မိုင်ထောင်ချီဝေးနေလည်း အတူတူပျော်ရွှင်နိုင်စေဖို့ နည်းလမ်းကောင်းများ
အေနေ၀းတဲ့ ဆက္ဆံေရးေတြက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခက္ခဲတတ္ပါတယ္။ ဒီေတာ့ အေနေ၀းေနတဲ့ ခ်စ္သူစံုတြဲေတြအတြက္ ေသြးေအးမသြားပဲ အဆင္ေျပသြားေစမယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ညစာအတူစားပါ။
တစ္ေယာက္တစ္ေနရာစီေရာက္ေနပါတယ္ဆိုမွ ညစာဘယ္လိုအတူစားႏိုင္မွာလဲ ေတြးခ်င္စရာပါ။ အေနေ၀းေနေပမယ့္ ညစာအတူစားႏိုင္ဖို႔ Smartphone ေတြ၊ Laptop ကြန္ပ်ဴတာေတြကေန တဆင့္ Video chat လို႔ရတဲ့ App တစ္ခုခုေတာ့ လိုအပ္ပါလိမ့္မယ္။ ႏွစ္ေယာက္စလံုး ညစာစားမယ့္အခ်ိန္ကို ႀကိဳညွိထားၿပီး အခ်ိန္ေရာက္တဲ့အခါမွာ စားေသာက္ဆိုင္တစ္ခုခုကိုသြားပါ။ ဟင္းပြဲေတြကို အတူတူပဲမွာပါ။ ၿပီးမွ Video Chat ရင္း ညစာစားတဲ့အခါ အတူတူစားရသလိုမ်ိဳးပဲ ခံစားရေစမွာပါ။ ဒါမွမဟုတ္ ေနာက္ထပ္နည္းလမ္းတစ္ခု ရွိပါေသးတယ္။ ႏွစ္ေယာက္စလံုးမွာ အမ်ိဳးအစားတူညီတဲ့ ဟင္းခ်က္စာအုပ္တစ္အုပ္စီ၀ယ္ထားပါ။ ၿပီးရင္ ညစာအတြက္ ဟင္းေတြကို Video Chat မွာ စကားေျပာရင္း အတူတူစီမံခ်က္ျပဳတ္ၿပီး သံုးေဆာင္ပါ။ Connection ေကာင္းဖို႔ေတာ့ ဆုေတာင္းရမွာေပါ့။
၂။ ဂိမ္းတစ္ခုခု အတူတူကစားပါ။
က်ားထိုးတာ၊ စစ္တုရင္ကစားတာနဲ႔ အျခားေသာ Boardgame ေတြကို အြန္လိုင္းကေန တဆင့္ အတူတူကစားလို႔ရပါတယ္။ ဥပမာ မိုႏိုပိုလီလိုကစားနည္းမ်ိဳးကို Video Chat နဲ႔ ကစားလို႔လည္း ရပါတယ္။ ဒီလို ကစားတာက အခ်ိန္(၁)နာရီေက်ာ္ေလာက္ ၾကာေစမွာျဖစ္ၿပီး အေနေ၀းေနေပမယ့္ နီးစပ္ေနသလို ခံစားရေစမွာပါ။
၃။ စကားစျမည္ေျပာဆိုပါ။
ခ်ိန္းဆိုေတြ႕ဆံုမႈေတြက အေရးႀကီးပါတယ္။ ခ်စ္သူစံုတြဲေတြအၾကားမွာဆိုရင္ တစ္ေယာက္အေၾကာင္းကို တစ္ေယာက္သိႏိုင္ဖို႔ ခ်ိန္းဆိုေတြ႕ဆံုစကားေျပာၾကဖို႔ လိုပါတယ္။ ဒီလိုပါပဲ။ အေနေ၀းတဲ့ စံုတြဲေတြအေနနဲ႔လည္း ျဖစ္ႏိုင္တဲ့နည္းလမ္းေတြနဲ႔ အထူးသျဖင့္ Video Chat ကေန ခ်ိန္းေတြ႔ ဖို႔ လိုပါတယ္။ ဒီလိုေတြ႕ဆံုတဲ့အခါမွာ အတိတ္၊ ပစၥဳပၸန္၊ အနာဂတ္အေၾကာင္းသံုးပါးစလံုးနဲ႔ ပတ္သက္ၿပီး အတူတိုင္ပင္ေဆြးေႏြးပါ။ ဒါမွမဟုတ္ရင္လည္း လိင္မႈကိစၥနဲ႔ပတ္သက္ၿပီး အျမင္ေတြဖလွယ္ၾကည့္ႏိုင္ပါတ္ယ။ ခႏၶာကိုယ္ကန္႔သတ္ခ်က္ေတြ၊ လက္ထပ္ၿပီးရင္ ကေလးယူဖို႔တို႔၊ လံုျခံဳစိတ္ခ်ရတဲ့ အိမ္ေထာင္တစ္ခုျဖစ္ဖို႔တို႔ စသျဖင့္ ေျပာစရာေတြ အမ်ားႀကီးရွိပါယတ္။ ဒါတင္ပဲလားဆိုေတာ့ မဟုတ္ေသးပါဘူး။ စာအုပ္တစ္အုပ္ကို အတူတူဖတ္ၿပီး ျပန္ေဆြးေႏြးတာ၊ ရုပ္ရွင္တစ္ကားတည္းကို ႏွစ္ေယာက္စလံုးက ၾကည့္ၿပီး ျပန္ေျပာၾကတာေတြနဲ႔လည္း အေနေ၀းတဲ့ၾကားက ခ်ိန္းဆိုေတြ႕ဆံုမႈကို လုပ္ေဆာင္ႏိုင္ပါေသးတယ္။
မိုင်ထောင်ချီဝေးနေလည်း အတူတူပျော်ရွှင်နိုင်စေဖို့ နည်းလမ်းကောင်းများ
အနေဝေးနေပေမယ့် သွေးအေးမသွားရအောင်
အနေဝေးတဲ့ ဆက်ဆံရေးတွေက အကြောင်းအမျိုးမျိုးကြောင့် ခက်ခဲတတ်ပါတယ်။ ဒီတော့ အနေဝေးနေတဲ့ ချစ်သူစုံတွဲတွေအတွက် သွေးအေးမသွားပဲ အဆင်ပြေသွားစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ညစာအတူစားပါ။
တစ်ယောက်တစ်နေရာစီရောက်နေပါတယ်ဆိုမှ ညစာဘယ်လိုအတူစားနိုင်မှာလဲ တွေးချင်စရာပါ။ အနေဝေးနေပေမယ့် ညစာအတူစားနိုင်ဖို့ Smartphone တွေ၊ Laptop ကွန်ပျူတာတွေကနေ တဆင့် Video chat လို့ရတဲ့ App တစ်ခုခုတော့ လိုအပ်ပါလိမ့်မယ်။ နှစ်ယောက်စလုံး ညစာစားမယ့်အချိန်ကို ကြိုညှိထားပြီး အချိန်ရောက်တဲ့အခါမှာ စားသောက်ဆိုင်တစ်ခုခုကိုသွားပါ။ ဟင်းပွဲတွေကို အတူတူပဲမှာပါ။ ပြီးမှ Video Chat ရင်း ညစာစားတဲ့အခါ အတူတူစားရသလိုမျိုးပဲ ခံစားရစေမှာပါ။ ဒါမှမဟုတ် နောက်ထပ်နည်းလမ်းတစ်ခု ရှိပါသေးတယ်။ နှစ်ယောက်စလုံးမှာ အမျိုးအစားတူညီတဲ့ ဟင်းချက်စာအုပ်တစ်အုပ်စီဝယ်ထားပါ။ ပြီးရင် ညစာအတွက် ဟင်းတွေကို Video Chat မှာ စကားပြောရင်း အတူတူစီမံချက်ပြုတ်ပြီး သုံးဆောင်ပါ။ Connection ကောင်းဖို့တော့ ဆုတောင်းရမှာပေါ့။
၂။ ဂိမ်းတစ်ခုခု အတူတူကစားပါ။
ကျားထိုးတာ၊ စစ်တုရင်ကစားတာနဲ့ အခြားသော Boardgame တွေကို အွန်လိုင်းကနေ တဆင့် အတူတူကစားလို့ရပါတယ်။ ဥပမာ မိုနိုပိုလီလိုကစားနည်းမျိုးကို Video Chat နဲ့ ကစားလို့လည်း ရပါတယ်။ ဒီလို ကစားတာက အချိန်(၁)နာရီကျော်လောက် ကြာစေမှာဖြစ်ပြီး အနေဝေးနေပေမယ့် နီးစပ်နေသလို ခံစားရစေမှာပါ။
၃။ စကားစမြည်ပြောဆိုပါ။
ချိန်းဆိုတွေ့ဆုံမှုတွေက အရေးကြီးပါတယ်။ ချစ်သူစုံတွဲတွေအကြားမှာဆိုရင် တစ်ယောက်အကြောင်းကို တစ်ယောက်သိနိုင်ဖို့ ချိန်းဆိုတွေ့ဆုံစကားပြောကြဖို့ လိုပါတယ်။ ဒီလိုပါပဲ။ အနေဝေးတဲ့ စုံတွဲတွေအနေနဲ့လည်း ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ အထူးသဖြင့် Video Chat ကနေ ချိန်းတွေ့ ဖို့ လိုပါတယ်။ ဒီလိုတွေ့ဆုံတဲ့အခါမှာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အကြောင်းသုံးပါးစလုံးနဲ့ ပတ်သက်ပြီး အတူတိုင်ပင်ဆွေးနွေးပါ။ ဒါမှမဟုတ်ရင်လည်း လိင်မှုကိစ္စနဲ့ပတ်သက်ပြီး အမြင်တွေဖလှယ်ကြည့်နိုင်ပါတ်ယ။ ခန္ဓာကိုယ်ကန့်သတ်ချက်တွေ၊ လက်ထပ်ပြီးရင် ကလေးယူဖို့တို့၊ လုံခြုံစိတ်ချရတဲ့ အိမ်ထောင်တစ်ခုဖြစ်ဖို့တို့ စသဖြင့် ပြောစရာတွေ အများကြီးရှိပါယတ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ စာအုပ်တစ်အုပ်ကို အတူတူဖတ်ပြီး ပြန်ဆွေးနွေးတာ၊ ရုပ်ရှင်တစ်ကားတည်းကို နှစ်ယောက်စလုံးက ကြည့်ပြီး ပြန်ပြောကြတာတွေနဲ့လည်း အနေဝေးတဲ့ကြားက ချိန်းဆိုတွေ့ဆုံမှုကို လုပ်ဆောင်နိုင်ပါသေးတယ်။