အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ လိုအပ်ချက်များ
အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ နည်းလမ်းတစ်ခု
၁။ ယုံကြည်မှု
၂။ စည်းမျဉ်းစည်းကမ်း
၎။ အသိအမှတ်ပြုတတ်ခြင်း
အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ နည်းလမ်းတစ်ခု
ဘဝမှာ စိတ်ကူးအိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့က ကျောထောက်နောက်ခံကောင်းပြီး ပင်ကိုယ်ပါရမီရှိတဲ့ သူတွေပဲ ဖြစ်နိုင်တာမဟုတ်ပါဘူး။ တကယ်ဆိုရင် သင့်အိပ်မက်တွေ တကယ်ဖြစ်လာဖို့အတွက် လျို့ဝှက်နည်းလမ်းတစ်ခု ရှိပါတယ်။ ဒီလျို့ဝှက်နည်းလမ်းမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေ အကုန်လုံးနဲ့ ဖော်စပ်မယ်ဆိုရင် သင့်ရဲ့စိတ်ကူးအိပ်မက်တွေက လက်တွေ့အကောင်အထည်ပေါ်လာမှာ သေချာပါတယ်။ အိပ်မက်တွေလက်တွေ့ဖြစ်လာမယ့် နည်းလမ်းမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကတော့ –
၁။ ယုံကြည်မှု
ယုံကြည်မှု တကယ်ကိုအရေးအကြီးဆုံး ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ သင်လုပ်ချင်တဲ့အရာကို အောင်မြင်သည်အထိ လုပ်ဆောင်နိုင်ဖို့အတွက် ဖြစ်အောင်လုပ်နိုင်တယ်လို့ ယုံကြည်ထားဖို့ လိုပါတယ်။ ဒါတင်မဟုတ်သေးပါဘူး။ သင်ဟာ အောင်မြင်မှုနဲ့ ထိုက်တန်ပြီး အိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင် လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့လည်း ယုံကြည်ထားရပါလိမ့်မယ်။ ယုံကြည်မှုဟာ အောင်မြင်မှုအသီးအပွင့်တွေဖြစ်လာစေမယ့် မျိုးစေ့ဖြစ်ပါတယ်။
၂။ စည်းမျဉ်းစည်းကမ်း
ယုံကြည်မှုက အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ ယုံကြည်မှုဟာ သင့်အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ ပုံကြမ်းတစ်ခုနဲ့ တူညီပါတယ်။ ဒါပေမယ့် သင့်အိပ်မက်ကို တည်ဆောက်ရာမှာ အရေးကြီးတဲ့ အခြေခံအုတ်မြစ်ကတော့ အလုပ်နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ နေ့စဉ်နဲ့အမျှ အိပ်မက်တွေ လက်တွေ့ဖြစ်လာရေး စည်းမျဉ်းစည်းကမ်းတွေပဲဖြစ်ပါတယ်။ အောင်မြင်မှုအတွက် အဖိုးအခက အလုပ်ကြိုးစားခြင်း၊ အလုပ်ထဲမှာ နှစ်မြုပ်ထားခြင်နဲ့ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ အကောင်းဆုံး လုပ်ဆောင်မယ်ဆိုတဲ့ စိတ်ဓာတ်ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ အလုပ်ထဲမှာနှစ်မြုပ်ထားချင်စိတ်နဲ့ အိပ်မက်တွေ လက်တွေ့ဖြစ်လာချင်စိတ်အပြည့်ရှိနေဖို့ လိုပါတယ်။ ဒီအချက်ကလည်း ယုံကြည်မှုမရှိရင် မဖြစ်နိုင်သလို ယုံကြည်မှုတစ်ခုတည်းနဲ့လည်း အကောင်အထည်ဖော်လို့ မရပါဘူး။
၃။ ရည်မှန်းအနာဂတ်ပုံရိပ်
အနာဂတ်မှာ ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်က သင့်အိပ်မက်တွေအတွက် အရေးကြီးပါတယ်။ အိပ်မက်တွေကို ကိုယ်စားပြုမယ့်၊ ဘယ်သူတွေ ဘာပြောပြော အိပ်မက်တွေကို အကောင်အထည်ဖော်ချင်စိတ်ရှိစေမယ့်၊ သင့်ကို လူတွေဝန်းရံလာစေနိုင်မယ့် အနာဂတ်ပုံရိပ်မျိုး ရှိထားဖို့ လိုအပ်ပါတယ်။ ရည်မှန်းချက် အနာဂတ်ပုံရိပ်က သင့်ကို ဘယ်လိုအခက်အခဲနဲ့ပဲ ရင်ဆိုင်ရပါစေ၊ ယုံကြည်မှုရှိရှိ၊ စိတ်အားတက်ကြွမှုအပြည့်နဲ့ ကျော်ဖြတ်နိုင်ဖို့ အထောက်အကူပြုပေးမှာ ဖြစ်ပါတယ်။
၄။ အသိအမှတ်ပြုတတ်ခြင်း
လက်ရှိ အကြီးအကျယ်အောင်မြင်သူတိုင်းဟာ ဒီနေရာထိရောက်မလာခင် လမ်းတစ်လျှောက်မှာ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေ၊ အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြရပါတယ်။ သင့်အနေနဲ့လည်း အိပ်မက်ကို အကောင်အထည်ဖော်တဲ့ လမ်းကြောင်းတစ်လျှောက်မှာ ဘာတွေကို ဘယ်လောက်ထိလုပ်ဆောင်ခဲ့ပြီးပြီလဲဆိုတာကို အသိအမှတ်ပြုတတ်ဖို့ လိုပါတယ်။
Related Posts
%%footer%%