စီးပြားေရးတစ္ခုကို အစီအစဥ္ ခ်ဖို႔

စီးပြားေရးတစ္ခုကို အစီအစဥ္ ခ်ဖို႔

စီးပွားရေးတစ်ခုကို အစီအစဉ် ချဖို့

လုပ္ငန္း႐ွင္တိုင္းရဲ႕ ဘဝမွာ တစ္ခါေတာ့ လုပ္ငန္းကို အရမ္း႐ႈပ္ေထြးမသြားခင္ စာရြက္ေပၚ အစီအစဥ္ ခ်ေရးရတဲ့ အခ်ိန္ ႐ွိေနမွာပါ။ သင့္မွာ ေငြ ႐ွိေနရင္ေတာင္ သင့္ရဲ႕ စာရြက္ေပၚ ခ်ေရးထားတဲ့ စီးပြားေရးအစီအစဥ္ လိုပါေသးတယ္။

ဘယ္လို အစီအစဥ္ ခ်ရမလဲဆိုေတာ့

၁. အလုပ္လုပ္မယ့္ အသင္း
၂. ထုတ္ကုန္
၃. ဝန္ေဆာင္မႈ
၄. ရည္မွန္းေစ်းကြက္
၅. ခန္႔မွန္း ဝယ္လိုအား
၆. ဝင္ေငြ အခ်က္အလက္
၇. ျမႇဳပ္ႏွံဝင္ေငြ
၈. ေခ်းေငြ
၉. ခန္႔မွန္းဝင္ေငြ
၁၀. ျမႇဳပ္ႏွံသူေတြအတြက္ ထြက္ေပါက္
၁၁. လုပ္ငန္းလုပ္ရသည့္ အေၾကာင္းရင္း
၁၂. သင္ လုပ္ကိုင္ႏိုင္မည့္ ေမ်ွာ္မွန္းကာလ

တို႔အေၾကာင္း ေခါင္းစဥ္တစ္ခုျခင္းစီ ေသေသခ်ာခ်ာ ခ်ေရးပါ။ မည္သည့္ေခါင္းစဥ္ကိုမွ ခ်န္ထားခဲ့၍မရပါ။

ၿပီးရင္ ေနာက္တစ္ေခါက္ ျပန္စစ္ၿပီး လိုအပ္ေနတာေတြ ျဖည့္ပါ။

သင့္ရဲ႕ Plan ဟာ စာရြက္တစ္ရြက္ေလာက္ ပါးပါးေလးကေန စာရြက္ ၁၀၀ ေလာက္ အထူႀကီးထိ လုပ္ႏိုင္ပါတယ္။ ဒါေပမယ့္ တစ္ရြက္ထဲလုပ္ထားတဲ့ Plan ကို ဘယ္သူမွ တေလးတစား ၾကၫ့္မွာ မဟုတ္သလို ရြက္တစ္ရာ Plan ႀကီးကိုလဲ ဘယ္သူမွ အစအဆံုး ဖတ္ေနမွာ မဟုတ္ပါဘူး။ စီးပြားေရးလုပ္ငန္းငယ္ေတြအဖို႔ အရြက္၃၀ ကေန ၅၀ အတြင္းဟာ အဆင္ေျပပါတယ္။ စာခ်ည္းပဲ ရြက္သံုးဆယ္အစာ စာနဲ႔ ပံုနဲ႔ ဂရပ္ေတြနဲ႔ ရြက္ ငါးဆယ္က ပိုၿပီး ေကာင္းပါတယ္။

ဘာလုပ္မွာလဲ၊ ဘာေၾကာင့္လဲ ဆိုတာ ႐ွင္းျပပါ။

သင္လုပ္ခ်င္တာ ဘာပါလဲ။ သင့္ Plan က ဘာပါလဲ။ ဘယ္လို ေငြ႐ွာမလဲ ဆိုတာ ေျပာစရာမလိုပါဘူး။ ကမၻာႀကီးကို ဘာခ်ျပခ်င္တယ္ဆိုတာပဲ ေျပာျပပါ။ ႐ိုးသားပါ။ သင့္ Plan ကို ဖတ္ေနတဲ့ ရင္းႏွီးျမႇဳပ္ႏွံသူေတြဟာ သင္ ဒါကို ဘာေၾကာင့္ လုပ္ခ်င္ရတာလဲဆိုတာ သိခ်င္မွာပါ။

အသင္း

စီးပြားေရးလုပ္ငန္းတစ္ခုဆိုတာ အသင္းလိုက္ လုပ္ရတာပါ။ ဒီစီးပြားေရးကို လုပ္ေဆာင္မယ့္ အသင္းအေၾကာင္း ႐ွင္းျပပါ။ နာမည္ေက်ာ္သူေတြအေၾကာင္းက စေျပာျပၿပီး လုပ္သက္ရင့္သူေတြအလယ္ အနာဂါတ္႐ွိတဲ့ လူသစ္ေတြအဆံုး အားလံုးအေၾကာင္းကို ေသခ်ာ ႐ွင္းျပထားပါ။ ေနာက္ဆံုး လူသစ္ေတြရဲ႕ အရည္အေသြးေတြ ဘာေၾကာင့္ ေရြးထားတယ္ ဆိုတာေတြကို ေသေသခ်ာခ်ာ ႐ွင္းျပပါ။

ေစ်းကြက္

သင့္ထုတ္ကုန္ ဘယ္ေစ်းကြက္မွာ အဆင္ေျပမလဲဆိုတာ သင္လုပ္ထားတဲ့ စစ္တမ္းေတြအေၾကာင္းနဲ႔ စေျပာပါ။ အဲဒိေစ်းကြက္ထဲကလူေတြကို ဘယ္လို ပစ္မွတ္ထားမလဲဆိုတာ ေျပာပါ။ ခုေလာေလာဆယ္ ေစ်းကြက္အေၾကာင္းနဲ႔ ၿပိဳင္ဘက္ ႐ွိမ႐ွိ ၊ ႐ွိခဲ့ရင္ သင့္ၿပိဳင္ဘက္ေတြအေၾကာင္းနဲ႔ ဘယ္လိုအႏိုင္ယူမလဲဆိုတာပါ ေသခ်ာ ႐ွင္းျပေပးထားပါ။

ေငြေၾကး

ေငြေၾကးအေထာက္အပံ့ဟာ စီးပြားေရးလုပ္ငန္းတိုင္းရဲ႕ အဓိကပါ။ သင္ ဒိလုပ္ငန္းကို စေနၿပီဆိုရင္ သင့္ရဲ႕ လုပ္ငန္းဝင္ေငြကို သံုးႏွစ္ကေန ငါးႏွစ္အတြင္း ျပႏိုင္ရမွာျဖစ္ၿပီး ပထမႏွစ္ကို တစ္လျခင္းစီ၊ ေနာက္ႏွစ္ေတြကို ေလးလပါတ္ျခင္းစီ ဝင္ေငြ ျပေပးရပါ့မယ္။

ထြက္ေပါက္

ရင္းႏွီးျမႇဳပ္ႏွံသူေတြဟာ သူတို႔ ျမႇဳပ္ႏွံၿပီးရင္ ေငြရ၊ ဒီတိုင္း အျပင္မွာ ထိုင္ေနၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ အျမဲေနသြားၾကခ်င္တာပါ။ သူတို႔ကို ဘယ္လို ထြက္သြားလို႔ရလဲဆိုတာ ျပေပးပါ။ IPO, Franchise, လုပ္ငန္းကုိ မ်ိဳး႐ိုးစဥ္ဆက္ လက္ဆင့္ကမ္းေပးတဲ့ Plan ေတြဟာ အသံုးမ်ားပါတယ္။ အမ်ားျပည္သူဆီ ႐ွယ္ယာေရာင္းတာကေတာ့ အစဦးလုပ္ငန္းေတြအတြက္ Plan ထဲမွာ မထည့္သင့္ပါဘူး။

 


 

စီးပွားရေးတစ်ခုကို အစီအစဉ် ချဖို့

လုပ်ငန်းရှင်တိုင်းရဲ့ ဘဝမှာ တစ်ခါတော့ လုပ်ငန်းကို အရမ်းရှုပ်ထွေးမသွားခင် စာရွက်ပေါ် အစီအစဉ် ချရေးရတဲ့ အချိန် ရှိနေမှာပါ။ သင့်မှာ ငွေ ရှိနေရင်တောင် သင့်ရဲ့ စာရွက်ပေါ် ချရေးထားတဲ့ စီးပွားရေးအစီအစဉ် လိုပါသေးတယ်။

ဘယ်လို အစီအစဉ် ချရမလဲဆိုတော့

၁. အလုပ်လုပ်မယ့် အသင်း
၂. ထုတ်ကုန်
၃. ဝန်ဆောင်မှု
၄. ရည်မှန်းဈေးကွက်
၅. ခန့်မှန်း ဝယ်လိုအား
၆. ဝင်ငွေ အချက်အလက်
၇. မြှုပ်နှံဝင်ငွေ
၈. ချေးငွေ
၉. ခန့်မှန်းဝင်ငွေ
၁၀. မြှုပ်နှံသူတွေအတွက် ထွက်ပေါက်
၁၁. လုပ်ငန်းလုပ်ရသည့် အကြောင်းရင်း
၁၂. သင် လုပ်ကိုင်နိုင်မည့် မျှော်မှန်းကာလ

တို့အကြောင်း ခေါင်းစဉ်တစ်ခုခြင်းစီ သေသေချာချာ ချရေးပါ။ မည်သည့်ခေါင်းစဉ်ကိုမှ ချန်ထားခဲ့၍မရပါ။

ပြီးရင် နောက်တစ်ခေါက် ပြန်စစ်ပြီး လိုအပ်နေတာတွေ ဖြည့်ပါ။

သင့်ရဲ့ Plan ဟာ စာရွက်တစ်ရွက်လောက် ပါးပါးလေးကနေ စာရွက် ၁၀၀ လောက် အထူကြီးထိ လုပ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ရွက်ထဲလုပ်ထားတဲ့ Plan ကို ဘယ်သူမှ တလေးတစား ကြည့်မှာ မဟုတ်သလို ရွက်တစ်ရာ Plan ကြီးကိုလဲ ဘယ်သူမှ အစအဆုံး ဖတ်နေမှာ မဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းငယ်တွေအဖို့ အရွက်၃၀ ကနေ ၅၀ အတွင်းဟာ အဆင်ပြေပါတယ်။ စာချည်းပဲ ရွက်သုံးဆယ်အစာ စာနဲ့ ပုံနဲ့ ဂရပ်တွေနဲ့ ရွက် ငါးဆယ်က ပိုပြီး ကောင်းပါတယ်။

ဘာလုပ်မှာလဲ၊ ဘာကြောင့်လဲ ဆိုတာ ရှင်းပြပါ။

သင်လုပ်ချင်တာ ဘာပါလဲ။ သင့် Plan က ဘာပါလဲ။ ဘယ်လို ငွေရှာမလဲ ဆိုတာ ပြောစရာမလိုပါဘူး။ ကမ္ဘာကြီးကို ဘာချပြချင်တယ်ဆိုတာပဲ ပြောပြပါ။ ရိုးသားပါ။ သင့် Plan ကို ဖတ်နေတဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ သင် ဒါကို ဘာကြောင့် လုပ်ချင်ရတာလဲဆိုတာ သိချင်မှာပါ။

အသင်း

စီးပွားရေးလုပ်ငန်းတစ်ခုဆိုတာ အသင်းလိုက် လုပ်ရတာပါ။ ဒီစီးပွားရေးကို လုပ်ဆောင်မယ့် အသင်းအကြောင်း ရှင်းပြပါ။ နာမည်ကျော်သူတွေအကြောင်းက စပြောပြပြီး လုပ်သက်ရင့်သူတွေအလယ် အနာဂါတ်ရှိတဲ့ လူသစ်တွေအဆုံး အားလုံးအကြောင်းကို သေချာ ရှင်းပြထားပါ။ နောက်ဆုံး လူသစ်တွေရဲ့ အရည်အသွေးတွေ ဘာကြောင့် ရွေးထားတယ် ဆိုတာတွေကို သေသေချာချာ ရှင်းပြပါ။

ဈေးကွက်

သင့်ထုတ်ကုန် ဘယ်ဈေးကွက်မှာ အဆင်ပြေမလဲဆိုတာ သင်လုပ်ထားတဲ့ စစ်တမ်းတွေအကြောင်းနဲ့ စပြောပါ။ အဲဒိဈေးကွက်ထဲကလူတွေကို ဘယ်လို ပစ်မှတ်ထားမလဲဆိုတာ ပြောပါ။ ခုလောလောဆယ် ဈေးကွက်အကြောင်းနဲ့ ပြိုင်ဘက် ရှိမရှိ ၊ ရှိခဲ့ရင် သင့်ပြိုင်ဘက်တွေအကြောင်းနဲ့ ဘယ်လိုအနိုင်ယူမလဲဆိုတာပါ သေချာ ရှင်းပြပေးထားပါ။

ငွေကြေး

ငွေကြေးအထောက်အပံ့ဟာ စီးပွားရေးလုပ်ငန်းတိုင်းရဲ့ အဓိကပါ။ သင် ဒိလုပ်ငန်းကို စနေပြီဆိုရင် သင့်ရဲ့ လုပ်ငန်းဝင်ငွေကို သုံးနှစ်ကနေ ငါးနှစ်အတွင်း ပြနိုင်ရမှာဖြစ်ပြီး ပထမနှစ်ကို တစ်လခြင်းစီ၊ နောက်နှစ်တွေကို လေးလပါတ်ခြင်းစီ ဝင်ငွေ ပြပေးရပါ့မယ်။

ထွက်ပေါက်

ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ မြှုပ်နှံပြီးရင် ငွေရ၊ ဒီတိုင်း အပြင်မှာ ထိုင်နေပြီး ပျော်ပျော်ရွှင်ရွှင် အမြဲနေသွားကြချင်တာပါ။ သူတို့ကို ဘယ်လို ထွက်သွားလို့ရလဲဆိုတာ ပြပေးပါ။ IPO, Franchise, လုပ်ငန်းကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းပေးတဲ့ Plan တွေဟာ အသုံးများပါတယ်။ အများပြည်သူဆီ ရှယ်ယာရောင်းတာကတော့ အစဦးလုပ်ငန်းတွေအတွက် Plan ထဲမှာ မထည့်သင့်ပါဘူး။

Related Posts

%%footer%%