သုတ်လွှတ်စောခြင်းအတွက် နည်းလမ်းကောင်းများ
၂. ညှစ်ထားခြင်း
၎. ထုံဆေးများ
🄶🄴🄽🅃🄻🄴🄼🄰🄽 🄼🄰🄶🄰🅉🄸🄽🄴
၅. အထူးကွန်ဒွမ်များ
၆. သောက်ဆေးများ
╔==========================╗
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
Gentleman Magazine
╚==========================╝
Cyan Calyx
သုတ်လွှတ်စောခြင်းအတွက် နည်းလမ်းကောင်းများ(Uni)
သုတ်လွှတ်မစောအောင်ထိန်းလေ ပိုပြီးမြန်လေ ဖြစ်ဖူးပါသလား။ သင်တစ်ယောက်ထဲမဟုတ်ပါဘူး။ ကမ္ဘာပေါ်က ယောက်ျားတိုင်း တစ်ချိန်ချိန်မှာ ကြုံတွေ့ရမှာပါ။ အဲ့ဒါကို စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ နည်းလမ်း ၂ မျိုးနဲ့ ကုသရပါမယ်။ စိတ်ပိုင်းဆိုင်ရာဆိုတာ စိုးရိမ်စိတ်နဲ့ စိတ်ဖိအားတွေ လျော့နည်းသွားအောင် လုပ်ရမှာပါ။ သုတ်လွှတ်စောခြင်းအတွက် နည်းလမ်းတချို့ကို အောက်မှာပေးထားပါတယ်။ တကယ် မသုံးခင် ကိုယ့်ဘာသာ တစ်ယောက်ထဲ အရင်စမ်းကြည့်ပါ။
၁. ဇီဝတုံ့ပြန်ခြင်းကိုထိန်းခြင်း
ခန္ဓာကိုယ်က အထိအတွေ့ကိုလိုက်ပြီး ပြောင်းလဲနေမှာပါ။ အဲဒါကို ဇီဝတုံ့ပြန်ခြင်းလို့ ခေါ်ပါတယ်။ သုတ်လွှတ်စောတာကို ထိန်းဖို့အတွက် ကိုယ့်ဘာသာ ပန်းတိုင်ရောက်ခါနီးအထိ လုပ်ပြီး ပြီးခါနီးလေးမှာ အကုန်ရပ်လိုက်ပါ။ ဒါကိုကျင့်တာဟာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို မြန်မြန်ပြီးဆုံးမှုကို ထိန်းနိုင်အောင် ကျင့်ပေးပါတယ်။
၂. ညှစ်ထားခြင်း
သုတ်ထွက်လာပြီဆိုတာ သိတာနဲ့ ရပ်ပြီး သင့်အဂါၤ ခေါင်းနားကို ဖျစ်ညှစ်ထားလိုက်ပါ။ လက်ညှိုးနဲ့ လက်မနဲ့ သေချာညှစ်ပြီး အင်္ဂါအောက်မှာ ရှိတဲ့ ပြွန်ချောင်းကို သေချာဖိထားပါ။ ဒီလိုလုပ်တာဟာ အဂါၤထဲက သွေးဖိအားကို လျော့စေပြီး လိင်စိတ်ကို ခဏလျော့စေပါတယ်။ ပြီးဆုံးမြန်မှုကိုလဲ တားဆီးပေးပါတယ်။
၃. အမျိုးသမီးကို အရင်ပြီးစေခြင်း
သူမကို အရင်ပြီးအောင် လက်၊ ပါးစပ် တို့နဲ့ လုပ်ပေးလိုက်ပါ။ သူမတစ်ခါပြီးထားတာ သိနေရင် သင့်အပေါ်က စိတ်ဖိအားကို လျော့နည်းစေပါတယ်။
၄. ထုံဆေးများ
လုပ်ငန်းမစခင် အင်္ဂါကို ဖျန်းပေးရတဲ့ ထုံဆေးတွေ ရှိပါတယ်။ သင့်အဖော်ကို ထုံဆေးကူးမသွားအောင် သင့်တော်တဲ့ ပမာဏကိုပဲ သုံးပါ။ ကြိုသတိပေးထားပါမယ်။ အရမ်းထုံနေရင် သင့်ဟာ တောင်နေဖို့ အခက်အခဲ ရှိပါတယ်။
၅. အထူးကွန်ဒွမ်များ
သင့်အင်္ဂါကို ခံစားမှု သိပ်မရောက်စေမယ့် အထူစား ကွန်ဒွမ်တွေ ရှိပါတယ်။ Trojan က Extended Pleasure၊ Durex က Performax တို့လိုမျိုးပါ။
၆. သောက်ဆေးများ
လူတော်တော်များများက ဆေးကို တောင်စေဖို့ သုံးကြပါတယ်။ အဲဒိဆေးတွေကိုပဲ ကြာစေဖို့သုံးလို့ရပါတယ်။ ဒါပေမယ့် စိတ်အပြောင်းအလဲ မြန်တာ၊ သွေးပေါင်တက်တာနဲ့ တခြားဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ သင့်စွမ်းဆောင်ရည်က တော်တော် ဆိုးဆိုးဝါးဝါး ကျဆင်းနေမှသာ သုံးသင့်ပါတယ်။ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
၇. ပညာရှင်တွေကို မေးခြင်း
အပေါ်က ဟာတွေ အကုန်ကြိုးစားပြီးလို့မှ မအောင်မြင်ခဲ့ရင် ပညာရှင်တွေနဲ့ တိုင်ပင်ကြည့်ပါ။ ပညာရှင်တွေဟာ အပေါ်က နည်းလမ်းတွေကို ပုံစံတကျ လုပ်တတ်အောင်လဲ သင်ကြားပေးနိုင်ပါတယ်။ သင့်ဒေါက်တာကို အရင်မေးကြည့်ပါ။ ဘယ်သူ့ဆီသွားသင့်လဲဆိုတာ။ သူက သင့်ပြသနာကို စနစ်တကျ သဘာဝကျကျ ဖြေရှင်းပေးပါလိမ့်မယ်။
╔==========================╗
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
╚==========================╝
Cyan Calyx