အသက္(၂၀)ေက်ာ္အရြယ္မွာ လုပ္တတ္ၾကတဲ့ အမွား(၁၅)

အသက္(၂၀)ေက်ာ္အရြယ္မွာ လုပ္တတ္ၾကတဲ့ အမွား(၁၅)

အသက္(၂၀)ေက်ာ္အရြယ္ဆိုတာ ဘ၀မွာ အေကာင္းဆံုးအခ်ိန္လို႔ ဆိုႏိုင္ပါတယ္။ ဒီအရြယ္မွာ အေကာင္းအဆိုးေတြ မ်ိဳးစံုကို ၾကံဳေတြ႕ရတတ္ၿပီး မွန္တာေတြေရာ၊ မွားတာေတြပါ လုပ္မိတတ္ၾကပါတယ္။ ဒါေပမယ့္ အမွားေတြကို အျမန္ဆံုးျပင္ဆင္ၿပီး ေရွ႕ဆက္ႏိုင္တဲ့ အရြယ္လည္းျဖစ္ပါတယ္။ ဒီအရြယ္မွာ လူအမ်ားစု လုပ္တတ္ၾကတဲ့ အမွားေတြရွိပါတယ္။ ဒီအမွားေတြကို ေရွာင္လႊဲႏိုင္ဖို႔အတြက္ စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

၁။ ပညာေရးနဲ႔ ပင္ကိုယ္ပါရမီရွိရင္ ေအာင္ျမင္ဖို႔လုံေလာက္တယ္လို႔ ထင္တတ္ၾကပါတယ္။

ဉာဏ္ရည္ေကာင္းၿပီး ပါရမီရွိမယ္၊ အေကာင္းဆံုးတကၠသိုလ္ေတြကေန ဘြဲ႕ေတြရထားမယ္ဆိုရင္ ေကာင္းပါတယ္။ ဒါေပမယ့္ ဒီအခ်က္ေတြက အေကာင္းဆံုးအလုပ္ကို လုပ္ႏိုင္မယ္လို႔ေတာ့ အာမခံႏိုင္မွာ မဟုတ္ပါဘူး။ ဒီအခ်က္ေတြအားလံုးက အလုပ္ႀကိဳးစားမႈနဲ႔ မတြဲရင္ ဘာမွသံုးလို႔မရႏိုင္ပါဘူး။

၂။ က်န္းမာေရးကို လစ္လ်ဴ႐ႈထားတတ္ၾကတယ္။

အသက္အရြယ္ရလာတာနဲ႔အမွ် အေသာက္အစား၊ အေပ်ာ္အပါးေတြ ပိုမ်ားလာတတ္ပါတတ္ၿပီး က်န္းမာေရးကို ထိခိုက္ေစႏိုင္တဲ့ အေလ့အက်င့္ေတြကို ပိုလုပ္လာတတ္ၾကပါတယ္။ တကယ္ေတာ့ အသက္(၂၀)ေက်ာ္ အရြယ္မွာ ခႏၶာကိုယ္ေရာ၊ စိတ္ဓာတ္အတြက္ကိုပါ က်န္းမာၾကံ႕ခိုင္ေနေအာင္ ေလ့က်င့္ထားရမွာ ျဖစ္ပါတယ္။

၃။ ေငြစုရေကာင္းမွန္း မသိၾကဘူး။

လူဦးေရ (၁၀၀၀၀)ေက်ာ္ကို ေလ့လာစစ္တမ္းေကာက္ယူခဲ့တဲ့ ရလဒ္ေတြအရ အသက္(၁၈)ႏွစ္ကေန (၂၉)ႏွစ္ အတြင္း လူငယ္ေတြရဲ႕ (၆၉)ရာခိုင္ႏႈန္းဟာ ေရွ႕ေရးအတြက္ ေငြစုတဲ့အက်င့္မရွိတတ္ၾကဘူးလို႔ ဆိုပါတယ္။ ငယ္ရြယ္ေနေသးတဲ့အခ်ိန္မုာ အိုစာမင္းစာအတြက္ ႀကိဳစုဖို႔က ေစာလြန္းတယ္လို႔ ထင္ရေပမယ့္ တကယ္တမ္းေတာ့ တကယ့္ကို အေရးတႀကီးလုပ္ေဆာင္သင့္တဲ့ ကိစၥျဖစ္ပါတယ္။

၄။ ေငြနဲ႔ ေပ်ာ္ရႊင္မႈကို တန္းတူထားတတ္ၾကတယ္။

၀င္ေငြမ်ားမ်ားရတာ၊ လစာမ်ားမ်ားရတာေတြက သင့္ကိုေပ်ာ္ရႊင္ေစႏိုင္မွာ ေသခ်ာပါတယ္။ ဒါေပမယ့္ ဒီထက္ ပိုရႏိုင္စရာ၊ ပိုေအာင္ျမင္ႏိုင္စရာေတြ ရွိတယ္ဆိုတာကို ေမ့ထားလို႔မရပါဘူး။ စိတ္အားထက္သန္ရာ၊ ၀ါသနာ ပါရာကို မလုပ္ပဲ ၀င္ေငြတစ္ခုတည္းအတြက္ တစ္ဘ၀လံုးကို ေပးဆပ္ထားဖို႔က မထိုက္တန္ပါဘူး။

၅။ အခက္အခဲၾကံဳရရင္ အလြယ္တကူအ႐ႈံးေပးတတ္ၾကတယ္။

ခ်စ္သူနဲ႔ လမ္းခြဲရတာ၊ အလုပ္ကေနအထုတ္ခံရတာ၊ ႀကိဳးစားလုပ္ေဆာင္ေနတဲ့ လုပ္ငန္းေလး ၿပိဳလဲသြားတာ စသျဖင့္ အရႈံးေတြ၊ အခက္အခဲေတြကို ဒီအရြယ္မွာ ပထမဆံုးအေနနဲ႔ ၾကံဳေတြ႕ရမွာျဖစ္ပါတယ္။ ဒီလိုအခ်ိန္မွာ အလြယ္တကူအ႐ႈံးေပးလိုက္မယ့္အရ အ႐ႈံးကေန သင္ခန္းစာယူၿပီး ကိုယ့္ကိုယ္ကုိ တိုးတက္ေအာင္ လုပ္ေဆာင္သင့္ပါတယ္။

၆။ ပတ္၀န္းက်င္ရဲ႕ စြက္ဖက္မႈကို အေရးလုပ္တတ္ၾကတယ္။

အသက္ေမြး၀မ္းေက်ာင္းအလုပ္တစ္ခု စေတာ့မယ္ဆိုရင္ပဲျဖစ္ျဖစ္၊ ရပ္တည္မႈတစ္ခုခုအတြက္ ဘယ္လမ္းေၾကာင္းကို ေလွ်ာက္ရမယ္မွန္း မသိတဲ့အခါမွာပဲျဖစ္ျဖစ္ ပတ္၀န္းက်င္မွာရွိတဲ့ အျခားသူေတြဆီကေန အၾကံဉာဏ္ေတြ ေတာင္းမိၿပီး သူတို႔ေျပာသမွ်ကို ေကာင္းႏိုးရာရာေလွ်ာက္လုပ္တတ္ၾကပါတယ္။ တကယ္ေတာ့ သင့္ရဲ႕ေအာင္ျမင္မႈက သင္ကိုယ္တိုင္ပဲေရြးခ်ယ္ရမွာျဖစ္ပါတယ္။ အျခားသူေတြရဲ႕ ထင္ျမင္ယူဆခ်က္ေတြ လႊမ္းမိုးတာကို မခံမိပါေစနဲ႔။


၇။ စိတ္မရွည္တတ္ၾကဘူး။

ေရွ႕ေရးအတြက္ ေတြးလြန္းၿပီး ေအာင္ျမင္ဖို႔ကို စိတ္ေလာေနလို႔ အဆင္ေျပႏိုင္မွာ မဟုတ္ပါဘူး။ စိတ္ရွည္သည္းခံၿပီး လက္ရွိအခ်ိန္မွာပဲ အာ႐ုံစိုက္ပါ။ ရည္မွန္းခ်က္ေတြ အျမန္ၿပီးေျမာက္ခ်င္စိတ္က စိုးရိမ္စိတ္ေတြမ်ားေစၿပီး အလုပ္ၿပီးေျမာက္မႈရဲ႕ ဆန္႔က်င္ဘက္ပဲျဖစ္ပါတယ္။

၈။ လူတိုင္းကို ေက်နပ္ေအာင္ လိုက္ေလ်ာေပးတတ္တယ္။

အသက္(၂၀)ေက်ာ္အရြယ္မွာ အလုပ္အကိုင္တစ္ခုခုလုပ္ၿပီဆိုတာနဲ႔ အလုပ္ရွင္၊ လုပ္ေဖာ္ကိုင္ဖက္၊ ေဖာက္သည္ စတဲ့ ပတ္သက္စရာရွိတဲ့သူေတြနဲ႔ ခင္မင္ရင္းႏွီးၿပီး ဆက္ဆံေရးေကာင္းတစ္ခုကို တည္ေဆာက္ခ်င္တာက သဘာ၀ပါပဲ။ ဒါေပမယ့္ လူတိုင္းက ကိုယ့္အေပၚမၿငိဳၿငင္ေအာင္လို႔ အစစအရာရာ လိုက္ေလ်ာေနလို႔ေတာ့ မျဖစ္ပါဘူး။ တစ္ခ်ိဳ႕လူေတြက ကုိယ့္ကိုသေဘာမက်ဘူးဆိုရင္လည္း သူတို႔မ်က္ႏွာကို ၾကည့္ေနစရာမလိုပဲ လုပ္စရာရွိတာကို ဆက္လုပ္ရမွာျဖစ္ပါတယ္။

၉။ မိတ္ေဆြသူငယ္ခ်င္းဆက္ဆံေရးတိုင္းက ထာ၀ရျဖစ္တည္ေနမယ္လို႔ ထင္တတ္ၾကတယ္။

တကၠသိုလ္မွာတုန္းက အခင္ဆံုးဆိုတဲ့ လူေတြနဲ႔ တစ္သက္လံုး အျမဲခင္မင္အတူရွိေနႏိုင္မယ္လို႔ ထင္ရင္ မွားသြားပါလိမ့္မယ္။ အခ်ိန္တန္ရင္ သူတို႔လည္း သူတို႔ေရြးခ်ယ္တဲ့လမ္းကို ေလွ်ာက္ၾကမွာျဖစ္ၿပီး သက္ဆိုင္ရာအလုပ္ေတြ လုပ္ရင္းအခ်ိန္ကုန္ေနၾကမွာျဖစ္ပါတယ္။ မိတ္ေဆြအားလံုးထက္ ဘယ္တစ္ေယာက္နဲ႔ ဆက္ဆံေရးကို တည္ျမဲေနေအာင္ထိန္းသိမ္းထားသင့္လဲဆိုတာကို ဆံုးျဖတ္ရမွာျဖစ္ပါတယ္။

၁၀။ ေနရာသစ္တစ္ခုကို ေျပာင္းေရႊ႕တာက ျပႆနာေတြကို ေျဖရွင္းႏိုင္မယ္လို႔ ထင္တတ္ၾကပါတယ္။

အသက္(၂၀)ေက်ာ္အရြယ္မွာ ခရီးေတြသြားတာ၊ ေနရာသစ္တစ္ခုမွာ သြားေနထိုင္ေတြက တကယ္ကိုအက်ိဳးရွိေစမွာျဖစ္ၿပီး အလုပ္သင့္ဆံုးအခ်ိန္လည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလိုေျပာင္းေရႊ႕သြားတိုင္း သင့္ဘ၀အတြက္ အဓိပၸါယ္နဲ႔ ဦးတည္ခ်က္ကို ေတြ႕ႏိုင္မွာမဟုတ္ပါဘူး။

၁၁။ အေပါင္းအသင္းမွားေတြ ရွိတတ္ၾကတယ္။

သင့္ပတ္၀န္းက်င္မွာ ရွိတဲ့လူေတြက သင့္ရဲ႕ေအာင္ျမင္မႈအေပၚ သက္ေရာက္မႈရွိပါတယ္။ ပတ္၀န္းက်င္မွာ လုပ္ငန္းနယ္ပယ္တူထဲက လူေတြနဲ႔ပဲ ၀န္းရံထားမယ္ဆိုရင္ အခ်ိန္ၾကာလာတာနဲ႔အမွ် အျမင္က်ဥ္းလာမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဆက္ဆံေရးနယ္ပယ္ကို ခ်ဲ႕ထြင္ဖို႔ လိုအပ္ပါတယ္။ ဘ၀ကို ေနာက္တဆင့္ တိုးတက္ေစႏိုင္မယ့္ သူေတြနဲ႔ ဆက္ဆံေရးတည္ေဆာက္ၿပီး အက်ိဳးမရွိတဲ့ဆက္ဆံေရးေတြကို အခ်ိန္မေပးသင့္ေတာ့ပါဘူး။

၁၂။ အရာအားလံုးကို အျဖဴ အမည္း ႏွစ္မ်ိဳးပဲ ျမင္တတ္ၾကတယ္။

အသက္(၂၀)ေက်ာ္အရြယ္ လူအမ်ားစုဟာ အရာရာကို ျခံဳငံုၿပီး မျမင္တတ္၊ မေတြးတတ္ၾကေသးတာ မ်ားပါတယ္။ ဥပမာ အလုပ္အကိုင္တစ္ခုကို ေရြးေတာ့မယ္ဆိုရင္ သူတို႔အတြက္အက်ိဳးရွိမလား ဒါမွမဟုတ္ အျခားသူေတြအတြက္ အက်ိဳးရွိမလား၊ ဒီႏွစ္ခုပဲ ေရြးစရာရွိတယ္လို႔ ထင္တတ္ၾကပါတယ္။ သူတို႔ရဲ႕ ကိုယ္ပိုင္စိတ္၀င္စားမႈကို ထည့္မတြက္တတ္ၾကပါဘူး။

၁၃။ ဖူးစာဖက္ကို ရွာေဖြတတ္ၾကတယ္။

လူအမ်ားစုက သူတို႔ရဲ႕(၂၀)ေက်ာ္အရြယ္ကို တစ္ကိုယ္တည္းဘ၀နဲ႔ပဲ ျဖတ္သန္းဖို႔ ဆံုးျဖတ္တတ္ၾကပါတယ္။ တစ္ခ်ိဳ႕ေတြကေတာ့ သင့္ေတာ္တဲ့လူကို ရွာေဖြတတ္ၾကပါတယ္။ ဒီလိုရွာေဖြတဲ့ေနရာမွာ သူတို႔နဲ႔ အသင့္ေတာ္ဆံုး ဖူးစာဖက္အစစ္ဆိုတာကို ေမွ်ာ္လင့္ရွာေဖြရင္း ဘာမဟုတ္တာေတြနဲ႔ပဲ အခ်ိန္ကုန္သြားတတ္ၾကပါတယ္။

၁၄။ ႀကိဳတင္ျပင္ဆင္ရင္း ႏွစ္ေပါင္းမ်ားစြာ ၾကာေနတတ္တယ္။

ဘာေတြျဖစ္လာမယ္၊ ဘယ္လိုအဆံုးသတ္မယ္ဆိုတာကို ႀကိဳတင္ခန္႔မွန္းဖို႔က ခက္ပါတယ္။ ဒါ့ေၾကာင့္ ေရရွည္ ဘ၀စီမံကိန္းေတြ ေရးဆြဲရင္းအခ်ိန္ကုန္မေနပဲ လက္ရွိလွမ္းကိုင္ရမယ့္ ရည္မွန္းခ်က္ပန္းတိုင္ကိုပဲ အာ႐ုံစိုက္ပါ။

၁၅။ သူငယ္ခ်င္းမိတ္ေဆြေတြထက္ ပိုၿပီး႐ုန္းကန္လႈပ္ရွားေနရတယ္လို႔ ထင္တတ္ၾကတယ္။

သင့္ရဲ႕ကိုယ္ပိုင္ယုံၾကည္ခ်က္လမ္းကို ေလွ်ာက္လွမ္းၿပီဆိုရင္ အသက္ေမြး၀မ္းေက်ာင္း အလုပ္အကိုင္ တစ္ခုခုမွာပဲ ျဖစ္ျဖစ္၊ သင္ ဘယ္လိုရပ္တည္ႏိုင္ဆိုတာကိုပဲျဖစ္ျဖစ္၊ ေတြးၾကည့္မယ္ဆိုရင္ သင့္ရဲ႕ ရြယ္တူ မိတ္ေဆြ အေပါင္းအသင္းေတြက သင့္ထက္ပိုၿပီး ေအာင္ျမင္ေနသလို ခံစားရတတ္ပါတယ္။ ဒါေပမယ့္ ၀င္ေငြ၊ အလုပ္နဲ႔ ေနထိုင္မႈအေျခအေနတို႔ကို ထည့္မတြက္ဘူးဆိုရင္ အသက္(၂၀)ေက်ာ္အရြယ္မွာ အားလံုးက သင့္လိုပဲ ဘ၀အတြက္ ႐ုန္းကန္ေနၾကရတာပဲ ျဖစ္ပါတယ္။

GM ရဲ့ တျခား ဗဟုုသုုတႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/knowleadge/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

အသက်(၂၀)ကျော်အရွယ်မှာ လုပ်တတ်ကြတဲ့ အမှား(၁၅)

အသက်(၂၀)ကျော်အရွယ်ဆိုတာ ဘဝမှာ အကောင်းဆုံးအချိန်လို့ ဆိုနိုင်ပါတယ်။ ဒီအရွယ်မှာ အကောင်းအဆိုးတွေ မျိုးစုံကို ကြုံတွေ့ရတတ်ပြီး မှန်တာတွေရော၊ မှားတာတွေပါ လုပ်မိတတ်ကြပါတယ်။ ဒါပေမယ့် အမှားတွေကို အမြန်ဆုံးပြင်ဆင်ပြီး ရှေ့ဆက်နိုင်တဲ့ အရွယ်လည်းဖြစ်ပါတယ်။ ဒီအရွယ်မှာ လူအများစု လုပ်တတ်ကြတဲ့ အမှားတွေရှိပါတယ်။ ဒီအမှားတွေကို ရှောင်လွှဲနိုင်ဖို့အတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ ပညာရေးနဲ့ ပင်ကိုယ်ပါရမီရှိရင် အောင်မြင်ဖို့လုံလောက်တယ်လို့ ထင်တတ်ကြပါတယ်။

ဉာဏ်ရည်ကောင်းပြီး ပါရမီရှိမယ်၊ အကောင်းဆုံးတက္ကသိုလ်တွေကနေ ဘွဲ့တွေရထားမယ်ဆိုရင် ကောင်းပါတယ်။ ဒါပေမယ့် ဒီအချက်တွေက အကောင်းဆုံးအလုပ်ကို လုပ်နိုင်မယ်လို့တော့ အာမခံနိုင်မှာ မဟုတ်ပါဘူး။ ဒီအချက်တွေအားလုံးက အလုပ်ကြိုးစားမှုနဲ့ မတွဲရင် ဘာမှသုံးလို့မရနိုင်ပါဘူး။

၂။ ကျန်းမာရေးကို လစ်လျူရှုထားတတ်ကြတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ အသောက်အစား၊ အပျော်အပါးတွေ ပိုများလာတတ်ပါတတ်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အလေ့အကျင့်တွေကို ပိုလုပ်လာတတ်ကြပါတယ်။ တကယ်တော့ အသက်(၂၀)ကျော် အရွယ်မှာ ခန္ဓာကိုယ်ရော၊ စိတ်ဓာတ်အတွက်ကိုပါ ကျန်းမာကြံ့ခိုင်နေအောင် လေ့ကျင့်ထားရမှာ ဖြစ်ပါတယ်။

၃။ ငွေစုရကောင်းမှန်း မသိကြဘူး။

လူဦးရေ (၁၀၀၀၀)ကျော်ကို လေ့လာစစ်တမ်းကောက်ယူခဲ့တဲ့ ရလဒ်တွေအရ အသက်(၁၈)နှစ်ကနေ (၂၉)နှစ် အတွင်း လူငယ်တွေရဲ့ (၆၉)ရာခိုင်နှုန်းဟာ ရှေ့ရေးအတွက် ငွေစုတဲ့အကျင့်မရှိတတ်ကြဘူးလို့ ဆိုပါတယ်။ ငယ်ရွယ်နေသေးတဲ့အချိန်မုာ အိုစာမင်းစာအတွက် ကြိုစုဖို့က စောလွန်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ တကယ့်ကို အရေးတကြီးလုပ်ဆောင်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။

၄။ ငွေနဲ့ ပျော်ရွှင်မှုကို တန်းတူထားတတ်ကြတယ်။

ဝင်ငွေများများရတာ၊ လစာများများရတာတွေက သင့်ကိုပျော်ရွှင်စေနိုင်မှာ သေချာပါတယ်။ ဒါပေမယ့် ဒီထက် ပိုရနိုင်စရာ၊ ပိုအောင်မြင်နိုင်စရာတွေ ရှိတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။ စိတ်အားထက်သန်ရာ၊ ဝါသနာ ပါရာကို မလုပ်ပဲ ဝင်ငွေတစ်ခုတည်းအတွက် တစ်ဘဝလုံးကို ပေးဆပ်ထားဖို့က မထိုက်တန်ပါဘူး။

၅။ အခက်အခဲကြုံရရင် အလွယ်တကူအရှုံးပေးတတ်ကြတယ်။

ချစ်သူနဲ့ လမ်းခွဲရတာ၊ အလုပ်ကနေအထုတ်ခံရတာ၊ ကြိုးစားလုပ်ဆောင်နေတဲ့ လုပ်ငန်းလေး ပြိုလဲသွားတာ စသဖြင့် အရှုံးတွေ၊ အခက်အခဲတွေကို ဒီအရွယ်မှာ ပထမဆုံးအနေနဲ့ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အလွယ်တကူအရှုံးပေးလိုက်မယ့်အရ အရှုံးကနေ သင်ခန်းစာယူပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ဆောင်သင့်ပါတယ်။

၆။ ပတ်ဝန်းကျင်ရဲ့ စွက်ဖက်မှုကို အရေးလုပ်တတ်ကြတယ်။

အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခု စတော့မယ်ဆိုရင်ပဲဖြစ်ဖြစ်၊ ရပ်တည်မှုတစ်ခုခုအတွက် ဘယ်လမ်းကြောင်းကို လျှောက်ရမယ်မှန်း မသိတဲ့အခါမှာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်မှာရှိတဲ့ အခြားသူတွေဆီကနေ အကြံဉာဏ်တွေ တောင်းမိပြီး သူတို့ပြောသမျှကို ကောင်းနိုးရာရာလျှောက်လုပ်တတ်ကြပါတယ်။ တကယ်တော့ သင့်ရဲ့အောင်မြင်မှုက သင်ကိုယ်တိုင်ပဲရွေးချယ်ရမှာဖြစ်ပါတယ်။ အခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေ လွှမ်းမိုးတာကို မခံမိပါစေနဲ့။

300-x-250-

၇။ စိတ်မရှည်တတ်ကြဘူး။

ရှေ့ရေးအတွက် တွေးလွန်းပြီး အောင်မြင်ဖို့ကို စိတ်လောနေလို့ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ စိတ်ရှည်သည်းခံပြီး လက်ရှိအချိန်မှာပဲ အာရုံစိုက်ပါ။ ရည်မှန်းချက်တွေ အမြန်ပြီးမြောက်ချင်စိတ်က စိုးရိမ်စိတ်တွေများစေပြီး အလုပ်ပြီးမြောက်မှုရဲ့ ဆန့်ကျင်ဘက်ပဲဖြစ်ပါတယ်။

၈။ လူတိုင်းကို ကျေနပ်အောင် လိုက်လျောပေးတတ်တယ်။

အသက်(၂၀)ကျော်အရွယ်မှာ အလုပ်အကိုင်တစ်ခုခုလုပ်ပြီဆိုတာနဲ့ အလုပ်ရှင်၊ လုပ်ဖော်ကိုင်ဖက်၊ ဖောက်သည် စတဲ့ ပတ်သက်စရာရှိတဲ့သူတွေနဲ့ ခင်မင်ရင်းနှီးပြီး ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ချင်တာက သဘာဝပါပဲ။ ဒါပေမယ့် လူတိုင်းက ကိုယ့်အပေါ်မငြိုငြင်အောင်လို့ အစစအရာရာ လိုက်လျောနေလို့တော့ မဖြစ်ပါဘူး။ တစ်ချို့လူတွေက ကိုယ့်ကိုသဘောမကျဘူးဆိုရင်လည်း သူတို့မျက်နှာကို ကြည့်နေစရာမလိုပဲ လုပ်စရာရှိတာကို ဆက်လုပ်ရမှာဖြစ်ပါတယ်။

၉။ မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးတိုင်းက ထာဝရဖြစ်တည်နေမယ်လို့ ထင်တတ်ကြတယ်။

တက္ကသိုလ်မှာတုန်းက အခင်ဆုံးဆိုတဲ့ လူတွေနဲ့ တစ်သက်လုံး အမြဲခင်မင်အတူရှိနေနိုင်မယ်လို့ ထင်ရင် မှားသွားပါလိမ့်မယ်။ အချိန်တန်ရင် သူတို့လည်း သူတို့ရွေးချယ်တဲ့လမ်းကို လျှောက်ကြမှာဖြစ်ပြီး သက်ဆိုင်ရာအလုပ်တွေ လုပ်ရင်းအချိန်ကုန်နေကြမှာဖြစ်ပါတယ်။ မိတ်ဆွေအားလုံးထက် ဘယ်တစ်ယောက်နဲ့ ဆက်ဆံရေးကို တည်မြဲနေအောင်ထိန်းသိမ်းထားသင့်လဲဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

၁၀။ နေရာသစ်တစ်ခုကို ပြောင်းရွှေ့တာက ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ထင်တတ်ကြပါတယ်။

အသက်(၂၀)ကျော်အရွယ်မှာ ခရီးတွေသွားတာ၊ နေရာသစ်တစ်ခုမှာ သွားနေထိုင်တွေက တကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီး အလုပ်သင့်ဆုံးအချိန်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုပြောင်းရွှေ့သွားတိုင်း သင့်ဘဝအတွက် အဓိပ္ပါယ်နဲ့ ဦးတည်ချက်ကို တွေ့နိုင်မှာမဟုတ်ပါဘူး။

၁၁။ အပေါင်းအသင်းမှားတွေ ရှိတတ်ကြတယ်။

သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေက သင့်ရဲ့အောင်မြင်မှုအပေါ် သက်ရောက်မှုရှိပါတယ်။ ပတ်ဝန်းကျင်မှာ လုပ်ငန်းနယ်ပယ်တူထဲက လူတွေနဲ့ပဲ ဝန်းရံထားမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ အမြင်ကျဉ်းလာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆက်ဆံရေးနယ်ပယ်ကို ချဲ့ထွင်ဖို့ လိုအပ်ပါတယ်။ ဘဝကို နောက်တဆင့် တိုးတက်စေနိုင်မယ့် သူတွေနဲ့ ဆက်ဆံရေးတည်ဆောက်ပြီး အကျိုးမရှိတဲ့ဆက်ဆံရေးတွေကို အချိန်မပေးသင့်တော့ပါဘူး။

၁၂။ အရာအားလုံးကို အဖြူ အမည်း နှစ်မျိုးပဲ မြင်တတ်ကြတယ်။

အသက်(၂၀)ကျော်အရွယ် လူအများစုဟာ အရာရာကို ခြုံငုံပြီး မမြင်တတ်၊ မတွေးတတ်ကြသေးတာ များပါတယ်။ ဥပမာ အလုပ်အကိုင်တစ်ခုကို ရွေးတော့မယ်ဆိုရင် သူတို့အတွက်အကျိုးရှိမလား ဒါမှမဟုတ် အခြားသူတွေအတွက် အကျိုးရှိမလား၊ ဒီနှစ်ခုပဲ ရွေးစရာရှိတယ်လို့ ထင်တတ်ကြပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်စိတ်ဝင်စားမှုကို ထည့်မတွက်တတ်ကြပါဘူး။

၁၃။ ဖူးစာဖက်ကို ရှာဖွေတတ်ကြတယ်။

လူအများစုက သူတို့ရဲ့(၂၀)ကျော်အရွယ်ကို တစ်ကိုယ်တည်းဘဝနဲ့ပဲ ဖြတ်သန်းဖို့ ဆုံးဖြတ်တတ်ကြပါတယ်။ တစ်ချို့တွေကတော့ သင့်တော်တဲ့လူကို ရှာဖွေတတ်ကြပါတယ်။ ဒီလိုရှာဖွေတဲ့နေရာမှာ သူတို့နဲ့ အသင့်တော်ဆုံး ဖူးစာဖက်အစစ်ဆိုတာကို မျှော်လင့်ရှာဖွေရင်း ဘာမဟုတ်တာတွေနဲ့ပဲ အချိန်ကုန်သွားတတ်ကြပါတယ်။

၁၄။ ကြိုတင်ပြင်ဆင်ရင်း နှစ်ပေါင်းများစွာ ကြာနေတတ်တယ်။

ဘာတွေဖြစ်လာမယ်၊ ဘယ်လိုအဆုံးသတ်မယ်ဆိုတာကို ကြိုတင်ခန့်မှန်းဖို့က ခက်ပါတယ်။ ဒါ့ကြောင့် ရေရှည် ဘဝစီမံကိန်းတွေ ရေးဆွဲရင်းအချိန်ကုန်မနေပဲ လက်ရှိလှမ်းကိုင်ရမယ့် ရည်မှန်းချက်ပန်းတိုင်ကိုပဲ အာရုံစိုက်ပါ။

၁၅။ သူငယ်ချင်းမိတ်ဆွေတွေထက် ပိုပြီးရုန်းကန်လှုပ်ရှားနေရတယ်လို့ ထင်တတ်ကြတယ်။

သင့်ရဲ့ကိုယ်ပိုင်ယုံကြည်ချက်လမ်းကို လျှောက်လှမ်းပြီဆိုရင် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် တစ်ခုခုမှာပဲ ဖြစ်ဖြစ်၊ သင် ဘယ်လိုရပ်တည်နိုင်ဆိုတာကိုပဲဖြစ်ဖြစ်၊ တွေးကြည့်မယ်ဆိုရင် သင့်ရဲ့ ရွယ်တူ မိတ်ဆွေ အပေါင်းအသင်းတွေက သင့်ထက်ပိုပြီး အောင်မြင်နေသလို ခံစားရတတ်ပါတယ်။ ဒါပေမယ့် ဝင်ငွေ၊ အလုပ်နဲ့ နေထိုင်မှုအခြေအနေတို့ကို ထည့်မတွက်ဘူးဆိုရင် အသက်(၂၀)ကျော်အရွယ်မှာ အားလုံးက သင့်လိုပဲ ဘဝအတွက် ရုန်းကန်နေကြရတာပဲ ဖြစ်ပါတယ်။
GM ရဲ့ တခြား ဗဟုသုတနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/knowleadge/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

 

 

Related Posts

%%footer%%