စိတ္ဖိစီးမႈ ေျပေလ်ာ့ေစဖို႔ နည္းလမ္း ၅ သြယ္
စိတ္ဖိစီးမႈေတြ ဘဝထဲမွာ တိုးလာတာနဲ႔ အမ်ွ ဆိုးက်ိဳးေတြ ျဖစ္လာမွာပါ။ အဲဒိေတာ့ စိတ္ဖိစီးမႈ မျဖစ္ေအာင္ ေ႐ွာင္ႏိုင္ရင္ ေ႐ွာင္၊ မေ႐ွာင္ႏိုင္ရင္လဲ ထိန္းခ်ဳပ္ထားႏိုင္ဖို႔ လိုပါတယ္။ စိတ္ဖိစီးမႈကို ေျဖေလ်ာ့ႏိုင္ဖို႔ အၾကံဳျပဳခ်က္ ၅ ခ်က္ကို ေအာက္မွာ ေပးထားပါတယ္။ ႀကိဳးစားၾကည့္လိုက္ပါ။
၁. စိတ္ဖိစီးမႈအေၾကာင္း မွတ္တမ္းေရးပါ။ အဲဒါဟာ သင့္ကို ဘယ္အရာက စိတ္ဖိစီးေစတာလဲ ဆိုတာနဲ႔ သင္ ဘယ္လို ေျဖ႐ွင္းေနလဲဆိုတာကို ေျခရာခံမိေစပါတယ္။ စိတ္ဖိစီးမႈ တစ္ခါျဖစ္တိုင္း ေအာက္က ေမးခြန္း ငါးခုကို ေရးခ်ၿပီး ျပန္ေျဖၾကည့္ပါ။ အဲဒါဆို သင္ စိတ္ဖိစီးတာကို ထိန္းခ်ဳပ္ဖို႔ နည္းလမ္းေတြ ႐ွာေတြ႕လာပါလိမ့္မယ္။
က. ဘာက စိတ္ဖိစီးမႈကိုျဖစ္ေစတာလို႔ ထင္လဲ??
ခ. သင့္ ကိုယ္ခႏၶာမွာ ဘယ္လိုခံစားရလဲ??
ဂ. စိတ္ပိုင္းဆိုင္ရာမွာေရာ ဘယ္လို ခံစားရလဲ??
ဃ. စိတ္ဖိစီးမႈကို သင္ ဘယ္လို တံု႔ျပန္လိုက္လဲ??
င. စိတ္ဖိစီးတဲ့ အခ်ိန္မွာ သင္ ဘာလုပ္ရင္ ပိုေနလို႔ ေကာင္းသြားလဲ??
၂. အေျခအေနကိုေျပာင္းလဲေစတဲ့ နည္းလမ္းေလးခုကို ေအာက္မွာ ေပးထားပါတယ္။ အသံုးခ်ပါ။
က. စိတ္ဖိစီးမႈ ျဖစ္ေစတဲ့ အရာကို ေ႐ွာင္က်ဥ္ပါ ( အျငင္းစကား မ်ားမ်ားေျပာပါ)
ခ. စိတ္ဖိစီးမႈ ျဖစ္ေစသူကို ေျပာင္းလဲဖို႔ ႀကိဳးစားပါ ( စကားလႊဲေျပာတာမ်ိဳးပါ)
ဂ. ေျပာင္းလဲမရရင္ စိတ္ဖိစီးမႈ ျဖစ္ေစသူနဲ႔ လိုက္ေလ်ာညီေထြ ေနႏိုင္ေအာင္ ႀကိဳးစားပါ။
င. စိတ္ဖိစီးမႈ ျဖစ္ေစတာကို လံုးဝ ေ႐ွာင္လႊဲမရရင္ လက္ခံၿပီး စိတ္ေလွ်ာ့လိုက္ပါ။
၃. သင့္ကိုယ္သင္ အေကာင္းျမင္စကားျပန္ေျပာပါ။ “ငါဒါမ်ိဳး အရင္ကလဲ ၾကံဳဖူးပါတယ္။ အဲဒိတုန္းကလဲ အဆင္ေျပေအာင္ လုပ္ႏိုင္သားပဲ။” ဆိုတာလိုမ်ိဳးပါ။ တစ္ခ်ိန္မွာ တစ္ဆင့္ခ်င္းပဲ အလုပ္လုပ္ပါ။ အဆိုးျမင္စကားကို ေ႐ွာင္ပါ။ အမုန္းတရားေတြကို မေတြးပါနဲ႔။ အလုပ္ကို မမုန္းပါနဲ႔။
၄. စိတ္ဆရာဝန္ေတြက သူတို႔ဆီလာတဲ့ စိတ္ဖိစီးမႈေဝဒနာ႐ွင္ေတြရဲ႕ ၇၅ ကေန ၉၀ ရာႏႈန္းထိကို ေပးေလ့႐ွိတဲ့ ကုထံုးဟာ က်န္းမာေအာင္ ေနထိုင္ဖို႔ပါ။ ကိုယ္ကာယ ေလ့က်င့္ခန္းဟာ စိတ္တင္းမာေနတာကို ေလ်ွာ့ခ်ေပးႏိုင္ပါတယ္။ အိပ္ခ်ိန္မွန္ေစၿပီး စိတ္တည္ၿငိမ္ေစပါတယ္။
၅. အသက္ဝဝ ႐ႈျခင္းနဲ႔ တရားထိုင္ျခင္းက စိတ္ဖိစီးမႈ ေလ်ာ့ပါးေစဖို႔ အေထာက္အကူ ျပဳပါတယ္။
လိုအပ္ရင္ ကြၽမ္းက်င္သူေတြကို အကူအညီေတာင္းပါ။ ေအာက္ပါ လကၡဏာေတြ ေပၚေပါက္လာရင္ ဆရာဝန္နဲ႔ တိုင္ပင္လိုက္ပါ။
က. အလုပ္၊ ေက်ာင္းမွာ သိသိသာသာ အရည္အေသြး က်ဆင္းလာရင္
ခ. အရမ္း စိတ္ညစ္ညဴးတာ ခဏခဏ ျဖစ္တတ္လာရင္
ဂ. ေန႔စဥ္ဘဝရဲ႕ လိုအပ္ခ်က္ေတြကို မျဖည့္ဆည္းႏိုင္ ျဖစ္လာရင္
ဃ. ေၾကာက္လန္႔မႈေတြ အလိုိလို ျဖစ္လာရင္
င. အစားအေသာက္ အရမ္းစားခ်င္လာၿပီး ကိုယ့္ဘာသာ မဝပဲ ဝတယ္လို႔ ထင္ေနရင္
စ. အိပ္စက္ျခင္း၊ အစားစားျခင္း အေလ့အက်င့္ေတြ ေျပာင္းလဲလာရင္
ဆ. ႐ုပ္ပိုင္းဆိုင္ရာ ေဖာက္ျပန္မႈေတြပါ ျဖစ္လာရင္
ဇ. ကိုယ့္ဘာသာ သတ္ေသခ်င္တာ၊ တျခားသူေတြကို ထိခိုက္ေစခ်င္တာမ်ိဳးေတြ ျဖစ္လာရင္
ဈ. ကိုယ့္ဘာသာ အႏၱရာယ္ျဖစ္ေစတဲ့ အျပဳအမူေတြ လုပ္မိေနရင္ ( အရက္ေသာက္၊ ေဆးခ်၊ ဆိုင္္ကယ္၊ ကား အျပင္းေမာင္းတာမ်ိဳးပါ)
ည. အျမဲတမ္း စိတ္အလိုမက် ခံစားေနရရင္
( လူတစ္ေယာက္ေယာက္ သူ႔ဘာသာသူ အႏၱရာယ္ ျဖစ္ေစႏိုင္တာ တစ္ခုခုလုပ္ေတာ့မယ္ဆိုတာ သိရင္ ျမင္ရင္ အေရးေပၚ႒ာနကို ခ်က္ျခင္း အေၾကာင္းၾကားပါ။ ျမန္မာမွာဆို ၁၉၉ ပါ။ သက္ဆိုင္ရာ နယ္ေျမရဲစခန္း မီးသတ္စခန္း ဖုန္းနံပါတ္ေတြလဲ မွတ္ထားသင့္ပါတယ္။ )
စိတ္ဖိစီးမႈဟာ သင့္က်န္းမာေရးကို ထိခိုက္ႏိုင္ပါတယ္။ အျမန္ဆံုး ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားပါ။
GM ရဲ့ တျခား က်န္းမာေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/health/
မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
စိတ်ဖိစီးမှု ပြေလျော့စေဖို့ နည်းလမ်း ၅ သွယ်
စိတ်ဖိစီးမှုတွေ ဘဝထဲမှာ တိုးလာတာနဲ့ အမျှ ဆိုးကျိုးတွေ ဖြစ်လာမှာပါ။ အဲဒိတော့ စိတ်ဖိစီးမှု မဖြစ်အောင် ရှောင်နိုင်ရင် ရှောင်၊ မရှောင်နိုင်ရင်လဲ ထိန်းချုပ်ထားနိုင်ဖို့ လိုပါတယ်။ စိတ်ဖိစီးမှုကို ဖြေလျော့နိုင်ဖို့ အကြုံပြုချက် ၅ ချက်ကို အောက်မှာ ပေးထားပါတယ်။ ကြိုးစားကြည့်လိုက်ပါ။
၁. စိတ်ဖိစီးမှုအကြောင်း မှတ်တမ်းရေးပါ။ အဲဒါဟာ သင့်ကို ဘယ်အရာက စိတ်ဖိစီးစေတာလဲ ဆိုတာနဲ့ သင် ဘယ်လို ဖြေရှင်းနေလဲဆိုတာကို ခြေရာခံမိစေပါတယ်။ စိတ်ဖိစီးမှု တစ်ခါဖြစ်တိုင်း အောက်က မေးခွန်း ငါးခုကို ရေးချပြီး ပြန်ဖြေကြည့်ပါ။ အဲဒါဆို သင် စိတ်ဖိစီးတာကို ထိန်းချုပ်ဖို့ နည်းလမ်းတွေ ရှာတွေ့လာပါလိမ့်မယ်။
က. ဘာက စိတ်ဖိစီးမှုကိုဖြစ်စေတာလို့ ထင်လဲ??
ခ. သင့် ကိုယ်ခန္ဓာမှာ ဘယ်လိုခံစားရလဲ??
ဂ. စိတ်ပိုင်းဆိုင်ရာမှာရော ဘယ်လို ခံစားရလဲ??
ဃ. စိတ်ဖိစီးမှုကို သင် ဘယ်လို တုံ့ပြန်လိုက်လဲ??
င. စိတ်ဖိစီးတဲ့ အချိန်မှာ သင် ဘာလုပ်ရင် ပိုနေလို့ ကောင်းသွားလဲ??
၂. အခြေအနေကိုပြောင်းလဲစေတဲ့ နည်းလမ်းလေးခုကို အောက်မှာ ပေးထားပါတယ်။ အသုံးချပါ။
က. စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာကို ရှောင်ကျဉ်ပါ ( အငြင်းစကား များများပြောပါ)
ခ. စိတ်ဖိစီးမှု ဖြစ်စေသူကို ပြောင်းလဲဖို့ ကြိုးစားပါ ( စကားလွှဲပြောတာမျိုးပါ)
ဂ. ပြောင်းလဲမရရင် စိတ်ဖိစီးမှု ဖြစ်စေသူနဲ့ လိုက်လျောညီထွေ နေနိုင်အောင် ကြိုးစားပါ။
င. စိတ်ဖိစီးမှု ဖြစ်စေတာကို လုံးဝ ရှောင်လွှဲမရရင် လက်ခံပြီး စိတ်လျှော့လိုက်ပါ။
၃. သင့်ကိုယ်သင် အကောင်းမြင်စကားပြန်ပြောပါ။ “ငါဒါမျိုး အရင်ကလဲ ကြုံဖူးပါတယ်။ အဲဒိတုန်းကလဲ အဆင်ပြေအောင် လုပ်နိုင်သားပဲ။” ဆိုတာလိုမျိုးပါ။ တစ်ချိန်မှာ တစ်ဆင့်ချင်းပဲ အလုပ်လုပ်ပါ။ အဆိုးမြင်စကားကို ရှောင်ပါ။ အမုန်းတရားတွေကို မတွေးပါနဲ့။ အလုပ်ကို မမုန်းပါနဲ့။
၄. စိတ်ဆရာဝန်တွေက သူတို့ဆီလာတဲ့ စိတ်ဖိစီးမှုဝေဒနာရှင်တွေရဲ့ ၇၅ ကနေ ၉၀ ရာနှုန်းထိကို ပေးလေ့ရှိတဲ့ ကုထုံးဟာ ကျန်းမာအောင် နေထိုင်ဖို့ပါ။ ကိုယ်ကာယ လေ့ကျင့်ခန်းဟာ စိတ်တင်းမာနေတာကို လျှော့ချပေးနိုင်ပါတယ်။ အိပ်ချိန်မှန်စေပြီး စိတ်တည်ငြိမ်စေပါတယ်။
၅. အသက်ဝဝ ရှုခြင်းနဲ့ တရားထိုင်ခြင်းက စိတ်ဖိစီးမှု လျော့ပါးစေဖို့ အထောက်အကူ ပြုပါတယ်။
လိုအပ်ရင် ကျွမ်းကျင်သူတွေကို အကူအညီတောင်းပါ။ အောက်ပါ လက္ခဏာတွေ ပေါ်ပေါက်လာရင် ဆရာဝန်နဲ့ တိုင်ပင်လိုက်ပါ။
က. အလုပ်၊ ကျောင်းမှာ သိသိသာသာ အရည်အသွေး ကျဆင်းလာရင်
ခ. အရမ်း စိတ်ညစ်ညူးတာ ခဏခဏ ဖြစ်တတ်လာရင်
ဂ. နေ့စဉ်ဘဝရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင် ဖြစ်လာရင်
ဃ. ကြောက်လန့်မှုတွေ အလိုလို ဖြစ်လာရင်
င. အစားအသောက် အရမ်းစားချင်လာပြီး ကိုယ့်ဘာသာ မဝပဲ ဝတယ်လို့ ထင်နေရင်
စ. အိပ်စက်ခြင်း၊ အစားစားခြင်း အလေ့အကျင့်တွေ ပြောင်းလဲလာရင်
ဆ. ရုပ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုတွေပါ ဖြစ်လာရင်
ဇ. ကိုယ့်ဘာသာ သတ်သေချင်တာ၊ တခြားသူတွေကို ထိခိုက်စေချင်တာမျိုးတွေ ဖြစ်လာရင်
ဈ. ကိုယ့်ဘာသာ အန္တရာယ်ဖြစ်စေတဲ့ အပြုအမူတွေ လုပ်မိနေရင် ( အရက်သောက်၊ ဆေးချ၊ ဆိုင်ကယ်၊ ကား အပြင်းမောင်းတာမျိုးပါ)
ည. အမြဲတမ်း စိတ်အလိုမကျ ခံစားနေရရင်
( လူတစ်ယောက်ယောက် သူ့ဘာသာသူ အန္တရာယ် ဖြစ်စေနိုင်တာ တစ်ခုခုလုပ်တော့မယ်ဆိုတာ သိရင် မြင်ရင် အရေးပေါ်ဋ္ဌာနကို ချက်ခြင်း အကြောင်းကြားပါ။ မြန်မာမှာဆို ၁၉၉ ပါ။ သက်ဆိုင်ရာ နယ်မြေရဲစခန်း မီးသတ်စခန်း ဖုန်းနံပါတ်တွေလဲ မှတ်ထားသင့်ပါတယ်။ )
စိတ်ဖိစီးမှုဟာ သင့်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ အမြန်ဆုံး ထိန်းချုပ်နိုင်ဖို့ ကြိုးစားပါ။
GM ရဲ့ တခြား ကျန်းမာရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/health/
မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================