သိပၸံဝတၳဳလို႔ေတာင္ ထင္ရတဲ့ ေဆးပညာ တီထြင္မႈ ၁၀ ခု

သိပၸံဝတၳဳလို႔ေတာင္ ထင္ရတဲ့ ေဆးပညာ တီထြင္မႈ ၁၀ ခု

Cleveland Clinic ဟာ ေဆးပညာေလာကမွာ လက္႐ွိ ထိုးေဖာက္ေနၿပီျဖစ္တဲ့ နည္းပညာသစ္ ၁၀ ခုကို ေရြးခ်ယ္တင္ျပထားပါတယ္။ ခုပဲ ကုသခံလို႔ ရၿပီျဖစ္တဲ့ ေဆးသိပၸံပညာသစ္ ၁၀ ခုကို ေလ့လာၾကည့္ၾကရေအာင္။

. The Bionic Eye

ဒီမ်က္လံုးတုဟာ ေနကာမ်က္မွန္ထဲ ထည့္သြင္းတည္ေဆာက္ထားတဲ့ ကင္မရာေတြက ပို႔လႊတ္တဲ့ ပံုေတြကို လူေတြရဲ႕ အျမင္အာရံုခံလႊာကို ႀကိဳးမဲ့ နည္းလမ္းနဲ႔ ပို႔လႊတ္ေပးတဲ့ နည္းစနစ္ကို သံုးထားပါတယ္။ မ်က္လံုး အစစ္လို မျပည့္စံုေပမယ့္ မ်က္မျမင္ တစ္ေယာက္ကို လမ္းေလ်ွာက္တာ၊ ေျခအိပ္ အေရာင္ ခြဲတာ ေလာက္ေတာ့ လုပ္ႏိုင္ေစပါတယ္။ ကာလ ၾကာရင္ အရည္အေသြး ေလ်ာ့သြားမွာ ျဖစ္ေပမယ့္ အျမင္ အာရံုခံလႊာ ပ်က္စီးတဲ့ ေရာဂါ ျဖစ္ေနတဲ့ လူေပါင္း .၇၅ သန္းကို ကူညီႏိုင္မယ္ ေမ်ွာ္လင့္ရပါတယ္။

. ကင္ဆာ ဗီဇ စစ္ေဆးျခင္း

ကင္ဆာဆဲလ္တစ္ခုရဲ႕ ဗီဇကို စစ္ေဆးျခင္းျဖင့္ ထိုကင္ဆာဟာ ဓာတ္ေရာင္ခ်ည္ တိုးရဲ႕လား၊ ဘယ္လိုပံုစံနဲ႔ ကုသလို႔ အဆင္ေျပမလဲ ဆိုတာကို သိ႐ွိႏိုင္ၿပီ ျဖစ္ပါတယ္။ စမ္းသပ္ ကုသမႈေတြ မလုပ္ရလို႔ အေရးႀကီးတဲ့ ထိေရာက္မယ့္ ကုသမႈဆီ ဒါ႐ိုက္ သြားႏိုင္ျခင္းနဲ႔ အသက္ ကယ္ႏိုင္ပါတယ္။

. မူးမိုက္ျခင္းကို ထိန္းသိမ္းျခင္း

ဒီစနစ္မွာ ဦးေႏွာက္ထဲမွာ တပ္ဆင္ထားတဲ့ မူးေမာ္ျခင္းကို ႀကိဳတင္အာရံုခံႏိုင္မယ့္ ဆင္ဆာေတြ ပါဝင္ပါတယ္။ မူးေမာ္ျခင္း ျဖစ္မွာကို အာရံုခံမိရင္ ဦးေႏွာက္ရဲ႕ လိုအပ္တဲ့ အစိတ္အပိုင္းေတြကို လ်ွပ္စစ္ဓာတ္ လႊတ္ၿပီး မူးေမာ္ျခင္း ရပ္တန္႔ေစပါတယ္။ အသံုးျပဳတဲ့ ပထမႏွစ္မွာ မူးေမာ္ျခင္းေတြကို ၄၀ ရာႏႈန္း ေလ်ာ့က်ေစပါတယ္။

. အသည္းေရာင္ေရာဂါ ကုသျခင္း

အရင္ကဆိုရင္ အသည္းေရာင္ အသားဝါ ေရာဂါ စီ ကူးစက္ေနတဲ့ လူနာေတြရဲ႕ ၇၀ ရာႏႈန္းကိုပဲ ကုသႏိုင္ပါတယ္။ အခု Sofosbuvir ဆိုတဲ့ ေဆးအသစ္ကေတာ့ ၉၅ ရာႏႈန္းကို ကုသႏိုင္ၿပီး ၁၂ ပါတ္ပဲ ေဆးေသာက္စရာ လိုတာပါ။

. ေမ့ေဆးဆရာဝန္ေတြရဲ႕ Ipad

ေမ့ေဆးဆရာဝန္ဟာ ခြဲစိတ္ကုသရာမွာ အေရးႀကီးဆံုးပါ။ ေမ့ေဆးဆရာဝန္တစ္ေယာက္ဟာ သင့္ရဲ႕ ႏွလံုးခုန္ႏႈန္း၊ အသက္႐ႈႏႈန္း၊ ဦးေႏွာက္ အလုပ္လုပ္ပံုေတြကို ေစာင့္ၾကည့္ေနရတဲ့အျပင္ ေမ့ေဆးနဲ႔ အကိုက္အခဲေပ်ာက္ေဆး ပမာဏကိုလဲ ခ်ိန္ေနရပါတယ္။ အခု အဲဒီစနစ္ေတြအတြက္ ေရးဆြဲထားတဲ့ Application တစ္ခု ႐ွိေနၿပီး အမွား႐ွာရ ျမန္တဲ့အျပင္ ႐ွည္ၾကာတဲ့ ခြဲစိတ္မႈေတြမွာ ဆရာဝန္တစ္ေယာက္ကေန တစ္ေယာက္ လက္လႊဲေပးဖို႔လဲ ပို အဆင္ေျပပါတယ္။

. မစင္ အစားထိုးျခင္း

မစင္ အစားထိုးကုသတာဟာ C.difficile ဆိုတဲ့ ဘက္တီးရီးယားကို ကုသရာမွာ အေရးပါပါတယ္။ မစင္ဟာ ကုသပစၥည္း မဟုတ္ပါဘူး။ မစင္ထဲမွာ ေနထိုင္တဲ့ အက်ိဳးျပဳ ဘက္တီးရီးယားေတြက ကုသပစၥည္းပါ။ အခုဆို ကေနဒါက ေလ့လာသူေတြက မစင္ထဲက ဘက္တီးရီးယားကို ခြဲထုတ္ၿပီး ေသာက္ေဆးအျဖစ္ ေသာက္သံုးႏိုင္မယ့္ နည္းလမ္း ႐ွာေတြ႕ခဲ့ပါၿပီ။

. ႏွလံုးကယ္တင္ႏိုင္မယ့္ ေဟာ္မုန္း

Serelaxin ဆိုတဲ့ ေဆးဟာ ႏွလံုးေရာဂါ လူနာေတြရဲ႕ အသက္႐ွင္ႏႈန္းကို ၃၇ ရာႏႈန္း ထပ္တိုးေပးႏိုင္ပါတယ္။ ဒီ ကိုယ္ဝန္သည္ေတြမွာ ေတြ႕ရတဲ့ ေဟာ္မုန္းဟာ ေသြးေၾကာေတြကို က်ယ္ေစၿပီးေအာက္ဆီဂ်င္ပိုရေစကာ အေရာင္က်ႏိုင္တဲ့ သတၱိလဲ ပါပါတယ္။

. စက္႐ုပ္ေဒါက္တာ

ဒီစက္ဟာ ကြန္ပ်ဴတာတစ္လံုးျဖစ္ၿပီး သူ႔အထဲမွာ ခြဲစိတ္ခံ လူနာေတြရဲ႕ ႏွလံုးခုန္ႏႈန္း၊ အသက္႐ႈႏႈန္း၊ နဲ႔ ေမ့ေဆးအသြင္း ပမာဏကို ထိန္းခ်ဳပ္ေပးပါတယ္။ လူနာကို လိုအပ္ရင္ ႏိႈးဖို႔ နားၾကပ္ကေလးေတာင္ ပါဝင္ၿပီး ေမ့ေဆးပမာဏ အနည္းငယ္ကေန အလည္အလတ္ အထိကို သူ႔ဘာသာ ေပးပါလိမ့္မယ္။ ဒီစက္ကေလးက ေမ့ေဆးဆရာဝန္ တစ္ေယာက္ထဲက လူနာမ်ားစြာကို တစ္ခ်ိန္ထဲ ၾကည့္႐ႈႏိုင္ေအာင္ ကူညီေပးပါတယ္။

. ႏွလံုးေရာဂါ ရ႐ွိႏိုင္မႈ အေျခအေန စစ္တမ္း

ခုေခတ္မွာ ႏွလံုးေရာဂါအတြက္ ကိုလက္စထေရာ လယ္ဗယ္ကို စစ္ၾကပါတယ္။ မၾကာခင္မွာေတာ့ အူတြင္း ဗက္တီးရီးယားေတြက ထုတ္တဲ့ TMAO ဆိုတဲ့ ေဟာ္မုန္း လယ္ဗယ္ကို စစ္ၾကရပါမယ္။ TMAO ျမင့္သူေတြဟာ နိမ့္သူေတြထက္ ႏွလံုးေရာဂါ ျဖစ္ႏိုင္မႈႏႈန္း ၂၅၀ ရာႏႈန္း ပိုမ်ားပါတယ္။ TMAO ဟာ ဥေတြ၊ အနီေရာင္အသားေတြ၊ ႏို႔ထြက္ပစၥည္းေတြမွာ ပါဝင္ပါတယ္။

၁၀. တိက်တဲ့ ကင္ဆာ ကုသမႈ နည္းလမ္းမ်ား

ကင္ဆာကုရာမွာ ေကာင္းမြန္တဲ့ ဆဲလ္ေတြကို မထိေစပဲ ကင္ဆာ အႀကိတ္ကိုပဲ ထိေအာင္ ကုသဖို႔ မလြယ္ပါဘူး။ ဒါေပမယ့္ အခု ကင္ဆာဆဲလ္ေတြအေၾကာင္း ပိုၿပီး နားလည္လာတာနဲ႔ အမ်ွ ကင္ဆာဆဲလ္ေတြ ႀကီးထြားမႈကိုပဲ တိတိက်က် ထိေအာင္ ကုသႏိုင္တဲ့ ေဆးေတြ ေပၚလာပါတယ္။

GM ရဲ့ တျခား ဗဟုုသုုတႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/knowleadge/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

သိပ္ပံဝတ္ထုလို့တောင် ထင်ရတဲ့ ဆေးပညာ တီထွင်မှု ၁၀ ခု

Cleveland Clinic ဟာ ဆေးပညာလောကမှာ လက်ရှိ ထိုးဖောက်နေပြီဖြစ်တဲ့ နည်းပညာသစ် ၁၀ ခုကို ရွေးချယ်တင်ပြထားပါတယ်။ ခုပဲ ကုသခံလို့ ရပြီဖြစ်တဲ့ ဆေးသိပ္ပံပညာသစ် ၁၀ ခုကို လေ့လာကြည့်ကြရအောင်။

၁. The Bionic Eye

ဒီမျက်လုံးတုဟာ နေကာမျက်မှန်ထဲ ထည့်သွင်းတည်ဆောက်ထားတဲ့ ကင်မရာတွေက ပို့လွှတ်တဲ့ ပုံတွေကို လူတွေရဲ့ အမြင်အာရုံခံလွှာကို ကြိုးမဲ့ နည်းလမ်းနဲ့ ပို့လွှတ်ပေးတဲ့ နည်းစနစ်ကို သုံးထားပါတယ်။ မျက်လုံး အစစ်လို မပြည့်စုံပေမယ့် မျက်မမြင် တစ်ယောက်ကို လမ်းလျှောက်တာ၊ ခြေအိပ် အရောင် ခွဲတာ လောက်တော့ လုပ်နိုင်စေပါတယ်။ ကာလ ကြာရင် အရည်အသွေး လျော့သွားမှာ ဖြစ်ပေမယ့် အမြင် အာရုံခံလွှာ ပျက်စီးတဲ့ ရောဂါ ဖြစ်နေတဲ့ လူပေါင်း ၁.၇၅ သန်းကို ကူညီနိုင်မယ် မျှော်လင့်ရပါတယ်။

၂. ကင်ဆာ ဗီဇ စစ်ဆေးခြင်း

ကင်ဆာဆဲလ်တစ်ခုရဲ့ ဗီဇကို စစ်ဆေးခြင်းဖြင့် ထိုကင်ဆာဟာ ဓာတ်ရောင်ချည် တိုးရဲ့လား၊ ဘယ်လိုပုံစံနဲ့ ကုသလို့ အဆင်ပြေမလဲ ဆိုတာကို သိရှိနိုင်ပြီ ဖြစ်ပါတယ်။ စမ်းသပ် ကုသမှုတွေ မလုပ်ရလို့ အရေးကြီးတဲ့ ထိရောက်မယ့် ကုသမှုဆီ ဒါရိုက် သွားနိုင်ခြင်းနဲ့ အသက် ကယ်နိုင်ပါတယ်။

၃. မူးမိုက်ခြင်းကို ထိန်းသိမ်းခြင်း

ဒီစနစ်မှာ ဦးနှောက်ထဲမှာ တပ်ဆင်ထားတဲ့ မူးမော်ခြင်းကို ကြိုတင်အာရုံခံနိုင်မယ့် ဆင်ဆာတွေ ပါဝင်ပါတယ်။ မူးမော်ခြင်း ဖြစ်မှာကို အာရုံခံမိရင် ဦးနှောက်ရဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို လျှပ်စစ်ဓာတ် လွှတ်ပြီး မူးမော်ခြင်း ရပ်တန့်စေပါတယ်။ အသုံးပြုတဲ့ ပထမနှစ်မှာ မူးမော်ခြင်းတွေကို ၄၀ ရာနှုန်း လျော့ကျစေပါတယ်။

၄. အသည်းရောင်ရောဂါ ကုသခြင်း

အရင်ကဆိုရင် အသည်းရောင် အသားဝါ ရောဂါ စီ ကူးစက်နေတဲ့ လူနာတွေရဲ့ ၇၀ ရာနှုန်းကိုပဲ ကုသနိုင်ပါတယ်။ အခု Sofosbuvir ဆိုတဲ့ ဆေးအသစ်ကတော့ ၉၅ ရာနှုန်းကို ကုသနိုင်ပြီး ၁၂ ပါတ်ပဲ ဆေးသောက်စရာ လိုတာပါ။

၅. မေ့ဆေးဆရာဝန်တွေရဲ့ Ipad

မေ့ဆေးဆရာဝန်ဟာ ခွဲစိတ်ကုသရာမှာ အရေးကြီးဆုံးပါ။ မေ့ဆေးဆရာဝန်တစ်ယောက်ဟာ သင့်ရဲ့ နှလုံးခုန်နှုန်း၊ အသက်ရှုနှုန်း၊ ဦးနှောက် အလုပ်လုပ်ပုံတွေကို စောင့်ကြည့်နေရတဲ့အပြင် မေ့ဆေးနဲ့ အကိုက်အခဲပျောက်ဆေး ပမာဏကိုလဲ ချိန်နေရပါတယ်။ အခု အဲဒီစနစ်တွေအတွက် ရေးဆွဲထားတဲ့ Application တစ်ခု ရှိနေပြီး အမှားရှာရ မြန်တဲ့အပြင် ရှည်ကြာတဲ့ ခွဲစိတ်မှုတွေမှာ ဆရာဝန်တစ်ယောက်ကနေ တစ်ယောက် လက်လွှဲပေးဖို့လဲ ပို အဆင်ပြေပါတယ်။

၆. မစင် အစားထိုးခြင်း

မစင် အစားထိုးကုသတာဟာ C.difficile ဆိုတဲ့ ဘက်တီးရီးယားကို ကုသရာမှာ အရေးပါပါတယ်။ မစင်ဟာ ကုသပစ္စည်း မဟုတ်ပါဘူး။ မစင်ထဲမှာ နေထိုင်တဲ့ အကျိုးပြု ဘက်တီးရီးယားတွေက ကုသပစ္စည်းပါ။ အခုဆို ကနေဒါက လေ့လာသူတွေက မစင်ထဲက ဘက်တီးရီးယားကို ခွဲထုတ်ပြီး သောက်ဆေးအဖြစ် သောက်သုံးနိုင်မယ့် နည်းလမ်း ရှာတွေ့ခဲ့ပါပြီ။

၇. နှလုံးကယ်တင်နိုင်မယ့် ဟော်မုန်း

Serelaxin ဆိုတဲ့ ဆေးဟာ နှလုံးရောဂါ လူနာတွေရဲ့ အသက်ရှင်နှုန်းကို ၃၇ ရာနှုန်း ထပ်တိုးပေးနိုင်ပါတယ်။ ဒီ ကိုယ်ဝန်သည်တွေမှာ တွေ့ရတဲ့ ဟော်မုန်းဟာ သွေးကြောတွေကို ကျယ်စေပြီးအောက်ဆီဂျင်ပိုရစေကာ အရောင်ကျနိုင်တဲ့ သတ္တိလဲ ပါပါတယ်။

၈. စက်ရုပ်ဒေါက်တာ

ဒီစက်ဟာ ကွန်ပျူတာတစ်လုံးဖြစ်ပြီး သူ့အထဲမှာ ခွဲစိတ်ခံ လူနာတွေရဲ့ နှလုံးခုန်နှုန်း၊ အသက်ရှုနှုန်း၊ နဲ့ မေ့ဆေးအသွင်း ပမာဏကို ထိန်းချုပ်ပေးပါတယ်။ လူနာကို လိုအပ်ရင် နှိုးဖို့ နားကြပ်ကလေးတောင် ပါဝင်ပြီး မေ့ဆေးပမာဏ အနည်းငယ်ကနေ အလည်အလတ် အထိကို သူ့ဘာသာ ပေးပါလိမ့်မယ်။ ဒီစက်ကလေးက မေ့ဆေးဆရာဝန် တစ်ယောက်ထဲက လူနာများစွာကို တစ်ချိန်ထဲ ကြည့်ရှုနိုင်အောင် ကူညီပေးပါတယ်။

၉. နှလုံးရောဂါ ရရှိနိုင်မှု အခြေအနေ စစ်တမ်း

ခုခေတ်မှာ နှလုံးရောဂါအတွက် ကိုလက်စထရော လယ်ဗယ်ကို စစ်ကြပါတယ်။ မကြာခင်မှာတော့ အူတွင်း ဗက်တီးရီးယားတွေက ထုတ်တဲ့ TMAO ဆိုတဲ့ ဟော်မုန်း လယ်ဗယ်ကို စစ်ကြရပါမယ်။ TMAO မြင့်သူတွေဟာ နိမ့်သူတွေထက် နှလုံးရောဂါ ဖြစ်နိုင်မှုနှုန်း ၂၅၀ ရာနှုန်း ပိုများပါတယ်။ TMAO ဟာ ဥတွေ၊ အနီရောင်အသားတွေ၊ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်ပါတယ်။

၁၀. တိကျတဲ့ ကင်ဆာ ကုသမှု နည်းလမ်းများ

ကင်ဆာကုရာမှာ ကောင်းမွန်တဲ့ ဆဲလ်တွေကို မထိစေပဲ ကင်ဆာ အကြိတ်ကိုပဲ ထိအောင် ကုသဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အခု ကင်ဆာဆဲလ်တွေအကြောင်း ပိုပြီး နားလည်လာတာနဲ့ အမျှ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကိုပဲ တိတိကျကျ ထိအောင် ကုသနိုင်တဲ့ ဆေးတွေ ပေါ်လာပါတယ်။
GM ရဲ့ တခြား ဗဟုသုတနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/knowleadge/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

 

 

Related Posts

%%footer%%