အရပ္ပုု တဲ့ အမ်ိဳးသားေတြအခ်စ္ေရးမွာ အဆင္ေျပေစဖိုု႕
မိန္းကေလးေတြက အရပ္ရွည္တဲ့ ေယာကၤ်ားေလးေတြကို ပိုၿပီးေတာ့ ႏွစ္သက္သေဘာက်တတ္ၾကပါတယ္။ ဒါဆို အရပ္ပုတဲ့ အမ်ိဳးသားေတြကေရာ ဘယ္လိုလုပ္ၾကမလဲ။ စိတ္မပူပါနဲ႔။ အရပ္ပုတဲ့ သူေတြမွာလည္း အျခားအက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိေနသလို မိန္းကေလးေတြနဲ႔ ပတ္သက္ၿပီးအဆင္ေျပဖို႔အတြက္ အၾကံဉာဏ္တစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။
အ၀တ္အစား ေရြးခ်ယ္၀တ္ဆင္ပါ။
သင့္နဲ႔ မလိုက္ဖက္တဲ့ အ၀တ္အစားေတြက နဂိုကမွ အရပ္သိပ္မရွည္တဲ့ သင့္ကို ပိုၿပီး ပုေနသလို ျဖစ္ေစပါလိမ့္မယ္။ ဒါေပမယ့္ မွန္မွန္ကန္ကန္ ၀တ္တတ္မယ္ဆိုရင္ေတာ့ အရပ္ရွည္ေနသလို ျဖစ္ေစမွာပါ။ ပထမဆံုးအေနနဲ႔ ေဘာင္းဘီေအာက္နားနဲ႔ အက်ီၤလက္ေတြကို သင့္ေတာ္သေလာက္ အရွည္ပဲထားပါ။ အကၤီ်လက္ကို လက္ေကာက္၀တ္ေလာက္အထိ၊ ေဘာင္းဘီအရွည္ကို ေျခမ်က္စိနားေလာက္အထိဆိုရင္ အဆင္ေျပပါတယ္။ ေနာက္တစ္ခ်က္က သင့္ရဲ႕ ကိုယ္လံုးကိုယ္ေပါက္ကို ပံုမက်ပန္းမက်ျဖစ္ေစမယ့္ အ၀တ္အစားမ်ိဳးေတြ ေရွာင္ၾကဥ္ပါ။ အေပၚကေန ေအာက္အထိ အဆင္ေျပေျပၾကည့္ေကာင္းေစမယ့္ အ၀တ္အစားေတြက အရပ္အေမာင္းအေနအထားကို ရွည္လာသလို ျဖစ္ေစပါတယ္။ အ၀တ္အစားအေရာင္ေတြကိုလည္း အေပၚနဲ႔ေအာက္ဖက္ လိုက္ဖက္ေအာင္ ေရြးခ်ယ္၀တ္ဆင္ပါ။
ယုံၾကည္မႈမေပ်ာက္ပ်က္ပါေစနဲ႔
ယုံၾကည္မႈရွိတာက ကနဦးအျမင္ကို ေကာင္းေစပါတယ္။ မိန္းကေလးေတြက သင့္ရဲ႕အရပ္အေမာင္းေၾကာင့္ သင့္ကို စိတ္ပ်က္တာထက္ စိတ္မလံုမလဲျဖစ္ေနတာကို ပိုၿပီး စိတ္ပ်က္တတ္ၾကပါတယ္။ ၿပီးရင္ မိန္းကေလးေတြ အာ႐ုံ၀င္စားႏိုင္တဲ့ အရည္အခ်င္းေတြကို ထုတ္ျပပါ။ ဥပမာေျပာရရင္ ကိုယ္၀တ္မယ့္ တီရွပ္ကို ကိုယ္တိုင္ဒီဇုိင္း ေရးဆြဲထားတယ္ဆိုရင္ ဒီတီရွပ္ကို ထုတ္၀တ္ပါ။ ဒါမွမဟုတ္ တူမေလးလက္ေဆာင္ေပးထားတဲ့ လက္ပတ္ကေလးကို ၀တ္ၿပီး မိသားစုကို ဂ႐ုစိုက္တတ္သူတစ္ေယာက္ျဖစ္ေၾကာင္းလည္း ထုတ္ျပႏိုင္ပါေသးတယ္။ ၿပီးေတာ့ သင္ႀကိဳက္တဲ့ ေဘာလံုးအသင္းအက်ီၤ၀တ္ထားတာပဲ ျဖစ္ျဖစ္ လုပ္ေဆာင္ႏိုင္ပါတယ္။ ဒီအခ်က္ေတြအားလံုးက သင့္ကို ယုံၾကည္မႈ ပိုရွိလာသလို ခံစားရေစမွာျဖစ္ပါတယ္။
အၾကည့္ေတြနဲ႔ ဆြဲေဆာင္ပါ
မ်က္လံုးခ်င္း တအားစူးစိုက္ၾကည့္တာက ခ်ိမ္းေျခာက္သလိုျဖစ္တဲ့အတြက္ မိန္းကေလးေတြကို ထိတ္လန္႔သြားေစႏိုင္ပါတယ္။ ဒါေပမယ့္ အရပ္ပုတဲ့ ကိုကိုေတြအတြက္ကေတာ့ မဟာအားသာခ်က္ႀကီး တစ္ခုျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အရပ္ပုတဲ့အတြက္ မ်က္လံုးခ်င္းဆံုေအာင္ၾကည့္တာက ခ်ိမ္းေျခာက္သလို ျဖစ္မွာ မဟုတ္ပါဘူး။ မိန္းကေလးတစ္ေယာက္ကို အုပ္မိုးမေနပဲ သူမရဲ႕မ်က္လံုးထဲကို (၃)စကၠန္႔ေလာက္ ၾကာေအာင္ စိုက္ၾကည့္တာက သူမက အမွန္တကယ္ေၾကြေနတဲ့သေဘာသက္ေရာက္ေစပါတယ္။ ဒါေပမယ့္ တစ္ခုေတာ့ သတိျပဳပါ။ မ်က္လံုးခ်င္းစုိက္ၾကည့္တာက သင့္ရဲ႕စိတ္၀င္စားမႈကို ေဖာ္ျပဖို႔ပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မ်က္လံုးကို ဇီးကြက္တစ္ေကာင္လို ျပဴးၿပီး အငမ္းမရလိုက္မၾကည့္မိပါေစနဲ႔။
အရပ္အျမင့္ကို မလိမ္ညာမိပါေစနဲ႔။
Online အသံုးျပဳတဲ့အခါမွာ profile မွာ သင့္ရဲ႕အရပ္အေမာင္းကို လိမ္ညာေဖာ္ျပထားတာမ်ိဳး မလုပ္ပါနဲ႔။ နီးစပ္တဲ့ အရပ္အျမင့္ေလာက္ကို လက္မ၀က္ေလာက္ပိုေျပာတာက ကိစၥမရွိေပမယ့္ အလြန္အကၽြံမျဖစ္သင့္ပါဘူး။ သင့္ရဲ႕ မ႐ုိးသားမႈေၾကာင့္ ကိုယ့္လိပ္ျပာကိုယ္မလံုပဲ ယုံၾကည္မႈေပ်ာက္ဆံုးေနပါလိမ့္မယ္။
မ်က္ႏွာခ်င္းဆိုင္ရပ္ပါ
ေယာကၤ်ားေလးေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ သိကၽြမ္းလာၾကတဲ့အခါမွာ ေဘးခ်င္းယွဥ္ရပ္ေလ့ရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မ်က္ႏွာခ်င္းဆိုင္ရပ္တာက ထိပ္တိုက္ရင္ဆိုင္ေနတဲ့ သေဘာသက္ေရာက္တာေၾကာင့္ျဖစ္ပါတယ္။ ဒါေပမယ့္ အမ်ိဳးသမီးေတြကေတာ့ မ်က္ႏွာခ်င္းဆိုင္ရပ္ရတာကို ပိုသေဘာက်ေလ့ရွိပါတယ္။ အရပ္ပုတဲ့ အမ်ိဳးသားေတြကေတာ့ အမ်ိဳးသမီးေတြနဲ႕ မ်က္ႏွာခ်င္းဆိုင္ရပ္တဲ့အခါမွာ အရပ္ရွည္သူေတြလိုမ်ိဳး စီးမိုးခ်ိမ္းေျခာက္ရာမေရာက္တဲ့အတြက္ အမ်ိဳးသမီးေတြအတြက္ ပိုၿပီးေတာ့ သက္ေတာင့္သက္သာရွိေစမွာ ျဖစ္ပါတယ္။
အရပ်ပု တဲ့ အမျိုးသားတွေအချစ်ရေးမှာ အဆင်ပြေစေဖို့
မိန်းကလေးတွေက အရပ်ရှည်တဲ့ ယောင်္ကျားလေးတွေကို ပိုပြီးတော့ နှစ်သက်သဘောကျတတ်ကြပါတယ်။ ဒါဆို အရပ်ပုတဲ့ အမျိုးသားတွေကရော ဘယ်လိုလုပ်ကြမလဲ။ စိတ်မပူပါနဲ့။ အရပ်ပုတဲ့ သူတွေမှာလည်း အခြားအကျိုးကျေးဇူးတွေ အများကြီးရှိနေသလို မိန်းကလေးတွေနဲ့ ပတ်သက်ပြီးအဆင်ပြေဖို့အတွက် အကြံဉာဏ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
အဝတ်အစား ရွေးချယ်ဝတ်ဆင်ပါ။
သင့်နဲ့ မလိုက်ဖက်တဲ့ အဝတ်အစားတွေက နဂိုကမှ အရပ်သိပ်မရှည်တဲ့ သင့်ကို ပိုပြီး ပုနေသလို ဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့် မှန်မှန်ကန်ကန် ဝတ်တတ်မယ်ဆိုရင်တော့ အရပ်ရှည်နေသလို ဖြစ်စေမှာပါ။ ပထမဆုံးအနေနဲ့ ဘောင်းဘီအောက်နားနဲ့ အကျီၤလက်တွေကို သင့်တော်သလောက် အရှည်ပဲထားပါ။ အင်္ကျီလက်ကို လက်ကောက်ဝတ်လောက်အထိ၊ ဘောင်းဘီအရှည်ကို ခြေမျက်စိနားလောက်အထိဆိုရင် အဆင်ပြေပါတယ်။ နောက်တစ်ချက်က သင့်ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပုံမကျပန်းမကျဖြစ်စေမယ့် အဝတ်အစားမျိုးတွေ ရှောင်ကြဉ်ပါ။ အပေါ်ကနေ အောက်အထိ အဆင်ပြေပြေကြည့်ကောင်းစေမယ့် အဝတ်အစားတွေက အရပ်အမောင်းအနေအထားကို ရှည်လာသလို ဖြစ်စေပါတယ်။ အဝတ်အစားအရောင်တွေကိုလည်း အပေါ်နဲ့အောက်ဖက် လိုက်ဖက်အောင် ရွေးချယ်ဝတ်ဆင်ပါ။
ယုံကြည်မှုမပျောက်ပျက်ပါစေနဲ့
ယုံကြည်မှုရှိတာက ကနဦးအမြင်ကို ကောင်းစေပါတယ်။ မိန်းကလေးတွေက သင့်ရဲ့အရပ်အမောင်းကြောင့် သင့်ကို စိတ်ပျက်တာထက် စိတ်မလုံမလဲဖြစ်နေတာကို ပိုပြီး စိတ်ပျက်တတ်ကြပါတယ်။ ပြီးရင် မိန်းကလေးတွေ အာရုံဝင်စားနိုင်တဲ့ အရည်အချင်းတွေကို ထုတ်ပြပါ။ ဥပမာပြောရရင် ကိုယ်ဝတ်မယ့် တီရှပ်ကို ကိုယ်တိုင်ဒီဇိုင်း ရေးဆွဲထားတယ်ဆိုရင် ဒီတီရှပ်ကို ထုတ်ဝတ်ပါ။ ဒါမှမဟုတ် တူမလေးလက်ဆောင်ပေးထားတဲ့ လက်ပတ်ကလေးကို ဝတ်ပြီး မိသားစုကို ဂရုစိုက်တတ်သူတစ်ယောက်ဖြစ်ကြောင်းလည်း ထုတ်ပြနိုင်ပါသေးတယ်။ ပြီးတော့ သင်ကြိုက်တဲ့ ဘောလုံးအသင်းအကျီၤဝတ်ထားတာပဲ ဖြစ်ဖြစ် လုပ်ဆောင်နိုင်ပါတယ်။ ဒီအချက်တွေအားလုံးက သင့်ကို ယုံကြည်မှု ပိုရှိလာသလို ခံစားရစေမှာဖြစ်ပါတယ်။
အကြည့်တွေနဲ့ ဆွဲဆောင်ပါ
မျက်လုံးချင်း တအားစူးစိုက်ကြည့်တာက ချိမ်းခြောက်သလိုဖြစ်တဲ့အတွက် မိန်းကလေးတွေကို ထိတ်လန့်သွားစေနိုင်ပါတယ်။ ဒါပေမယ့် အရပ်ပုတဲ့ ကိုကိုတွေအတွက်ကတော့ မဟာအားသာချက်ကြီး တစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အရပ်ပုတဲ့အတွက် မျက်လုံးချင်းဆုံအောင်ကြည့်တာက ချိမ်းခြောက်သလို ဖြစ်မှာ မဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်ကို အုပ်မိုးမနေပဲ သူမရဲ့မျက်လုံးထဲကို (၃)စက္ကန့်လောက် ကြာအောင် စိုက်ကြည့်တာက သူမက အမှန်တကယ်ကြွေနေတဲ့သဘောသက်ရောက်စေပါတယ်။ ဒါပေမယ့် တစ်ခုတော့ သတိပြုပါ။ မျက်လုံးချင်းစိုက်ကြည့်တာက သင့်ရဲ့စိတ်ဝင်စားမှုကို ဖော်ပြဖို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်လုံးကို ဇီးကွက်တစ်ကောင်လို ပြူးပြီး အငမ်းမရလိုက်မကြည့်မိပါစေနဲ့။
အရပ်အမြင့်ကို မလိမ်ညာမိပါစေနဲ့။
Online အသုံးပြုတဲ့အခါမှာ profile မှာ သင့်ရဲ့အရပ်အမောင်းကို လိမ်ညာဖော်ပြထားတာမျိုး မလုပ်ပါနဲ့။ နီးစပ်တဲ့ အရပ်အမြင့်လောက်ကို လက်မဝက်လောက်ပိုပြောတာက ကိစ္စမရှိပေမယ့် အလွန်အကျွံမဖြစ်သင့်ပါဘူး။ သင့်ရဲ့ မရိုးသားမှုကြောင့် ကိုယ့်လိပ်ပြာကိုယ်မလုံပဲ ယုံကြည်မှုပျောက်ဆုံးနေပါလိမ့်မယ်။
မျက်နှာချင်းဆိုင်ရပ်ပါ
ယောင်္ကျားလေးတွေက တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းလာကြတဲ့အခါမှာ ဘေးချင်းယှဉ်ရပ်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်နှာချင်းဆိုင်ရပ်တာက ထိပ်တိုက်ရင်ဆိုင်နေတဲ့ သဘောသက်ရောက်တာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကတော့ မျက်နှာချင်းဆိုင်ရပ်ရတာကို ပိုသဘောကျလေ့ရှိပါတယ်။ အရပ်ပုတဲ့ အမျိုးသားတွေကတော့ အမျိုးသမီးတွေနဲ့ မျက်နှာချင်းဆိုင်ရပ်တဲ့အခါမှာ အရပ်ရှည်သူတွေလိုမျိုး စီးမိုးချိမ်းခြောက်ရာမရောက်တဲ့အတွက် အမျိုးသမီးတွေအတွက် ပိုပြီးတော့ သက်တောင့်သက်သာရှိစေမှာ ဖြစ်ပါတယ်။