အခုလို ႐ႈပ္ေထြးခက္ခဲတဲ့ လူေနမႈဘဝႀကီးမွာ အိပ္ေရးဝဖို႔ခက္ပါတယ္။ လူသားအားလံုးရဲ႕ တစ္ဝက္နီးပါးဟာ အိပ္ေရးမဝၾကပါဘူး။ လူအားလံုးလိုလို အိပ္မေပ်ာ္တဲ့ ျပသနာကို ခံစားဖူးၾကမွာပါ။ တခ်ိဳ႕ေတြဆိုရင္ ညတိုင္းလိုလို အိပ္မေပ်ာ္ ျဖစ္ေနတတ္ၿပီး အဲဒါဟာ အရမ္းစိတ္အေႏွာင့္အယွက္ျဖစ္ဖို႔ေကာင္းတဲ့ ျပသနာတစ္ခုပါ။
အိပ္မေပ်ာ္တာကို ေဆးဝါးေတြမေသာက္ပဲ ကုသႏိုင္ပါတယ္။ တခ်ိဳ႕ အိပ္မေပ်ာ္တဲ့ေရာဂါေတြဟာ ျပင္ပ ပါတ္ဝန္းက်င္ေၾကာင့္ျဖစ္တာပါ။ ဥပမာ ဆူညံသံတို႔ မတည့္တဲ့ ဓာတ္ပစၥည္းေတြေၾကာင့္ပါ။ သူတို႔ဟာ ျဖစ္ရတဲ့ အေၾကာင္းရင္းကို ဖယ္လိုက္ရင္ ေကာင္းသြားပါတယ္။ တခ်ိဳ႕က်ေတာ့ စိတ္ပိုင္းဆိုင္ရာကိုက မအိပ္ႏိုင္တာပါ။ မအိပ္ႏိုင္တာဟာ လူေတြကို ေဒါသထြက္ၿပီး စိတ္ညစ္ေစတတ္ပါတယ္။ အဲလိုျဖစ္ေနရင္ ပိုၿပီး အိပ္မရ ျဖစ္လာပါေရာ။
ေအာက္မွာ ပညာ႐ွင္ေတြ ေျပာထားတဲ့ အိပ္ေပ်ာ္ဖို႔ အေထာက္အကူျပဳတဲ့ နည္းလမ္း ၇ ခ်က္ကို တင္ျပထားပါတယ္။
၁. အိပ္ရမွာကို မေၾကာက္ပါနဲ႔
အိပ္လို႔မရတာဟာ ေတာ္ေတာ္ စိတ္ပ်က္ဖို႔ေကာင္းပါတယ္။ တစ္ညလံုး အိပ္မေပ်ာ္ပဲ မ်က္လံုးေၾကာင္ၿပီး ညကို ျဖတ္သန္းရရင္ ေၾကာက္ၿပီး စိတ္ညစ္လာတတ္ပါတယ္။ အိပ္ေပ်ာ္ဖို႔ႀကိဳးစားရင္းနဲ႔ ေဒါသထြက္လာပါတယ္။အဲလိုေတြ မျဖစ္ဖို႔အတြက္ အိပ္ရာနားမွာ မဆိုင္တဲ့ ပစၥည္းေတြ မထားပါနဲ႔။ အသံျမည္ေနမယ့္ နာရီေတြလိုမ်ိဳးေပါ့။ အိပ္လို႔မရရင္ အိပ္ရာထဲ လွဲမေနပါနဲ႔။ မနက္ျဖန္ အိပ္ေရးမဝလို႔ ဘယ္ေလာက္ပင္ပန္းမယ္ဆိုတဲ့အစား မနက္ျဖန္ညေတာ့ အိပ္လို႔ေကာင္းၿပီလို႔ ေတြးၾကည့္ပါ။
၂. သက္ေတာင့္သက္သာ အနားယူဖို႔ ေလ့က်င့္ပါ
တကယ္လို႔ သင္ဟာ မအိပ္ႏိုင္လို႔ အရမ္းစိတ္ညစ္ေနရင္ ခႏၶာကိုယ္က စိတ္ဖိစီးေစတဲ့ ေဟာ္မုန္းေတြ ထုတ္ပါတယ္။ အဲဒါက သင့္ကို ပိုပိုၿပီး စိတ္ညစ္ေစပါတယ္။ သင့္ခႏၶာကိုယ္ကို ေျဖေလ်ာ့ႏိုင္မယ့္ ေလ့က်င့္ခန္းတစ္ခုခု လုပ္ၾကည့္ပါ။ ႂကြက္သားတစ္ခုခ်င္းစီကို အာရံုစိုက္ၿပီး ေျဖေလ်ာ့ၾကည့္ပါ။ တရားထိုင္ျခင္းကလဲ အေထာက္အကူျပဳပါတယ္။
၃.အိပ္စက္ျခင္းအေၾကာင္း အေတြးေတြကို ေျပာင္းလဲပစ္ပါ
ဒီမွာ အပိုင္း ၂ ပိုင္းပါပါတယ္။ ပထမ လူေတြ သူတို႔ အိပ္မေပ်ာ္တဲ့အေၾကာင္းအေတြးေတြကုိ ေျပာင္းလဲပစ္ရပါတယ္။ အိပ္မေပ်ာ္မွာကို ႀကိဳစိုးရိမ္ျခင္းဟာ ျပသနာကို ပိုႀကီးထြားေစပါတယ္။ သူတို႔ အမွန္တကယ္ အိပ္ေပ်ာ္တာထက္ အိပ္ခ်ိန္နည္းေနတယ္လို႔ ဥပါဒါန္ ဝင္တတ္ပါတယ္။ အဲဒိအေတြးေတြကို ေျပာင္းပစ္ႏိုင္ရင္ အိပ္ေပ်ာ္ဖို႔ အေထာက္အကူျပဳပါတယ္။
ဒုတိယက အေပၚက ႂကြက္သားေလ်ွာ့တဲ့ ေလ့က်င့္ခန္းနဲ႔ စိတ္ဖိစီးမႈေလ်ာ့ေအာင္တရားထိုင္တာကို ေပါင္းထားတာပါ။ အိပ္ဖို႔အတြက္ ေအးၿပီး တိတ္ဆိတ္ ေမွာင္မိုက္တဲ့ အခန္းတစ္ခု ဖန္တီးထားျခင္းကလဲ အေထာက္အကူ ျဖစ္ပါတယ္။
၄.မအိပ္ႏိုင္ရင္ အိပ္ရာထဲကထြက္လိုက္ပါ
ဒါက႐ွင္းပါတယ္။အိပ္မေပ်ာ္ရင္ အိပ္ရာထဲမွာဆက္ေနၿပီး အိပ္ဖို႔ႀကိဳးစားမေနပါနဲ႔။ မိနစ္ ၂၀ ေက်ာ္ ႀကိဳးစားၿပီးတာေတာင္ အိပ္မေပ်ာ္ေသးရင္ အိပ္ရာထဲကထၿပီးတစ္ခုခုလုပ္လိုက္ပါ။ ကြန္ပ်ဴတာ၊ ဖုန္း၊ တီဗြီေတြ မၾကည့္ပါနဲ႔။ အဲဒါက ပိုဆိုးသြားေစႏိုင္ပါတယ္။ အိပ္မေပ်ာ္တဲ့အခ်ိန္မွာ အိပ္ရာထဲက ထြက္လိုက္တာဟာ မေကာင္းတဲ့အေတြးေတြ မေတြးမိေအာင္ တားဆီးေပးပါတယ္။ ဒီေန႔မွာ အိပ္ခ်ိန္နည္းသြားတာဟာ မနက္ျဖန္ ေစာေစာအိပ္ေပ်ာ္ဖို႔ အေထာက္အကူျဖစ္မွာပါ။
၅. အေလ့အက်င့္ေတြေျပာင္းပါ
နံပါတ္ ၃ မွာ ေဖာ္ျပခဲ့တဲ့ ေလ့က်င့္ခန္းေတြကို သက္ေတာင့္သက္သာ႐ွိေစတဲ့ ေလ့က်င့္ခန္းေတြနဲ႔ေပါင္းလုပ္ၿပီး အိပ္စရာ အခန္းေကာင္းေကာင္း လုပ္ထားျခင္းဟာ အက်ိဳး႐ွိေစႏိုင္ပါတယ္။ စမ္းၾကည့္ပါ။
၆. အိပ္ေပ်ာ္ဖို႔ အရမ္းမႀကိဳးစားပါနဲ႔
ရယ္စရာေကာင္းတာက အိပ္ေပ်ာ္ဖို႔ အရမ္းႀကိဳးစားရင္လည္း အိပ္မေပ်ာ္ျဖစ္ေစႏိုင္ပါတယ္။ အိပ္ေပ်ာ္ဖို႔ စိတ္မပူပဲ ေနတာဟာ ပိုၿပီးျမန္ျမန္နဲ႔ ေကာင္းေကာင္း အိပ္ေပ်ာ္ေစႏိုင္ပါတယ္ တဲ့။ ဘာလို႔လဲဆိုေတာ့ ႏိုးႏိုးၾကားၾကားေနဖို႔ ႀကိဳးစားတာဟာ အိပ္မေပ်ာ္ရင္ထြက္တဲ့ ဖိစီးမႈေဟာ္မုန္းေတြကို ဖယ္႐ွားေပးႏိုင္လို႔ပါ။
၇.စိတ္ဖိစီးမႈကို နားလည္ေအာင္လုပ္ပါ
စိတ္ဖိစီးမႈရဲ႕ လကၡဏာေတြျဖစ္တဲ့ ႏွလံုးခုန္ႏႈန္းျမန္လာတာ၊ ႂကြက္သားေတြ တင္းလာတာ၊ အသက္႐ႈျမန္တာေတြကို ဂ႐ုစိုက္ၿပီး ပံုမွန္ျပန္ျဖစ္ေအာင္ ထိန္းေပးပါ။ အဲဒါဟာ အိပ္မေပ်ာ္ျဖစ္တာကို ေပ်ာက္ေစႏိုင္ပါတယ္။
တကယ္လို႔ သင္အိပ္မေပ်ာ္ျဖစ္ေနရင္ အေပၚမွာ ေရးထားတဲ့ တစ္ခ်က္ခ်က္ကို စမ္းၾကည့္ပါ။ အိပ္ေရးဝဝအိပ္ရျခင္းဟာ ဘဝကို ေျပာင္းလဲပစ္ႏိုင္ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
အိပ်စက်ခြင်းနဲ့ ပြသနာများ
အခုလို ရှုပ်ထွေးခက်ခဲတဲ့ လူနေမှုဘဝကြီးမှာ အိပ်ရေးဝဖို့ခက်ပါတယ်။ လူသားအားလုံးရဲ့ တစ်ဝက်နီးပါးဟာ အိပ်ရေးမဝကြပါဘူး။ လူအားလုံးလိုလို အိပ်မပျော်တဲ့ ပြသနာကို ခံစားဖူးကြမှာပါ။ တချို့တွေဆိုရင် ညတိုင်းလိုလို အိပ်မပျော် ဖြစ်နေတတ်ပြီး အဲဒါဟာ အရမ်းစိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတဲ့ ပြသနာတစ်ခုပါ။
အိပ်မပျော်တာကို ဆေးဝါးတွေမသောက်ပဲ ကုသနိုင်ပါတယ်။ တချို့ အိပ်မပျော်တဲ့ရောဂါတွေဟာ ပြင်ပ ပါတ်ဝန်းကျင်ကြောင့်ဖြစ်တာပါ။ ဥပမာ ဆူညံသံတို့ မတည့်တဲ့ ဓာတ်ပစ္စည်းတွေကြောင့်ပါ။ သူတို့ဟာ ဖြစ်ရတဲ့ အကြောင်းရင်းကို ဖယ်လိုက်ရင် ကောင်းသွားပါတယ်။ တချို့ကျတော့ စိတ်ပိုင်းဆိုင်ရာကိုက မအိပ်နိုင်တာပါ။ မအိပ်နိုင်တာဟာ လူတွေကို ဒေါသထွက်ပြီး စိတ်ညစ်စေတတ်ပါတယ်။ အဲလိုဖြစ်နေရင် ပိုပြီး အိပ်မရ ဖြစ်လာပါရော။
အောက်မှာ ပညာရှင်တွေ ပြောထားတဲ့ အိပ်ပျော်ဖို့ အထောက်အကူပြုတဲ့ နည်းလမ်း ရ ချက်ကို တင်ပြထားပါတယ်။
၁. အိပ်ရမှာကို မကြောက်ပါနဲ့
အိပ်လို့မရတာဟာ တော်တော် စိတ်ပျက်ဖို့ကောင်းပါတယ်။ တစ်ညလုံး အိပ်မပျော်ပဲ မျက်လုံးကြောင်ပြီး ညကို ဖြတ်သန်းရရင် ကြောက်ပြီး စိတ်ညစ်လာတတ်ပါတယ်။ အိပ်ပျော်ဖို့ကြိုးစားရင်းနဲ့ ဒေါသထွက်လာပါတယ်။အဲလိုတွေ မဖြစ်ဖို့အတွက် အိပ်ရာနားမှာ မဆိုင်တဲ့ ပစ္စည်းတွေ မထားပါနဲ့။ အသံမြည်နေမယ့် နာရီတွေလိုမျိုးပေါ့။ အိပ်လို့မရရင် အိပ်ရာထဲ လှဲမနေပါနဲ့။ မနက်ဖြန် အိပ်ရေးမဝလို့ ဘယ်လောက်ပင်ပန်းမယ်ဆိုတဲ့အစား မနက်ဖြန်ညတော့ အိပ်လို့ကောင်းပြီလို့ တွေးကြည့်ပါ။
၂. သက်တောင့်သက်သာ အနားယူဖို့ လေ့ကျင့်ပါ
တကယ်လို့ သင်ဟာ မအိပ်နိုင်လို့ အရမ်းစိတ်ညစ်နေရင် ခန္ဓာကိုယ်က စိတ်ဖိစီးစေတဲ့ ဟော်မုန်းတွေ ထုတ်ပါတယ်။ အဲဒါက သင့်ကို ပိုပိုပြီး စိတ်ညစ်စေပါတယ်။ သင့်ခန္ဓာကိုယ်ကို ဖြေလျော့နိုင်မယ့် လေ့ကျင့်ခန်းတစ်ခုခု လုပ်ကြည့်ပါ။ ကြွက်သားတစ်ခုချင်းစီကို အာရုံစိုက်ပြီး ဖြေလျော့ကြည့်ပါ။ တရားထိုင်ခြင်းကလဲ အထောက်အကူပြုပါတယ်။
၃.အိပ်စက်ခြင်းအကြောင်း အတွေးတွေကို ပြောင်းလဲပစ်ပါ
ဒီမှာ အပိုင်း ၂ ပိုင်းပါပါတယ်။ ပထမ လူတွေ သူတို့ အိပ်မပျော်တဲ့အကြောင်းအတွေးတွေကို ပြောင်းလဲပစ်ရပါတယ်။ အိပ်မပျော်မှာကို ကြိုစိုးရိမ်ခြင်းဟာ ပြသနာကို ပိုကြီးထွားစေပါတယ်။ သူတို့ အမှန်တကယ် အိပ်ပျော်တာထက် အိပ်ချိန်နည်းနေတယ်လို့ ဥပါဒါန် ဝင်တတ်ပါတယ်။ အဲဒိအတွေးတွေကို ပြောင်းပစ်နိုင်ရင် အိပ်ပျော်ဖို့ အထောက်အကူပြုပါတယ်။
ဒုတိယက အပေါ်က ကြွက်သားလျှော့တဲ့ လေ့ကျင့်ခန်းနဲ့ စိတ်ဖိစီးမှုလျော့အောင်တရားထိုင်တာကို ပေါင်းထားတာပါ။ အိပ်ဖို့အတွက် အေးပြီး တိတ်ဆိတ် မှောင်မိုက်တဲ့ အခန်းတစ်ခု ဖန်တီးထားခြင်းကလဲ အထောက်အကူ ဖြစ်ပါတယ်။
၄.မအိပ်နိုင်ရင် အိပ်ရာထဲကထွက်လိုက်ပါ
ဒါကရှင်းပါတယ်။အိပ်မပျော်ရင် အိပ်ရာထဲမှာဆက်နေပြီး အိပ်ဖို့ကြိုးစားမနေပါနဲ့။ မိနစ် ၂၀ ကျော် ကြိုးစားပြီးတာတောင် အိပ်မပျော်သေးရင် အိပ်ရာထဲကထပြီးတစ်ခုခုလုပ်လိုက်ပါ။ ကွန်ပျူတာ၊ ဖုန်း၊ တီဗွီတွေ မကြည့်ပါနဲ့။ အဲဒါက ပိုဆိုးသွားစေနိုင်ပါတယ်။ အိပ်မပျော်တဲ့အချိန်မှာ အိပ်ရာထဲက ထွက်လိုက်တာဟာ မကောင်းတဲ့အတွေးတွေ မတွေးမိအောင် တားဆီးပေးပါတယ်။ ဒီနေ့မှာ အိပ်ချိန်နည်းသွားတာဟာ မနက်ဖြန် စောစောအိပ်ပျော်ဖို့ အထောက်အကူဖြစ်မှာပါ။
၅. အလေ့အကျင့်တွေပြောင်းပါ
နံပါတ် ၃ မှာ ဖော်ပြခဲ့တဲ့ လေ့ကျင့်ခန်းတွေကို သက်တောင့်သက်သာရှိစေတဲ့ လေ့ကျင့်ခန်းတွေနဲ့ပေါင်းလုပ်ပြီး အိပ်စရာ အခန်းကောင်းကောင်း လုပ်ထားခြင်းဟာ အကျိုးရှိစေနိုင်ပါတယ်။ စမ်းကြည့်ပါ။
၆. အိပ်ပျော်ဖို့ အရမ်းမကြိုးစားပါနဲ့
ရယ်စရာကောင်းတာက အိပ်ပျော်ဖို့ အရမ်းကြိုးစားရင်လည်း အိပ်မပျော်ဖြစ်စေနိုင်ပါတယ်။ အိပ်ပျော်ဖို့ စိတ်မပူပဲ နေတာဟာ ပိုပြီးမြန်မြန်နဲ့ ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ် တဲ့။ ဘာလို့လဲဆိုတော့ နိုးနိုးကြားကြားနေဖို့ ကြိုးစားတာဟာ အိပ်မပျော်ရင်ထွက်တဲ့ ဖိစီးမှုဟော်မုန်းတွေကို ဖယ်ရှားပေးနိုင်လို့ပါ။
၇.စိတ်ဖိစီးမှုကို နားလည်အောင်လုပ်ပါ
စိတ်ဖိစီးမှုရဲ့ လက္ခဏာတွေဖြစ်တဲ့ နှလုံးခုန်နှုန်းမြန်လာတာ၊ ကြွက်သားတွေ တင်းလာတာ၊ အသက်ရှုမြန်တာတွေကို ဂရုစိုက်ပြီး ပုံမှန်ပြန်ဖြစ်အောင် ထိန်းပေးပါ။ အဲဒါဟာ အိပ်မပျော်ဖြစ်တာကို ပျောက်စေနိုင်ပါတယ်။
တကယ်လို့ သင်အိပ်မပျော်ဖြစ်နေရင် အပေါ်မှာ ရေးထားတဲ့ တစ်ချက်ချက်ကို စမ်းကြည့်ပါ။ အိပ်ရေးဝဝအိပ်ရခြင်းဟာ ဘဝကို ပြောင်းလဲပစ်နိုင်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================