ပိုေတာင့္တယ္ထင္ရေစဖို႔ အဝတ္အစား ဝတ္စားနည္း သံုးခု
သင္က နဂိုကပဲ ေတာင့္ေနေန၊ မေတာင့္တဲ့သူပဲ ျဖစ္ျဖစ္ ဘယ္သူမဆို ႂကြက္သားနဂို႐ွိတာထက္ ပိုေပၚခ်င္ၾကတာပါ။ တစ္ခါတစ္ေလမွာက် အဝတ္အစားေတြက သင့္နဂို ဗလကိုေတာင္ ေလ်ာ့ေစပါေသးတယ္။ အဲလိုမျဖစ္ေစဖို႔ သင့္မွာ ႐ွိေနတဲ့ ႂကြက္သားပမာဏကို ထပ္တိုးဖို႔ အဝတ္အစား ဝတ္စားနည္း သံုးခုကို ေဖာ္ျပလိုက္ပါတယ္။
၁. ခ်ဳပ္႐ိုးေတြကို ေလ့လာပါ
သင့္ပခံုးေပၚက ခ်ဳပ္႐ိုးေတြကို ေသခ်ာ ၾကည့္ပါ။ သူတို႔က ေအာက္ကို က်ေနရင္ သင္က သင့္႐ွပ္အက်ႌ ျပည့္ေလာက္ေအာင္ ဗလမေတာင့္ပံု ေပါက္ေနပါတယ္။ ဒါေပမယ့္ သူတို႔က အတိအက်ပဲ ျဖစ္ျဖစ္၊ ပခံုးေပၚ ေရာက္ေနတာပဲ ျဖစ္ျဖစ္ ဆိုရင္ေတာ့ သင့္ပခံုးက်ယ္ပံု ေပါက္သြားပါလိမ့္မယ္။ ဗလေတာင့္လြန္းလို႔ အက်ႌေတာင္ မဆံ့ဘူး ထင္သြားပါလိမ့္မယ္။
၂. သင္နဲ႔ အတိအက်ေတာ္တဲ့ အက်ႌ ႐ွာပါ
သင္တဲ့ အတိအက်ေတာ္တဲ့ အက်ႌဟာ သင့္လက္ေမာင္းႂကြက္သားနဲ႔ ရင္အုပ္ ႂကြက္သားေတြကို ေကာင္းေကာင္း ေဖာ္ျပႏိုင္ပါတယ္။ ဒါေပမယ့္ အသားကပ္အက်ႌနဲ႔ ကြက္တိေတာ္တဲ့ အက်ႌ ကြာတာ ႐ွိပါေသးတယ္။ သင့္ရဲ႕ လက္ေမာင္းနဲ႔ ပခံုးမွာ က်ပ္ေပမယ့္ ကိုယ္ပိုင္းမွာ မက်ပ္တဲ့ အက်ႌမ်ိဳး ႐ွာပါ။ ၁ ကေန ၅ ရာႏႈန္းထိ ဆြဲအား႐ွိတဲ့ ခ်ည္႐ွပ္အက်ႌကို ႐ွာပါ။ ဒီပါတ္ဝန္းက်င္က ႐ွပ္ေတြဟာ မတြန္႔ေၾကပဲ သင့္ရဲ႕ ခႏၶာကိုယ္ကို ကပ္ေနပါလိမ့္မယ္။
၃. အကြက္ ေရြးပါ
ကန္႔လန္႔စင္းေတြက သင့္ကို ပိုဝပံု ေပါက္ေစၿပီး ေဒါင္လိုက္စင္းေတြက ပို႐ွည္ပံု ေပါက္ေစပါတယ္။ သင္ ပိုေတာင့္ပံု ေပၚခ်င္ရင္ေတာ့ သင့္ရဲ႕ ခႏၶာကိုယ္ တစ္ခုလံုး အကြက္ အကြက္ေတြ ျဖစ္ေနတဲ့ ဒီဇိုင္းေတြကို အေပၚေအာက္ဒီဇိုင္းေတြထက္ ဦးစားေပး ေရြးခ်ယ္ရပါမယ္။
အေပၚပိုင္းမွာ အေရာင္ရင့္ၿပီး ေအာက္ပုိင္းေဖ်ာ့တဲ့ ႐ွပ္အက်ႌေတြကို ႐ွာဝတ္ပါ။ သင့္ရဲ႕ ရင္အုပ္ႂကြက္သားေပၚက အေရာင္ရင့့္က သင့္ရဲ႕ ရင္အုပ္ႂကြက္သားကို ပိုက်ယ္ပံု ေပါက္ေစပါလိမ့္မယ္။
GM ရဲ့ တျခား ဖက္ရွင္ႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/style/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
ပိုတောင့်တယ်ထင်ရစေဖို့ အဝတ်အစား ဝတ်စားနည်း သုံးခု
သင်က နဂိုကပဲ တောင့်နေနေ၊ မတောင့်တဲ့သူပဲ ဖြစ်ဖြစ် ဘယ်သူမဆို ကြွက်သားနဂိုရှိတာထက် ပိုပေါ်ချင်ကြတာပါ။ တစ်ခါတစ်လေမှာကျ အဝတ်အစားတွေက သင့်နဂို ဗလကိုတောင် လျော့စေပါသေးတယ်။ အဲလိုမဖြစ်စေဖို့ သင့်မှာ ရှိနေတဲ့ ကြွက်သားပမာဏကို ထပ်တိုးဖို့ အဝတ်အစား ဝတ်စားနည်း သုံးခုကို ဖော်ပြလိုက်ပါတယ်။
၁. ချုပ်ရိုးတွေကို လေ့လာပါ
သင့်ပခုံးပေါ်က ချုပ်ရိုးတွေကို သေချာ ကြည့်ပါ။ သူတို့က အောက်ကို ကျနေရင် သင်က သင့်ရှပ်အင်္ကျီ ပြည့်လောက်အောင် ဗလမတောင့်ပုံ ပေါက်နေပါတယ်။ ဒါပေမယ့် သူတို့က အတိအကျပဲ ဖြစ်ဖြစ်၊ ပခုံးပေါ် ရောက်နေတာပဲ ဖြစ်ဖြစ် ဆိုရင်တော့ သင့်ပခုံးကျယ်ပုံ ပေါက်သွားပါလိမ့်မယ်။ ဗလတောင့်လွန်းလို့ အင်္ကျီတောင် မဆံ့ဘူး ထင်သွားပါလိမ့်မယ်။
၂. သင်နဲ့ အတိအကျတော်တဲ့ အင်္ကျီ ရှာပါ
သင်တဲ့ အတိအကျတော်တဲ့ အင်္ကျီဟာ သင့်လက်မောင်းကြွက်သားနဲ့ ရင်အုပ် ကြွက်သားတွေကို ကောင်းကောင်း ဖော်ပြနိုင်ပါတယ်။ ဒါပေမယ့် အသားကပ်အင်္ကျီနဲ့ ကွက်တိတော်တဲ့ အင်္ကျီ ကွာတာ ရှိပါသေးတယ်။ သင့်ရဲ့ လက်မောင်းနဲ့ ပခုံးမှာ ကျပ်ပေမယ့် ကိုယ်ပိုင်းမှာ မကျပ်တဲ့ အင်္ကျီမျိုး ရှာပါ။ ၁ ကနေ ၅ ရာနှုန်းထိ ဆွဲအားရှိတဲ့ ချည်ရှပ်အင်္ကျီကို ရှာပါ။ ဒီပါတ်ဝန်းကျင်က ရှပ်တွေဟာ မတွန့်ကြေပဲ သင့်ရဲ့ ခန္ဓာကိုယ်ကို ကပ်နေပါလိမ့်မယ်။
၃. အကွက် ရွေးပါ
ကန့်လန့်စင်းတွေက သင့်ကို ပိုဝပုံ ပေါက်စေပြီး ဒေါင်လိုက်စင်းတွေက ပိုရှည်ပုံ ပေါက်စေပါတယ်။ သင် ပိုတောင့်ပုံ ပေါ်ချင်ရင်တော့ သင့်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး အကွက် အကွက်တွေ ဖြစ်နေတဲ့ ဒီဇိုင်းတွေကို အပေါ်အောက်ဒီဇိုင်းတွေထက် ဦးစားပေး ရွေးချယ်ရပါမယ်။
အပေါ်ပိုင်းမှာ အရောင်ရင့်ပြီး အောက်ပိုင်းဖျော့တဲ့ ရှပ်အင်္ကျီတွေကို ရှာဝတ်ပါ။ သင့်ရဲ့ ရင်အုပ်ကြွက်သားပေါ်က အရောင်ရင့်က သင့်ရဲ့ ရင်အုပ်ကြွက်သားကို ပိုကျယ်ပုံ ပေါက်စေပါလိမ့်မယ်။
GM ရဲ့ တခြား ဖက်ရှင်နှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/style/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================