Porn ဖြတ်ခြင်း
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
Porn ဖြတ်ခြင်း
Porn ကားကြည့်ပြီး နှစ်ပေါင်းများစွာ ကိုယ့်ဘာသာ အာသာဖြေခဲ့သူတွေ Porn ဖြတ်တဲ့အခါ လိင်စိတ်လျော့နည်းသွားတတ်ပါတယ်။ အဲဒီအခါတွေမှာ ကိုယ့်ပါတနာ နဲ့ အဆင်မပြေတာတွေ ရှိလာတတ်ပါတယ်။ အဲဒါတွေ ပျောက်အောင် ဘယ်လို လုပ်ရမလဲ??
သင် Porn ကို နှစ်ပေါင်းများစွာ ကြည့်လာတဲ့အခါမှာ သင့်ဦးနှောက်ကို လေ့ကျင့်ခန်း လုပ်ပေးလိုက်သလို ဖြစ်သွားပါတယ်။ Porn ဆိုတာ ပြင်ပ လှုံ့ဆော်မှုအဖြစ်နဲ့ သင့် လိင်စိတ်ကို နှိုးဆွပေးတာပါ။ သင့်ရှေ့မှာ ခူးပြီးခပ်ပြီး အသင့်အနေအထားနဲ့ လှုံ့ဆော်ပေးတာပါ။
Porn ထဲမှာ မိန်းမတစ်ယောက်ကို နှိုးဆွဖို့ ဘာမှ လုပ်စရာ မလိုပါဘူး။ သူ့ဘာသာ လာမယ်။ အစကတည်းက လိုချင်နေမယ်။ လိုချင်တဲ့ အကြောင်း စကားတွေ ပြောမယ်။ ဘယ် Porn ကားမဆို သရုပ်ဆောင်တွေဟာ အမြဲတမ်း ဆက်ဆံရတာ ကြိုက်ပုံ ပေါ်နေတာပါပဲ။
သင့်ရည်းစားနဲ့ကျတော့ သင်က Porn လိုမျိုး ထင်ပြီး သူမကို အသင့်ဖြစ်နေပြီဆိုပြီး ချက်ခြင်း အပေါ်တက်တော့တာပါပဲ။ သင်တို့နှစ်ယောက်ကြားမှာ နူးနူးညံ့ညံ့ ပွတ်သီးပွတ်သပ် နေတာမျိုး မရှိပဲနဲ့ ပေါ့။
သင် Porn ကို မကောင်းဘူး ထင်နေပါသလား။ Porn ဖြတ်လိုက်တာနဲ့ လိင်ဆက်ဆံချင်စိတ် မရှိတော့တာမျိုး ကြုံတွေ့နေရပါသလား။ အဲဒါမျိုး ဖြစ်တာ သင်တစ်ယောက်ထဲ မဟုတ်ပါဘူး။
နှစ်ပေါင်းများစွာကြာအောင် သင့်စိတ်နဲ့ သင့်ကိုယ်ကို Porn ကြည့်လိုက်ရင် စိတ်ထလာအောင် လေ့လာ သင်ကြားပေးခဲ့ပြီးရင် Porn မပါပဲ ပုံမှန် နှိုးဆွခြင်းတွေက အရမ်း အကျိုးသက်ရောက်မှု မရှိတော့ပါဘူး။ အဲဒါကို တိုက်ဖျက်နိုင်ဖို့ဆိုရင် သင့်ဦးနှောက်အတွက် Recovery ပြန်လုပ်ဖို့ အချိန်တစ်ခုတော့ ပေးရပါမယ်။
သင့်ဦးနှောက်ကို Porn ကြည့်ရင် စိတ်ထတဲ့ အဖြစ်ကနေ သင့်ပါတနာနဲ့ လက်တွေ့ ပွတ်သီးပွတ်သပ်လုပ်လိုက်ရင် စိတ်ထတဲ့ အဖြစ်ရောက်အောင် အချိန် ပေးရပါမယ်။ ယောက်ျားတွေ တစ်ကိုယ်ရေ အာသာဖြေတဲ့အခါမှာ တစ်နေရာထဲကိုပဲ အာရုံစူးစိုက်ကြပါတယ်။ မိန်းကလေးတွေကျတော့ သူတို့ ရင်သားတွေ၊ လည်ပင်း၊ မျက်နှာ၊ ခြေထောက် တစ်ကိုယ်လုံးကို ပွတ်သပ်ရင်း စိတ်ကြွလာအောင် လုပ်ကြတာပါ။
G-Plus3
သင် Porn ကြည့်ရင်း စိတ်ထလာတဲ့ အခါကျတော့ ဘယ်သူမှ သင့်ခန္ဓာကိုယ်ကို မထိပါဘူး။ သင်က သင့်ခန္ဓာကိုယ်ကို ထိစရာမလိုပါဘူး။ Porn က သင့်ဦးနှောက်ကို အလိုလို နှိုးဆွပေးတာပါ။ သင် Porn ဖြတ်လိုက်တဲ့အခါမှာကျ ဦးနှောက်က မလုပ်တတ် မကိုင်တတ် ဖြစ်သွားတော့ တာပါပဲ။ ဥပမာ တစ်သက်လုံး သူများချက်ကျွေးတာ စားနေရတဲ့ လူတစ်ယောက်ကို လက်တွေ့ ကိုယ်တိုင် ချက်စားခိုင်းတဲ့အခါ မလုပ်တတ် မကိုင်တတ် ဖြစ်သလိုပါပဲ။
အဲ့ဒီလို ဖြစ်နေရင် အရင်ဆုံး သူမနဲ့ စကားပြောကြည့်ပါ။ သင်က Porn အကြည့်များပြီး သူမနဲ့တွေ့ရင်လဲ သူမအကြိုက်ကို မသိပဲ Porn ထဲက လူတွေလို လိုက်လုပ်နေမိလို့လဲ ဖြစ်နိုင်ပါတယ်။ သူမ ဘယ်လိုပုံစံ ကြိုက်တတ်လဲ ပွင့်ပွင့်လင်းလင်း မေးကြည့်ပါ။
အရှုံးမပေးပါနဲ့။ တခြား အရာတစ်ခုကို စွဲလမ်းသူတွေလိုမျိုးပဲ Porn ဖြတ်တဲ့အခါ လူကောင်းပြန်ဖြစ်ဖို့ အချိန် တစ်ခုတော့ ပေးရမှာပါ။ လူကောင်းပြန်ဖြစ်ပြီးရင် Porn နဲ့ လုံးဝမဆိုင်တဲ့ ပိုကောင်းတဲ့ လိင်မှုဘဝတစ်ခု ရနိုင်မယ်ဆိုတာ ယုံကြည်ထားပါ။
သင်နဲ့ သူမနဲ့ နှစ်ယောက် တွေ့တိုင်း သင့်ခန္ဓာကိုယ်ကနေ ယောက်ျားဓာတ်တွေ တိုးလာတယ်လို့ ယုံကြည်ထားပါ။ အကြည့်တွေ၊ ထိတွေ့မှုတွေ၊ ကျီစယ်ကစားမှုတွေကနေ လိင်စိတ် နိုးကြားလာအောင် စွမ်းဆောင်ပါ။ အဲလိုဆို သူမလဲ သင်နဲ့ ဆက်ဆံဖို့ကို ပိုပြီး စိတ်ဝင်စားလာပါလိမ့်မယ်။
GM ရဲ့ တခြား ဗဟုသုတနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/knowleadge/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================