ငြင်းခုံခြင်းကနေ သဘောမတူခြင်း၊ သဘောမတူခြင်းကနေ ရင့်ကျက်တဲ့ စုံတွဲဘဝဆီသို့
သင့်ချစ်သူနဲ့ ငြင်းတာခုံတာ မကြာခဏ ဆိုသလို ဖြစ်ဖူးမှာပါ။ စုံတွဲတွေကြားထဲမှာ ငြင်းခုံတာကို ရှောင်လွှဲလို့ မရနိုင်ပဲ အဝတ်လျှော်တာလိုမျိုး အသေးအဖွဲကိစ္စလေးက စပြီး ငွေရေးကြေးရေး ကိစ္စကြီးတွေ အထိ သင်တို့နှစ်ယောက် အမြင်မတူကြတဲ့ နေရာတွေ ရှိလာပါလိမ့်မယ်။ တကယ်တော့ ငြင်းခုံတာဟာ ပြသနာချည်းပဲ မဟုတ်ပါဘူး။
ငြင်းခုံခြင်းကို လူတော်တော်များများက ချစ်ဇာတ်လမ်းတွေအတွက် မကောင်းတဲ့ အရာတစ်ခုအနေနဲ့ မြင်ကြပါတယ်။ ကျွန်တော်ကတော့ သင်နဲ့ သင့်ချစ်သူ ကြားက အငြင်းအခုန် အားလုံးကို ကောင်းကျိုးရှိအောင်လဲ အသုံးချနိုင်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အရင်ဆုံး ငြင်းခုံခြင်းကို ကောင်းကျိုးရှိအောင် ဘယ်လို အမြင်နဲ့ ကြည့်ရမလဲဆိုတာ သိဖို့ လိုပါတယ်။ အောက်မှာ ငြင်းခုံခြင်းကနေ သဘောမတူခြင်း၊ သဘောမတူခြင်းကနေ စုံတွဲဘဝ ပိုရင့်ကျက်လာအောင် ကျွန်တော် ဆောင်ရွက်ခဲ့တဲ့ နည်းလမ်းတွေကို ရေးပြထားပါတယ်။
အိပ်မက်နတ်သမီးလို မိန်းကလေးကို ထာဝရလက်တွဲနိုင်ဖို့
၁. ငြင်းခုံခြင်းကနေ သဘောမတူခြင်း
ငြင်းခုံတယ်ဆိုတဲ့ စကားဟာ နှစ်ယောက်ထဲက တစ်ယောက်ပဲ မှန်တယ်လို့ အဓိပ္ပါယ် ရှိပါတယ်။ သဘောမတူတာကတော့ နှစ်ယောက်စလုံး မှန်နေနိုင်ပါတယ်။ ငြင်းခုံခြင်းကနေ သဘောမတူခြင်း အဖြစ် ပြောင်းလဲနိုင်ဖို့ အရင်ဆုံး သင့်ရဲ့ အရာရာ ငါမှန်တယ်ထင်တဲ့ စိတ်ကို ပြင်ရပါမယ်။ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာကို အလေးမထားပဲ အခြားသူရဲ့ အမြင်ဘက်ကနေ ကြည့်တတ်ရပါမယ်။ ပြီးရင် နှစ်ဘက်စလုံး အဆင်ပြေမယ့် အကောင်းမြင်အဖြေတစ်ခုကို ထုတ်ရပါမယ်။
၂. သဘောမတူခြင်းကနေ ရင့်ကျက်ခြင်း
သင့်ချစ်ဇာတ်လမ်းမှာ ကြုံလာသမျှ ပြသနာတွေအားလုံးမှာ သူမနဲ့ သဘောတူနေဖို့ မလိုပါဘူး။ သင့်မှာ သဘောထားကွဲလွဲခွင့် ရှိပါတယ်။ ဒါပေမယ့် သဘောကွဲလွဲတဲ့အခါတိုင်းမှာ ကိုယ်သာအမှန်လို့ စဉ်းစားနေရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော် ကျွန်တော့်ချစ်သူနဲ့ သဘောထား ကွဲလွဲရင် အောက်ပါ မေးခွန်းလေးခုကို ကိုယ့်ဘာသာ ပြန်မေးကြည့်ပါတယ်။
– ဘယ်ကိစ္စကြောင့် သဘောထား ကွဲလွဲနေရတာလဲ??
– ဘယ်လို ဖြေရှင်းမလဲ??
– ဒီ သဘောထားကွဲလွဲမှု ရန်မဖြစ်ပဲ အေးအေးဆေးဆေး ပြီးသွားအောင် ဘာလုပ်မလဲ??
– ဒီ သဘောထားကွဲလွဲမှုကနေ ငါတို့နှစ်ယောက်လုံး ဘယ်လို ရင့်ကျက်လာနိုင်မလဲ?? ခုအချိန်ကို တန်ဖိုးရှိသွားအောင် ငါ ဘာလုပ်ရမလဲ??
သဘောထားကွဲလွဲချိန်မှာ ဒီမေးခွန်းတွေကို အဖြေရှာကြည့်တာဟာ ရလဒ် ကောင်းစေပြီး ကျွန်တော်တို့နှစ်ယောက်စလုံးကို ပိုရင့်ကျက်စေပါတယ်။
သဘောထားကွဲလွဲမှု တစ်ခုကို အကျိုးဘက်က အသုံးချနိုင်သလို သင့် ချစ်ဇာတ်လမ်းကို နှောင့်ယှက်မယ့် အိပ်မက်ဆိုးတစ်ခုအဖြစ်လဲ ပြောင်းလဲပစ်နိုင်ပါတယ်။ ပြောင်းလဲဖို့ ခလုတ်က သင့်လက်ထဲမှာပါ။ သင့်ရဲ့ စိတ်ကို ငြိမ်အောင်၊ အေးအောင်ထားပြီး သဘောထားကွဲလွဲမှုကို အကောင်းအမြင်နဲ့ ကြည့်တတ်ရင် သင့်ရဲ့ ချစ်ဇာတ်လမ်းလေးဟာ သင် ဖြစ်စေချင်တဲ့ ပုံစံအတိုင်း ပြောင်းလဲသွားမှာပါ။
GM ရဲ့ တခြား အချစ်ရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/love/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================