ကုမၸဏီကို ေဒၚလာ ၂.၅ ဘီလီယံနဲ႔ ေရာင္းလိုက္ၿပီး စိတ္ဓာတ္က်ရတဲ့အခါ..

ကုမၸဏီကို ေဒၚလာ . ဘီလီယံနဲ႔ ေရာင္းလိုက္ၿပီး စိတ္ဓာတ္က်ရတဲ့အခါ..

Minecraft ဆိုတဲ့ နာမည္ေက်ာ္ ဂိမ္းကို ၾကားဖူးမယ္ ထင္ပါတယ္။ အဲဒီဂိမ္းကို Markus “Notch” Persson ဆိုတဲ့ ပုဂၢိဳလ္က တီထြင္ထားတာပါ။ သူဟာ အဲ့ဒီဂိမ္းကို Microsoft ကို ေဒၚလာ . ဘီလ်ံနဲ႔ ေရာင္းခဲ့တာ မၾကာေသးပါဘူး။ . သန္းနဲ႔ ေရာင္းခဲ့ေပမယ့္ ကုမၸဏီထဲမွာ သူက .၇၅ ဘီလီယံ ရင္းႏွီးျမႇဳပ္ႏွံထားပါေသးတယ္။

သင္ကေတာ့ သူ႔ရဲ႕ ဘဝသစ္မွာ လံုးဝ အိမ္အေကာင္းစားနဲ႔ ပါတီခံေနရတာ အရမ္းေပ်ာ္ေနၿပီ ထင္မွာေပါ့။ ဒါေပမယ့္ တကယ္ကေတာ့ Persson ဟာ သူ႔ကိုယ္သူ ေနရာဆိုးတစ္ခုမွာ ေတြ႕႐ွိခဲ့ပါတယ္။ ခုထက္ပိုၿပီး အထီးက်န္ဆန္တာ မခံစားရခဲ့ဖူးပါဘူး ဆိုပါတယ္။ စိတ္က်မႈ၊ အထီးက်န္မႈ၊ အလုပ္မ႐ွိမႈတို႔ေတြဟာ သူ႔ကို သူ႔ရဲ႕ အရင္ Developer ဘဝကို ျပန္သြားခ်င္စိတ္ ျဖစ္ေစပါတယ္လို႔ သူ႔ Tweet ေတြမွာ ေရးျပထားပါတယ္။

ဒီလို စိတ္က်ျခင္းဟာ ျဖစ္ေလ့ျဖစ္ထ ႐ွိပါတယ္။ Super Bowl ၿပိဳင္ပြဲေတြမွာ ေလးေခါက္ဆက္တိုက္ ဗိုလ္ဆြဲဖူးတဲ့ Teddy Bradshaw ဟာ လဲ အဲဒီလို စိတ္ဓာတ္က်ျခင္းအေၾကာင္း ေျပာခဲ့ဖူးပါတယ္။

သူ Super Bowl တစ္ခါ ဗိုလ္စြဲတိုင္း အဲဒီေန႔ေတာ့ ေပ်ာ္ပါတယ္။ ဒါေပမယ့္ တစ္ႏွစ္လံုး သူ႔စံခ်ိန္ကို မခ်ိဳးႏိုင္မွာစိုးလို႔ ေနာက္တစ္ေခါက္ ၿပိဳင္ပြဲက်ရင္ မရမွာစိုးလို႔ စိတ္ဖိစီးမႈေတြ ၾကံဳရေတာ့တာပါပဲ။

အဲဒီလို ခံစားခ်က္ေတြဟာ ခဏခဏ ျဖစ္ေလ့ ႐ွိပါတယ္။ ကြၽန္ေတာ္တို႔ဟာ ရည္မွန္းခ်က္ ႀကီးႀကီးထားၿပီး ႀကိဳးစားၾကတယ္။ ၿပီးေတာ့ ရည္မွန္းထားတာလဲ ရေရာ ခဏေလး ေအာင္ပြဲခံၾကတယ္။ ၿပီးေတာ့ ဘာဆက္လုပ္ရမွန္း မသိေတာ့ပါဘူး။ ဗလာဘဝ၊ ရည္မွန္းခ်က္မ႐ွိတဲ့ ဘဝကို ေတြ႕ရေတာ့တာပါပဲ။

ပစၥည္းအသစ္ေတြ ဝယ္တယ္။ ဇိမ္ခံၾကတယ္။ ပါတီေတြ တက္တယ္။ လူတိုင္း သိခ်င္တဲ့ ေနာက္ ဆက္လုပ္မယ့္ အလုပ္ေတြအေၾကာင္းကို ေျပာၾကတယ္။ အဲဒီမွာ စိတ္ဓာတ္က်တာ စတာပါပဲ။ ဘာလို႔လဲ ဆိုေတာ့ ေနာက္တစ္ေခါက္ ထပ္ၿပီး ေအာင္ျမင္ေအာင္ လုပ္ဖို႔ဖိအား ခံစားရလို႔ပါ

ဘယ္ CEO မဆို ကံေကာင္းလို႔ ခ်မ္းသာသူ မျဖစ္ခ်င္ၾကပါဘူး။ သူတို႔ ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိၾကပါဘူး။ သူတို႔အေပၚမွာ ဖိအား အရမ္းမ်ားေပမယ့္ ေအာင္ျမင္မွာပါဆိုတဲ့ အျပံဳးေလးကို မ်က္ႏွာေပၚ အျမဲ တင္ထားရတာ ပင္ပန္းလွပါတယ္။ အဲလို ဖိအားေတြ ႐ွိေနတာကို သူတို႔မိသားစုေတြ၊ ဝန္ထမ္းေတြ သိသြားမွာကိုလဲ အရမ္းေၾကာက္ၾကပါတယ္။ သူတို႔ကိုယ္သူတို႔ ျပင္ပေလာကကေန အဆက္အသြယ္ ျဖတ္ထားတတ္ၾကတယ္။

အဲဒိမွာ ထြက္ေပါက္႐ွာတဲ့ အေနနဲ႔ ေဆးေတြ၊ အရက္ေတြ၊ အလြန္အကြၽံ အစာစားျခင္း၊ အလုပ္ အလြန္အကြၽံလုပ္တာေတြ ျဖစ္တာပါပဲ။ သူတို႔ စိုးရိမ္တာ ေနာက္တစ္ခုက သူတို႔ ခ်မ္းသာသမ်ွ တစ္ခ်က္ထဲနဲ႔ ေပ်ာက္သြားမွာကိုပါ။ အလုပ္ တစ္ခ်က္မွားတာနဲ႔ ေဒဝါလီ ခံရမယ္။ အဲလို အေတြးမ်ိဳးကေန စိတ္ေရာဂါေတာင္ ျဖစ္လာႏိုင္ပါတယ္။

အဲဒီလို ခံစားေနရရင္ ဘာလုပ္ၾကမလဲ?? လုပ္စရာ ငါးခု႐ွိပါတယ္။ အဲဒါေတြကေတာ့

. ကိုယ့္ဘာသာ ႐ိုးသားပါ

သင္က သာမန္လူပါ။ အျမဲ ခ်မ္းသာ က်န္းမာေနမယ့္ Perfect Human ျဖစ္ေအာင္ ေမ်ွာ္မွန္းစရာ မလိုပါဘူး။ သင့္ကိုယ္သင္ စိတ္မခ်မ္းသာလို႔ဆိုၿပီး မေက်မနပ္ျဖစ္ေနရင္လဲ သင္ အဲဒိအေျခအေနက လြတ္မွာ မဟုတ္ပါဘူး။

. စကားေျပာပါ

သင္လိုတာ အၾကံဉာဏ္ မဟုတ္ပါဘူး။ နားေထာင္ေပးမယ့္သူပါ။ သင့္မိသားစုနဲ႔ သူငယ္ခ်င္းေတြက သင့္အတြက္ ႐ွိေနေပးမွာ ေသခ်ာပါတယ္။

. အလုပ္လုပ္ပါ

ႏွစ္ေပါင္းမ်ားစြာ လုပ္လာခဲ့တဲ့ အက်င့္ေတြကို ေဖ်ာက္ပစ္ဖို႔ ခက္ေပမယ့္ သင့္ကိုယ္သင္ ျပင္ဆင္ႏိုင္မယ့္ အရာေတြ ႐ွိပါေသးတယ္။ အရက္၊ ေဆးလိပ္ ျဖတ္ပါ။ က်န္းက်န္းမာမာ စားပါ။ အိပ္ပါ။ ေလ့က်င့္ခန္း လုပ္ပါ။ သင္ ေယာဂ တစ္ခါမွ မလုပ္ဖူးရင္ ခုခ်ိန္ လုပ္သင့္ပါၿပီ။

. ေပ်ာ္စရာအခ်ိန္ေတြနဲ႔ ျပန္ဆက္သြယ္ပါ

သင္ေပ်ာ္ခဲ့ဖူးတဲ့ အခ်ိန္ေတြကို ျပန္စဥ္းစားၾကည့္ပါ။ ၿပီးေတာ့ အဲဒါေတြကို ျပန္ဖန္တီးႏိုင္သလား စဥ္းစားပါ။ သင့္ဘဝ ရည္မွန္းခ်က္ကို ျပန္ဖန္တီးခ်င္ရင္ ဒီ လြယ္ကူတဲ့ နည္းလမ္းေလးက အေကာင္းဆံုးပါပဲ။

. အတြင္းအျပင္ ေျပာင္းလဲပါ

ျပင္ပအရာေတြကေန စိတ္ကို ေဖ်ာ္ေျဖဖို႔ႀကိဳးစားေနတာေတြကို ရပ္လိုက္ပါ။ ေငြေတြ၊ ကားေတြ၊ သင္ Date လုပ္တဲ့ ေကာင္မေလး၊ သင့္ စီးပြားေရး အရြယ္အစား အားလံုးက သင့္ကို တကယ္မေပ်ာ္ေစႏိုင္ပါဘူး။ သင္ ဂုဏ္ယူရမယ့္ အလုပ္တစ္ခုခု လုပ္ပါ။ ပရဟိတ လုပ္ပါ။ ျပန္ရမယ့္ အက်ိဳး မေမ်ွာ္ပဲ အမ်ားအက်ိဳး လုပ္ေဆာင္ပါ။ အဲဒါဟာ သင့္ရဲ႕ စိတ္ခံစားခ်က္ကို ျမႇင့္တင္ေပးႏိုင္ပါတယ္။

စိတ္က်ေရာဂါဆိုတာ အက်ဥ္းေထာင္လိုပါပဲ။ ကိုယ့္စိတ္ရဲ႕ အက်ဥ္းေထာင္ထဲမွာ ျပန္ အက်ဥ္းက်ေနတာပါ။ ေကာင္းသတင္းကေတာ့ သင္ ေထာင္ေဖာက္ေျပးဖို႔ အတြက္ မခက္ပါဘူး။ ေအာင္ျမင္တဲ့ ေျပးနည္း အမ်ားႀကီး ႐ွိၿပီးသားပါ။ ဒါေပမယ့္ ပထမေျခလွမ္း မစပဲနဲ႔ေတာ့ ေထာင္က လြတ္မွာ မဟုတ္ပါဘူး။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

  Cyan Calyx

==============================================

 

ကုမ္ပဏီကို ဒေါ်လာ ၂.၅ ဘီလီယံနဲ့ ရောင်းလိုက်ပြီး စိတ်ဓာတ်ကျရတဲ့အခါ..

Minecraft ဆိုတဲ့ နာမည်ကျော် ဂိမ်းကို ကြားဖူးမယ် ထင်ပါတယ်။ အဲဒီဂိမ်းကို Markus “Notch” Persson ဆိုတဲ့ ပုဂ္ဂိုလ်က တီထွင်ထားတာပါ။ သူဟာ အဲ့ဒီဂိမ်းကို Microsoft ကို ဒေါ်လာ ၂.၅ ဘီလျံနဲ့ ရောင်းခဲ့တာ မကြာသေးပါဘူး။ ၂.၅ သန်းနဲ့ ရောင်းခဲ့ပေမယ့် ကုမ္ပဏီထဲမှာ သူက ၁.၇၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပါသေးတယ်။

သင်ကတော့ သူ့ရဲ့ ဘဝသစ်မှာ လုံးဝ အိမ်အကောင်းစားနဲ့ ပါတီခံနေရတာ အရမ်းပျော်နေပြီ ထင်မှာပေါ့။ ဒါပေမယ့် တကယ်ကတော့ Persson ဟာ သူ့ကိုယ်သူ နေရာဆိုးတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။ ခုထက်ပိုပြီး အထီးကျန်ဆန်တာ မခံစားရခဲ့ဖူးပါဘူး ဆိုပါတယ်။ စိတ်ကျမှု၊ အထီးကျန်မှု၊ အလုပ်မရှိမှုတို့တွေဟာ သူ့ကို သူ့ရဲ့ အရင် Developer ဘဝကို ပြန်သွားချင်စိတ် ဖြစ်စေပါတယ်လို့ သူ့ Tweet တွေမှာ ရေးပြထားပါတယ်။

ဒီလို စိတ်ကျခြင်းဟာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ Super Bowl ပြိုင်ပွဲတွေမှာ လေးခေါက်ဆက်တိုက် ဗိုလ်ဆွဲဖူးတဲ့ Teddy Bradshaw ဟာ လဲ အဲဒီလို စိတ်ဓာတ်ကျခြင်းအကြောင်း ပြောခဲ့ဖူးပါတယ်။

သူ Super Bowl တစ်ခါ ဗိုလ်စွဲတိုင်း အဲဒီနေ့တော့ ပျော်ပါတယ်။ ဒါပေမယ့် တစ်နှစ်လုံး သူ့စံချိန်ကို မချိုးနိုင်မှာစိုးလို့ နောက်တစ်ခေါက် ပြိုင်ပွဲကျရင် မရမှာစိုးလို့ စိတ်ဖိစီးမှုတွေ ကြုံရတော့တာပါပဲ။

အဲဒီလို ခံစားချက်တွေဟာ ခဏခဏ ဖြစ်လေ့ ရှိပါတယ်။ ကျွန်တော်တို့ဟာ ရည်မှန်းချက် ကြီးကြီးထားပြီး ကြိုးစားကြတယ်။ ပြီးတော့ ရည်မှန်းထားတာလဲ ရရော ခဏလေး အောင်ပွဲခံကြတယ်။ ပြီးတော့ ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူး။ ဗလာဘဝ၊ ရည်မှန်းချက်မရှိတဲ့ ဘဝကို တွေ့ရတော့တာပါပဲ။

ပစ္စည်းအသစ်တွေ ဝယ်တယ်။ ဇိမ်ခံကြတယ်။ ပါတီတွေ တက်တယ်။ လူတိုင်း သိချင်တဲ့ နောက် ဆက်လုပ်မယ့် အလုပ်တွေအကြောင်းကို ပြောကြတယ်။ အဲဒီမှာ စိတ်ဓာတ်ကျတာ စတာပါပဲ။ ဘာလို့လဲ ဆိုတော့ နောက်တစ်ခေါက် ထပ်ပြီး အောင်မြင်အောင် လုပ်ဖို့ဖိအား ခံစားရလို့ပါ

plus-4

ဘယ် CEO မဆို ကံကောင်းလို့ ချမ်းသာသူ မဖြစ်ချင်ကြပါဘူး။ သူတို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိကြပါဘူး။ သူတို့အပေါ်မှာ ဖိအား အရမ်းများပေမယ့် အောင်မြင်မှာပါဆိုတဲ့ အပြုံးလေးကို မျက်နှာပေါ် အမြဲ တင်ထားရတာ ပင်ပန်းလှပါတယ်။ အဲလို ဖိအားတွေ ရှိနေတာကို သူတို့မိသားစုတွေ၊ ဝန်ထမ်းတွေ သိသွားမှာကိုလဲ အရမ်းကြောက်ကြပါတယ်။ သူတို့ကိုယ်သူတို့ ပြင်ပလောကကနေ အဆက်အသွယ် ဖြတ်ထားတတ်ကြတယ်။

အဲဒိမှာ ထွက်ပေါက်ရှာတဲ့ အနေနဲ့ ဆေးတွေ၊ အရက်တွေ၊ အလွန်အကျွံ အစာစားခြင်း၊ အလုပ် အလွန်အကျွံလုပ်တာတွေ ဖြစ်တာပါပဲ။ သူတို့ စိုးရိမ်တာ နောက်တစ်ခုက သူတို့ ချမ်းသာသမျှ တစ်ချက်ထဲနဲ့ ပျောက်သွားမှာကိုပါ။ အလုပ် တစ်ချက်မှားတာနဲ့ ဒေဝါလီ ခံရမယ်။ အဲလို အတွေးမျိုးကနေ စိတ်ရောဂါတောင် ဖြစ်လာနိုင်ပါတယ်။

အဲဒီလို ခံစားနေရရင် ဘာလုပ်ကြမလဲ?? လုပ်စရာ ငါးခုရှိပါတယ်။ အဲဒါတွေကတော့

၁. ကိုယ့်ဘာသာ ရိုးသားပါ

သင်က သာမန်လူပါ။ အမြဲ ချမ်းသာ ကျန်းမာနေမယ့် Perfect Human ဖြစ်အောင် မျှော်မှန်းစရာ မလိုပါဘူး။ သင့်ကိုယ်သင် စိတ်မချမ်းသာလို့ဆိုပြီး မကျေမနပ်ဖြစ်နေရင်လဲ သင် အဲဒိအခြေအနေက လွတ်မှာ မဟုတ်ပါဘူး။

၂. စကားပြောပါ

သင်လိုတာ အကြံဉာဏ် မဟုတ်ပါဘူး။ နားထောင်ပေးမယ့်သူပါ။ သင့်မိသားစုနဲ့ သူငယ်ချင်းတွေက သင့်အတွက် ရှိနေပေးမှာ သေချာပါတယ်။

၃. အလုပ်လုပ်ပါ

နှစ်ပေါင်းများစွာ လုပ်လာခဲ့တဲ့ အကျင့်တွေကို ဖျောက်ပစ်ဖို့ ခက်ပေမယ့် သင့်ကိုယ်သင် ပြင်ဆင်နိုင်မယ့် အရာတွေ ရှိပါသေးတယ်။ အရက်၊ ဆေးလိပ် ဖြတ်ပါ။ ကျန်းကျန်းမာမာ စားပါ။ အိပ်ပါ။ လေ့ကျင့်ခန်း လုပ်ပါ။ သင် ယောဂ တစ်ခါမှ မလုပ်ဖူးရင် ခုချိန် လုပ်သင့်ပါပြီ။

၄. ပျော်စရာအချိန်တွေနဲ့ ပြန်ဆက်သွယ်ပါ

သင်ပျော်ခဲ့ဖူးတဲ့ အချိန်တွေကို ပြန်စဉ်းစားကြည့်ပါ။ ပြီးတော့ အဲဒါတွေကို ပြန်ဖန်တီးနိုင်သလား စဉ်းစားပါ။ သင့်ဘဝ ရည်မှန်းချက်ကို ပြန်ဖန်တီးချင်ရင် ဒီ လွယ်ကူတဲ့ နည်းလမ်းလေးက အကောင်းဆုံးပါပဲ။

၅. အတွင်းအပြင် ပြောင်းလဲပါ

ပြင်ပအရာတွေကနေ စိတ်ကို ဖျော်ဖြေဖို့ကြိုးစားနေတာတွေကို ရပ်လိုက်ပါ။ ငွေတွေ၊ ကားတွေ၊ သင် Date လုပ်တဲ့ ကောင်မလေး၊ သင့် စီးပွားရေး အရွယ်အစား အားလုံးက သင့်ကို တကယ်မပျော်စေနိုင်ပါဘူး။ သင် ဂုဏ်ယူရမယ့် အလုပ်တစ်ခုခု လုပ်ပါ။ ပရဟိတ လုပ်ပါ။ ပြန်ရမယ့် အကျိုး မမျှော်ပဲ အများအကျိုး လုပ်ဆောင်ပါ။ အဲဒါဟာ သင့်ရဲ့ စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။

စိတ်ကျရောဂါဆိုတာ အကျဉ်းထောင်လိုပါပဲ။ ကိုယ့်စိတ်ရဲ့ အကျဉ်းထောင်ထဲမှာ ပြန် အကျဉ်းကျနေတာပါ။ ကောင်းသတင်းကတော့ သင် ထောင်ဖောက်ပြေးဖို့ အတွက် မခက်ပါဘူး။ အောင်မြင်တဲ့ ပြေးနည်း အများကြီး ရှိပြီးသားပါ။ ဒါပေမယ့် ပထမခြေလှမ်း မစပဲနဲ့တော့ ထောင်က လွတ်မှာ မဟုတ်ပါဘူး။

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

 

Related Posts

%%footer%%