စိတ်ပါဝင်စားခြင်း

သင္ လုပ္ေနရတဲ့ အလုပ္အတြက္ ရင္ခုန္ စိတ္လႈပ္႐ွားေနခဲ့ဖူးတဲ့ အခ်ိန္တစ္ခုကို ျပန္စဥ္းစားၾကည့္ပါ။ ၿပီးေတာ့ သင္ လုပ္မွ ျဖစ္မွာမို႔လို႔ လုပ္ေနရတဲ့ အလုပ္တစ္ခုကို ျပန္စဥ္းစားၾကည့္ပါ။ သင့္ရဲ႕ အလုပ္ၿပီးေျမာက္ႏိုင္စြမ္းနဲ႔ အက်ိဳး႐ွိမႈ ကြာမေနပါဘူးလား?? အခု ျပန္စဥ္းစားၾကည့္လိုက္ရံုနဲ႔ အဲဒိအခ်ိန္ေတြတုန္းက စိတ္ခံစားခ်က္ေတြကိုေတာင္ ျပန္ခံစားမိလာတယ္ မဟုတ္ပါလား?? အဲဒိအခ်က္ေတြကပဲ စိတ္ပါဝင္စားမႈကို ေအာင္ျမင္မႈ လမ္းေၾကာင္းအတြက္ အေရးပါတဲ့ အခ်က္တစ္ခုျဖစ္ေအာင္ ျပဳလုပ္ေပးတာပါပဲ။

https://www.facebook.com/moenetmin

အလုပ္ခြင္မွာ အလုပ္ကို စိတ္အရမ္းပါလို႔မဟုတ္ပဲ မလုပ္မျဖစ္ေၾကာင့္သာ လုပ္ေနရသူေတြ မ်ားပါတယ္။ အဲဒိလို ပါတ္ဝန္းက်င္မ်ိဳးမွာ တစ္ေယာက္ထဲလုပ္လို႔ မရလို႔ အလုပ္ၿပီးဖို႔ အေရးႀကီးတဲ့ တျခားသူေတြကို ဘယ္လို အလုပ္ထဲမွာ စိတ္ပါဝင္စားလာေအာင္ ျပဳလုပ္ၾကမလဲ??

မလုပ္မျဖစ္ လုပ္ရတာနဲ႔ စိတ္ပါဝင္စားလို႔ လုပ္တာရဲ႕ အဓိကကြာျခားခ်က္ေတြကို ေအာက္မွာ ေဖာ္ျပထားပါတယ္။

တာဝန္အရ လုပ္ရျခင္း

လူေတြဟာ ဒီအလုပ္ကို လုပ္ကို လုပ္မွ ရမွာမုိ့္ လုပ္ရတာပါ။

အဲဒါကို လိုအပ္တဲ့ အခါေတြကေတာ့

ေဆြးေႏြးျငင္းခံုေနဖို႔ အခ်ိန္ မ႐ွိတဲ့အခါမွာ

တျခား ေရြးခ်ယ္စရာ မ႐ွိတဲ့အခါ

သင္ တစ္ေယာက္ထဲ ဆံုးျဖတ္ခ်က္ခ်လို႔ ရေနတဲ့အခါ

လံုျခံဳေရးအတြက္ လုပ္ရပ္ေတြဟာ တာဝန္အရ ျဖစ္ဖို႔လိုပါတယ္။ သူမ်ားေတြကို ဖမ္းခ်ဳပ္ရတာ ေပ်ာ္ေနလို႔ မရပါဘူး။

plus-5

စိတ္ပါဝင္စားစြာ လုပ္ရျခင္း

လူေတြက ဒီအလုပ္ကို လုပ္ခ်င္လို႔ကို လုပ္တာပါ။

အဲဒါကို လိုအပ္တဲ့ အခ်ိန္ေတြကေတာ့

ေနာက္ခံ အကူအညီေပးသူ မ်ားမ်ား လိုတဲ့အခါ

အေျခအေနကို ေသခ်ာ မသိေသးတဲ့အခါ

အေျဖက ၾကာ႐ွည္ခံတဲ့ အေျဖျဖစ္မွ ရမယ့္အခါ

ကုန္ပစၥည္း အသစ္ မိတ္ဆက္တာ၊ ဝန္ေဆာင္မႈအသစ္၊ အစီအစဥ္ အသစ္ကို အမွားမပါပဲ အခ်ိန္နဲ႔ တေျပးညီ ဝန္ေဆာင္မႈ ေပးခ်င္တဲ့ အခါမ်ိဳးေတြဟာ စိတ္ပါဝင္စားမႈကို အေရးတႀကီး လိုအပ္ေနတာပါ။

တျခားသူေတြကို စိတ္ပါဝင္စားေစျခင္း

အလုပ္ခြင္မွာ ကြၽန္ေတာ္တို႔ အလုပ္အေပၚ စိတ္ပါဝင္စားေစခ်င္တဲ့ လူအုပ္စု ႏွစ္ခုကေတာ့ ကြၽန္ေတာ္တို႔အတြက္ အလုပ္လုပ္ေပးသူနဲ႔ ကြၽန္ေတာ္တို႔နဲ႔ တူတူ အလုပ္လုပ္သူတို႔ ျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔အတြက္ အလုပ္လုပ္ေပးသူေတြကို အလုပ္ထဲကို စိတ္ပါဝင္စားေစဖို႔ သူ႔ကို အလကား အလုပ္လုပ္ေပးတဲ့ ေဗာ္လန္တီယာတစ္ေယာက္လို သေဘာထားၿပီး ဆက္ဆံပါ။ တစ္ကယ္လို႔ သင့္ရဲ႕ ရာထူးအာဏာကို မသံုးရပဲ သူ႔ကို အလုပ္ေပးႏိုင္ၿပီဆိုရင္ သူ႔ရဲ႕ စိတ္ပါဝင္စားမႈဟာ အမွန္အကန္ပါ။

လူတစ္ေယာက္ရဲ႕ စိတ္ပါဝင္စားမႈကို ရႏိုင္တဲ့ အေျခအေန မ်ိဳး ႐ွိပါတယ္။

. ဒီ ပေရာဂ်က္ရဲ႕ ပန္းတိုင္ဟာ အဲဒိလူကို စိတ္လႈပ္႐ွားေစႏိုင္တဲ့ အရာ တစ္ခုခု ျဖစ္ေနရင္။

. ပေရာဂ်က္ရဲ႕ ပန္းတိုင္နဲ႔ ပါတ္သတ္ၿပီး သူျဖစ္ေစခ်င္တဲ့ အရာ တစ္ခုခုကို ထည့္သြင္းခြင့္ ေပးထားရင္။

. တစ္ေယာက္နဲ႔ တစ္ေယာက္ ဆက္သြယ္မႈ႐ွိရင္၊ အဲဒိလူက နားေထာင္တတ္ရင္။

အဲဒိ အေျခအေနေတြကို ဖန္တီးေပးဖို႔က ပေရာဂ်က္ ေခါင္းေဆာင္ရဲ႕ တာဝန္ပါ။

ကြၽန္ေတာ္တို႔ရဲ႕ စီးပြားေရးလုပ္ငန္း အိုင္ဒီယာ အသစ္တစ္ခုကို ရင္းႏွီးျမႇဳပ္ႏွံသူေတြကို ခ်ျပဖို႔ဆိုရင္ မခ်ျပခင္ ကြၽန္ေတာ္တို႔ ေသေသခ်ာခ်ာ ႀကိဳတင္ျပင္ဆင္သြားမွာပါ။ ဘာလို႔လဲဆိုေတာ့ အခြင့္အေရးက တစ္ႀကိမ္ပဲ ရမွာမို႔ပါ။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔လဲ တူတူပဲ ျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ရဲ႕ အခ်ိန္ေတြ စြမ္းအားေတြကို ျမႇဳပ္ႏွံရမွာ မို႔လို႔ပါ။ ဘယ္လို သူတို႔ကို စိတ္ပါလာေအာင္ ဆြဲေဆာင္ရမလဲ??

ကြၽန္ေတာ္တို႔ဟာ ပေရာဂ်က္တစ္ခုရဲ႕ ပထမအႀကိမ္မွာေတာ့ လူေတြကို တက္ႂကြလာေအာင္ လုပ္ေဆာင္ႏိုင္ပါတယ္။ ဒါေပမယ့္ အဲဒိအေခါက္ သူတို႔ ႀကိဳးစားအၿပီးမွာ သိသာထင္႐ွားတဲ့ အက်ိဳးသက္ေရာက္မႈ မရဘူးဆိုရင္ သူတို႔ကို ေနာက္တစ္ေခါက္ တက္ႂကြလာေအာင္ လုပ္ဖို႔ ခက္ခဲသြားပါၿပီ။

အဲဒိအခါမိ်ဳးမွာ ေခါင္းေဆာင္ဟာ အမွန္တရားကို ဖြင့္ေျပာရပါမယ္။ အေျခအေနကို ေရာခ်သြားမယ့္အစား၊ အေသးခ်ံဳ႕ပစ္မဲ့အစား ျပသနာ တစ္ခု ႐ွိေနတယ္ဆိုတာ ဝန္ခံရပါ့မယ္။ လူေတြကို အဲဒိျပသနာေျဖ႐ွင္းဖို႔ ဘယ္လို အစီအစဥ္ ႐ွိတယ္ဆိုတာ ေျပာျပၿပီး ေမ်ွာ္လင့္ခ်က္ေလး ေပးထားလိုက္ပါ။

300-x-200

ကိုယ့္ဘာသာ အလုပ္ မလုပ္ခ်င္တဲ့ အခါမ်ိဳးမွာ စိတ္ပါဝင္စားေအာင္ ျပဳလုပ္ျခင္း

တစ္ခါတစ္ေလမွာ ကြၽန္ေတာ္တို႔ကို ေကာင္းေကာင္း အဆက္ဆံ မခံရတဲ့ ေနရာမ်ိဳးေတြမွာ အလုပ္ရေနတတ္ပါတယ္။ ဒါမွမဟုတ္ Boss ဆိုးဆိုးေတြ လက္ေအာက္မွာ အလုပ္လုပ္ေနရတာမ်ိဳး ၾကံဳရတတ္ပါတယ္။ အဲဒိေတာ့ အလုပ္မွာ စိတ္မဝင္စားတာ အဆန္း မဟုတ္ေတာ့ပါဘူး။

အဲလို အခ်ိန္မ်ိဳးၾကံဳရရင္ အခုလို ေတြးၾကည့္လိုက္ပါ။ အခုခ်ိန္မွာ မန္ေနဂ်ာ ျဖစ္ေနသူေတြဟာ အရင္က သူေ႒း ခပ္ဆိုးဆိုး လက္ေအာက္မွာ ေနခဲ့ရတဲ့ သူေတြခ်ည္းပါပဲ။ တစ္ေန႔ေတာ့ အေျခအေနေတြ ေျပာင္းလဲသြားမွာပါ။ သူေ႒း ေျပာင္းသြားမွာပါ။ သင္ ရာထူးတိုးသြားမွာပါ။ အဲဒိလို သင့္ဘာသာ ေမ်ွာ္လင့္ခ်က္ ေပးလိုက္ရင္ အားတက္လာပါလိမ့္မယ္။ အားတက္လာရင္ အလုပ္ကို စိတ္ဝင္တစား လုပ္ႏိုင္လာပါလိမ့္မယ္။

အဲဒိလိုမ်ိဳး သူေ႒း ခပ္ဆိုးဆိုးေတြဆီကေတာင္ သင္ ေလ့လာႏိုင္တာ ႐ွိပါေသးတယ္။ ဝန္ထမ္းေတြကို ဘယ္လို မအုပ္ခ်ဳပ္ရဘူးလဲ ဆိုတာပါပဲ။


စိတ်ပါဝင်စားခြင်း

သင် လုပ်နေရတဲ့ အလုပ်အတွက် ရင်ခုန် စိတ်လှုပ်ရှားနေခဲ့ဖူးတဲ့ အချိန်တစ်ခုကို ပြန်စဉ်းစားကြည့်ပါ။ ပြီးတော့ သင် လုပ်မှ ဖြစ်မှာမို့လို့ လုပ်နေရတဲ့ အလုပ်တစ်ခုကို ပြန်စဉ်းစားကြည့်ပါ။ သင့်ရဲ့ အလုပ်ပြီးမြောက်နိုင်စွမ်းနဲ့ အကျိုးရှိမှု ကွာမနေပါဘူးလား?? အခု ပြန်စဉ်းစားကြည့်လိုက်ရုံနဲ့ အဲဒိအချိန်တွေတုန်းက စိတ်ခံစားချက်တွေကိုတောင် ပြန်ခံစားမိလာတယ် မဟုတ်ပါလား?? အဲဒိအချက်တွေကပဲ စိတ်ပါဝင်စားမှုကို အောင်မြင်မှု လမ်းကြောင်းအတွက် အရေးပါတဲ့ အချက်တစ်ခုဖြစ်အောင် ပြုလုပ်ပေးတာပါပဲ။

အလုပ်ခွင်မှာ အလုပ်ကို စိတ်အရမ်းပါလို့မဟုတ်ပဲ မလုပ်မဖြစ်ကြောင့်သာ လုပ်နေရသူတွေ များပါတယ်။ အဲဒိလို ပါတ်ဝန်းကျင်မျိုးမှာ တစ်ယောက်ထဲလုပ်လို့ မရလို့ အလုပ်ပြီးဖို့ အရေးကြီးတဲ့ တခြားသူတွေကို ဘယ်လို အလုပ်ထဲမှာ စိတ်ပါဝင်စားလာအောင် ပြုလုပ်ကြမလဲ??

မလုပ်မဖြစ် လုပ်ရတာနဲ့ စိတ်ပါဝင်စားလို့ လုပ်တာရဲ့ အဓိကကွာခြားချက်တွေကို အောက်မှာ ဖော်ပြထားပါတယ်။

တာဝန်အရ လုပ်ရခြင်း

လူတွေဟာ ဒီအလုပ်ကို လုပ်ကို လုပ်မှ ရမှာမ်ို့ လုပ်ရတာပါ။

အဲဒါကို လိုအပ်တဲ့ အခါတွေကတော့

– ဆွေးနွေးငြင်းခုံနေဖို့ အချိန် မရှိတဲ့အခါမှာ

– တခြား ရွေးချယ်စရာ မရှိတဲ့အခါ

– သင် တစ်ယောက်ထဲ ဆုံးဖြတ်ချက်ချလို့ ရနေတဲ့အခါ

လုံခြုံရေးအတွက် လုပ်ရပ်တွေဟာ တာဝန်အရ ဖြစ်ဖို့လိုပါတယ်။ သူများတွေကို ဖမ်းချုပ်ရတာ ပျော်နေလို့ မရပါဘူး။

စိတ်ပါဝင်စားစွာ လုပ်ရခြင်း

လူတွေက ဒီအလုပ်ကို လုပ်ချင်လို့ကို လုပ်တာပါ။

အဲဒါကို လိုအပ်တဲ့ အချိန်တွေကတော့

– နောက်ခံ အကူအညီပေးသူ များများ လိုတဲ့အခါ

– အခြေအနေကို သေချာ မသိသေးတဲ့အခါ

– အဖြေက ကြာရှည်ခံတဲ့ အဖြေဖြစ်မှ ရမယ့်အခါ

ကုန်ပစ္စည်း အသစ် မိတ်ဆက်တာ၊ ဝန်ဆောင်မှုအသစ်၊ အစီအစဉ် အသစ်ကို အမှားမပါပဲ အချိန်နဲ့ တပြေးညီ ဝန်ဆောင်မှု ပေးချင်တဲ့ အခါမျိုးတွေဟာ စိတ်ပါဝင်စားမှုကို အရေးတကြီး လိုအပ်နေတာပါ။

တခြားသူတွေကို စိတ်ပါဝင်စားစေခြင်း

အလုပ်ခွင်မှာ ကျွန်တော်တို့ အလုပ်အပေါ် စိတ်ပါဝင်စားစေချင်တဲ့ လူအုပ်စု နှစ်ခုကတော့ ကျွန်တော်တို့အတွက် အလုပ်လုပ်ပေးသူနဲ့ ကျွန်တော်တို့နဲ့ တူတူ အလုပ်လုပ်သူတို့ ဖြစ်ပါတယ်။

ကျွန်တော်တို့အတွက် အလုပ်လုပ်ပေးသူတွေကို အလုပ်ထဲကို စိတ်ပါဝင်စားစေဖို့ သူ့ကို အလကား အလုပ်လုပ်ပေးတဲ့ ဗော်လန်တီယာတစ်ယောက်လို သဘောထားပြီး ဆက်ဆံပါ။ တစ်ကယ်လို့ သင့်ရဲ့ ရာထူးအာဏာကို မသုံးရပဲ သူ့ကို အလုပ်ပေးနိုင်ပြီဆိုရင် သူ့ရဲ့ စိတ်ပါဝင်စားမှုဟာ အမှန်အကန်ပါ။

လူတစ်ယောက်ရဲ့ စိတ်ပါဝင်စားမှုကို ရနိုင်တဲ့ အခြေအနေ ၃ မျိုး ရှိပါတယ်။

၁. ဒီ ပရောဂျက်ရဲ့ ပန်းတိုင်ဟာ အဲဒိလူကို စိတ်လှုပ်ရှားစေနိုင်တဲ့ အရာ တစ်ခုခု ဖြစ်နေရင်။

၂. ပရောဂျက်ရဲ့ ပန်းတိုင်နဲ့ ပါတ်သတ်ပြီး သူဖြစ်စေချင်တဲ့ အရာ တစ်ခုခုကို ထည့်သွင်းခွင့် ပေးထားရင်။

၃. တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်မှုရှိရင်၊ အဲဒိလူက နားထောင်တတ်ရင်။

အဲဒိ အခြေအနေတွေကို ဖန်တီးပေးဖို့က ပရောဂျက် ခေါင်းဆောင်ရဲ့ တာဝန်ပါ။

ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်း အိုင်ဒီယာ အသစ်တစ်ခုကို ရင်းနှီးမြှုပ်နှံသူတွေကို ချပြဖို့ဆိုရင် မချပြခင် ကျွန်တော်တို့ သေသေချာချာ ကြိုတင်ပြင်ဆင်သွားမှာပါ။ ဘာလို့လဲဆိုတော့ အခွင့်အရေးက တစ်ကြိမ်ပဲ ရမှာမို့ပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့လဲ တူတူပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အချိန်တွေ စွမ်းအားတွေကို မြှုပ်နှံရမှာ မို့လို့ပါ။ ဘယ်လို သူတို့ကို စိတ်ပါလာအောင် ဆွဲဆောင်ရမလဲ??

ကျွန်တော်တို့ဟာ ပရောဂျက်တစ်ခုရဲ့ ပထမအကြိမ်မှာတော့ လူတွေကို တက်ကြွလာအောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် အဲဒိအခေါက် သူတို့ ကြိုးစားအပြီးမှာ သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှု မရဘူးဆိုရင် သူတို့ကို နောက်တစ်ခေါက် တက်ကြွလာအောင် လုပ်ဖို့ ခက်ခဲသွားပါပြီ။

အဲဒိအခါမျိုးမှာ ခေါင်းဆောင်ဟာ အမှန်တရားကို ဖွင့်ပြောရပါမယ်။ အခြေအနေကို ရောချသွားမယ့်အစား၊ အသေးချုံ့ပစ်မဲ့အစား ပြသနာ တစ်ခု ရှိနေတယ်ဆိုတာ ဝန်ခံရပါ့မယ်။ လူတွေကို အဲဒိပြသနာဖြေရှင်းဖို့ ဘယ်လို အစီအစဉ် ရှိတယ်ဆိုတာ ပြောပြပြီး မျှော်လင့်ချက်လေး ပေးထားလိုက်ပါ။

ကိုယ့်ဘာသာ အလုပ် မလုပ်ချင်တဲ့ အခါမျိုးမှာ စိတ်ပါဝင်စားအောင် ပြုလုပ်ခြင်း

တစ်ခါတစ်လေမှာ ကျွန်တော်တို့ကို ကောင်းကောင်း အဆက်ဆံ မခံရတဲ့ နေရာမျိုးတွေမှာ အလုပ်ရနေတတ်ပါတယ်။ ဒါမှမဟုတ် Boss ဆိုးဆိုးတွေ လက်အောက်မှာ အလုပ်လုပ်နေရတာမျိုး ကြုံရတတ်ပါတယ်။ အဲဒိတော့ အလုပ်မှာ စိတ်မဝင်စားတာ အဆန်း မဟုတ်တော့ပါဘူး။

အဲလို အချိန်မျိုးကြုံရရင် အခုလို တွေးကြည့်လိုက်ပါ။ အခုချိန်မှာ မန်နေဂျာ ဖြစ်နေသူတွေဟာ အရင်က သူဋ္ဌေး ခပ်ဆိုးဆိုး လက်အောက်မှာ နေခဲ့ရတဲ့ သူတွေချည်းပါပဲ။ တစ်နေ့တော့ အခြေအနေတွေ ပြောင်းလဲသွားမှာပါ။ သူဋ္ဌေး ပြောင်းသွားမှာပါ။ သင် ရာထူးတိုးသွားမှာပါ။ အဲဒိလို သင့်ဘာသာ မျှော်လင့်ချက် ပေးလိုက်ရင် အားတက်လာပါလိမ့်မယ်။ အားတက်လာရင် အလုပ်ကို စိတ်ဝင်တစား လုပ်နိုင်လာပါလိမ့်မယ်။

အဲဒိလိုမျိုး သူဋ္ဌေး ခပ်ဆိုးဆိုးတွေဆီကတောင် သင် လေ့လာနိုင်တာ ရှိပါသေးတယ်။ ဝန်ထမ်းတွေကို ဘယ်လို မအုပ်ချုပ်ရဘူးလဲ ဆိုတာပါပဲ။