Maslow ရဲ႕ လူသားလိုအင္ ပိရမစ္
Maslow ရဲ႕ လူသားလိုအင္ပိရမစ္ဟာ Abraham Maslow က သူ႔ရဲ႕ ၁၉၄၃ စာတမ္း “A History of Human Motivation” ထဲမွာ ထည့္သြင္းေဖာ္ျပခဲ့တဲ့ စိတ္ပညာ သီအိုရီတစ္ခုပါ။ သူ႔ရဲ႕ သီအိုရီဟာ တျခား လူသားစိတ္ပညာ သီအိုရီေတြနဲ႔ ၿပိဳင္ဘက္ ျဖစ္ခဲ့ပါတယ္။ Maslow ဟာ ႐ုပ္ပိုင္းလိုအင္၊ လံုျခံဳမႈ၊ ပိုင္ဆိုင္မႈနဲ႔အခ်စ္၊ ေလးစားမႈ၊ ကိုယ့္ဘာသာ နားလည္မႈနဲ႔ ထင္မွတ္ထားတာထက္ ေက်ာ္လြန္ေအာင္ လုပ္ႏိုင္မႈတို႔ကို သူ႔ပိရမစ္ထဲမွာ ထည့္သြင္းေဖာ္ျပခဲ့ပါတယ္။
ဒီပိရမစ္မွာ ေအာက္ဆံုးအပိုင္းဟာ အႀကီးမားဆံုး အေျခခံအက်ဆံုး လိုအင္ေတြ ျဖစ္ၿပီး ထိပ္ဆံုးပိုင္းကောတ့ ကိုယ့္ဘာသာ နားလည္သေဘာေပါက္မႈနဲ႔ အဆံုးသတ္ပါတယ္။ ပိရမစ္ရဲ႕ ေအာက္ပိုင္းေလးလႊာကေတာ့ လိုအပ္ခ်က္ေတြ ျဖစ္ၿပီး အဲဒီ ေလးခ်က္ မျပည့္စံုရင္ေတာ့ လူသားေတြဟာ စိတ္အေႏွာင့္အယွက္ ျဖစ္မႈနဲ႔ စိတ္ဆတ္မႈေတြ ခံစားရမွာပါ။ ေအာက္ဆံုး အေျခ အဆင့္ေတြ ႐ွိမွ အေပၚဆင့္ေတြ ျဖစ္ေပၚလုိအပ္လာႏိုင္မွာပါ။
႐ုပ္ပိုင္း လိုအပ္ခ်က္မ်ား
႐ုပ္ပိုင္းလိုအပ္ခ်က္ေတြဟာ လူသားေတြ အသက္႐ွင္ဖို႔ လိုတဲ့ အရာေတြပါပဲ။ ဒီအထဲက တစ္ခုခု မ႐ွိရင္ ခႏၶာကိုယ္ ဆက္လက္ အလုပ္ မလုပ္ႏိုင္ပါဘူး။ အေရးႀကီးဆံုးလိုအင္ေတြ ျဖစ္ၿပီး ေလ၊ ေရ၊ အစားအစာ၊ အဝတ္အစား၊ နားခိုရာေနရာ၊ လိင္စိတ္တို႔ ပါဝင္ပါတယ္။
လံုျခံဳေရး လိုအပ္ခ်က္မ်ား
႐ုပ္ပိုင္းဆိုင္ရာ လိုအပ္ခ်က္ေတြ ျပည့္စံုေနရင္ လံုျခံဳေရးလိုအပ္ခ်က္ေတြ ထြက္ေပၚလာပါတယ္။ စစ္၊ သဘာဝေဘးအႏၱရာယ္၊ မိသားစုအတြင္း အၾကမ္းဖက္မႈ၊ အႏိုင္က်င့္ခံရမႈ တစ္ခုခု ေၾကာင့္ လံုျခံဳေရးမ႐ွိေတာ့ရင္ စိတ္ဖိအားေရာဂါ ျဖစ္ေပၚလာပါတယ္။ အလုပ္ျပဳတ္မွာ၊ ဘဏ္ေတြ ၿပိဳလဲသြားမွာ ေၾကာက္စိတ္ကလဲ ဒီဟာနဲ႔ သက္ဆိုင္ေနပါတယ္။ ကေလးေတြသာ လံုျခံဳမႈပိုလိုလို႔ သူတို႔မွာ ဒီအဆင့္ ပိုေတြ႕႐ွိရပါတယ္။
အခ်စ္ႏွင့္ ပိုင္ဆိုင္မႈ လိုအပ္ခ်က္မ်ား
ဒီအဆင့္ဟာ ကေလးဘဝမွာ အရမ္းထင္႐ွားၿပီး တစ္ခါတစ္ေလမွာ လံုျခံဳေရးလိုအပ္ခ်က္ကိုေတာင္ ေက်ာ္သြားႏိုင္ပါတယ္။ ႐ိုင္းစိုင္းတဲ့ မိဘေတြကို တြယ္ကပ္ေနတဲ့ ကေလးေတြလိုပါ။ ဒီအဆင့္မွာ လိုအပ္ခ်က္ေတြ ႐ွိေနရင္ အဲဒီလူရဲ႕ စိတ္ပိုင္းဆိုင္ရာ ဆက္ႏြယ္မႈ ျဖစ္ေပၚမႈ၊ ဥပမာ– သူငယ္ခ်င္း၊ ခ်စ္သူ၊ မိသားစုေတြနဲ႔ ပါတ္သတ္ၿပီး ခံစားရမႈအေပၚ ထိခိုက္ႏိုင္ပါတယ္။
ထင္ေပၚေက်ာ္ၾကားလိုမႈ လိုအပ္ခ်က္
လူသားတိုင္း ေလးစားခံခ်င္ၾကပါတယ္။ အဲဒီမွာ ကိုယ့္ဘာသာ ျပန္ေလးစားတာလဲ ပါပါတယ္။ ကိုယ့္ဘာသာ ေလးစားမႈ ေလ်ာ့နည္းသူေတြဟာ အျခားသူေတြ ေလးစားတာ ပိုလိုခ်င္ၾကပါတယ္။ ၿပီးေတာ့ ေအာင္ျမင္ေက်ာ္ၾကားမႈကို ႐ွာေဖြၾကပါတယ္။ ဒါေပမယ့္ အဲ့ဒီ ျပင္ပေက်ာ္ၾကားမႈေတြဟာ ကိုယ့္ဘာသာ နားမလည္မခ်င္း ကိုယ့့္ဘာသာ ေလးစားမႈရေအာင္ တည္ေဆာက္မေပးႏိုင္ပါဘူး။ စိတ္က်ေရာဂါဟာ ကိုယ့္ဘာသာ ေလးစားမႈကို အေႏွာင့္အယွက္ ေပးႏုိင္ပါတယ္။
ကိုယ့္ဘာသာ နားလည္မႈ လိုအပ္ခ်က္
ဒီအဆင့္ဟာ လူတစ္ေယာက္ဟာ ကိုယ္လုပ္ႏိုင္တဲ့ ပမာဏကို နားလည္ၿပီး လုပ္ႏိုင္တဲ့ ပမာဏစံု လုပ္ႏိုင္သြားတာကို သူသိသြားတာပါ။ ဒီအဆင့္မွာက် လူေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ မတူေတာ့ပါဘူး။ တခ်ိဳ႕က ၿပီးျပည့္စံုတဲ့မိဘေတြ ျဖစ္ခ်င္တယ္။ တခ်ိဳ႕က အားကစားနဲ႔ ေဖာ္ျပတယ္။ တခ်ိဳ႕ကေတာ့ ပန္းခ်ီေတြနဲ႔ ေဖာ္ျပပါတယ္။ ဒီအဆင့္ကို ရဖို႔ဆိုရင္ အရင္ အဆင့္ ေလးဆင့္ကို ျဖတ္ေက်ာ္ရံုမက မြတ္မြတ္ေၾကေနမွ ရမယ္လို႔ Maslow ကဆိုပါတယ္။
ထင္မွတ္တာထက္ ေက်ာ္လြန္ေအာင္ လုပ္ေဆာင္ႏိုင္မႈ
Maslow ရဲ႕ ေနာက္ပိုင္းႏွစ္ေတြမွာမွ ဒီအဆင့္ကို ႐ွာေတြ႕ခဲ့ပါတယ္။ လူတစ္ေယာက္ဟာအျမင့္ဆံုုး အဆင့္ နံပါတ္ ၅ ကိုု ေရာက္ဖိုု့ အတြက္ ကိုုယ့္ဖက္သာ ၾကည့္တက္တဲ့ တစ္ကိုုယ္ေကာင္းစိတ္ကိုု အႏိုုင္ယူျပီး အမ်ားအက်ိဳးသယ္ပိုုးတက္ေအာင္ တဲ့ စိတ္ဓာတ္ကိုု ေမြးျမဴႏိုုင္မွ ျဖစ္ပါမယ္။
Maslow ရဲ့ လူသားလိုအင် ပိရမစ်
Maslow ရဲ့ လူသားလိုအင်ပိရမစ်ဟာ Abraham Maslow က သူ့ရဲ့ ၁၉၄၃ စာတမ်း “A History of Human Motivation” ထဲမှာ ထည့်သွင်းဖော်ပြခဲ့တဲ့ စိတ်ပညာ သီအိုရီတစ်ခုပါ။ သူ့ရဲ့ သီအိုရီဟာ တခြား လူသားစိတ်ပညာ သီအိုရီတွေနဲ့ ပြိုင်ဘက် ဖြစ်ခဲ့ပါတယ်။ Maslow ဟာ ရုပ်ပိုင်းလိုအင်၊ လုံခြုံမှု၊ ပိုင်ဆိုင်မှုနဲ့အချစ်၊ လေးစားမှု၊ ကိုယ့်ဘာသာ နားလည်မှုနဲ့ ထင်မှတ်ထားတာထက် ကျော်လွန်အောင် လုပ်နိုင်မှုတို့ကို သူ့ပိရမစ်ထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ဒီပိရမစ်မှာ အောက်ဆုံးအပိုင်းဟာ အကြီးမားဆုံး အခြေခံအကျဆုံး လိုအင်တွေ ဖြစ်ပြီး ထိပ်ဆုံးပိုင်းကောတ့ ကိုယ့်ဘာသာ နားလည်သဘောပေါက်မှုနဲ့ အဆုံးသတ်ပါတယ်။ ပိရမစ်ရဲ့ အောက်ပိုင်းလေးလွှာကတော့ လိုအပ်ချက်တွေ ဖြစ်ပြီး အဲဒီ လေးချက် မပြည့်စုံရင်တော့ လူသားတွေဟာ စိတ်အနှောင့်အယှက် ဖြစ်မှုနဲ့ စိတ်ဆတ်မှုတွေ ခံစားရမှာပါ။ အောက်ဆုံး အခြေ အဆင့်တွေ ရှိမှ အပေါ်ဆင့်တွေ ဖြစ်ပေါ်လိုအပ်လာနိုင်မှာပါ။
ရုပ်ပိုင်း လိုအပ်ချက်များ
ရုပ်ပိုင်းလိုအပ်ချက်တွေဟာ လူသားတွေ အသက်ရှင်ဖို့ လိုတဲ့ အရာတွေပါပဲ။ ဒီအထဲက တစ်ခုခု မရှိရင် ခန္ဓာကိုယ် ဆက်လက် အလုပ် မလုပ်နိုင်ပါဘူး။ အရေးကြီးဆုံးလိုအင်တွေ ဖြစ်ပြီး လေ၊ ရေ၊ အစားအစာ၊ အဝတ်အစား၊ နားခိုရာနေရာ၊ လိင်စိတ်တို့ ပါဝင်ပါတယ်။
လုံခြုံရေး လိုအပ်ချက်များ
ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ပြည့်စုံနေရင် လုံခြုံရေးလိုအပ်ချက်တွေ ထွက်ပေါ်လာပါတယ်။ စစ်၊ သဘာဝဘေးအန္တရာယ်၊ မိသားစုအတွင်း အကြမ်းဖက်မှု၊ အနိုင်ကျင့်ခံရမှု တစ်ခုခု ကြောင့် လုံခြုံရေးမရှိတော့ရင် စိတ်ဖိအားရောဂါ ဖြစ်ပေါ်လာပါတယ်။ အလုပ်ပြုတ်မှာ၊ ဘဏ်တွေ ပြိုလဲသွားမှာ ကြောက်စိတ်ကလဲ ဒီဟာနဲ့ သက်ဆိုင်နေပါတယ်။ ကလေးတွေသာ လုံခြုံမှုပိုလိုလို့ သူတို့မှာ ဒီအဆင့် ပိုတွေ့ရှိရပါတယ်။
အချစ်နှင့် ပိုင်ဆိုင်မှု လိုအပ်ချက်များ
ဒီအဆင့်ဟာ ကလေးဘဝမှာ အရမ်းထင်ရှားပြီး တစ်ခါတစ်လေမှာ လုံခြုံရေးလိုအပ်ချက်ကိုတောင် ကျော်သွားနိုင်ပါတယ်။ ရိုင်းစိုင်းတဲ့ မိဘတွေကို တွယ်ကပ်နေတဲ့ ကလေးတွေလိုပါ။ ဒီအဆင့်မှာ လိုအပ်ချက်တွေ ရှိနေရင် အဲဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှု ဖြစ်ပေါ်မှု၊ ဥပမာ- သူငယ်ချင်း၊ ချစ်သူ၊ မိသားစုတွေနဲ့ ပါတ်သတ်ပြီး ခံစားရမှုအပေါ် ထိခိုက်နိုင်ပါတယ်။
ထင်ပေါ်ကျော်ကြားလိုမှု လိုအပ်ချက်
လူသားတိုင်း လေးစားခံချင်ကြပါတယ်။ အဲဒီမှာ ကိုယ့်ဘာသာ ပြန်လေးစားတာလဲ ပါပါတယ်။ ကိုယ့်ဘာသာ လေးစားမှု လျော့နည်းသူတွေဟာ အခြားသူတွေ လေးစားတာ ပိုလိုချင်ကြပါတယ်။ ပြီးတော့ အောင်မြင်ကျော်ကြားမှုကို ရှာဖွေကြပါတယ်။ ဒါပေမယ့် အဲ့ဒီ ပြင်ပကျော်ကြားမှုတွေဟာ ကိုယ့်ဘာသာ နားမလည်မချင်း ကိုယ့်ဘာသာ လေးစားမှုရအောင် တည်ဆောက်မပေးနိုင်ပါဘူး။ စိတ်ကျရောဂါဟာ ကိုယ့်ဘာသာ လေးစားမှုကို အနှောင့်အယှက် ပေးနိုင်ပါတယ်။
ကိုယ့်ဘာသာ နားလည်မှု လိုအပ်ချက်
ဒီအဆင့်ဟာ လူတစ်ယောက်ဟာ ကိုယ်လုပ်နိုင်တဲ့ ပမာဏကို နားလည်ပြီး လုပ်နိုင်တဲ့ ပမာဏစုံ လုပ်နိုင်သွားတာကို သူသိသွားတာပါ။ ဒီအဆင့်မှာကျ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူတော့ပါဘူး။ တချို့က ပြီးပြည့်စုံတဲ့မိဘတွေ ဖြစ်ချင်တယ်။ တချို့က အားကစားနဲ့ ဖော်ပြတယ်။ တချို့ကတော့ ပန်းချီတွေနဲ့ ဖော်ပြပါတယ်။ ဒီအဆင့်ကို ရဖို့ဆိုရင် အရင် အဆင့် လေးဆင့်ကို ဖြတ်ကျော်ရုံမက မွတ်မွတ်ကြေနေမှ ရမယ်လို့ Maslow ကဆိုပါတယ်။
ထင်မှတ်တာထက် ကျော်လွန်အောင် လုပ်ဆောင်နိုင်မှု
Maslow ရဲ့ နောက်ပိုင်းနှစ်တွေမှာမှ ဒီအဆင့်ကို ရှာတွေ့ခဲ့ပါတယ်။ လူတစ်ယောက်ရဲ့ စိတ်ရော ကိုယ်ရောဟာ နံပါတ် ၅ အဆင့်က သတ်မှတ်ထားတာထက်ကို ကျော်လွန်အောင် လုပ်ဆောင်နိုင်သွားတာပါ။