သင့္ဘဝ ရည္မွန္းခ်က္ေတြ အားလံုးျပည့္ေစဖို႔ သခ်ၤာ ဥပေဒသေလး တစ္ခု
သင့္ စိတ္ႀကိဳက္ အလုပ္ လုပ္ရဖို႔ပဲ ျဖစ္ျဖစ္၊ ေကာင္မေလးတစ္ေယာက္ကို လိုက္ဖို႔ပဲ ျဖစ္ျဖစ္ ဒီ သခ်ၤာ ဥပေဒသေလးဟာ သင့္ကို ကူညီေပးႏိုင္ပါတယ္။
လူေတြဟာ သူတို႔နဲ႔ သင့္ေတာ္ရဲ႕ အရာေတြနဲ႔ပဲ တြဲထားၿပီးသားပါ။ အဲဒိအခ်က္ေလးကို သိ႐ွိတာက သင္လိုခ်င္တာ ရႏိုင္ဖို႔ နည္းဗ်ဴဟာပါပဲ။
ဥပမာ ပါတီ တစ္ခုမွာ ေကာင္ေလး သံုးေယာက္က ေကာင္မေလး သံုးေယာက္ကို စကားေျပာေနတာကို စဥ္းစားၾကည့္ပါ။ သူတို႔ တစ္ေယာက္ခ်င္းစီမွာ ဘယ္သူက ဘယ္သူနဲ႔ သင့္ေတာ္လဲဆိုတာ သတ္မွတ္ထားၿပီးသားပါ။
၁၉၅၀ ေလာက္က ခ်စ္ေရးဆိုတဲ့ ပံုစံမ်ိဳး ဆိုရင္ ေယာက္်ားေလး တစ္ေယာက္ျခင္းစီက အလွဆံုး မိန္းကေလးကို စတင္ ခ်စ္ေရးဆိုမွာပါ။ မိန္းကေလးကလဲ ခ်စ္ေရးဆိုမႈေတြ အမ်ားအျပား ရ႐ွိလာရင္ သူမ အႏွစ္သက္ဆံုး သူကို ေရြးမွာပါ။ အပယ္ခံလိုက္ရတဲ့ ေကာင္ေလးဟာလဲ ဒုတိယ သေဘာအက်ဆံုး မိန္းကေလးဆီ သြားဦးမွာပါ။
မိန္းကေလးေတြကေတာ့ မေရြးခ်ယ္ပါဘူး။ သူတို႔ကို လာၿပီး ကမ္းလွမ္းတဲ့ အထဲက အေကာင္းဆံုးကိုပဲ ရမွာပါ။ စၿပီး ခ်စ္ေရးဆိုတဲ့ ေယာက္်ားေလးကေတာ့ သူ႔ စိတ္တိုငး္က် အေကာင္းဆံုးကို ရမွာပါ။
ေယာက္်ားေလးေတြ မိန္းကေလးေတြြ ဘယ္ႏွေယာက္ပဲ ႐ွိ႐ွိ ဒီပံုစံအတိုင္းပဲ မိန္းကေလးေတြကို ခ်စ္ေရးဆိုရင္ ထြက္လာႏိုင္မယ့္ အေျခအေန ေလးမ်ိဳး ႐ွိပါတယ္။
၁. အားလံုး အတြဲကိုယ္စီ ရသြားပါတယ္။
၂. အတြဲေတြကို ဆံုး ျဖတ္ၿပီးတာနဲ႔ ေယာက္်ားေလးေတြနဲ႔ မိန္းကေလးေတြဟာ သူတို႔ အတြဲကို သူတို႔ မေက်နပ္ၾကပါဘူး။
၃. ဆံုးျဖတ္ၿပီးတာနဲ႔ ေယာက္်ားတိုင္းဟာ သူတို႔ သေဘာက်ဆံုး ေကာင္မေလးေတြကို ရ႐ွိပါလိမ့္မယ္။
၄. ဆံုးျဖတ္ၿပီးတာနဲ႔ မိန္းကေလးတိုင္းဟာ သူတို႔ကို ခ်ဥ္းကပ္လာသမ်ွရဲ႕ သူတို႔နဲ႔ သေဘာမက် မျဖစ္ဆံုး ေကာင္ေလးကိုပဲ ရပါလိမ့္မယ္။
ေျပာရရင္ အရင္ ခ်စ္ေရးဆိုႏိုင္သူက ပိုေကာင္းပါတယ္။ ထိုင္ေနၿပီးေတာ့ ခ်စ္ေရးဆိုလာမွာကို ေစာင့္ေနသူကေတာ့ သူ႔ကို ခ်စ္ေရးဆိုလာသမ်ွရဲ႕ အေကာင္းဆံုးကုိပဲ ရမွာပါ။
အဲဒိအခ်က္ကို ဝန္ထမ္းငွါးတဲ့ပံုစံနဲ႔ စဥ္းစားၾကည့္ၾကရေအာင္
ဝန္ထမ္းငွါးသူတစ္ေယာက္က ေၾကာ္ျငာတင္ၿပီး အလုပ္လာေလ်ွာက္တဲ့ သူေတြကိုပဲ အဲဒိအထဲက အေကာင္းဆံုးကို ေရြးၿပီး အလုပ္ခန္႔တာဟာ ခ်စ္ေရးဆိုလာမွာ လာေစာင့္တဲ့ မိန္းကေလးလိုပါပဲ။ လာေလ်ွာက္သူေတြထဲက အေကာင္းဆံုးကိုပဲ ရမွာပါ။
ကိုယ္တိုင္ ကြင္းဆင္းၿပီး ပညာ႐ွင္ေတြ လိုက္႐ွာတဲ့ သူကေတာ့ ခ်စ္ေရးဆိုတဲ့ ေကာင္ေလးလိုပါပဲ။ အားလံုးထဲက အေကာင္းဆံုးကို ကမ္းလွမ္းခြင့္ ႐ွိပါတယ္။
ဝန္ထမ္းဘက္က စဥ္းစားရင္လဲ အိမ္မွာထိုင္ေနရင္ လာၿပီး ကမ္းလွမ္းတဲ့ အလုပ္ကိုပဲ လက္ခံရမွာပါ။ အျပင္ထြက္ၿပီး က္ုယ္တိုင္လိုက္႐ွာမွ စိတ္ႀကိဳက္ ကုမၸဏီမွာ လုပ္ရမွာပါ။
အဲဒါေၾကာင့္ ဘယ္ကိစၥမွာမဆို အရင္ လက္ဦးတဲ့ သူက သာပါတယ္။ အရင္ ႐ွာေဖြတဲ့သူ ျဖစ္ေအာင္ ေနပါ။ အ႐ွာေဖြ မခံပါနဲ႔။
သင့်ဘဝ ရည်မှန်းချက်တွေ အားလုံးပြည့်စေဖို့ သင်္ချာ ဥပဒေသလေး တစ်ခု
သင့် စိတ်ကြိုက် အလုပ် လုပ်ရဖို့ပဲ ဖြစ်ဖြစ်၊ ကောင်မလေးတစ်ယောက်ကို လိုက်ဖို့ပဲ ဖြစ်ဖြစ် ဒီ သင်္ချာ ဥပဒေသလေးဟာ သင့်ကို ကူညီပေးနိုင်ပါတယ်။
လူတွေဟာ သူတို့နဲ့ သင့်တော်ရဲ့ အရာတွေနဲ့ပဲ တွဲထားပြီးသားပါ။ အဲဒိအချက်လေးကို သိရှိတာက သင်လိုချင်တာ ရနိုင်ဖို့ နည်းဗျူဟာပါပဲ။
ဥပမာ ပါတီ တစ်ခုမှာ ကောင်လေး သုံးယောက်က ကောင်မလေး သုံးယောက်ကို စကားပြောနေတာကို စဉ်းစားကြည့်ပါ။ သူတို့ တစ်ယောက်ချင်းစီမှာ ဘယ်သူက ဘယ်သူနဲ့ သင့်တော်လဲဆိုတာ သတ်မှတ်ထားပြီးသားပါ။
၁၉၅၀ လောက်က ချစ်ရေးဆိုတဲ့ ပုံစံမျိုး ဆိုရင် ယောက်ျားလေး တစ်ယောက်ခြင်းစီက အလှဆုံး မိန်းကလေးကို စတင် ချစ်ရေးဆိုမှာပါ။ မိန်းကလေးကလဲ ချစ်ရေးဆိုမှုတွေ အများအပြား ရရှိလာရင် သူမ အနှစ်သက်ဆုံး သူကို ရွေးမှာပါ။ အပယ်ခံလိုက်ရတဲ့ ကောင်လေးဟာလဲ ဒုတိယ သဘောအကျဆုံး မိန်းကလေးဆီ သွားဦးမှာပါ။
မိန်းကလေးတွေကတော့ မရွေးချယ်ပါဘူး။ သူတို့ကို လာပြီး ကမ်းလှမ်းတဲ့ အထဲက အကောင်းဆုံးကိုပဲ ရမှာပါ။ စပြီး ချစ်ရေးဆိုတဲ့ ယောက်ျားလေးကတော့ သူ့ စိတ်တိုင်းကျ အကောင်းဆုံးကို ရမှာပါ။
ယောက်ျားလေးတွေ မိန်းကလေးတွေ ဘယ်နှယောက်ပဲ ရှိရှိ ဒီပုံစံအတိုင်းပဲ မိန်းကလေးတွေကို ချစ်ရေးဆိုရင် ထွက်လာနိုင်မယ့် အခြေအနေ လေးမျိုး ရှိပါတယ်။
၁. အားလုံး အတွဲကိုယ်စီ ရသွားပါတယ်။
၂. အတွဲတွေကို ဆုံး ဖြတ်ပြီးတာနဲ့ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေဟာ သူတို့ အတွဲကို သူတို့ မကျေနပ်ကြပါဘူး။
၃. ဆုံးဖြတ်ပြီးတာနဲ့ ယောက်ျားတိုင်းဟာ သူတို့ သဘောကျဆုံး ကောင်မလေးတွေကို ရရှိပါလိမ့်မယ်။
၄. ဆုံးဖြတ်ပြီးတာနဲ့ မိန်းကလေးတိုင်းဟာ သူတို့ကို ချဉ်းကပ်လာသမျှရဲ့ သူတို့နဲ့ သဘောမကျ မဖြစ်ဆုံး ကောင်လေးကိုပဲ ရပါလိမ့်မယ်။
ပြောရရင် အရင် ချစ်ရေးဆိုနိုင်သူက ပိုကောင်းပါတယ်။ ထိုင်နေပြီးတော့ ချစ်ရေးဆိုလာမှာကို စောင့်နေသူကတော့ သူ့ကို ချစ်ရေးဆိုလာသမျှရဲ့ အကောင်းဆုံးကိုပဲ ရမှာပါ။
အဲဒိအချက်ကို ဝန်ထမ်းငှါးတဲ့ပုံစံနဲ့ စဉ်းစားကြည့်ကြရအောင်
ဝန်ထမ်းငှါးသူတစ်ယောက်က ကြော်ငြာတင်ပြီး အလုပ်လာလျှောက်တဲ့ သူတွေကိုပဲ အဲဒိအထဲက အကောင်းဆုံးကို ရွေးပြီး အလုပ်ခန့်တာဟာ ချစ်ရေးဆိုလာမှာ လာစောင့်တဲ့ မိန်းကလေးလိုပါပဲ။ လာလျှောက်သူတွေထဲက အကောင်းဆုံးကိုပဲ ရမှာပါ။
ကိုယ်တိုင် ကွင်းဆင်းပြီး ပညာရှင်တွေ လိုက်ရှာတဲ့ သူကတော့ ချစ်ရေးဆိုတဲ့ ကောင်လေးလိုပါပဲ။ အားလုံးထဲက အကောင်းဆုံးကို ကမ်းလှမ်းခွင့် ရှိပါတယ်။
ဝန်ထမ်းဘက်က စဉ်းစားရင်လဲ အိမ်မှာထိုင်နေရင် လာပြီး ကမ်းလှမ်းတဲ့ အလုပ်ကိုပဲ လက်ခံရမှာပါ။ အပြင်ထွက်ပြီး က်ုယ်တိုင်လိုက်ရှာမှ စိတ်ကြိုက် ကုမ္ပဏီမှာ လုပ်ရမှာပါ။
အဲဒါကြောင့် ဘယ်ကိစ္စမှာမဆို အရင် လက်ဦးတဲ့ သူက သာပါတယ်။ အရင် ရှာဖွေတဲ့သူ ဖြစ်အောင် နေပါ။ အရှာဖွေ မခံပါနဲ့။