Gold-Test

ကမာၻ႔အခ်မ္းသာဆံုးပုဂၢိဳဟ္တို႔၏ ေခၽြတာေရးနည္းလမ္းမ်ား

ေခၽြတာစုေဆာင္းၿပီး သူေဌးေလာင္းျဖစ္ဖို႔

ေငြေၾကး အရမ္းခ်မ္းသာလာတဲ့အခါ ဘာလုပ္မလဲေမးလိုက္ရင္ အမ်ားစုက ကားအေကာင္းစား၀ယ္စီးမယ္၊ အိမ္ေကာင္းေကာင္းမွာ ေနမယ္။ ဇိမ္ခံပစၥည္းေတြ၊ နာမည္ႀကီးတံဆိပ္ေတြ ၀ယ္သံုးပစ္လိုက္မယ္လို႔ ေျဖတတ္ၾကပါတယ္။ ဒါေပမယ့္ ကမာၻ႕အခ်မ္းသာဆံုးဆိုတဲ့ လူေတြကို ေလ့လာၾကည့္မယ္ဆိုရင္ သူတို႔ေတြက ဇိမ္ခံပစၥည္းေတြအတြက္ ေငြကို ပရမ္းပတာ သံုးစြဲေလ့မရွိတာကို ေတြ႕ရပါလိမ့္မယ္။ သူတို႔က ေငြကို စီစစ္ေခၽြတာၿပီး သံုးတတ္ၾကသူေတြျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကမာၻ႕အခ်မ္းသာဆံုးေတြရဲ႕ ေခၽြတာေရးနည္းလမ္း ()ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ သာမန္အိမ္တစ္လုံးသာ ၀ယ္ပါ။

Telmex ရဲ႕ CEO ျဖစ္သူ Carlos Slim Helu ဟာ ကမာၻ႕အခ်မ္းသာဆံုးစာရင္း၀င္ျဖစ္ေပမယ့္ သူငယ္စဥ္ကတည္းကေန ႏွစ္ေပါင္း(၃၀)ၾကာေအာင္ ေနထိုင္ခဲ့တဲ့ အိပ္ခန္း()ခုပါ အိမ္မွာပဲ ေနထိုင္ေနဆဲျဖစ္ပါတယ္။

၂။ ေစ်း၀ယ္တတ္ပါေစ။

လိုခ်င္တာေတြအတြက္ ေစ်း၀ယ္ထြက္တဲ့ေနရာေတြမွာ တန္ရာတန္ေၾကးထက္ ေစ်းႀကီးေပးၿပီး မ၀ယ္မိေအာင္ ဂရုစိုက္ပါ။

၃။ အသံုးအစြဲ ဆင္ျခင္ပါ။

သင့္ရဲ႕ေငြေၾကးကို ဘယ္အခ်ိန္မွာ ဘယ္လိုသံုးစြဲမယ္ဆိုတာကို ဆင္ျခင္သံုးသပ္ပါ။ စရိတ္မ်ားလြန္းတဲ့ ေစ်း၀ယ္ထြက္တာေတြ၊ အကုန္အက်မ်ားလြန္းတဲ့ ခရီးစဥ္ေတြအတြက္ မသံုးပါနဲ႔။ လိုအပ္တာေတြအတြက္ကိုပဲ အာ႐ုံစိုက္ၿပီး စနစ္တက်သံုးစြဲပါ။ လိုခ်င္တာေတြ မ၀ယ္ရဘူးလို႔ ဆိုလိုတာမဟုတ္ပါဘူး။ လိုခ်င္တာထက္ လိုအပ္တာကိုပဲ ဦးစားေပးဖို႔ ဆိုလိုပါတယ္။

၄။ ေကာ္ဖီ၊ လက္ဘက္ရည္ဖိုးအတြက္ ႏွစ္ခါျပန္စဥ္းစားပါ။

ေကာ္ဖီ၊ လက္ဘက္ရည္ေသာက္တာေလာက္ကို ေခၽြတာ႐ုံနဲ႔ ဘာမွမေျပာပေလာက္ဘူးလို႔ ထင္မွတ္စရာပါပဲ။ ဒါေပမယ့္ တစ္ေန႔ကို လက္ဘက္ရည္ ရွယ္တစ္ခြက္ေသာက္မယ္ဆိုရင္ တစ္လဆုိရင္ (၁၅၀၀၀)က်မွာ ျဖစ္ပါတယ္။ နယူးေယာက္ၿမိဳ႕ေတာ္၀န္ Bloomberg ဆိုရင္ ေကာ္ဖီကို တကယ္ေသာက္ခ်င္လာတဲ့ အခ်ိန္က်မွ ၀ယ္ေသာက္ေလ့ရွိသူျဖစ္ပါတယ္။

၅။ ႐ုိးရိုးတန္းက စီးပါ။

လုပ္ငန္းလုိအပ္ခ်က္ေၾကာင့္ ေလယာဥ္စီးၿပီး ခရီးသြားရမယ္ဆိုရင္ Economy class ကေနပဲ စီးပါ။ IKEA လုပ္ငန္းစုတည္ေထာင္သူ Ingvar Kamprad ေတာင္မွ Economy class ကေန စီးႏိုင္ရင္ သင္ကေရာ ဘာေၾကာင့္မရႏိုင္ရမွာလဲ။

plus-4

၆။ ကားတစ္မ်ိဳးတည္းသာ စီးပါ။

ကမာၻ႔အခ်မ္းသာဆံုးစာရင္းမွာ ပါ၀င္တဲ့ Jim C.Walton, Azin Premji, Steve Balmer နဲ႔ Ingvar Kamprad တို႔အားလံုးဟာ ေဒၚလာ(၂၀၀၀၀)ေအာက္ တန္ေၾကးရွိတဲ့ ကားေတြကိုပဲ စီးၾကပါတယ္။ တန္ဖိုးႀကီးကားကို သံုးမယ္ဆိုရင္ တစ္ႏွစ္အတြင္း ျပဳျပင္ထိန္းသိမ္းစရိတ္ကလည္း နည္းမွာမဟုတ္ပါဘူး။

၇။ အေၾကြးကင္းေအာင္ ေနပါ။

ဒီအခ်က္ကေတာ့ လိုက္နာဖို႔ ခက္ခဲႏိုင္ပါတယ္။ အထူးသျဖင့္ လုပ္ငန္းသစ္တစ္ခုကို စတင္တည္ေထာင္ရာမွာ ရင္းႏွီးျမဳပ္ႏွံဖို႔အတြက္ ယူထားတဲ့ေခ်းေငြေတြကို ျပန္ဆပ္ဖို႔က စိတ္ဖိစီးမႈေတြျဖစ္ေစႏိုင္ၿပီး အေရးတႀကီး ေဆာင္ရြက္ရမွာေတြကို အာရုံစိုက္ႏိုင္ဖို႔ ခက္ခဲသြားတတ္ပါတယ္။

၈။ နည္းနည္းနဲ႔ ေက်နပ္ေပ်ာ္ရႊင္ႏိုင္ပါေစ။

လိုတာထက္ပိုမသံုးပဲ အနည္းအက်ဥ္းေလာက္နဲ႔ ေက်နပ္ႏိုင္ဖို႔ လိုပါတယ္။ ေငြရတိုင္းမသံုးမိေအာင္ ထိန္းႏိုင္မယ္ဆိုရင္ သင့္ပိုင္ဆိုင္မႈက တိုးပြားလာမွာျဖစ္ပါတယ္။ Google ရဲ႕တည္ေထာင္သူတစ္ဦးျဖစ္တဲ့ Sergey Brin က ပိုင္ဆိုင္မႈေတြအမ်ားႀကီးမရွိေပမယ့္ ေပ်ာ္ရႊင္ေက်နပ္တတ္ေအာင္ ပ်ိဳးေထာင္ေပးခံခဲ့ရတယ္လို႔ ေျပာခဲ့ဖူးပါတယ္။ အခုလက္ရွိသူရဲ႕ သိပ္မမ်ားဘူးဆိုတဲ့ ပိုင္ဆိုင္မႈက ေဒၚလာ (၂၂.)ဘီလီယံရွိပါတယ္။

၉။ ၀င္ေငြထက္ သံုးေငြ ပိုမမ်ားပါေစနဲ႔။

တစ္လကို အသားတင္()သိန္းရတိုင္း အကုန္သံုးပစ္လိုက္လို႔ မရပါဘူး။ ညတိုင္း အျပင္ထြက္စားတာ၊ အ၀တ္အစား ဒီဇိုင္းသစ္ထြက္တိုင္း ၀ယ္တာ စသျဖင့္ မလိုအပ္တာေတြအတြက္ ေလွ်ာက္မသံုးမိပါေစနဲ႔။ ေငြရွာဖို႔အတြက္ပဲ ေငြကို ျပန္သံုးသင့္ပါတယ္။

GM ရဲ့ တျခား စီးပြားေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ https://mmgentleman.com/category/money/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုဟ်တို့၏ ချွေတာရေးနည်းလမ်းများ

ချွေတာစုဆောင်းပြီး သူဌေးလောင်းဖြစ်ဖို့

ငွေကြေး အရမ်းချမ်းသာလာတဲ့အခါ ဘာလုပ်မလဲမေးလိုက်ရင် အများစုက ကားအကောင်းစားဝယ်စီးမယ်၊ အိမ်ကောင်းကောင်းမှာ နေမယ်။ ဇိမ်ခံပစ္စည်းတွေ၊ နာမည်ကြီးတံဆိပ်တွေ ဝယ်သုံးပစ်လိုက်မယ်လို့ ဖြေတတ်ကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ လူတွေကို လေ့လာကြည့်မယ်ဆိုရင် သူတို့တွေက ဇိမ်ခံပစ္စည်းတွေအတွက် ငွေကို ပရမ်းပတာ သုံးစွဲလေ့မရှိတာကို တွေ့ရပါလိမ့်မယ်။ သူတို့က ငွေကို စီစစ်ချွေတာပြီး သုံးတတ်ကြသူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့အချမ်းသာဆုံးတွေရဲ့ ချွေတာရေးနည်းလမ်း (၉)ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သာမန်အိမ်တစ်လုံးသာ ဝယ်ပါ။

Telmex ရဲ့ CEO ဖြစ်သူ Carlos Slim Helu ဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်ဖြစ်ပေမယ့် သူငယ်စဉ်ကတည်းကနေ နှစ်ပေါင်း(၃၀)ကြာအောင် နေထိုင်ခဲ့တဲ့ အိပ်ခန်း(၆)ခုပါ အိမ်မှာပဲ နေထိုင်နေဆဲဖြစ်ပါတယ်။

၂။ ဈေးဝယ်တတ်ပါစေ။

လိုချင်တာတွေအတွက် ဈေးဝယ်ထွက်တဲ့နေရာတွေမှာ တန်ရာတန်ကြေးထက် ဈေးကြီးပေးပြီး မဝယ်မိအောင် ဂရုစိုက်ပါ။

၃။ အသုံးအစွဲ ဆင်ခြင်ပါ။

သင့်ရဲ့ငွေကြေးကို ဘယ်အချိန်မှာ ဘယ်လိုသုံးစွဲမယ်ဆိုတာကို ဆင်ခြင်သုံးသပ်ပါ။ စရိတ်များလွန်းတဲ့ ဈေးဝယ်ထွက်တာတွေ၊ အကုန်အကျများလွန်းတဲ့ ခရီးစဉ်တွေအတွက် မသုံးပါနဲ့။ လိုအပ်တာတွေအတွက်ကိုပဲ အာရုံစိုက်ပြီး စနစ်တကျသုံးစွဲပါ။ လိုချင်တာတွေ မဝယ်ရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ လိုချင်တာထက် လိုအပ်တာကိုပဲ ဦးစားပေးဖို့ ဆိုလိုပါတယ်။

၄။ ကော်ဖီ၊ လက်ဘက်ရည်ဖိုးအတွက် နှစ်ခါပြန်စဉ်းစားပါ။

ကော်ဖီ၊ လက်ဘက်ရည်သောက်တာလောက်ကို ချွေတာရုံနဲ့ ဘာမှမပြောပလောက်ဘူးလို့ ထင်မှတ်စရာပါပဲ။ ဒါပေမယ့် တစ်နေ့ကို လက်ဘက်ရည် ရှယ်တစ်ခွက်သောက်မယ်ဆိုရင် တစ်လဆိုရင် (၁၅၀၀၀)ကျမှာ ဖြစ်ပါတယ်။ နယူးယောက်မြို့တော်ဝန် Bloomberg ဆိုရင် ကော်ဖီကို တကယ်သောက်ချင်လာတဲ့ အချိန်ကျမှ ဝယ်သောက်လေ့ရှိသူဖြစ်ပါတယ်။

၅။ ရိုးရိုးတန်းက စီးပါ။

လုပ်ငန်းလိုအပ်ချက်ကြောင့် လေယာဉ်စီးပြီး ခရီးသွားရမယ်ဆိုရင် Economy class ကနေပဲ စီးပါ။ IKEA လုပ်ငန်းစုတည်ထောင်သူ Ingvar Kamprad တောင်မှ Economy class ကနေ စီးနိုင်ရင် သင်ကရော ဘာကြောင့်မရနိုင်ရမှာလဲ။

၆။ ကားတစ်မျိုးတည်းသာ စီးပါ။

ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ပါဝင်တဲ့ Jim C.Walton, Azin Premji, Steve Balmer နဲ့ Ingvar Kamprad တို့အားလုံးဟာ ဒေါ်လာ(၂၀၀၀၀)အောက် တန်ကြေးရှိတဲ့ ကားတွေကိုပဲ စီးကြပါတယ်။ တန်ဖိုးကြီးကားကို သုံးမယ်ဆိုရင် တစ်နှစ်အတွင်း ပြုပြင်ထိန်းသိမ်းစရိတ်ကလည်း နည်းမှာမဟုတ်ပါဘူး။

၇။ အကြွေးကင်းအောင် နေပါ။

ဒီအချက်ကတော့ လိုက်နာဖို့ ခက်ခဲနိုင်ပါတယ်။ အထူးသဖြင့် လုပ်ငန်းသစ်တစ်ခုကို စတင်တည်ထောင်ရာမှာ ရင်းနှီးမြုပ်နှံဖို့အတွက် ယူထားတဲ့ချေးငွေတွေကို ပြန်ဆပ်ဖို့က စိတ်ဖိစီးမှုတွေဖြစ်စေနိုင်ပြီး အရေးတကြီး ဆောင်ရွက်ရမှာတွေကို အာရုံစိုက်နိုင်ဖို့ ခက်ခဲသွားတတ်ပါတယ်။

၈။ နည်းနည်းနဲ့ ကျေနပ်ပျော်ရွှင်နိုင်ပါစေ။

လိုတာထက်ပိုမသုံးပဲ အနည်းအကျဉ်းလောက်နဲ့ ကျေနပ်နိုင်ဖို့ လိုပါတယ်။ ငွေရတိုင်းမသုံးမိအောင် ထိန်းနိုင်မယ်ဆိုရင် သင့်ပိုင်ဆိုင်မှုက တိုးပွားလာမှာဖြစ်ပါတယ်။ Google ရဲ့တည်ထောင်သူတစ်ဦးဖြစ်တဲ့ Sergey Brin က ပိုင်ဆိုင်မှုတွေအများကြီးမရှိပေမယ့် ပျော်ရွှင်ကျေနပ်တတ်အောင် ပျိုးထောင်ပေးခံခဲ့ရတယ်လို့ ပြောခဲ့ဖူးပါတယ်။ အခုလက်ရှိသူရဲ့ သိပ်မများဘူးဆိုတဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ (၂၂.၈)ဘီလီယံရှိပါတယ်။

၉။ ဝင်ငွေထက် သုံးငွေ ပိုမများပါစေနဲ့။

တစ်လကို အသားတင်(၅)သိန်းရတိုင်း အကုန်သုံးပစ်လိုက်လို့ မရပါဘူး။ ညတိုင်း အပြင်ထွက်စားတာ၊ အဝတ်အစား ဒီဇိုင်းသစ်ထွက်တိုင်း ဝယ်တာ စသဖြင့် မလိုအပ်တာတွေအတွက် လျှောက်မသုံးမိပါစေနဲ့။ ငွေရှာဖို့အတွက်ပဲ ငွေကို ပြန်သုံးသင့်ပါတယ်။
GM ရဲ့ တခြား စီးပွားရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် https://mmgentleman.com/category/money/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================