဲဆိုတာ စဥ္းစားၾကည့္ပါ။ သူတို႔ေတြက လြတ္လပ္မႈ၊ အမွီအခိုကင္းမႈကို လိုခ်င္တတ္ၾကလို႔ ျဖစ္ပါတယ္။ သူတို႔က အခ်ိန္တိုင္း၊ ေန႔ရက္တိုင္းကို လူတစ္ေယာက္တည္းနဲ႔ မကုန္ဆံုးခ်င္တတ္ၾကပါဘူး။ သူတို႔ေတြ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ခ်စ္ၾကတယ္ဆိုရင္ေတာင္မွ သီးျခားကိုယ္ပိုင္အခ်ိန္ေတြ လိုခ်င္တတ္ၾကပါတယ္။ တစ္ေယာက္တည္း ေနခ်င္တတ္ၾကပါတယ္။
လူႏွစ္ေယာက္က လက္တြဲျဖစ္ၾကၿပီဆိုတာနဲ႔ အျပန္အလွန္ဂ႐ုစိုက္ဖို႔အတြက္ ကိုယ္ပိုင္လြတ္လပ္မႈ တစ္ခ်ိဳ႕တ၀က္ကို စြန္႔လႊတ္လိုက္ၾကရပါတယ္။ ဒီကိစၥက တကယ္ကိုလွပတဲ့ စြန္႔လႊတ္မႈျဖစ္ပါတယ္။ ဒါေပမယ့္ လြတ္လပ္မႈ၊ အမွီအခိုကင္းမႈကို ပိုလိုခ်င္တယ္ဆိုရင္ေတာ့ မြန္းက်ပ္စရာေတြျဖစ္လာတတ္ပါတယ္။ ပိုဆိုးတာက ႏွစ္ဦးသား ဆက္ဆံေရးမွာ တစ္ေယာက္ေယာက္က ခြင့္ျပဳေပးႏိုင္တဲ့ကိုယ္ပိုင္လြတ္လပ္မႈခ်င္း မတူညီတဲ့အခါမွာ ျဖစ္ပါတယ္။ ဒီအခါမွာ အားလံုး႐ႈပ္ကုန္တတ္ၿပီး ခ်ဳပ္ခ်ယ္တာေတြ၊ ကန္႔သတ္တာေတြျဖစ္လာတတ္ပါတယ္။ ဒီလို အေျခအေနမ်ိဳးမွာဆိုရင္ တစ္ေယာက္အတြက္ နာက်ဥ္ရၿပီး ေနာက္တစ္ေယာက္အတြက္ မြန္းက်ပ္စရာေတြ ျဖစ္လာတာ ထံုးစံပါပဲ။ စိတ္ကူးယဥ္ဆန္တဲ့ အခ်စ္ေတြလည္း အားလံုးလြင့္ပ်ံေပ်ာက္ဆံုး သြားမွာ ျဖစ္ပါတယ္။
GM ရဲ့ တျခား အခ်စ္ေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/love/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
အရွယ်ရောက်လာတာနဲ့အမျှ အချစ်ကိုတွေ့ဖို့ ခက်ခဲလာသည့် အကြောင်းရင်း
ကျွန်တော်တို့ ငယ်ရွယ်စဉ်က အချစ်ဆိုတာ အရမ်းကို ရိုးရှင်းပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ အချစ်က ရှုပ်ထွေးလာတယ်။ ပိုပြီး နားလည်ရခက် ရှုပ်ထွေးလာရုံတင်မဟုတ်ဘူး။ အထိအခိုက်လည်း မခံတော့ပါဘူး။ အလွယ်တကူနဲ့ မချစ်မိနိုင်တော့သလို အတိတ်က အချစ်ဇာတ်လမ်းတွေကို မေ့ဖျောက်လိုက်ဖို့က ပိုခက်လာတတ်ပါတယ်။
ဒါ ဘာကြောင့်လဲ ? အချိန်ကြာလာတာနဲ့ အချစ်အကြောင်းကို ပိုသိပြီး အလွယ်တကူချစ်နိုင်ကြရမှာ မဟုတ်ဘူးလား။ ဒီကိစ္စနဲ့ပတ်သက်တဲ့ အမှန်တရားက သဘာ၀တော့ မကျပါဘူး။ အရွယ်ရလာတာနဲ့အတူ အသိဉာဏ်တွေ၊ အတွေ့အကြုံတွေ ပိုများလာတာကြောင့် အချစ်ကိုတွေ့ရှိဖို့ ပိုလွယ်လာသင့်ပါတယ်။ ဒါပေမယ့် ဖြစ်မလာပါဘူး။ တစ်ယောက်ယောက်နဲ့ ချစ်ကြိုးသွယ်ဖို့ကို ဆုံးဖြတ်ချက်တွေ တစ်ပိုင်းတစ်စပါဝင်လာပါတယ်။ အချစ်က သူ့အလိုလို မှော်ဆန်နေတာမဟုတ်တော့ပဲ ကျွန်တော်တို့ကပဲ အချစ်ကို မှော်ဆန်အောင် လုပ်လာကြပါတယ်။
အသက်အရွယ်ရလာတာနဲ့ အချစ်ရဲ့မှော်ဆန်မှုတွေ ပျောက်ဆုံးသွားသလို ဘဝရဲ့ဆန်းကြယ်မှုတွေလည်း မှေးမှိန်ပျောက်ကွယ်သွားတတ်ပါတယ်။ ဒါကလည်း သိပ်တော်မဆန်းပါဘူး။ အတွေ့အကြုံတွေ ပိုများပြီး အသိတွေကြွယ်လာတာနဲ့အမျှ ဘဝနဲ့ပတ်သက်ပြီး စိတ်ကူးယဉ်မဆန်တော့ပဲ လက်တွေ့ကျကျရှုမြင်တတ်လာတာကြောင့် ဖြစ်ပါတယ်။ ဒီလိုပါပဲ။ အချစ်အကြောင်းကို ပိုပြီးနားလည်လာတာနဲ့အမျှ အချစ်ကိုတွေ့ဖို့ကလည်း ပိုခက်ခဲသွားတတ်ပါတယ်။
ဒါ့ကြောင့် အတွေးအခေါ်တွေ ရင့်ကျက်လာပြီး အမှီအခိုကင်းလာတာနဲ့အမျှ အချစ်ကိုတွေ့ဖို့ ခက်ခဲလာတာဖြစ်ပါတယ်။ အမှီအခိုကင်းမှုက ချစ်သူချင်းဆက်ဆံရေးကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အားလုံးပြည့်စုံကောင်းမွန်နေတဲ့ စုံတွဲတွေ ဘာကြောင့်လမ်းခွဲသွားတတ်ကြတာလဲဆိုတာ စဉ်းစားကြည့်ပါ။ သူတို့တွေက လွတ်လပ်မှု၊ အမှီအခိုကင်းမှုကို လိုချင်တတ်ကြလို့ ဖြစ်ပါတယ်။ သူတို့က အချိန်တိုင်း၊ နေ့ရက်တိုင်းကို လူတစ်ယောက်တည်းနဲ့ မကုန်ဆုံးချင်တတ်ကြပါဘူး။ သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ချစ်ကြတယ်ဆိုရင်တောင်မှ သီးခြားကိုယ်ပိုင်အချိန်တွေ လိုချင်တတ်ကြပါတယ်။ တစ်ယောက်တည်း နေချင်တတ်ကြပါတယ်။
လူနှစ်ယောက်က လက်တွဲဖြစ်ကြပြီဆိုတာနဲ့ အပြန်အလှန်ဂရုစိုက်ဖို့အတွက် ကိုယ်ပိုင်လွတ်လပ်မှု တစ်ချို့တဝက်ကို စွန့်လွှတ်လိုက်ကြရပါတယ်။ ဒီကိစ္စက တကယ်ကိုလှပတဲ့ စွန့်လွှတ်မှုဖြစ်ပါတယ်။ ဒါပေမယ့် လွတ်လပ်မှု၊ အမှီအခိုကင်းမှုကို ပိုလိုချင်တယ်ဆိုရင်တော့ မွန်းကျပ်စရာတွေဖြစ်လာတတ်ပါတယ်။ ပိုဆိုးတာက နှစ်ဦးသား ဆက်ဆံရေးမှာ တစ်ယောက်ယောက်က ခွင့်ပြုပေးနိုင်တဲ့ကိုယ်ပိုင်လွတ်လပ်မှုချင်း မတူညီတဲ့အခါမှာ ဖြစ်ပါတယ်။ ဒီအခါမှာ အားလုံးရှုပ်ကုန်တတ်ပြီး ချုပ်ချယ်တာတွေ၊ ကန့်သတ်တာတွေဖြစ်လာတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာဆိုရင် တစ်ယောက်အတွက် နာကျဉ်ရပြီး နောက်တစ်ယောက်အတွက် မွန်းကျပ်စရာတွေ ဖြစ်လာတာ ထုံးစံပါပဲ။ စိတ်ကူးယဉ်ဆန်တဲ့ အချစ်တွေလည်း အားလုံးလွင့်ပျံပျောက်ဆုံး သွားမှာ ဖြစ်ပါတယ်။
GM ရဲ့ တခြား အချစ်ရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/love/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================