ကမၻာကို ေျပာင္းလဲပစ္ႏိုင္မယ့္ တီထြင္မႈ ေျခာက္ခု
BBC ရဲ႕ စက္တင္ဘာလထုတ္ Science Focus မဂၢဇင္းမွာ ဟိုက္ဒ႐ုိဂ်င္ေလာင္စားသံုးကားေတြက စၿပီး မီးကို အသံနဲ႔ ျငႇိမ္းသတ္တဲ့ နည္းပညာအထိ ထူးျခားဆန္းၾကယ္တဲ့ တီထြင္မႈ အိုင္ဒီယာ ၃၉ ခုကို ေဖာ္ျပခဲ့ပါတယ္။
အဲဒီအထဲမွာမွ အလန္းဆံုး ေျခာက္ခုကေတာ့
၁. ဟိုက္ဒ႐ိုဂ်င္ေလာင္စာသံုးကားမ်ား
ဟိုက္ဒ႐ိုဂ်င္နဲ႔ ေအာက္ဆီဂ်င္တို႔ ဓာတ္ျပဳျခင္းမွရတဲ့ စြမ္းအင္ကုိ အသံုးျပဳေရြ႕လ်ားတဲ့ Toyota Mirai ဟာ ၂၀၁၅ ႏွစ္ကုန္ပုိင္းေလာက္မွာ ပြဲထြက္လာမွာပါ။ ဒါေပမယ့္ ဟိုက္ဒ႐ိုဂ်င္ သီးသန္႔ဟာ သိုေလွာင္စရိတ္ ႀကီးမားလြန္းလို႔ အဂၤလန္က သိပၸံပညာ႐ွင္ေတြဟာ သိုေလွာင္ရ လြယ္ကူတဲ့ အမိုးနီးယားကေန ဟိုက္ဒ႐ိုဂ်င္ကို ကားအင္ဂ်င္ထဲမွာပဲ တစ္ခါထဲခြဲထုတ္ အသံုးျပဳႏိုင္မယ့္ နည္းလမ္းကို တီထြင္ေနၾကပါတယ္။
၂. အသံအျမန္ႏႈန္းနဲ႔ သြားမယ့္ ရထားမ်ား
Tesla Motor CEO Elon Musk ရဲ႕ ေလဟာႁပြန္ထဲမွာ ေမာင္းႏွင္မယ့္ Hyperloop Train ပံုစံေတြဟာ တစ္နာရီ မိုင္ ၇၆၀ ႏႈန္း သြားႏိုင္ဖို႔ ဒီဇိုင္းထုတ္ထားပါတယ္။ ႏိႈင္းယွဥ္ေျပာရရင္ ဂ်ပန္က ေနာက္ဆံုးေပၚ သံလိုက္က်ည္ဆံရထားေတာင္မွ ၃၇၄ မိုင္ႏႈန္းပဲ သြားႏိုင္တာပါ။ Hyperloop ကို ေနာက္ ၂ ႏွစ္အၾကာမွာ စတင္ စမ္းသပ္ေမာင္းႏွင္ပါလိမ့္မယ္။
၃. လူတိုင္းအတြက္ အင္တာနက္
Elon Musk ဟာ ကမၻာ့ပါတ္လမ္းနိမ့္ထဲကို ၿဂိဳဟ္တု အလံုး ၄၀၀၀ လႊတ္တင္ဖို႔အတြက္ အစိုးရခြင့္ျပဳခ်က္ ရယူေနပါၿပီ။ အဲဒီ ၿဂိဳဟ္တုေတြဟာ လက္႐ွိ အင္တာနက္ မရေသးတဲ့ လူေတြ အပါအဝင္ ကမၻာေပၚက လူသားအားလံုးအတြက္ ျမန္ႏႈန္းျမင့္ အင္တာနက္ကို အခမဲ့ သံုးစြဲေစႏိုင္မွာပါ။ ၂၀၁၆ မွွာ စတင္စမ္းသပ္သြားမွာ ျဖစ္ပါတယ္။
၄. အလိုအေလ်ာက္ေမာင္း ကုန္တင္ကားမ်ား
Mercedes Benz နဲ႔ အလိုအေလ်ာက္ ေမာင္းႏွင္မႈ နည္းပညာ ကုမၸဏီ Peloton တို႔ေပါင္းၿပီး မၾကာေတာ့မယ့္ အခ်ိန္မွာ ေမာင္းသူမဲ့ ကုန္တင္ကားေတြကို ထုတ္လုပ္သြားေတာ့မွာ ျဖစ္ပါတယ္။ ကြန္ျပဴတာဒ႐ိုင္ဘာေတြဟာ အနားယူခ်ိန္ မလိုအပ္သလို ေခ်ာေခ်ာေမြ႕ေမြ႕ ေမာင္းႏွင္ႏိုင္လို႔ ေလာင္စာဆီ စားသံုးႏႈန္း ပုိနိမ့္က်မွာ ျဖစ္ၿပီး လူသား ဒ႐ိုင္ဘာေတြထက္လဲ ပိုၿပီးေစ်းသက္သာမွာ ျဖစ္ပါတယ္။
၅. အသံျဖင့္ မီးသတ္ျခင္း
ခုႏွစ္ပိုင္းေတြမွာ ေတာမီးေလာင္တာေတြ ကမၻာ့ေနရာ အႏွံ႔အျပားမွာ ျဖစ္ေပၚေနလို႔ မီးကို ႏွိမ္နင္းႏိုင္မယ့္ နည္းပညာသစ္ေတြကိုတီထြင္လ်က္ ႐ွိပါတယ္။ ဒီ အသံနဲ႔ မီးသတ္တဲ့ နည္းပညာမွာေတာ့ အထူးျပဳလုပ္ထားတဲ့ ေဆာင္းေဘာက္က လာေနတဲ့ အသံ ဖိအားလိႈင္းေတြဟာ မီးေတာက္ကို ေအာက္ဆီဂ်င္ ျဖတ္ေတာက္လိုက္မွာပါ။ ဒီတီထြင္မႈကို ေတာမီးလို မီးႀကီးေတြမွာ မစမ္းသပ္ရေသးေပမယ့္ တီထြင္သူေတြကေတာ့ Drone ေတြနဲ႔ တြဲဖက္ အသံုးျပဳရင္ ေအာင္ျမင္မယ္လို႔ စိတ္အားထက္သန္ေနၾကပါတယ္။
၆. သယ္ယူရလြယ္တဲ့ ေရသန္႔စင္စက္မ်ား
ကမၻာေပၚက လူ သန္း ၇၈၀ ေလာက္ဟာ ေရသန္႔လံုးဝ႐ွိပဲ ေနေနရပါတယ္။ ဒီအခက္အခဲကို ေျဖ႐ွင္းဖို႔ အဂၤလန္က သိပၸံပညာ႐ွင္ေတြက သယ္ယူရလြယ္တဲ့ ေရသန္႔စက္ေတြကို တီထြင္ေနပါတယ္။ တီထြင္မႈ ပထမဆင့္မွာ ေရသန္႔စက္ဟာ ၁၂ ရက္အတြင္း ေရ ၂ ကုဗမီတာ သန္႔စင္ေပးႏုိင္ပါတယ္။ ဒီပမာဏဟာ နည္းတယ္လို႔ထင္ရေပမယ့္ လူသားတစ္ေယာက္ တစ္ႏွစ္ေသာက္ေရဟာ ၁ ကုဗမီတာ မကုန္ဘူးဆိုတာ သိထားသင့္ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
ကမ္ဘာကို ပြောင်းလဲပစ်နိုင်မယ့် တီထွင်မှု ခြောက်ခု
BBC ရဲ့ စက်တင်ဘာလထုတ် Science Focus မဂ္ဂဇင်းမှာ ဟိုက်ဒရိုဂျင်လောင်စားသုံးကားတွေက စပြီး မီးကို အသံနဲ့ ငြှိမ်းသတ်တဲ့ နည်းပညာအထိ ထူးခြားဆန်းကြယ်တဲ့ တီထွင်မှု အိုင်ဒီယာ ၃၉ ခုကို ဖော်ပြခဲ့ပါတယ်။
အဲဒီအထဲမှာမှ အလန်းဆုံး ခြောက်ခုကတော့
၁. ဟိုက်ဒရိုဂျင်လောင်စာသုံးကားများ
ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်တို့ ဓာတ်ပြုခြင်းမှရတဲ့ စွမ်းအင်ကို အသုံးပြုရွေ့လျားတဲ့ Toyota Mirai ဟာ ၂၀၁၅ နှစ်ကုန်ပိုင်းလောက်မှာ ပွဲထွက်လာမှာပါ။ ဒါပေမယ့် ဟိုက်ဒရိုဂျင် သီးသန့်ဟာ သိုလှောင်စရိတ် ကြီးမားလွန်းလို့ အင်္ဂလန်က သိပ္ပံပညာရှင်တွေဟာ သိုလှောင်ရ လွယ်ကူတဲ့ အမိုးနီးယားကနေ ဟိုက်ဒရိုဂျင်ကို ကားအင်ဂျင်ထဲမှာပဲ တစ်ခါထဲခွဲထုတ် အသုံးပြုနိုင်မယ့် နည်းလမ်းကို တီထွင်နေကြပါတယ်။
၂. အသံအမြန်နှုန်းနဲ့ သွားမယ့် ရထားများ
Tesla Motor CEO Elon Musk ရဲ့ လေဟာပြွန်ထဲမှာ မောင်းနှင်မယ့် Hyperloop Train ပုံစံတွေဟာ တစ်နာရီ မိုင် ၇၆၀ နှုန်း သွားနိုင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ နှိုင်းယှဉ်ပြောရရင် ဂျပန်က နောက်ဆုံးပေါ် သံလိုက်ကျည်ဆံရထားတောင်မှ ၃၇၄ မိုင်နှုန်းပဲ သွားနိုင်တာပါ။ Hyperloop ကို နောက် ၂ နှစ်အကြာမှာ စတင် စမ်းသပ်မောင်းနှင်ပါလိမ့်မယ်။
၃. လူတိုင်းအတွက် အင်တာနက်
Elon Musk ဟာ ကမ္ဘာ့ပါတ်လမ်းနိမ့်ထဲကို ဂြိုဟ်တု အလုံး ၄၀၀၀ လွှတ်တင်ဖို့အတွက် အစိုးရခွင့်ပြုချက် ရယူနေပါပြီ။ အဲဒီ ဂြိုဟ်တုတွေဟာ လက်ရှိ အင်တာနက် မရသေးတဲ့ လူတွေ အပါအဝင် ကမ္ဘာပေါ်က လူသားအားလုံးအတွက် မြန်နှုန်းမြင့် အင်တာနက်ကို အခမဲ့ သုံးစွဲစေနိုင်မှာပါ။ ၂၀၁၆ မှာ စတင်စမ်းသပ်သွားမှာ ဖြစ်ပါတယ်။
၄. အလိုအလျောက်မောင်း ကုန်တင်ကားများ
Mercedes Benz နဲ့ အလိုအလျောက် မောင်းနှင်မှု နည်းပညာ ကုမ္ပဏီ Peloton တို့ပေါင်းပြီး မကြာတော့မယ့် အချိန်မှာ မောင်းသူမဲ့ ကုန်တင်ကားတွေကို ထုတ်လုပ်သွားတော့မှာ ဖြစ်ပါတယ်။ ကွန်ပြူတာဒရိုင်ဘာတွေဟာ အနားယူချိန် မလိုအပ်သလို ချောချောမွေ့မွေ့ မောင်းနှင်နိုင်လို့ လောင်စာဆီ စားသုံးနှုန်း ပိုနိမ့်ကျမှာ ဖြစ်ပြီး လူသား ဒရိုင်ဘာတွေထက်လဲ ပိုပြီးဈေးသက်သာမှာ ဖြစ်ပါတယ်။
၅. အသံဖြင့် မီးသတ်ခြင်း
ခုနှစ်ပိုင်းတွေမှာ တောမီးလောင်တာတွေ ကမ္ဘာ့နေရာ အနှံ့အပြားမှာ ဖြစ်ပေါ်နေလို့ မီးကို နှိမ်နင်းနိုင်မယ့် နည်းပညာသစ်တွေကိုတီထွင်လျက် ရှိပါတယ်။ ဒီ အသံနဲ့ မီးသတ်တဲ့ နည်းပညာမှာတော့ အထူးပြုလုပ်ထားတဲ့ ဆောင်းဘောက်က လာနေတဲ့ အသံ ဖိအားလှိုင်းတွေဟာ မီးတောက်ကို အောက်ဆီဂျင် ဖြတ်တောက်လိုက်မှာပါ။ ဒီတီထွင်မှုကို တောမီးလို မီးကြီးတွေမှာ မစမ်းသပ်ရသေးပေမယ့် တီထွင်သူတွေကတော့ Drone တွေနဲ့ တွဲဖက် အသုံးပြုရင် အောင်မြင်မယ်လို့ စိတ်အားထက်သန်နေကြပါတယ်။
၆. သယ်ယူရလွယ်တဲ့ ရေသန့်စင်စက်များ
ကမ္ဘာပေါ်က လူ သန်း ၇၈၀ လောက်ဟာ ရေသန့်လုံးဝရှိပဲ နေနေရပါတယ်။ ဒီအခက်အခဲကို ဖြေရှင်းဖို့ အင်္ဂလန်က သိပ္ပံပညာရှင်တွေက သယ်ယူရလွယ်တဲ့ ရေသန့်စက်တွေကို တီထွင်နေပါတယ်။ တီထွင်မှု ပထမဆင့်မှာ ရေသန့်စက်ဟာ ၁၂ ရက်အတွင်း ရေ ၂ ကုဗမီတာ သန့်စင်ပေးနိုင်ပါတယ်။ ဒီပမာဏဟာ နည်းတယ်လို့ထင်ရပေမယ့် လူသားတစ်ယောက် တစ်နှစ်သောက်ရေဟာ ၁ ကုဗမီတာ မကုန်ဘူးဆိုတာ သိထားသင့်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================