Gold-Test

ခံစားမှုတွေ ပိုကောင်းစေမယ့် ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး

သင်က ကြံ့ခိုင်သန်မာသူတစ်ယောက် ဖြစ်တယ်ဆိုပါစို့။ ကောင်မလေးနဲ့ ချစ်တင်းနှောတဲ့အခါမှာ သူမကြိုက်မယ်လို့ ယူဆရတဲ့ ခပ်ပြင်းပြင်းနဲ့ မြန်မြန်လုပ်ပေးနိုင်မှာပါ။ ဒါပေမယ့် တကယ့်ပြဿနာက မိန်းကလေးတွေက ခပ်ပြင်းပြင်းမြန်မြန်လုပ်တာကို ထင်သလောက် သဘောမကျတတ်တာပဲဖြစ်ပါတယ်။ သေချာလေ့လာကြည့်မယ်ဆိုရင် အမျိုးသမီးတွေဟာ ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးတွေကို ပိုပြီးနှစ်ခြိုက်တတ်ကြတယ်ဆိုတာကို သိလာမှာပါ။

ဖြည်းဖြည်းငြိမ့်ငြိမ့်လေးတွေကို ဘာကြောင့် ကြိုက်တာလဲ ?

မိန်းကလေးတွေ သူတို့ပစ္စည်းမှာ စိုစွတ်လာပြီဆိုတာနဲ့ ကိစ္စပြီးခါနီးလုပြီလို့ မထင်လိုက်ပါနဲ့။ တကယ်တမ်းက သူမကိစ္စပြီးမယ်လို့ ယူဆရတဲ့အချိန်ရဲ့ နှစ်ဆပိုကြာတတ်ပါတယ်။ သူမကိစ္စပြီးခါနီးပြီဆိုရင် သိသာပါလိမ့်မယ်။ သူတို့ကို အချိန်ကြာကြာလုပ်ပေးနိုင်လေလေ၊ ဖြည်းဖြည်းမှန်မှန်လေးလုပ်ပေးနိုင်လေလေ ကိစ္စပြီးနိုင်ချေ ပိုများလေပဲဖြစ်ပါတယ်။

အလုပ်များတဲ့နေတွေမှာ ချစ်တင်းနှောတဲ့ကိစ္စကို မြန်မြန်သွက်သွက်လုပ်တာ မှန်ပေမယ့် သေချာပြုစုပေးသင့်တဲ့ အချိန်မှာတော့ သေချာပြုစုပေးရမှာဖြစ်ပါတယ်။ သင်စွမ်းဆောင်ပေးနိုင်သမျှ သာယာမှုတွေအားလုံးကို သူမ လိုအပ်ပါလိမ့်မယ်။

https://www.facebook.com/moenetmin

ဖြည်းဖြည်းမှန်မှန်လုပ်ခြင်းက ဘာကြောင့် ပိုသင့်တော်တာလဲ ?

အမျိုးသားတွေမှာ လိင်ဆက်ဆံပြီးနောက် အင်အားပြန်ပြည့်ဖို့ အချိန်က အမျိုးသမီးတွေထက် ပိုကြာတတ်ပါတယ်။ ဒါ့အပြင် မြန်မြန်လုပ်တဲ့အခါမှာ သင့်ရဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခွင့် နည်းပါတယ်။

လိင်ဆက်ဆံတာဟာ အကိုက်အခဲပျောက်ဆေးထက် ပိုအစွမ်းထက်ပါတယ်။ လိင်ဆက်ဆံတဲ့အခါမှာ ခန္ဓာကိုယ်က နျူရိုပက်တိုက်ဒ်လို့ခေါ်တဲ့ နာကျင်မှုတွေကို သက်သာပျောက်ကင်းစေတဲ့ ဓာတ်ပေါင်းတွေ ထုတ်လွှတ်ပေးပါတယ်။

ကိစ္စပြီးချိန်မှာ ခံစားမှုပိုကောင်းစေပါတယ်။ ချစ်တင်းနှောတဲ့အချိန်မှာ ဖြည်းဖြည်းမှန်မှန်လှုပ်ရှားတာက ကိစ္စပြီးမလို ခံစားမှုကို ခဏခဏဖြစ်ပေါ်စေပြီး တကယ်ပြီးတဲ့အချိန်မှာ အကောင်းဆုံးခံစားမှုကို ရရှိစေပါတယ်။

ဖြည်းဖြည်းငြိမ့်ငြိမ့်လေးနဲ့ အချိန်ကြာကြာ ဆက်ဆံနိုင်ဖို့ ဘာတွေလိုမလဲ ?

လေ့ကျင့်ခန်းလုပ်ပါ။

ကြံ့ခိုင်တောင့်တင်းတဲ့ကြွက်သားရှိမယ်ဆိုရင် ကိစ္စပြီးချိန်ကို ထိန်းချုပ်နိုင်မှာဖြစ်ပြီး လိင်ဆက်ဆံချိန်ကိုလည်း ကြာကြာစွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ သုက်လွှတ်တာကို ထိန်းနိုင်ဖို့အတွက် ဆီးသွားတဲ့အခါ ညှစ်လေ့ရှိတဲ့အတိုင်း ညှစ်ပြီး()စက္ကန့်လောက် ထိန်းထားပါ၊ ပြီးရင် ပြန်လျှော့လိုက်ပါ။ တစ်နေ့ကို အကြိမ် (၂၀)ကနေ (၆၀)လောက်အထိ လေ့ကျင့်ပေးပါ။

ဖြည်းဖြည်းမှန်မှန် အသက်ရှုပါ။

အချိန်ကြာကြာလိင်ဆက်ဆံချင်တယ်ဆိုရင် သုက်လွှတ်ခါနီးအချိန်ရောက်လာတာနဲ့ အသက်ကို ဖြည်းဖြည်းမှန်မှန်ရှုတတ်ဖို့ လိုပါတယ်။ အသက် ရှုသွင်းရှုထုတ်တာကို အာရုံစိုက်ထိန်းထားခြင်းဖြင့် အဆင်သင့်မဖြစ်ခင် ကိစ္စပြီးသွားမှာကို ရှောင်ရှားနိုင်မှာပါ။

အသွင်းအထုတ်ကို ဂရုစိုက်ပါ။

အမျိုးသမီးတွေမှာ G-spot  တစ်ခုတည်းသာရှိပေမယ့် အမျိုးသားတွေမှာ နှစ်ခုရှိတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ခုက ဆီးကျိတ်နားမှာဖြစ်ပြီး နောက်တစ်ခုက လိင်တံထိပ်ပိုင်း ခေါင်းနားလေးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အသွင်းအထုတ်ကို အဆုံးထိသွင်းလိုက်၊ ထိပ်ပိုင်းလေးတင်ပဲ သွင်းလိုက်နဲ့ အလှည့်ကျလုပ်ပေးသင့်ပါတယ်။ အချိန်ကြာကြာထိန်းထားနိုင်မှာဖြစ်သလို သူမကိုလည်း ပိုပြီးစိတ်လှုပ်ရှားစေနိုင်ပါတယ်။

 

GM ရဲ့ တခြား အချစ်ရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် https://mmgentleman.com/category/love/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

—————————————————————————- 

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့ 

© Gentleman Magazine 🄶🄼

Thorn Htet

==============================================