သူစိမ္းေတြက ခ်က္ခ်င္းခင္မင္သြားေစမည့္ နည္းလမ္း(၇)ခု

သူစိမ်းတွေက ချက်ချင်းခင်မင်သွားစေမည့် နည်းလမ်း(၇)ခု

သူစိမ္းေတြက ခ်က္ခ်င္းခင္မင္သြားေစမည့္ နည္းလမ္း()ခု

ခင္မင္ရင္းႏွီးမႈမရွိေသးတဲ့ လူစိမ္းေတြနဲ႔ ေတြ႕ဆံုမႈဟာ ေန႔စဥ္ဘ၀ရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ လူမႈဆက္ဆံေရးထူးခၽြန္သူေတြအတြက္ကေတာ့ သူစိမ္းေတြနဲ႔ေတြ႕ဆံုရတာဟာ မိတ္ေဆြအေပါင္းအသင္းတိုးၿပီး ေပ်ာ္စရာကိစၥတစ္ခုျဖစ္ေပမယ့္ ကၽြန္ေတာ္တို႔အမ်ားစုကေတာ့ တစ္စံုတစ္ေယာက္နဲ႔ ပထမဆံုးအႀကိမ္ေတြ႔ဆံုရာမ်ာ စိုးရိမ္မႈအနည္းနဲ႔အမ်ားဆိုသလို ရွိတတ္ၾကပါတယ္။ သူစိမ္းေတြနဲ႔ ေတြ႕ဆံုရာမွာ အေရးအႀကီးဆံုးက ဦးဆံုးအျမင္လွေနဖို႔ပဲျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔အားလံုးက တစ္ေယာက္ေယာက္နဲ႔ စတင္ေတြ႕ဆံုလိုက္ခ်ိန္မွာကတည္းက ႏွစ္လိုဖြယ္ရာျဖစ္ၿပီး ခင္မင္သြားေစခ်င္တတ္ၾကပါတယ္။ ဒီအတြက္ေတာ့ မပူပါနဲ႔။ သင့္ကိုေတြ႕လိုက္တာနဲ႔ ခင္မင္သြားေစႏိုင္မယ့္ အခ်က္()ခ်က္ ကိုေဖာ္ျပေပးလိုက္ပါတယ္။

၁။ ျပဳံးျပပါ။

အျပံဳးေတြက အေရးႀကီးပါတယ္။ တစိမ္းတစ္ေယာက္နဲ႔ ေတြ႔ဆံုခ်ိန္မွာ မ်က္ႏွာေပၚမွာ ႐ုိးသားပြင့္လင္းတဲ့ အျပံဳးေလးတစ္ခု ရွိေနဖို႔လိုပါတယ္။ ဒီလိုဆိုရင္ သင္ဟာ ခင္မင္ရင္းႏွီးတတ္သူ၊ ဟိတ္ဟန္မမ်ားသူအျဖစ္ တဖက္သူကသိရွိၿပီး အေျခအေနေတြေကာင္းသြားပါလိမ့္မယ္။ ဒါ့အျပင္ သင္ဟာ ႏွစ္လိုဖြယ္ရာေကာင္းၿပီး ခင္ခ်င္စရာေကာင္းသူလည္း ျဖစ္လာပါလိမ့္မယ္။ ေနာက္ထပ္ အပိုဆုအေနနဲ႔ကေတာ သင္ျပံဳးလိုက္တာနဲ႔ သင့္ကို ပိုၿပီးေပ်ာ္ရႊင္တယ္လို႔ ခံစားရေစတဲ့ ဓာတုပစၥည္းေတြကို ဦးေႏွာက္က ထုတ္လႊတ္ေပးပါတယ္။ ဒါ့ေၾကာင့္ ႏွစ္ဦးႏွစ္ဖက္စလံုးအတြက္ တင္းက်ပ္မႈမရွိပဲ သက္ေတာင့္သက္သာနဲ႔ စကားေျပာဆိုႏိုင္မွာျဖစ္ပါတယ္။

၂။ တဖက္သူအမည္ကို မၾကာခဏထည့္ေျပာပါ။

လူေတြက သူတို႔ရဲ႕အမည္ကို ၾကားရတာကို ႏွစ္သက္သေဘာက်ပါတယ္။ တဖက္သူရဲ႕အမည္ကို သိၿပီဆိုတာနဲ႔ စကားေျပာေနခ်ိန္အတြင္းမွာ သဘာ၀က်က်လိုအပ္တဲ့ေနရာမွာ ထည့္ေျပာေပးပါ။ အလြန္အကၽြံႀကီးလည္း မေျပာမိပါေစနဲ႔။ ဒီလို အမည္ကို ထည့္ေျပာေပးျခင္းအားျဖင့္ တဖက္သူက သင့္ကို ပိုၿပီး ခင္မင္လာမွာျဖစ္သလို သူ႔နာမည္ကိုလည္း သင္မွတ္မိဖို႔ လြယ္ကူေစပါတယ္။ ေနာက္တစ္ခါနာမည္မွားေခၚမိမွာ စိုးရိမ္စရာမလိုေတာ့ပါဘူး။

၃။ ေပါ့ေပါ့ပါးပါး စကားစေျပာပါ။

တစ္ခါတစ္ေလမွာ သူစိမ္းတစ္ေယာက္ကို စကားစေျပာဖို႔က ခက္ေနတတ္ပါတယ္။ ဒီလိုဆုိရင္ ေပါ့ေပါ့ပါးပါး အေၾကာင္းအရာေလးေတြနဲ႔ စတင္သင့္ပါတယ္။ မိုးေလ၀သအေျခအေန၊ ပတ္၀န္းက်င္အေနအထား စသျဖင့္ အေၾကာင္းအရာေလးေတြက လူမႈဆက္ဆံေရးကို အေထာက္အကူျပဳေပးႏိုင္ပါတယ္။ ရယ္ေမာေပ်ာ္ရႊင္စရာ ကိစၥတစ္ခုနဲ႔ စတင္မယ္ဆိုရင္ေတာ့ လူခ်စ္လူခင္မ်ား ပိုမ်ားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ရယ္စရာေကာင္းတဲ့ အေၾကာင္းအရာေလးေတြ စုထားၿပီး ျပင္ဆင္ထားပါ။ တစ္ခုသတိထားရမွာက ရယ္စရာေတြခ်ည္းပဲ ေလွ်ာက္ေျပာေနလို႔လည္း မေကာင္းဘူးဆိုတာပါပဲ။

၄။ ခႏၶာကိုယ္အေနအထား ပြင့္လင္းပါ။

ဟန္ပါပါနဲ႔ စကားေျပာတာက စကားလံုးေတြထက္ ပိုထိေရာက္ပါတယ္။ ကိုယ္ေနဟန္ေတြ၊ လက္လႈပ္ရွားမႈေတြ စသျခင့္ ခႏၶာေဗဒဘာသာစကားကို လိုအပ္သလို သံုးတတ္တာက သင္ကို လူေတြမွတ္မိခင္မင္ေနေစႏိုင္တဲ့ အေၾကာင္းအခ်က္တစ္ခု ျဖစ္ပါတယ္။ အေကာင္းဆံုးအေနအထားတစ္ခုကိုေျပာျပပါမယ္။ လက္ပိုက္ထားတာ၊ ေဘာင္းဘီအိတ္ထဲလက္ထည့္ထားတာေတြ မလုပ္ပါနဲ႔။ ရင္ကိုအတန္သင့္ဖြင့္ထားပါ၊ ေျခေထာက္ေတြကို အနည္းငယ္ခ်ဲထားပါ။ ရင္အုပ္နဲ႔ ဦးေခါင္းက တဖက္သူနဲ႔ တည့္မတ္စြာရွိေနပါေစ။ စကားေျပာေနတုန္း မ်က္လံုးခ်င္းဆံုၿပီး ေျပာပါ။

၅။ လက္ဟန္အေနအထားမ်ား ျဖည့္စြက္ပါ။

စကားေျပာရင္ လက္ဟန္အေနအထားေတြ အသံုးျပဳတာဟာ သင္ေျပာတဲ့အေၾကာင္းအရာကို ပိုမိုျပည့္စံုေစမွာ ျဖစ္ပါတယ္။ လက္ဟန္ေတြသံုးျခင္းဟာ သင္ကို စြမ္းအားျပည့္ၿပီး စိတ္အားထက္သန္သူအျဖစ္ အမ်ားက မွတ္မိေနမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ လက္ဟန္သံုးတတ္ေလေလ၊ လူေတြက စိတ္၀င္စားမႈျမင့္ေလပဲ ျဖစ္ပါတယ္။ အရမ္း႐ႈပ္ယွက္ခတ္ေနေအာင္ေတာ့ မသံုးသင့္ပါဘူးဆိုတာ သတိထားပါ။

၆။ သူတို႔အေၾကာင္းေျပာခိုင္းပါ။

လူေတြက ကိုယ့္အေၾကာင္းကို ေျပာရတာ သေဘာက်ပါတယ္။ အထူးသျဖင့္ သူတို႔စိတ္၀င္စားတဲ့ အေၾကာင္းအရာမ်ိဳးေတြဆို ပိုေျပာခ်င္ပါတယ္။ သူစိမ္းတစ္ေယာက္က သင့္ကိုသေဘာက်သြားေစဖို႔ အေကာင္းဆံုးနည္းလမ္းကေတာ့ သူ႔အေၾကာင္းေျပာလို႔ရေစမယ့္ ေမးခြန္းေလးေတြေမးေပးဖို႔ပါပဲ။ ၿပီးရင္ သူတို႔ ဘ၀မွာ ဘာကိုစိတ္၀င္စားမႈရွိလည္းဆိုတဲ့အေၾကာင္းအရာဆီကို စကားလမ္းေၾကာင္းဦးတည္သြားၿပီး ဒီအေၾကာင္းကို ၾကာၾကာေျပာေပးပါ။ သူတို႔ေျပာတာကို အာ႐ုံစိုက္ထားၿပီး လိုအပ္တဲ့ေမးခြန္းေတြ ေထာက္ေပးပါ။

၇။ လူတိုင္းကိုစကားေျပာပါ။

ဒီအခ်က္က နည္းလမ္းေတာ့ သိပ္မက်ပါဘူး။ ဒီအခ်က္က ပထမဆံုးေတြ႕ဆံုခ်ိန္မွာ ခ်က္ခ်င္းသံုးလို႔မရပါဘူး။ တကယ္ေတာ့ သင့္ရဲ႕ေန႔စဥ္ဘ၀မွာ ေမြးျမဴထားသင့္တဲ့ အေလ့အက်င့္တစ္ခုလို႔ ေျပာရင္ပိုမွန္ပါလိမ့္မယ္။ ဘတ္စ္ကားေပၚမွာ၊ လမ္းေပၚမွာ၊ စားေသာက္ဆိုင္ထဲမွာ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ တတ္ႏိုင္သမွ် သူစိမ္းေတြနဲ႔ စကားေျပာၾကည့္ပါတယ္။ ဒီလိုနဲ႔ သူစိမ္းေတြနဲ႔ စကားေျပာတာကို ကၽြမ္းက်င္လာပါလိမ့္မယ္။ သင့္ကိုယ္သင္ မိတ္ဆက္ၿပီး စကားစေျပာႏိုင္တဲ့ စြမ္းရည္တိုးတက္လာမွာျဖစ္ၿပီး၊ မရင္းႏွီးသူေတြနဲ႔ စကားေျပာရမွာ ေၾကာက္စိတ္ေတြကိုလည္း ဖယ္ရွားႏိုင္လာမွာျဖစ္ပါတယ္။

တဖက္သူက ျမင္ျမင္ခ်င္းအထင္ႀကီးၿပီး သေဘာက်သြားဖို႔ကို စိတၱဇျဖစ္မေနပါနဲ႔။ သင္ ထင္ထားတာထက္ ပိုလြယ္ပါတယ္။ သူစိမ္းတစ္ေယာက္အတြက္ သင့္ကလည္း သူစိမ္းတစ္ေယာက္ျဖစ္တယ္ဆိုတာကို မေမ့ပါနဲ႔။ ဒီအခ်က္ေတြကို သံုးၿပီး အားလံုးရဲ႕ခ်စ္ခင္မႈကို ရယူလိုက္ပါ။


သူစိမ်းတွေက ချက်ချင်းခင်မင်သွားစေမည့် နည်းလမ်း(၇)ခု

ခင်မင်ရင်းနှီးမှုမရှိသေးတဲ့ လူစိမ်းတွေနဲ့ တွေ့ဆုံမှုဟာ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လူမှုဆက်ဆံရေးထူးချွန်သူတွေအတွက်ကတော့ သူစိမ်းတွေနဲ့တွေ့ဆုံရတာဟာ မိတ်ဆွေအပေါင်းအသင်းတိုးပြီး ပျော်စရာကိစ္စတစ်ခုဖြစ်ပေမယ့် ကျွန်တော်တို့အများစုကတော့ တစ်စုံတစ်ယောက်နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံရာမျာ စိုးရိမ်မှုအနည်းနဲ့အများဆိုသလို ရှိတတ်ကြပါတယ်။ သူစိမ်းတွေနဲ့ တွေ့ဆုံရာမှာ အရေးအကြီးဆုံးက ဦးဆုံးအမြင်လှနေဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးက တစ်ယောက်ယောက်နဲ့ စတင်တွေ့ဆုံလိုက်ချိန်မှာကတည်းက နှစ်လိုဖွယ်ရာဖြစ်ပြီး ခင်မင်သွားစေချင်တတ်ကြပါတယ်။ ဒီအတွက်တော့ မပူပါနဲ့။ သင့်ကိုတွေ့လိုက်တာနဲ့ ခင်မင်သွားစေနိုင်မယ့် အချက်(၇)ချက် ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ ပြုံးပြပါ။

အပြုံးတွေက အရေးကြီးပါတယ်။ တစိမ်းတစ်ယောက်နဲ့ တွေ့ဆုံချိန်မှာ မျက်နှာပေါ်မှာ ရိုးသားပွင့်လင်းတဲ့ အပြုံးလေးတစ်ခု ရှိနေဖို့လိုပါတယ်။ ဒီလိုဆိုရင် သင်ဟာ ခင်မင်ရင်းနှီးတတ်သူ၊ ဟိတ်ဟန်မများသူအဖြစ် တဖက်သူကသိရှိပြီး အခြေအနေတွေကောင်းသွားပါလိမ့်မယ်။ ဒါ့အပြင် သင်ဟာ နှစ်လိုဖွယ်ရာကောင်းပြီး ခင်ချင်စရာကောင်းသူလည်း ဖြစ်လာပါလိမ့်မယ်။ နောက်ထပ် အပိုဆုအနေနဲ့ကတော သင်ပြုံးလိုက်တာနဲ့ သင့်ကို ပိုပြီးပျော်ရွှင်တယ်လို့ ခံစားရစေတဲ့ ဓာတုပစ္စည်းတွေကို ဦးနှောက်က ထုတ်လွှတ်ပေးပါတယ်။ ဒါ့ကြောင့် နှစ်ဦးနှစ်ဖက်စလုံးအတွက် တင်းကျပ်မှုမရှိပဲ သက်တောင့်သက်သာနဲ့ စကားပြောဆိုနိုင်မှာဖြစ်ပါတယ်။

၂။ တဖက်သူအမည်ကို မကြာခဏထည့်ပြောပါ။

လူတွေက သူတို့ရဲ့အမည်ကို ကြားရတာကို နှစ်သက်သဘောကျပါတယ်။ တဖက်သူရဲ့အမည်ကို သိပြီဆိုတာနဲ့ စကားပြောနေချိန်အတွင်းမှာ သဘာဝကျကျလိုအပ်တဲ့နေရာမှာ ထည့်ပြောပေးပါ။ အလွန်အကျွံကြီးလည်း မပြောမိပါစေနဲ့။ ဒီလို အမည်ကို ထည့်ပြောပေးခြင်းအားဖြင့် တဖက်သူက သင့်ကို ပိုပြီး ခင်မင်လာမှာဖြစ်သလို သူ့နာမည်ကိုလည်း သင်မှတ်မိဖို့ လွယ်ကူစေပါတယ်။ နောက်တစ်ခါနာမည်မှားခေါ်မိမှာ စိုးရိမ်စရာမလိုတော့ပါဘူး။

၃။ ပေါ့ပေါ့ပါးပါး စကားစပြောပါ။

တစ်ခါတစ်လေမှာ သူစိမ်းတစ်ယောက်ကို စကားစပြောဖို့က ခက်နေတတ်ပါတယ်။ ဒီလိုဆိုရင် ပေါ့ပေါ့ပါးပါး အကြောင်းအရာလေးတွေနဲ့ စတင်သင့်ပါတယ်။ မိုးလေဝသအခြေအနေ၊ ပတ်ဝန်းကျင်အနေအထား စသဖြင့် အကြောင်းအရာလေးတွေက လူမှုဆက်ဆံရေးကို အထောက်အကူပြုပေးနိုင်ပါတယ်။ ရယ်မောပျော်ရွှင်စရာ ကိစ္စတစ်ခုနဲ့ စတင်မယ်ဆိုရင်တော့ လူချစ်လူခင်များ ပိုများနိုင်ပါတယ်။ ဒါ့ကြောင့် ရယ်စရာကောင်းတဲ့ အကြောင်းအရာလေးတွေ စုထားပြီး ပြင်ဆင်ထားပါ။ တစ်ခုသတိထားရမှာက ရယ်စရာတွေချည်းပဲ လျှောက်ပြောနေလို့လည်း မကောင်းဘူးဆိုတာပါပဲ။

၄။ ခန္ဓာကိုယ်အနေအထား ပွင့်လင်းပါ။

ဟန်ပါပါနဲ့ စကားပြောတာက စကားလုံးတွေထက် ပိုထိရောက်ပါတယ်။ ကိုယ်နေဟန်တွေ၊ လက်လှုပ်ရှားမှုတွေ စသခြင့် ခန္ဓာဗေဒဘာသာစကားကို လိုအပ်သလို သုံးတတ်တာက သင်ကို လူတွေမှတ်မိခင်မင်နေစေနိုင်တဲ့ အကြောင်းအချက်တစ်ခု ဖြစ်ပါတယ်။ အကောင်းဆုံးအနေအထားတစ်ခုကိုပြောပြပါမယ်။ လက်ပိုက်ထားတာ၊ ဘောင်းဘီအိတ်ထဲလက်ထည့်ထားတာတွေ မလုပ်ပါနဲ့။ ရင်ကိုအတန်သင့်ဖွင့်ထားပါ၊ ခြေထောက်တွေကို အနည်းငယ်ချဲထားပါ။ ရင်အုပ်နဲ့ ဦးခေါင်းက တဖက်သူနဲ့ တည့်မတ်စွာရှိနေပါစေ။ စကားပြောနေတုန်း မျက်လုံးချင်းဆုံပြီး ပြောပါ။

၅။ လက်ဟန်အနေအထားများ ဖြည့်စွက်ပါ။

စကားပြောရင် လက်ဟန်အနေအထားတွေ အသုံးပြုတာဟာ သင်ပြောတဲ့အကြောင်းအရာကို ပိုမိုပြည့်စုံစေမှာ ဖြစ်ပါတယ်။ လက်ဟန်တွေသုံးခြင်းဟာ သင်ကို စွမ်းအားပြည့်ပြီး စိတ်အားထက်သန်သူအဖြစ် အများက မှတ်မိနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ဟန်သုံးတတ်လေလေ၊ လူတွေက စိတ်ဝင်စားမှုမြင့်လေပဲ ဖြစ်ပါတယ်။ အရမ်းရှုပ်ယှက်ခတ်နေအောင်တော့ မသုံးသင့်ပါဘူးဆိုတာ သတိထားပါ။

၆။ သူတို့အကြောင်းပြောခိုင်းပါ။

လူတွေက ကိုယ့်အကြောင်းကို ပြောရတာ သဘောကျပါတယ်။ အထူးသဖြင့် သူတို့စိတ်ဝင်စားတဲ့ အကြောင်းအရာမျိုးတွေဆို ပိုပြောချင်ပါတယ်။ သူစိမ်းတစ်ယောက်က သင့်ကိုသဘောကျသွားစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူ့အကြောင်းပြောလို့ရစေမယ့် မေးခွန်းလေးတွေမေးပေးဖို့ပါပဲ။ ပြီးရင် သူတို့ ဘဝမှာ ဘာကိုစိတ်ဝင်စားမှုရှိလည်းဆိုတဲ့အကြောင်းအရာဆီကို စကားလမ်းကြောင်းဦးတည်သွားပြီး ဒီအကြောင်းကို ကြာကြာပြောပေးပါ။ သူတို့ပြောတာကို အာရုံစိုက်ထားပြီး လိုအပ်တဲ့မေးခွန်းတွေ ထောက်ပေးပါ။

၇။ လူတိုင်းကိုစကားပြောပါ။

ဒီအချက်က နည်းလမ်းတော့ သိပ်မကျပါဘူး။ ဒီအချက်က ပထမဆုံးတွေ့ဆုံချိန်မှာ ချက်ချင်းသုံးလို့မရပါဘူး။ တကယ်တော့ သင့်ရဲ့နေ့စဉ်ဘဝမှာ မွေးမြူထားသင့်တဲ့ အလေ့အကျင့်တစ်ခုလို့ ပြောရင်ပိုမှန်ပါလိမ့်မယ်။ ဘတ်စ်ကားပေါ်မှာ၊ လမ်းပေါ်မှာ၊ စားသောက်ဆိုင်ထဲမှာ ဘယ်နေရာမှာပဲဖြစ်ဖြစ် တတ်နိုင်သမျှ သူစိမ်းတွေနဲ့ စကားပြောကြည့်ပါတယ်။ ဒီလိုနဲ့ သူစိမ်းတွေနဲ့ စကားပြောတာကို ကျွမ်းကျင်လာပါလိမ့်မယ်။ သင့်ကိုယ်သင် မိတ်ဆက်ပြီး စကားစပြောနိုင်တဲ့ စွမ်းရည်တိုးတက်လာမှာဖြစ်ပြီး၊ မရင်းနှီးသူတွေနဲ့ စကားပြောရမှာ ကြောက်စိတ်တွေကိုလည်း ဖယ်ရှားနိုင်လာမှာဖြစ်ပါတယ်။

တဖက်သူက မြင်မြင်ချင်းအထင်ကြီးပြီး သဘောကျသွားဖို့ကို စိတ္တဇဖြစ်မနေပါနဲ့။ သင် ထင်ထားတာထက် ပိုလွယ်ပါတယ်။ သူစိမ်းတစ်ယောက်အတွက် သင့်ကလည်း သူစိမ်းတစ်ယောက်ဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့။ ဒီအချက်တွေကို သုံးပြီး အားလုံးရဲ့ချစ်ခင်မှုကို ရယူလိုက်ပါ။

Related Posts

%%footer%%