Gold-Test

ရှောင်ရှားသင့်တဲ့ အနေထိုင်အပြုအမူများ

ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀မှာ ခန္ဓာဗေဒဘာသာစကားက အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သူစိမ်းတစ်ယောက်နဲ့ တွေ့ဆုံစကားပြောရာကနေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အစည်းအဝေးထိုင်တဲ့နေရာအထိ ကျွန်တော်တို့ရဲ့ ကိုယ်ဟန်အနေအထား  ပေါ်မူတည်ပြီး ကျွန်တော်တို့ ဘယ်လိုလူမျိုးလဲဆိုတာက ပေါ်လွင်နေတတ်ပါတယ်။ မိမိကိုယ်ကိုယုံကြည်မှုရှိပြီး အောင်မြင်နေသူတွေကတော့ ခန္ဓာဗေဒဘာသာစကားကို စဉ်းစားနေစရာမလိုလောက်အောင် ကျွမ်းကျင်ပြီးသားဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် လူအများရဲ့ ချစ်ခင်လေးစားမှုကို ရရှိပြီး ထင်ရှားပေါ်လွင်သူတစ်ယောက်ဖြစ်စေဖို့ ရှောင်ရှားသင့်တဲ့ ခန္ဓာဗေဒအမူအယာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ မျက်လုံးချင်း မဆုံရဲခြင်း

မျက်လုံးအကြည့်ချင်း မဆုံရဲခြင်းဟာ တစ်ခုခုကို ဖုံးကွယ်ထားသလို ဖြစ်စေပြီး၊ မိမိကိုယ်ကိုယုံကြည်မှုနဲ့ စိတ်ဝင်စားမှု ကင်းမဲ့တဲ့ လက္ခဏာဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ တွေ့ဆုံပြောဆိုမှုတွေ လုပ်ဆောင်ကြရတဲ့အခါမှာ မျက်လုံးအကြည့်တွေက အရမ်းကိုအရေးကြီးပါတယ်။ မျက်လုံးအကြည့်ကနေတဆင့် ယုံကြည်မှုရှိခြင်း၊ ခေါင်းဆောင်နိုင်ခြင်း၊ ခွန်အားပြည့်ဝခြင်း စတာတွေကို ဖော်ပြနိုင်ပါတယ်။

၂။ လျော့တိလျော့ရဲ လက်ဆွဲနှုတ်ဆက်ခြင်း

လူတစ်ယောက်နဲ့ တစ်ယောက်လက်ဆွဲနှုတ်ဆက်တာဟာ စက္ကန့်ပိုင်းလောက်ပဲ ကြာတယ်ဆိုပေမယ့် ဖြစ်သလိုလုပ်မယ်ဆိုရင် တစ်ဖက်သူရဲ့အထင်အမြင်သေးခြင်းကို ခံရနိုင်ပါတယ်။ လေ့လာမှုတွေအရ လက်ဆွဲနှုတ်ဆက်ရာမှာ မြဲမြဲမြံမြံကိုင်ပြီး နှုတ်ဆက်တတ်သူတွေကို အများက ပိုပြီးမှတ်မိနေတတ်သလို ယုံကြည်ကိုးစားတတ်ကြတယ်လို့ ဆိုပါတယ်။

၃။ ခါးကိုင်း လက်ပြင်ကုန်းထားခြင်း

ခါးကို ကိုင်းညွတ်ပြီး လျော့တိလျော့ရဲနဲ့ မာန်မပါတဲ့ ကိုယ်နေဟန်ဟာ ယုံကြည်မှုနဲ့ အင်အား ဆုတ်ယုတ်ကုန်ခမ်းနေတဲ့ ပုံစံဖြစ်ပါတယ်။ ဒါ့အပြင် ခါးကိုင်းပြီး လက်ပြင်ကုန်းနေတာဟာ သင့်ကိုယ်သင်လည်း သိမ်ငယ်နေသလို ခံစားရစေမှာဖြစ်ပါတယ်။

၎။ လက်ပိုက်ထားခြင်း

လက်ပိုက်ထားတာဟာ တဖက်သူပြောသမျှကို လက်မခံဘူးဆိုတဲ့ သဘောသက်ရောက်ပါတယ်။ အခြေအနေပေါ်မူတည်ပြီးတော့ အတိုက်အခံလုပ်တဲ့အနေနဲ့တော့ သုံးလို့ရပါတယ်။ ဒါပေမယ့် သင့်ကို ပွင့်လင်းပြီး စိတ်ဝင်စားစရာကောင်းသူတစ်ယောက်အနေနဲ့ မြင်စေချင်တယ်ဆိုရင်တော့ လက်နှစ်ဘက်ကို ဘေးချထားတာအကောင်းဆုံးပါပဲ။

၅။ လက်ဟန်တွေ ရှုပ်ထွေးလွန်းခြင်း

လိုတာထက်ပိုပြီး လက်ဟန်ခြေဟန်တွေ အသုံးပြုမယ်ဆိုရင်လည်း ပရမ်းပတာဖြစ်နေသလို သဘောသက်ရောက်ပြီး ဟန်လုပ်နေသလို ဖြစ်စေပါတယ်။ ဒါ့ကြောင့် လက်ဟန်အနေအထားကို လိုအပ်သလောက်ပဲ ထိန်းချုပ်ပြီး အသုံးပြုတတ်မှာသာ ခေါင်းဆောင်မှုစွမ်းရည်ပြည့်ဝပြီး ယုံကြည်မှုရှိကြောင်းကို ပေါ်လွင်စေမှာဖြစ်ပါတယ်။

plus-4

၆။ ဂနာမငြိမ်ခြင်း

ခေါင်းကဆံပင်ကို လက်နဲ့ဆော့နေတာ၊ နှုတ်ခမ်းကိုက်နေတာ၊ စားပွဲကို လက်ချောင်းတွေနဲ့ ခေါက်နေတာတွေဟာ ဂနာမငြိမ်တဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ သင်ဟာ စိုးရိမ်သောကများပြီး တစ်ဖက်သားကို စိတ်မ၀င်စားရာရောက်ပါတယ်။ ဒါ့ကြောင့် စိတ်အားထက်သန်မှုနဲ့ ယုံကြည်မှုရှိကြောင်း ဖော်ပြချင်ရင် ဒီလိုဂနာမငြိမ်ဖြစ်နေတာကို ရှောင်ရမှာဖြစ်ပါတယ်။

၇။ တဖက်သားအတွက် နေရာကိုမသိတတ်ခြင်း

တစ်ယောက်နဲ့ အရမ်းကိုနီးနီးကပ်ကပ် (တစ်ပေခွဲထက်ပိုပြီး) ရပ်နေမယ်ဆိုရင် သင်ဟာ တစ်ဖက်သားအတွက် နေရာကို နယ်ချဲ့လိုက်သလိုဖြစ်ပြီး တစ်ဖက်သူကို အနေကျုံသွားစေပါတယ်။ ခန့်မှန်းခြေ ()ပေကနေ ()ပေလောက်အကွာအဝေးမှာ နေပြီး စကားပြောဆိုတာက အကောင်းဆုံးဖြစ်ပါတယ်။

၈။ မပြုံးတတ်ခြင်း

ပြုံးပြတတ်ခြင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်း၊ ရိုးသားပွင့်လင်မှုရှိခြင်းနဲ့ ခွန်အားပြည့်ဝခြင်းတို့ကို ဖော်ညွှန်းပါတယ်။ အထူးသဖြင့် အပြုံးဟာ မှန်လိုပဲ ရောင်ပြန်ဟပ်တတ်ပါတယ်။ သင်ကပြုံးပြနေတာနဲ့ တဖက်လူကလည်း အလိုလိုပြန်ပြုံးပြလာမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်နေပါစေ၊ လုံးဝမပြုံးတာနဲ့စာရင် မရဲတရဲပြုံးပြတာမျိုးက အဆင်ပြေပါတယ်။ ဒါပေမယ့် လွန်လွန်ကဲကဲပြုံးနေလို့လည်း မဖြစ်ဘူးဆိုတာ သတိထားပါ။

 Go To Home

GM ရဲ့ တခြား ဖက်ရှင်နှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် https://mmgentleman.com/category/style/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

—————————————————————————- 

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့ 

© Gentleman Magazine 🄶🄼

Thorn Htet

==============================================