သင့်မိန်းမနဲ့ ဆက်ဆံရတာ ပိုပြီး Hot စေဖို့
4-other
. ဆက်တိုက် ကြိုးစားပါ
plus-4
ယောက်ျားတိုင်း ကြိုးစားကြည့်သင့်တဲ့ Sex Position ငါးမျိုး
acer
http://www.facebook.com/SLN.Myanmar
. အချိန်ယူ ဆက်ဆံပါ
သင့်မိန်းမနဲ့ ဆက်ဆံရတာ ပိုပြီး Hot စေဖို့
ဝင်တယ်၊ ထွက်တယ်၊ မိနစ် ၂၀ ကြာတော့ တီဗွီသွားကြည့်တယ်။ သင်တ်ို့ လက်ထပ်တာ နှစ် ၂၀ လောက် ကြာပြီဆိုရင်တော့ သင်တို့ လင်မယားရဲ့ လိင်ဆက်ဆံရေးဟာ အဲဒီလို ဖြစ်နေမှာပါ။ အဲဒီလို ပျင်းစရာကောင်းနေတဲ့ လိင်မှုဘဝကြီးကို ဘယ်လို အဆင့်မြှင့်မလဲ?? ဟန်းနီးမွန်းလို ဖြစ်သွားအောင် ဘယ်လို ပြန်စမလဲ?? သင့်ရဲ့ အိပ်ခန်း အပြင်မှာရော၊ အတွင်းမှာပါ အချစ်မီးပိုတောက်စေဖို့ အောက်ပါ အကြံပြုချက် လေးချက်ကို ဖတ်ကြည့်လိုက်ပါ။
၁. Sex Date တစ်ခု ပြန်လုပ်ပါ
လူပျို အပျို ဘဝတုန်းက လိင်ဆက်ဆံဖို့ကို တခမ်းတနား လုပ်ခဲ့တာ မှတ်မိပါသေးရဲ့လား။ သင် အခု အလိုရှိတိုင်း ရနေပေမယ့် လူပျိုဘဝတုန်းကလို ရိုမန်တစ်လေး ပြန်လုပ်ကြည့်ပါ။
အရင်တုန်းကလို တစ်ခါလေး ဆက်ဆံရဖို့ မျိုးစုံ လုပ်ရတာ မှတ်မိဦးမှာပါ။ မျက်နှာ သေချာ သစ်၊ နှင်းဆီပန်းတွေ အသင့်၊ သေသေချာချာ မီးပူတိုက်ထားတဲ့ အင်္ကျီတွေနဲ့ သင် ပြင်ဆင်ရာမှာ အားပိုစိုက်လေလေ စိတ်လှုပ်ရှားမှု ပိုရလာလေပါ။ အဲဒါဆိုရင် ” လိင်ဆက်ဆံဖို့ ပင်ပန်းလွန်းတာ” မရှိတော့ပါဘူး။
၂. ဆက်တိုက် ကြိုးစားပါ
စိတ်ကြွမှုဟာ မျှော်လင့်မထားတဲ့ အရာတွေကနေ ရတတ်ပါတယ်။ ဦးနှောက်တွေဟာ အတွေ့အကြုံသစ်တွေ ရှာဖွေလိုကြပြီး အတွေ့အကြုံသစ်ရရင် ပျော်ရွှင်မှုဟော်မုန်း Dopamine ထုတ်လွှတ်ပေးတတ်ပါတယ်။
သူမကို ပန်းလေးတွေ အလကားနေရင်း ပို့ပေးတာကနေ စပါ။ သူမ အိမ်ပြန်လာရင် ကုတ်အင်္ကျီကြီး တစ်ထည်ထဲ ဝတ်ပြီး နှုတ်ဆက်ပါ။ အထဲမှာ ဘာမှ ဝတ်မထားပါနဲ့။ သင့်ရဲ့ အိမ်ထဲမှာ ဆက်ဆံဖို့ နေရာအသစ်တွေ လိုက်ရှာတာမျိုးနဲ့ အရှိန်မြှင့်ပေးပါ။ ဥပမာ အဝတ်လျှော်စက်ပေါ်တို့၊ မီးဖို့ချောင်တို့ နေရာမျိုးပါ။
၃. သူမ အကြိုက်တွေကို ပြန်လေ့လာပါ
နှစ်ပေါင်းများစွာ ကြာအောင် ဆက်ဆံလာသူတွေဟာ တစ်ယောက်ရဲ့ လိင်ဆန္ဒ လိုအင်တွေကို တစ်ယောက်က လုံးဝနားလည်နေပြီ ထင်တတ်ကြပါတယ်။ မှားပါတယ်။
ကျွန်တော်တို့ရဲ့ ခန္ဓာနဲ့ အလိုဆန္ဒတွေဟာ အချိန်နဲ့ အမျှ ပြောင်းလဲနေပါတယ်။ သင့်ရဲ့ ပါတနာကို ဘာကြိုက်လဲဆိုတာ Check In ဝင်သင့်ပါတယ်။ သင်တို့နှစ်ယောက် အဝတ်ဗလာနဲ့ တစ်ယောက်နဲ့ တစ်ယောက် ဘေးခြင်းကပ် လှဲပြီး ကျီစယ်နေတာ မျိုးက အဆင်ပြေပါတယ်။
သင့်ပါတနာ ဘာကြိုက်လဲဆိုတာ ပြန်လေ့လာဖို့ အချိန်ယူပါ။ လက်ထပ်စတုန်းက Bondage မကြိုက်ရင် အခု ကြိုးစားကြည့်သင့်ပါတယ်။ ပုံစံအသစ်၊ နည်းအသစ်တွေဟာ သင့်ကို ချစ်စခင်စ ဘဝကို ပြန်ခေါ်သွားနိုင်ပါတယ်။
၄. အချိန်ယူ ဆက်ဆံပါ
လိင်ကိစ္စဆိုတာ နေ့စဉ် လုပ်နေကျ နေ့တဓူဝ ကိစ္စ မဖြစ်စေရပါဘူး။ ပြီးဆုံးဖို့ကိုပဲ အာရုံမထားပါနဲ့။ ပျော်ပါ။ တစ်နေ့လုံး သင့်ဇနီးနဲ့ ကလူကျီစယ်နေခြင်းဟာ ညနေအတွက် အကောင်းဆုံး စိတ်ကြွဆေးပါ။
သူမကို ချစ်ခင်တဲ့ မထိတထိ စကားလေးတွေ ပို့ပေးပါ။ ကျီစယ်ခြင်းဟာ ဒိုပါမင်းဟော်မုန်း ထွက်စေပြီး ဒိုပါမင်းဟာ စိတ်ကြွစေပါတယ်။