အသက်ကြီးသူတွေရဲ့ ဆွဲဆောင်မှု ၁၂ ချက်
၎.သူတို့က ပိုတော် ပိုသိကြပါတယ်
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
အသက်ကြီးသူတွေရဲ့ ဆွဲဆောင်မှု ၁၂ ချက်
အသက်ကြီးတဲ့သူတွေဟာ အမျိုးသမီးတွေကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ အသက်ကြီးပေမယ့် အချိန်မစီးတဲ့သူတွေရှိသလို ငယ်ငယ်ရွယ်ရွယ်နဲ့ ရင့်ကျက်နေသူတွေလဲ အများကြီးပါ။
သင့်ကိုယ်သင် အမျိုးသမီးတွေကိုကောင်းကောင်း လိုက်တတ်တယ်လို့ ထင်နေပါသလား။ အဝတ်ကောင်းကောင်းဝတ်၊ ရေမွှေးသင်းသင်းလေးဆွတ်၊ သူမစကားပြောတဲ့အခါ ပြုံးပြ မျိုးစုံပိုးပန်းနေတဲ့ ကြားကနေ သင့်စီနီယာနဲ့ ပါသွားတာ ကြံုဘူးကြမှာပါ။ ဘာကြောင့်လဲဆိုတာ အဖြေရှာမရတော့ စိတ်ညစ်သွားတတ်တယ်မလား။
အမျိုးသမီးတွေက အသက်ကြီးတဲ့သူတွေကို နှစ်သက်ရတဲ့ အကြောင်းရင်း ၁၂ ချက် အောက်မှာရေးထားပါတယ်။
၁. သူတို့က စိတ်မကစားပါဘူး
သူတို့က ပျင်းစရာကြီးတွေလို့ ပြောတာ မဟုတ်ပါဘူး။ သူတို့က ဟာသ ဉာဏ်ရွှင်ပြီး ပျော်ပျော်နေတတ်နိုင်ပါတယ်။ သူတို့ရဲ့ ဟာသဉာဏ်မှာ စိတ်ကစားဖို့ အချစ်စမ်းဖို့တွေ မပါရုံပါ။
၂. သူတို့မှာ ရှေးကျတဲ့ ဆွဲဆောင်နည်းတွေရှိပါတယ်
အမျိုးသမီးတွေက ပထမဆုံး Date မှာ ပေါ့ပေါ့တန်တန်သဘောထားတာ မကြိုက်တတ်ကြပါဘူး။ ပန်းစည်းတွေယူလာပေးတာ၊ ထိုင်ဖို့ခုံ ပြင်ပေးတာ၊ အရမ်းကြမ်းကြမ်း Kiss ပေးတာမဟုတ်ပဲ ပါးလေးကို ဖွဖွလေးနမ်းတာ၊ အဲဒိ Old shool အပြုအမူတွေက အမျိုးသမီးတွေမတွက် ဘယ်တော့မှ ရိုးမသွားပါဘူး။
၃. အိပ်ရာဇာတ်လမ်း ကောင်းကောင်းခင်းတတ်ပါတယ်
အသက်ကြီးသူတွေဟာ အိပ်ရာထဲမှာ ပိုတော်တယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။ အမျိုးသမီးတွေဘာလိုချင်လဲဆိုတာ ပိုသိကြပါတယ်။ သူတို့မှာ အတွေ့အကြံုကောင်းကောင်းတွေရှိတတ်ကြပါတယ်။
၄.သူတို့က ပိုတော် ပိုသိကြပါတယ်
ဘဝကို နှစ်ပေါင်းများစွာ ဖြတ်သန်းလာရဖူးတော့ သူတို့ဟာ လူငယ်တွေထက် ဉာဏ်ပညာ ပိုများနေပါပြီ။ လူကြီးတွေက ပိုတော်ပြီး ပိုရင့်ကျက်တယ် ပိုအတွေ့အကြံုများတယ်ဆိုတာ ငြင်းလို့မရပါဘူး။ လူငယ်တွေကို ရင့်ကျက်လာအောင် အမျိုးသမီးတော်တော်များများက မစောင့်ချင်ကြပါဘူး။
၅. သူတို့က အမျိုးသမီးတွေရဲ့ စိတ်နေသဘောထားကို ပြောင်းလဲဖို့ မကြိုးစားပါဘူး
စတိုင်ကျတဲ့ ခပ်လန်းလန်း ကောင်မလေး လှလှလေးတွေကို လူတိုင်းသဘောကျပါတယ်။ ဒါပေမယ့် လူကြီးတွေဟာ ကောင်မလေးတွေရဲ့ လက်သည်းနီအရောင်၊ ဆံပင်အရောင်တွေကို မပြောင်းခိုင်းပါဘူး။ သူတို့က အပြင်ပန်းအလှထက် အတွင်းစိတ်သဘောထားကို အာရုံစိုက်တတ်ပါတယ်။ လိုတာတွေကို ဖြည့်တွေးတတ်ကြပါတယ်။ သူတို့ဟာ လူငယ်တွေလို ကောင်မလေးတွေကို သူတို့စိတ်တိုင်းကျအတိုင်း နေဖို့ မတိုက်တွန်းပါဘူး။
၆. သူတို့က တာဝန်ယူနိုင်ပါတယ်
လူကြီးတွေက အမျိုးသမီးတွေအမြင်မှာ တာဝန်ယူနိုင်ပုံ ပေါက်ပါတယ်။ ဘယ်မှာစားမလဲ၊ ဘယ်ကို သွားမလဲ၊ သူတို့က ငွေရှင်းရမယ့်အချိန်ကို သိပြီး အားမနာရအောင် လုပ်တတ်ပါတယ်။ မိန်းကလေးတွေက သူတို့အဖေအရွယ်တွေကို ဒိတ်ကြတာ တကမ္ဘာလုံးပါ။ သူတို့ဟာ ကောင်မလေးတွေကို အဖေလိုမျိုး နွေးနွေးထွေးထွေး ဆက်ဆံတတ်ကြလို့ပါ။ ပြသနာတစ်ခုခုဖြစ်ရင် လာပြီးစောင့်ရှောက်ပေးမယ့်ပုံပေါက်တာဟာ အမျိုးသမီးတွေကို ကြွေစေပါတယ်။
၇. စိတ်ဝင်စားစရာ စကားဝိုင်း ခင်းတတ်ပါတယ်
ဉာဏ်ပညာနဲ့ အတွေ့အကြံုတွေဟာ စကားဝိုင်းတစ်ခုကို မိနစ်သုံးဆယ်လောက် စိတ်ဝင်စားမှု မလျော့အောင် ပြောနိုင်ပါတယ်။ စကားဝိုင်းကို စိတ်စင်စားစရာကောင်းအောင် လိင်ကိစ္စ ထည့်ပြောစရာ မလိုပါဘူး။
၈. အလုပ်ကောင်းကောင်း ရပြီးပါပြီ
သူတို့မှာ ခိုင်မာတဲ့လုပ်ငန်းနဲ့ ဝင်ငွေကောင်းကောင်း ရှိကြပါတယ်။ အခြေကျပြီးသား ရုန်းကန်စရာမလိုတဲ့ ဘဝ ရှိထားတတ်ပါတယ်။ အမျိုးသမီးတွေကတော့ ကားနဲ့ အိမ်ပါတဲ့ လူကြီးလူကောင်းတွေကို အလုပ်လက်မဲ့ လူငယ်တွေထက်စာရင် သဘောပိုကျကြမှာပါ။
၉. သူတို့က အမျိုးသမီးတွေကို လေးစားတဲ့ လူကြီးလူကောင်းတွေ ဖြစ်ကြပါတယ်
အသက်ကြီးတော့ အတွေ့အကြံုတွေအရ အမျိုးသမီးတွေကို ကောင်းကောင်းနားလည်နေပါပြီ။ သူတို့က အမျိုးသမီးတွေရဲ့ ဆန္ဒနဲ့ သဘောထားကို ဦးစားပေးတတ်ကြပါတယ်။
၁၀. သူတို့က တွေ့ကရာ အမျိုးသမီးတွေနဲ့ မတွဲတော့ပါဘူး
သူတို့လိုချင်တာက ချစ်ရတဲ့သူနဲ့ သာယာလှပတဲ့ ညနေခင်းလေးပါ။ ဘားမှာသွား တွေ့ကရာ မိန်းမနဲ့ တွဲကတာမျိုး မလုပ်တော့ပါဘူး။
၁၁. သူတို့ လိုချင်တာကို ပြောပြရမှာ မကြောက်ပါဘူး
ခုခေတ်ကောင်မလေးတွေက ရိုးသားတာကို ကြိုက်ပါတယ်။ အမျိုးသမီးတွေကို သူတို့ လိုချင်တာ ဖြစ်ချင်တာကို ပြသနာမဖြစ်စေပဲ ပြောပြတတ်ပါတယ်။
၁၂. သူတို့ဟာ တားမြစ်ထားတဲ့ အရာမို့ပါ
အသက်အရွယ်ကွာလွန်းရင် ပါတ်ဝန်းကျင်လက်မခံတတ်ပါဘူး။ လူဆိုတာကလဲ တားထားတာမှ လုပ်ချင်တယ်လေ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================