လူတစ္ေယာက္အေၾကာင္းကို သူဘယ္လိုလူမ်ိဳးေတြနဲ႔ ေပါင္းသင္းဆက္ဆံလဲဆိုတာကို ၾကည့္ၿပီး ေျပာႏိုင္ပါတယ္။ ဒီလိုပါပဲ။ သင္နဲ႔အတူအခ်ိန္အမ်ားဆံုး ကုန္ဆံုးရသူ (၆)ေယာက္ရဲ႕ အမူအက်င့္ေတြကလည္း သင့္ဆီမွာရွိေနႏိုင္ပါတယ္။ သင့္ပတ္၀န္းက်င္မွာ ေနတိုင္းထိေတြ႕ဆက္ဆံေနရတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြ၊ လုပ္ငန္းရွင္ေတြ၊ သက္ဆိုင္ရာ ကၽြမ္းက်င္ပညာရွင္ေတြကို ၾကည့္ပါ။ သူတို႔က ဘယ္လိုလူမ်ိဳးေတြလဲ၊ သူတို႔ ရပ္တည္မႈက ဘာအတြက္လဲဆိုတာနဲ႔ သူတို႔ သင့္အေၾကာင္းဘာေျပာၾကလဲဆိုတာေတြကို ေလ့လာၾကည့္ပါ
သင့္ကိုလႊမ္းမိုးႏိုင္တဲ့ သင့္ပတ္၀န္းက်င္က ဘယ္လိုမ်ိဳးလဲ ?
လုပ္ငန္းခြင္အတြင္းမွာ သင္ ဘယ္လိုေနရာမ်ိဳးက ရပ္တည္ေနပါသလဲ။ အဖြဲ႕ရဲ႕ေခါင္းေဆာင္ အျမဲ ျဖစ္ေနတာလား ဒါမွမဟုတ္ သင့္ကို အေကာင္းဆံုးစြမ္းေဆာင္ႏိုင္ေအာင္ တြန္းအားေပးႏိုင္သူေတြနဲ႔ ၀န္းရံထားႏိုင္ၿပီးလား ။
သင္က တင္းနစ္ကစားတယ္ဆိုပါစို႔။ သင့္ရဲ႕အရည္အခ်င္းေတြတိုးတက္လာဖို႔ အေကာင္းဆံုးနည္းလမ္းက သင့္ထက္ ေတာ္တဲ့သူနဲ႔ ေလ့က်င့္ကစားဖို႔ပဲျဖစ္ပါတယ္။ ဒီလိုကစားျခင္းအားျဖင့္ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ႏိုင္စြမ္းရွိလာမွာ ျဖစ္ပါတယ္။ သင္နဲ႔ လက္ရည္တူသူနဲ႔ ကစားမယ္ဆိုရင္ေတာင္ အရည္အခ်င္းတိုးတက္လာဖို႔ မလြယ္ပါဘူး။
အလားတူပါပဲ။ အရည္အခ်င္းတစ္ခုကို ျဖည့္ဆည္းမယ္ ဒါမွမဟုတ္ လုပ္ငန္းနယ္ပယ္သစ္တစ္ခုထဲကို ၀င္ေရာက္ေတာ့မယ္ဆိုရင္ သက္ဆိုင္ရာနယ္ပယ္ထဲက အျမင့္ဆံုးပုဂၢိဳဟ္ကို ရွာေဖြပါ။ အေျခခံကစတာက ေကာင္းေပမယ့္ တိုးတက္မႈေႏွးေကြးပါတယ္။ ဒါ့ေၾကာင့္ အေတာ္ဆံုးလူကိုရွာေဖြၿပီး ပညာယူပါ။
ေနာက္တဆင့္တက္မယ္ဆိုရင္
သင့္ပတ္၀န္းက်င္မွာ လက္ရွိ၀န္းရံေနသူေတြက သင္ရွာေဖြေနတဲ့ အခြင့္အလမ္းေတြ ျဖည့္ဆည္းေပးၿပီး ေနာက္ထပ္တဆင့္တက္လွမ္းဖို႔ ကူညီေပးႏိုင္ပါသလား ျပန္သံုးသပ္ပါ။ သင္နဲ႔ သိပ္မကြာသူေတြနဲ႔ပဲ ထိေတြ႕ဆက္ဆံေနရမယ္၊ တိုင္ပင္ေဆြးေႏြးေနရမယ္ဆိုရင္ သူတို႔ေတြက သင့္ကိုေနာက္တဆင့္တက္လွမ္းဖို႔ ကူညီေပးႏိုင္မွာ မဟုတ္ပါဘူး။ သင္ရွာေနတဲ့ အခြင့္အလမ္းေတြကိုလည္း ျဖည့္ဆည္းေပးႏိုင္မွာ မဟုတ္ပါဘူး။
ဒါက စိန္ေခၚမႈတစ္ခုျဖစ္ပါတယ္။ အထူးသျဖင့္ အမ်ိဳးသမီးေတြမွာဆိုရင္ ပိုသိသာပါတယ္။ အမ်ိဳးသမီးေတြက အမ်ိဳးသမီးသီးသန္႔ အစုအဖြဲ႕ေတြနဲ႔ပဲ ဆက္သြယ္ခ်င္တတ္ၾကပါတယ္။ ဒီလိုအစုအဖြဲ႕ေတြက သီးျခားတန္ဖိုး တစ္ခုရွိေနႏိုင္ေပမယ့္ တကယ္အခြင့္အလမ္းကို ခ်ျပေပးႏိုင္သူေတြနဲ႔ အလွမ္းေ၀းကြာေနတတ္ပါတယ္။
ျပန္လည္ေ၀မွ်ရင္း ေရွ႕ဆက္ပါ။
သင္ကခ်ည္းပဲ အျမဲတမ္းသင္ယူေနလို႔ မျဖစ္ပါဘူး။ ဒါ့ေၾကာင့္ တတ္ႏိုင္တဲ့အခ်ိန္တိုင္းမွာ သင့္ရဲ႕လမ္းညႊန္ျပသမႈနဲ႔ အက်ိဳးရွိေစႏိုင္သူေတြကို သိထားတာေတြကို ျပန္လည္ေ၀မွ်ကူညီပါ။ ဒီလိုနည္းလမ္းနဲ႔ ေလ့လာစရာေတြကိုလည္း ပိုမိုသိရွိလာႏိုင္သလို ပိုၿပီးလည္း ေပးဆပ္ေ၀မွ်လာႏိုင္မွာ ျဖစ္ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
မိတ်ဆွေအပေါင်းအသင်းတွေက အောင်မြင်မှုအပေါ် ဘယ်လိုလွှမ်းမိုးနိုင်သလဲ ?
လူတစ်ယောက်အကြောင်းကို သူဘယ်လိုလူမျိုးတွေနဲ့ ပေါင်းသင်းဆက်ဆံလဲဆိုတာကို ကြည့်ပြီး ပြောနိုင်ပါတယ်။ ဒီလိုပါပဲ။ သင်နဲ့အတူအချိန်အများဆုံး ကုန်ဆုံးရသူ (၆)ယောက်ရဲ့ အမူအကျင့်တွေကလည်း သင့်ဆီမှာရှိနေနိုင်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ နေတိုင်းထိတွေ့ဆက်ဆံနေရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ လုပ်ငန်းရှင်တွေ၊ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကို ကြည့်ပါ။ သူတို့က ဘယ်လိုလူမျိုးတွေလဲ၊ သူတို့ ရပ်တည်မှုက ဘာအတွက်လဲဆိုတာနဲ့ သူတို့ သင့်အကြောင်းဘာပြောကြလဲဆိုတာတွေကို လေ့လာကြည့်ပါ။
သင့်ကိုလွှမ်းမိုးနိုင်တဲ့ သင့်ပတ်ဝန်းကျင်က ဘယ်လိုမျိုးလဲ ?
လုပ်ငန်းခွင်အတွင်းမှာ သင် ဘယ်လိုနေရာမျိုးက ရပ်တည်နေပါသလဲ။ အဖွဲ့ရဲ့ခေါင်းဆောင် အမြဲ ဖြစ်နေတာလား ဒါမှမဟုတ် သင့်ကို အကောင်းဆုံးစွမ်းဆောင်နိုင်အောင် တွန်းအားပေးနိုင်သူတွေနဲ့ ၀န်းရံထားနိုင်ပြီးလား ။
သင်က တင်းနစ်ကစားတယ်ဆိုပါစို့။ သင့်ရဲ့အရည်အချင်းတွေတိုးတက်လာဖို့ အကောင်းဆုံးနည်းလမ်းက သင့်ထက် တော်တဲ့သူနဲ့ လေ့ကျင့်ကစားဖို့ပဲဖြစ်ပါတယ်။ ဒီလိုကစားခြင်းအားဖြင့် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်နိုင်စွမ်းရှိလာမှာ ဖြစ်ပါတယ်။ သင်နဲ့ လက်ရည်တူသူနဲ့ ကစားမယ်ဆိုရင်တောင် အရည်အချင်းတိုးတက်လာဖို့ မလွယ်ပါဘူး။
အလားတူပါပဲ။ အရည်အချင်းတစ်ခုကို ဖြည့်ဆည်းမယ် ဒါမှမဟုတ် လုပ်ငန်းနယ်ပယ်သစ်တစ်ခုထဲကို ၀င်ရောက်တော့မယ်ဆိုရင် သက်ဆိုင်ရာနယ်ပယ်ထဲက အမြင့်ဆုံးပုဂ္ဂိုဟ်ကို ရှာဖွေပါ။ အခြေခံကစတာက ကောင်းပေမယ့် တိုးတက်မှုနှေးကွေးပါတယ်။ ဒါ့ကြောင့် အတော်ဆုံးလူကိုရှာဖွေပြီး ပညာယူပါ။
နောက်တဆင့်တက်မယ်ဆိုရင်
သင့်ပတ်ဝန်းကျင်မှာ လက်ရှိ၀န်းရံနေသူတွေက သင်ရှာဖွေနေတဲ့ အခွင့်အလမ်းတွေ ဖြည့်ဆည်းပေးပြီး နောက်ထပ်တဆင့်တက်လှမ်းဖို့ ကူညီပေးနိုင်ပါသလား ပြန်သုံးသပ်ပါ။ သင်နဲ့ သိပ်မကွာသူတွေနဲ့ပဲ ထိတွေ့ဆက်ဆံနေရမယ်၊ တိုင်ပင်ဆွေးနွေးနေရမယ်ဆိုရင် သူတို့တွေက သင့်ကိုနောက်တဆင့်တက်လှမ်းဖို့ ကူညီပေးနိုင်မှာ မဟုတ်ပါဘူး။ သင်ရှာနေတဲ့ အခွင့်အလမ်းတွေကိုလည်း ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။
ဒါက စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာဆိုရင် ပိုသိသာပါတယ်။ အမျိုးသမီးတွေက အမျိုးသမီးသီးသန့် အစုအဖွဲ့တွေနဲ့ပဲ ဆက်သွယ်ချင်တတ်ကြပါတယ်။ ဒီလိုအစုအဖွဲ့တွေက သီးခြားတန်ဖိုး တစ်ခုရှိနေနိုင်ပေမယ့် တကယ်အခွင့်အလမ်းကို ချပြပေးနိုင်သူတွေနဲ့ အလှမ်းဝေးကွာနေတတ်ပါတယ်။
ပြန်လည်ဝေမျှရင်း ရှေ့ဆက်ပါ။
သင်ကချည်းပဲ အမြဲတမ်းသင်ယူနေလို့ မဖြစ်ပါဘူး။ ဒါ့ကြောင့် တတ်နိုင်တဲ့အချိန်တိုင်းမှာ သင့်ရဲ့လမ်းညွှန်ပြသမှုနဲ့ အကျိုးရှိစေနိုင်သူတွေကို သိထားတာတွေကို ပြန်လည်ဝေမျှကူညီပါ။ ဒီလိုနည်းလမ်းနဲ့ လေ့လာစရာတွေကိုလည်း ပိုမိုသိရှိလာနိုင်သလို ပိုပြီးလည်း ပေးဆပ်ဝေမျှလာနိုင်မှာ ဖြစ်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================