အမ်ားေရွ႕မွာ စကားေျပာႏိုင္ဖို႔ ေဆာင္ရန္ ေရွာင္ရန္မ်ား
လူအမ်ားေရွ႕မွာ စကားေျပာဆိုရတာက သင့္ကိုေခၽြးေစးေတြပ်ံလာေစပါသလား။ ဒီလိုျဖစ္တာ သင္တစ္ေယာက္တည္း မဟုတ္ပါဘူး။ လူအမ်ားေရွ႕မွာ စကားေျပာဆိုရတာဟာ ေတာ္ေတာ္မ်ားမ်ားအတြက္ စိတ္တုန္လႈပ္စရာတစ္ခုျဖစ္တယ္လို႔လည္း ေလ့လာမႈေတြမွာ ေဖာ္ျပထားပါတယ္။ တကယ္ေတာ့ အမ်ားေရွ႕မွာ အတြန္႔အဆုတ္မရွိပဲ စကားေျပာႏိုင္စြမ္းက အလုပ္မွာေအာင္ျမင္ဖို႔ အျခားေသာအရည္အခ်င္းေတြထက္ အေရးပါအရာေရာက္ပါတယ္။ ဒါ့အျပင္ သင့္ကိုလူသိမ်ားလာေစႏိုင္တ့ဲ အေၾကာင္းတစ္ခုလည္းျဖစ္သလို စီးပြားေရး လူမႈေရးဆိုင္ရာ အခြင့္အလမ္းေတြအမ်ားႀကီးကို ပြင့္လင္းလာေစႏိုင္ပါတယ္။ လူအမ်ားေရွ႕ထြက္ၿပီး စကားေျပာရတာဟာ ခက္ခဲတယ္ဆိုေပမယ့္ မျဖစ္မေန ျဖည့္ဆည္းထားရမယ့္ အရည္အခ်င္းတစ္ခုပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အခုေဖာ္ျပလိုက္တ့ဲ အခ်က္ေတြက သင့္ကိုလူအမ်ားေရွ႕မွာ စကားေျပာဖို႔ အခက္အခဲမရွိေအာင္ ကူညီေပးႏိုင္မွာပါ။
၁။ ႀကိဳတင္ျပင္ဆင္ပါ။
အားလုံးသိႏွင့္ၿပီးသားျဖစ္မွာပါ။ အခ်က္အလက္ေတြစုေဆာင္းဖို႔ ေလ့က်င့္ဖို႔ကို ေနာက္ဆုံးအခ်ိန္ထိ ေစာင့္ေနလို႔မျဖစ္ပါဘူး။ ဘယ္လိုပရိသတ္မ်ိဳးေရွ႕မွာ ေျပာဆိုရမွာလဲဆိုတာကို ေလ့လာဖို႔ အခ်ိန္ယူရမွာျဖစ္သလို လိုအပ္တ့ဲ မွတ္စုေတြကိုလည္း ႀကိဳတင္ဖတ္ရမွာ ျဖစ္ပါတယ္။
၂။ စိုးရိမ္ထိတ္လန္႔မႈကို နားလည္ပါေစ။
မ်က္လုံးေပါင္းမ်ားစြာက သင့္ကို၀ိုင္းၾကည့္ေနတာကို စိုးရိမ္ထိတ္လန္႔ေနတတ္တာဟာ သဘာ၀ပါပဲ။ ဒါေပမယ့္ ဒီလိုအၾကည့္ခံရတာကို စိုးရိမ္ထိတ္လန္႔မႈေတြနဲ႔ အားလုံးေရွ႕ထြက္ၿပီး စကားေျပာမယ့္အစား ဒီမ်က္လုံးေတြဟာ သင့္ဆီက တစ္ခုခု သင္ယူလိုစိတ္နဲ႔ ေစာင့္ၾကည့္ေနၾကတာျဖစ္တယ္လို႔ ေတြးထားလိုက္ပါ။
၃။ စိတ္ကိုေလွ်ာ့ထားပါ။
လူအမ်ားေရွ႕ထြက္ၿပီး ေျပာဆိုတင္ျပမႈမလုပ္ခင္မွာ သူငယ္ခ်င္းတစ္ေယာက္နဲ႔ အလာပသလာပ ေျပာတာမ်ိဳး၊ ဟာသကားၾကည့္တာမ်ိဳးေတြလုပ္ၿပီး စိတ္ကိုေျဖေလွ်ာ့ထားသင့္ပါတယ္။ စိတ္တင္းက်ပ္မႈကို ေျပေလ်ာ့ေစမယ့္ ဘယ္အလုပ္မဆို လုပ္ႏိုင္ပါတယ္။ ႐ိုးရွင္းလြယ္ကူတ့ဲနည္းလမ္းကေတာ့ သီခ်င္းနားေထာင္တာပဲ ျဖစ္ပါတယ္။ သီခ်င္းနားေထာင္တာက စိတ္ကိုေျပေလ်ာ့ေစ႐ုံသာမက စိတ္အားတက္ၾကြမႈကိုပါ ျဖစ္ေစႏိုင္ပါတယ္။
၄။ သဘာ၀က်ပါေစ။
နားေထာင္သူပရိသတ္ရဲ႕ အာ႐ံုစိုက္မႈကို ရရွိဖို႔အတြက္ သင့္ကိုယ္သင္ မာန္သြင္းထားဖို႔ မလိုပါဘူး။ အခ်င္းခ်င္းပုံမွန္ေျပာဆိုဆက္ဆံၾကသလို ေျပာဆိုႏိုင္မယ္ဆိုရင္ ပရိသတ္နဲ႔အသားက်က်ဆက္သြက္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေျပာဆိုတင္ျပခ်ိန္မွာ သင့္အေၾကာင္း ျဖစ္ရပ္မွန္ေလးေတြ ထည့္ေျပာၿပီး ပရိစသတ္ကို သင္နဲ႔တသားတည္းျဖစ္ေနေအာင္ ႀကိဳးစားပါ။
၅။ ဟာသေျပာပါ။
သင္ေျပာတ့ဲတခ်ိန္လုံး ရီစရာေတြခ်ည္းပဲ ေျပာေနဖို႔မဟုတ္ပါဘူး။ ဒါေပမယ့္ စိတ္ႏွလုံးရႊင္လန္းေစမယ့္ ဟာသေလးေတြ တစ္ခုႏွစ္ခုေလာက္ထည့္ေျပာတာက ပရိသတ္နဲ႔ပိုၿပီးနီးစပ္ေစႏိုင္သလို ခံစားမႈလည္း သက္၀င္လာေစႏိုင္ပါတယ္။ ဟာသေျပာတ့ဲအခါမွာ သတိျပဳရမွာက ပရိသတ္ထဲက တစ္ေယာက္ေယာက္နဲ႔ပတ္သက္ၿပီး မေျပာမိေစဖို႔ပဲ ျဖစ္ပါတယ္။ ေျပာမိခ့ဲရင္ ေလွာင္သလိုျဖစ္ၿပီး သင့္အေပၚေလးစားမႈ ေလ်ာ့က်သြားႏိုင္ပါတယ္။
၆။ ေပါ့ေပါ့ပါးပါးပဲ ေျပာပါ။
နားေထာင္သူပရိသတ္ကို ပညာသားပါၿပီးေလးနက္တဲ့ အေၾကာင္းအရာေတြခ်ည္းပဲ ေျပာမေနသင့္ပါဘူး။ သူတို႔ေတြ ပ်င္းရိၿငီးေငြ႕သြားၿပီး စိတ္၀င္စာမႈ နည္းသြားပါလိမ့္မယ္။ ဒါ့ေၾကာင့္ နား၀င္ခ်ိဳၿပီး တိုေတာင္းတ့ဲ အခ်က္အလက္ေတြနဲ႔ ဥပမာေလးေတြသုံးၿပီး ေျပာေပးပါ။ သင့္အတြက္ သက္ေတာင့္သက္သာျဖစ္ေစသလို ပရိသတ္အတြက္လည္း မွတ္မိလြယ္ေစပါတယ္။
၇။ ရပ္နားပါ။
အသက္၀၀႐ႈသြင္းတာက သင့္ရဲ႕အာ႐ုံေၾကာေတြကို ေျပေလ်ာ့ေစပါတယ္။ ဒါ့ေၾကာင့္ အဓိကအခ်က္တစ္ခုေျပာၿပီးတိုင္မွာ ေခတၱခဏရက္နားၿပီး အသက္၀၀႐ႈသြင္းပါ။ ဒါ့အျပင္ ေခတၱရပ္နားျခင္းက သင့္ကိုယ္သင္ယုံၾကည္မႈရွိၿပီး ပ်ာယာခတ္မေနဘူးဆိုတာကို ေဖာ္ျပရာလည္းေရာက္ပါတယ္။
၈။ ဘာမွမေရာင္းပါနဲ႕။
အမ်ားေရွ႕စကားေျပာခ်ိန္မွာ တစ္ခုခုေရာင္းဖို႔ မႀကိဳးစားသင့္ပါဘူး။ ဒီလိုလုပ္တာဟာ ႐ိုင္းပ်ပါတယ္။ အမ်ားေရွ႕ထြက္တာဟာ အေၾကာင္းအရာတစ္ခုကို တင္ျပေျပာဆိုဖို႔ပဲျဖစ္ၿပီး အေရာင္းအ၀ယ္ကိစၥကို ေနာက္မွလုပ္ပါ။
၉။ ပရိသတ္ကို မေၾကာက္ပါနဲ႔။
လူမ်ားတာကို ေၾကာက္ေနဖို႔ မလိုပါဘူး။ တကယ္ေတာ့ လူေတြအမ်ားႀကီးေရွ႕မွာ စကားေျပာရတာက အုပ္စုဖြဲ႕စကားေျပာတာနဲ႔ အေျဃံအားျဖင့္ တူညီပါတယ္။ နည္းနည္းေလးကြဲျပားတာက သင္တစ္ေယာက္ထဲက ေျပာေနရတာျဖစ္ၿပီး အားလုံးက သင့္ကိုအာ႐ုံစိုက္ေနတာပဲ ျဖစ္ပါတယ္။
၁၀။ အမွားလုပ္မိမွာ မစိုးရိမ္ပါနဲ႔။
သင္အေနနဲ႔ အမ်ားေရွ႕မွာ ပထမဆုံးစကားစေျပာတ့ဲအခ်ိန္မွာ အမွားလုပ္မိမွာ ေတြးပူမေနသင့္ပါဘူး။ ဘယ္သူမွ စစခ်င္းမွာ အေတြ႔အႀကံဳရွိ ေဟာေျပာသူတစ္ေယာက္လို မေျပာႏိုင္ပါဘူး။ ကိုယ့္အမွားကို ကိုယ္တိုင္ပဲ သတိထားမိတတ္ၾကပါတယ္။ ဒီအမွားေတြကေနမွတဆင့္ ပညာယူၿပီး ပိုေကာင္းလာေအာင္ ႀကိဳးစားသင့္ပါတယ္။
အမ်ားေရွ႕မွာ စကားေျပာဆိုတင္ျပသူေကာင္းတစ္ေယာက္ျဖစ္ဖို႔ ညတြင္းခ်င္းေလ့က်င့္လို႔ ျဖစ္တာမဟုတ္ပါဘူး။ ဒါေပမယ့္ စိတ္အားထက္သန္မႈနဲ႔ ႀကိဳးစားရင္ ျဖစ္ႏိုင္ပါတယ္။
GM ရဲ့ တျခား လူမႈေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/social/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
အများရှေ့မှာ စကားပြောနိုင်ဖို့ ဆောင်ရန် ရှောင်ရန်များ
လူအများရှေ့မှာ စကားပြောဆိုရတာက သင့်ကိုချွေးစေးတွေပျံလာစေပါသလား။ ဒီလိုဖြစ်တာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူအများရှေ့မှာ စကားပြောဆိုရတာဟာ တော်တော်များများအတွက် စိတ်တုန်လှုပ်စရာတစ်ခုဖြစ်တယ်လို့လည်း လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။ တကယ်တော့ အများရှေ့မှာ အတွန့်အဆုတ်မရှိပဲ စကားပြောနိုင်စွမ်းက အလုပ်မှာအောင်မြင်ဖို့ အခြားသောအရည်အချင်းတွေထက် အရေးပါအရာရောက်ပါတယ်။ ဒါ့အပြင် သင့်ကိုလူသိများလာစေနိုင်တဲ့ အကြောင်းတစ်ခုလည်းဖြစ်သလို စီးပွားရေး လူမှုရေးဆိုင်ရာ အခွင့်အလမ်းတွေအများကြီးကို ပွင့်လင်းလာစေနိုင်ပါတယ်။ လူအများရှေ့ထွက်ပြီး စကားပြောရတာဟာ ခက်ခဲတယ်ဆိုပေမယ့် မဖြစ်မနေ ဖြည့်ဆည်းထားရမယ့် အရည်အချင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အခုဖော်ပြလိုက်တဲ့ အချက်တွေက သင့်ကိုလူအများရှေ့မှာ စကားပြောဖို့ အခက်အခဲမရှိအောင် ကူညီပေးနိုင်မှာပါ။
၁။ ကြိုတင်ပြင်ဆင်ပါ။
အားလုံးသိနှင့်ပြီးသားဖြစ်မှာပါ။ အချက်အလက်တွေစုဆောင်းဖို့ လေ့ကျင့်ဖို့ကို နောက်ဆုံးအချိန်ထိ စောင့်နေလို့မဖြစ်ပါဘူး။ ဘယ်လိုပရိသတ်မျိုးရှေ့မှာ ပြောဆိုရမှာလဲဆိုတာကို လေ့လာဖို့ အချိန်ယူရမှာဖြစ်သလို လိုအပ်တဲ့ မှတ်စုတွေကိုလည်း ကြိုတင်ဖတ်ရမှာ ဖြစ်ပါတယ်။
၂။ စိုးရိမ်ထိတ်လန့်မှုကို နားလည်ပါစေ။
မျက်လုံးပေါင်းများစွာက သင့်ကိုဝိုင်းကြည့်နေတာကို စိုးရိမ်ထိတ်လန့်နေတတ်တာဟာ သဘာဝပါပဲ။ ဒါပေမယ့် ဒီလိုအကြည့်ခံရတာကို စိုးရိမ်ထိတ်လန့်မှုတွေနဲ့ အားလုံးရှေ့ထွက်ပြီး စကားပြောမယ့်အစား ဒီမျက်လုံးတွေဟာ သင့်ဆီက တစ်ခုခု သင်ယူလိုစိတ်နဲ့ စောင့်ကြည့်နေကြတာဖြစ်တယ်လို့ တွေးထားလိုက်ပါ။
၃။ စိတ်ကိုလျှော့ထားပါ။
လူအများရှေ့ထွက်ပြီး ပြောဆိုတင်ပြမှုမလုပ်ခင်မှာ သူငယ်ချင်းတစ်ယောက်နဲ့ အလာပသလာပ ပြောတာမျိုး၊ ဟာသကားကြည့်တာမျိုးတွေလုပ်ပြီး စိတ်ကိုဖြေလျှော့ထားသင့်ပါတယ်။ စိတ်တင်းကျပ်မှုကို ပြေလျော့စေမယ့် ဘယ်အလုပ်မဆို လုပ်နိုင်ပါတယ်။ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းကတော့ သီချင်းနားထောင်တာပဲ ဖြစ်ပါတယ်။ သီချင်းနားထောင်တာက စိတ်ကိုပြေလျော့စေရုံသာမက စိတ်အားတက်ကြွမှုကိုပါ ဖြစ်စေနိုင်ပါတယ်။
၄။ သဘာဝကျပါစေ။
နားထောင်သူပရိသတ်ရဲ့ အာရုံစိုက်မှုကို ရရှိဖို့အတွက် သင့်ကိုယ်သင် မာန်သွင်းထားဖို့ မလိုပါဘူး။ အချင်းချင်းပုံမှန်ပြောဆိုဆက်ဆံကြသလို ပြောဆိုနိုင်မယ်ဆိုရင် ပရိသတ်နဲ့အသားကျကျဆက်သွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြောဆိုတင်ပြချိန်မှာ သင့်အကြောင်း ဖြစ်ရပ်မှန်လေးတွေ ထည့်ပြောပြီး ပရိစသတ်ကို သင်နဲ့တသားတည်းဖြစ်နေအောင် ကြိုးစားပါ။
၅။ ဟာသပြောပါ။
သင်ပြောတဲ့တချိန်လုံး ရီစရာတွေချည်းပဲ ပြောနေဖို့မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်နှလုံးရွှင်လန်းစေမယ့် ဟာသလေးတွေ တစ်ခုနှစ်ခုလောက်ထည့်ပြောတာက ပရိသတ်နဲ့ပိုပြီးနီးစပ်စေနိုင်သလို ခံစားမှုလည်း သက်ဝင်လာစေနိုင်ပါတယ်။ ဟာသပြောတဲ့အခါမှာ သတိပြုရမှာက ပရိသတ်ထဲက တစ်ယောက်ယောက်နဲ့ပတ်သက်ပြီး မပြောမိစေဖို့ပဲ ဖြစ်ပါတယ်။ ပြောမိခဲ့ရင် လှောင်သလိုဖြစ်ပြီး သင့်အပေါ်လေးစားမှု လျော့ကျသွားနိုင်ပါတယ်။
၆။ ပေါ့ပေါ့ပါးပါးပဲ ပြောပါ။
နားထောင်သူပရိသတ်ကို ပညာသားပါပြီးလေးနက်တဲ့ အကြောင်းအရာတွေချည်းပဲ ပြောမနေသင့်ပါဘူး။ သူတို့တွေ ပျင်းရိငြီးငွေ့သွားပြီး စိတ်ဝင်စာမှု နည်းသွားပါလိမ့်မယ်။ ဒါ့ကြောင့် နားဝင်ချိုပြီး တိုတောင်းတဲ့ အချက်အလက်တွေနဲ့ ဥပမာလေးတွေသုံးပြီး ပြောပေးပါ။ သင့်အတွက် သက်တောင့်သက်သာဖြစ်စေသလို ပရိသတ်အတွက်လည်း မှတ်မိလွယ်စေပါတယ်။
၇။ ရပ်နားပါ။
အသက်၀၀ရှုသွင်းတာက သင့်ရဲ့အာရုံကြောတွေကို ပြေလျော့စေပါတယ်။ ဒါ့ကြောင့် အဓိကအချက်တစ်ခုပြောပြီးတိုင်မှာ ခေတ္တခဏရက်နားပြီး အသက်၀၀ရှုသွင်းပါ။ ဒါ့အပြင် ခေတ္တရပ်နားခြင်းက သင့်ကိုယ်သင်ယုံကြည်မှုရှိပြီး ပျာယာခတ်မနေဘူးဆိုတာကို ဖော်ပြရာလည်းရောက်ပါတယ်။
၈။ ဘာမှမရောင်းပါနဲ့။
အများရှေ့စကားပြောချိန်မှာ တစ်ခုခုရောင်းဖို့ မကြိုးစားသင့်ပါဘူး။ ဒီလိုလုပ်တာဟာ ရိုင်းပျပါတယ်။ အများရှေ့ထွက်တာဟာ အကြောင်းအရာတစ်ခုကို တင်ပြပြောဆိုဖို့ပဲဖြစ်ပြီး အရောင်းအဝယ်ကိစ္စကို နောက်မှလုပ်ပါ။
၉။ ပရိသတ်ကို မကြောက်ပါနဲ့။
လူများတာကို ကြောက်နေဖို့ မလိုပါဘူး။ တကယ်တော့ လူတွေအများကြီးရှေ့မှာ စကားပြောရတာက အုပ်စုဖွဲ့စကားပြောတာနဲ့ အဃြေံအားဖြင့် တူညီပါတယ်။ နည်းနည်းလေးကွဲပြားတာက သင်တစ်ယောက်ထဲက ပြောနေရတာဖြစ်ပြီး အားလုံးက သင့်ကိုအာရုံစိုက်နေတာပဲ ဖြစ်ပါတယ်။
၁၀။ အမှားလုပ်မိမှာ မစိုးရိမ်ပါနဲ့။
သင်အနေနဲ့ အများရှေ့မှာ ပထမဆုံးစကားစပြောတဲ့အချိန်မှာ အမှားလုပ်မိမှာ တွေးပူမနေသင့်ပါဘူး။ ဘယ်သူမှ စစချင်းမှာ အတွေ့အကြုံရှိ ဟောပြောသူတစ်ယောက်လို မပြောနိုင်ပါဘူး။ ကိုယ့်အမှားကို ကိုယ်တိုင်ပဲ သတိထားမိတတ်ကြပါတယ်။ ဒီအမှားတွေကနေမှတဆင့် ပညာယူပြီး ပိုကောင်းလာအောင် ကြိုးစားသင့်ပါတယ်။
အများရှေ့မှာ စကားပြောဆိုတင်ပြသူကောင်းတစ်ယောက်ဖြစ်ဖို့ ညတွင်းချင်းလေ့ကျင့်လို့ ဖြစ်တာမဟုတ်ပါဘူး။ ဒါပေမယ့် စိတ်အားထက်သန်မှုနဲ့ ကြိုးစားရင် ဖြစ်နိုင်ပါတယ်။
GM ရဲ့ တခြား လူမှုရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/social/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================