Steve Jobs ပြောသည့် ဘဝသင်ခန်းစာ (၁၅)ခု
Steve Jobs ပြောသည့် ဘဝသင်ခန်းစာ (၁၅)ခု
အိမ်သုံးကွန်ပျူတာ ခေတ်ပြောင်းတော်လှန်ရေးမှာ ဦးဆောင်ခဲ့သူတစ်ဦးလည်းဖြစ်၊ Apple နည်းပညာကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ၊ ဥက္ကဌ၊ အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်ခဲ့တဲ့ Steve Jobs ဟာလေးစားထိုက်တဲ့ စီးပွားရေးစွမ်းဆောင်ရှင်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။ Steve Jobs ဟာ Apple ကုမ္ပဏီကို နည်းပညာလောကမှာ ရှေ့ဆောင်ကုမ္ပဏီတစ်ခုဖြစ်အောင် ဆန်းသစ်တဲ့စိတ်ကူးတွေ၊ တိကျပြတ်သားတဲ့ ခေါင်းဆောင်မှုတွေနဲ့ ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ Steve Jobs ဟာ (၂၀၁၁)ခုနှစ်အတွင်းမှာ ပန်ခရိယကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပြီဖြစ်ပေမယ့် သူ့ရဲ့ခေါင်းဆောင်မှု၊ ဆန်းသစ်တီထွင်မှုတွေနဲ့ ပတ်သက်ပြီး လူသာသေပေမယ့် နာမည်မသေတဲ့ပုဂ္ဂိုဟ်တစ်ဦးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် Steve Jobs ပြောကြားခဲ့တဲ့ ဘဝအတွက်သင်ခန်းစာတွေကို လေ့လာကြည့်ကြရအောင်ပါ။
၁။ ဇွဲသတ္တိရှိပါ။ အခြားလူတွေရဲ့ထင်မြင်ယူဆချက်တွေကြောင့် နောက်ကောက်ကျမကျန်ခဲ့ပါစေနဲ့။ သင့်ရဲ့အချိန်က အကန့်အသတ်ရှိပါတယ်။ တစ်စုံတစ်ယောက်ရဲ့အကြိုက်ကိုလိုက်ပြီး အချိန်မဖြုန်းပါနဲ့။ လူတွေ ဘယ်လိုထင်မယ်ဆိုတာကိုတွေပြီး ပူပင်ကြောင့်ကျမနေပါနဲ့။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှင်သန်ပါ။ အရေးအကြီးဆုံးက သင့်နှလုံးသားနဲ့ ပင်ကိုသိစိတ်ရဲ့လမ်းညွှန်မှုနောက်ကို ယုံယုံကြည်ကြည်လိုက်ဖို့ သတ္တိရှိပါ။
၂။ သင်စိတ်ပါဝင်စားတဲ့အလုပ်ကိုပဲလုပ်ပါ၊ အရေးပါအရာရောက်အောင်လုပ်ပါ။ လွန်ခဲ့တဲ့ (၃၃)နှစ်လုံးလုံး မနက်တိုင်းမှန်ရှေ့မှာရပ်ပြီး ကျွန်တော်ကိုယ့်ကိုယ်ကို မေးခဲ့တဲ့မေးခွန်းတစ်ခုရှိပါတယ်။ ဒီနေ့ဟာ ငါ့ဘဝရဲ့ နောက်ဆုံးနေ့ဖြစ်မယ်ဆိုရင် ဒီနေ့ ငါလုပ်ရမယ့်အရာကို လုပ်မလား ဆိုတာပါပဲ။ ကျွန်တော်ရတဲ့အဖြေက ငါ အပြောင်းအလဲတစ်ခုခုတော့ လုပ်ရမယ်ဆိုတာပါပဲ။
၃။ အသစ်အသစ်တွေ တီထွင်ဖန်တီးပါ။ မကြုံဖူး မတွေ့ဖူးတာတွေကို စမ်းသပ်တွေ့ကြုံခံစားပါ။ ပြဿနာတွေ ဖြေရှင်းပါ။ ဆန်းသစ်တီထွင်မှုဟာ ခေါင်းဆောင်နဲ့ နောက်လိုက်ကို ကွဲပြားခြားနားစေတဲ့အချက်ဖြစ်ပါတယ်။
၄။ သင်ကိုယ်တိုင်နဲ့ သင့်ရဲ့ဝန်ထမ်းတွေဆီကို အကောင်းဆုံးတွေကိုပဲ မျှော်လင့်ထားပါ။ အကောင်းဆုံးမဟုတ်ခဲ့ရင် သည်းမခံပါနဲ့။ အရည်အသွေးကို တိုင်းတာနိုင်ပါစေ။ တစ်ချို့လူတွေက အကောင်းဆုံးကိုပဲ မျှော်လင့်တဲ့ပတ်ဝန်းကျင်နဲ့ အံ့မဝင်ကြပါဘူး။
၅။ သင့်ရဲ့အချိန်ဟာ အရေးအကြီးဆုံးပါပဲ။ တန်ဖိုးထားပါ။ အချိန်ဟာ ကျွန်တော့်ဘဝမှာ ငွေကုန်ကြေးကျမရှိပဲ ရတဲ့ အနှစ်သက်ဆုံးအရာပဲဖြစ်ပါတယ်။ ကျွန်တော်တို့မှာရှိတဲ့ တန်ဖိုးအရှိဆုံးအရင်းအမြစ်က အချိန်ပါပဲ။
၆။ အမှားတွေကို ဝန်ခံပါ။ လုပ်စရာရှိတာမြန်မြန်လုပ်ပါ။ တစ်ခါတစ်ရံ သင်ဆန်းသစ်တီထွင်မှုတွေ လုပ်ဆောင်တဲ့အခါမှာ အမှားတွေလုပ်မိတတ်ပါတယ်။ အမြန်ဆုံး ဝန်ခံလိုက်ပြီး နောက်ထပ် ဆန်းသစ်တီထွင်မှုတွေကို လုပ်ဆောင်တာဟာ အကောင်းဆုံးပါ။
၇။ လဲကျသွားရင် ပြန်ထပါ။ အမြဲတမ်းယုံကြည်ထားပါ။ တစ်ခါတစ်ရံမှာ ဘဝက သင့်ခေါင်းကို အုတ်ခဲနဲ့ထုပါလိမ့်မယ်။ ယုံကြည်မှု ပျောက်မသွားပါစေနဲ့။
၈။ ရိုးရိုးရှင်းရှင်းနေထိုင်ပါ။ ဒါက ကျွန်တော့်ရဲ့လက်သုံးစကားပါ။ အာရုံစူးစိုက်မှုနဲ့ ရိုးရှင်းမှုရှိပါစေ။ ရိုးရှင်းမှုဟာ ရှုပ်ထွေးမှုထက် ခက်ခဲပါတယ်။ သင့်ရဲ့အတွေးတွေကို ရှင်းထုတ်ဖို့ တော်တော်ကြိုးစားရမှာပါ။ ဒါပေမယ့် ဒီကြိုးစားမှုက ထိုက်တန်ပါတယ်။ ဘာလို့လဲဆိုတော့ ရိုးရိုးရှင်းရှင်းအာရုံစူးစိုက်နိုင်ပြီဆိုရင် တောင်တွေကိုတောင် ရွှေ့ပစ်လိုက်နိုင်မှာပါ။
၉။ သင့်ရဲ့လုပ်ငန်းနဲ့ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ဖို့မလိုပါဘူး။ ဒါပေမယ့် သင့်ရဲ့ထုတ်ကုန်ပစ္စည်းကတော့ သုံးစွဲသူတွေရဲ့ကမ္ဘာကြီးကို ပြောင်းလဲနိုင်စေရပါမယ်။
၁၀။ တာဝန်ဝတ္တရားကို လေးစားလိုက်နာပြီး အခြားသူတွေကို ဘယ်တော့မှအပြစ်မတင်ပါနဲ့။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ရင် အားလုံးရဲ့အမှားပါပဲ။
၁၁။ အကောင်းဆုံးအနေအထားကိုမရောက်သေးဘူးလား၊ ရောက်လာမှာပါ။ အခုရှာမတွေ့သေးရင် ဆက်ပြီး ကြည့်နေပါ။ ထိုင်မနေပါနဲ့။ တွေ့တဲ့အခါမှာ နှလုံးသားကစေ့ဆော်မှုနဲ့ သင်သိလာပါလိမ့်မယ်။ အရမ်းကောင်းတဲ့ လူမှုဆက်ဆံရေးတစ်ခုလိုပါပဲ။ နှစ်ပေါင်းများစွာကြာလာတာနဲ့အမျှ ပိုပြီးပိုပြီးကောင်းလာလေပါပဲ။
၁၂။ သင့်ရဲ့အဖွဲ့အစည်းနဲ့ ဖောက်သည်တွေကို ယုံကြည်ပါ။ ကျွန်တော်ကတော့ လူသားတွေဟာ မြင့်မြတ်တဲ့ ဂုဏ်ယူစရာကောင်းတယ်ဆိုတာနဲ့ တချို့တွေဟာ တကယ်ကိုတော်ကြတယ်လို့ ထင်မြင်ယူဆတဲ့ အကောင်းမြင်သမားတစ်ယောက်ပါ။ တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းကို အကောင်းဖက်ကနေပဲ ကြည့်လေ့ရှိပါတယ်။
၁၃။ စစ်မှန်တဲ့ စိတ်ဝင်စားတက်ကြွမှုဟာ အရာအားလုံးပါ။ တစ်နေရာမှာ မရှိရင် နောက်တစ်နေရာမှာ ရှာဖွေပါ။ အင်တာနက်လုပ်ငန်းတွေ စတင်ထူထောင်တဲ့အခါမှာ ကုမ္ပဏီတည်ထောင်တာကို စိတ်ဝင်စားတာလား၊ ငွေကြေးကို စိတ်ဝင်စားတာလားဆိုတာကို ပြောဖို့ခက်ပါတယ်။ ကျွန်တော်ပြောနိုင်တာကတော့ လုပ်ငန်းတည်ထောင်ဖို့ စိတ်မဝင်စားရင် အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့်ပဲ စိတ်အာသီသမရှိဘူးဆိုရင် အရှုံးပေးသွားတတ်ကြတာဖြစ်ပါတယ်။
၁၄။ အကြီးမားဆုံးဖြစ်ဖို့မလိုပါဘူး၊ အကောင်းဆုံးဖြစ်ဖို့ပဲလိုပါတယ်။
၁၅။ လူတွေက ကောင်းတဲ့ အံ့အားသင့်စရာတွေကို သဘောကျနှစ်ခြိုက်တတ်ပါတယ်။
Related Posts
%%footer%%