သင့္ခ်စ္သူကို မဆံုး႐ွံုးေစပဲ သင့္အိပ္မက္ေနာက္ ဘယ္လို လိုက္ရမလဲ
သင့်ချစ်သူကို မဆုံးရှုံးစေပဲ သင့်အိပ်မက်နောက် ဘယ်လို လိုက်ရမလဲ
ဘဝဆိုတာ စစ္ေျမျပင္လဲျဖစ္ႏုိင္ပါတယ္။ အကူအညီမပါရင္ ဘာေအာင္ျမင္မႈကိုမွ မရယူႏိုင္တဲ့ အေျခအေနမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ သင့္ကို အလုပ္ပိုေကာင္းေအာင္ လုပ္မိေစဖို႔ တိုက္တြန္းခ်က္ေတြဟာ လုပ္ေဖာ္ကိုင္ဖက္ေတြဆီကထက္ ခ်စ္သူဆီက လာတာ ပိုမ်ားလွပါတယ္။
လုပ္ေဖာ္ကိုင္ဖက္ေတြဟာ သင့္လုပ္ငန္းရဲ႕ အတိမ္အနက္ အခ်ိဳးအေကြ႕ေတြကို နားလည္ၾကပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕ ရင္းႏွီးထားရတဲ့ စိတ္ခံစားခ်က္ေတြကို နားမလည္ၾကပါဘူး။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ ခ်စ္တဲ့သူေတြေပးတဲ့ အကူအညီဟာ ၾကံဳရတဲ့ အခက္အခဲေတြကို ေက်ာ္ျဖတ္ဖို႔ အားတစ္ဆင့္ ေပးေနတဲ့အတိုင္းပါပဲ။
သင္ ဘာအလုပ္ပဲလုပ္လုပ္ သင့္လုပ္ငန္းကို အားေပးေစခ်င္ရင္ ဒီအလုပ္ကို သင္လုပ္ကိုင္တဲ့ ပံုစံနည္းလမ္းအေၾကာင္း ႐ွင္းလင္းတဲ့ အခ်က္အလက္ေတြကို အားေပးေစလိုသူေတြထံ ခ်ျပေပးရပါမယ္။ သင့္အိမ္မွာလဲ သင္လုပ္ကိုင္တဲ့ ပံုစံနည္းလမ္းအေၾကာင္း သူမကို ႐ွင္းလင္းေျပာျပထားမွ ကူညီႏိုင္မွာပါ။
သင္တို႔ႏွစ္ေယာက္ လုပ္ငန္းေအာင္ျမင္မႈေတြကို တူတူ ေအာင္ပြဲခံႏိုင္ရင္ေတာ့ သင္တို႔ရဲ႕ ခ်စ္ဇာတ္လမ္းဟာ ပိုၿပီး ေပ်ာ္ဖို႔ ေကာင္းလာမွာပါ။
သင့္ရဲ႕ ခ်စ္သူက သင့္လုပ္ငန္းနဲ႔ ပါတ္သတ္ၿပီး မကြၽမ္းက်င္ရင္ သင့္ရဲ႕ ရည္မွန္းခ်က္လမ္းေၾကာင္းကုိ သူနားလည္တဲ့ထိ ႐ွင္းလင္းေျပာျပဖို႔ လိုအပ္ပါတယ္။ သင့္ရဲ႕ ရည္မွန္းခ်က္ဟာ သင့္အတြက္ ဘာေၾကာင့္ အေရးႀကီးရတာလဲ ဆိုတာေတြ၊ သင္ ၾကံဳေတြ႕ေနရတဲ့ စိန္ေခၚမႈေတြကို နားလည္ေအာင္ ေျပာျပရပါမယ္။
သင္ အလုပ္အတြက္ ေပးရမယ့္အခ်ိန္ေတြ၊ သင္ ျပန္ရမယ့္ အက်ိဳးရလဒ္ေတြအတြက္ ႏွစ္ေယာက္သား တိုင္ပင္ ေဆြးေႏြးရပါမယ္။ တကယ္လို႔ သင့္ရည္မွန္းခ်က္ရဖို႔ အခ်ိန္ဘယ္ေလာက္ၾကာမယ္၊ ဘဝရဲ႕ အစိတ္အပိုင္း ဘယ္ေလာက္ ဖဲ့ေပးရမယ္ဆိုတာ မသိခဲ့ရင္လဲ မသိေၾကာင္း ေျပာပါ။
ရည္မွန္းခ်က္ ပန္းတိုင္ေနာက္ လိုက္စဥ္မွာ ကုန္ဆံုးသြားမယ့္ အခ်ိန္ေတြ၊ အတူပါသြားမဲ့ ဘယ္ေတာ့မွျပန္မရမဲ့ အမွတ္တရေတြကိုပါ ထည့္စဥ္းစားပါ။ သင့္ကေလးရဲ႕ ပထမဆံုး ေက်ာင္းအားကစားပြဲ လြတ္တာလိုမ်ိဳးကေန Anniversary အခ်ိန္ေတြကို အလုပ္ထဲ ထည့္ေပးရမွာ အထိေပါ့။
အလုပ္အရမ္းမ်ားတာဟာ သင့္ကို မထိခိုက္ေစႏိုင္ေပမယ့္ သင့္ခ်စ္သူကိုေတာ့ ထိခိုက္မွာပါ။ ႏွစ္ေပါင္းမ်ားစြာ ၾကာမယ့္ ေအာင္ျမင္မႈေနာက္ လိုက္ရတဲ့ ခရီးမွာ ႏွစ္ကိုယ္တူ ေပ်ာ္စရာေလးေတြ ဖန္တီးဖို႔ မေမ့ပါနဲ႔။
သင့္ရဲ႕ ပထမဦးစားေပးက အလုပ္ ျဖစ္ေပမယ့္ အလုပ္အတြက္ ေပးထားတဲ့အခ်ိန္ ၿပီးတဲ့ အခါမွာ သင့္ေကာင္မေလးဆီ အေရာက္သြားပါ။ ကိုယ္ ဝါသနာပါတဲ့ အလုပ္ထဲမွာ အရမ္းစိတ္ေရာက္ေနရင္ လူက မပင္ပန္းပါဘူး။ ဒါေပမယ့္ သင္အိမ္အျပန္ ေစာင့္ေနတဲ့ တစ္ေယာက္ေသာသူကေတာ့ သင္ ျပန္မလာရင္ စိတ္ပင္ပန္းေနမွာကို သတိျပဳပါ။
အလုပ္ထဲမွာ စိတ္ႏွစ္ထားတဲ့ လူ ေတာ္ေတာ္မ်ားမ်ားဟာ အိမ္မွာ မိသားစုကို ေကာင္းေကာင္း အဆင္ေျပေျပ မဆက္ဆံမိတာမ်ိဳး ျဖစ္တတ္ပါတယ္။ သင္ အလုပ္လုပ္ေနစဥ္မွာ သင့္မိန္းမမွာလဲ စိတ္ဖိစီးမႈေတြ၊ စိန္ေခၚမႈေတြ ပါဝင္ေနတဲ့ အလုပ္တစ္ခု ႐ွိေနႏိုင္တာကိုလဲ သတိထားပါ။ သင္တစ္ေယာက္ထဲ စိတ္႐ႈပ္ရတာ မဟုတ္ပါဘူး။
လင္မယား၊ ခ်စ္သူ အခ်င္းခ်င္း အျမင္ေတြ ဖလွယ္ပါ။ သင့္ခ်စ္သူကိုလဲ နားေထာင္အားေပးပါ။ သင္တို႔ တစ္ေယာက္ကို တစ္ေယာက္ အားေပးႏိုင္ေလေလ၊ ေအာင္ျမင္မႈေတြ ရေလေလပါပဲ။
သင့်ချစ်သူကို မဆုံးရှုံးစေပဲ သင့်အိပ်မက်နောက် ဘယ်လို လိုက်ရမလဲ
ဘဝဆိုတာ စစ်မြေပြင်လဲဖြစ်နိုင်ပါတယ်။ အကူအညီမပါရင် ဘာအောင်မြင်မှုကိုမှ မရယူနိုင်တဲ့ အခြေအနေမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သင့်ကို အလုပ်ပိုကောင်းအောင် လုပ်မိစေဖို့ တိုက်တွန်းချက်တွေဟာ လုပ်ဖော်ကိုင်ဖက်တွေဆီကထက် ချစ်သူဆီက လာတာ ပိုများလှပါတယ်။
လုပ်ဖော်ကိုင်ဖက်တွေဟာ သင့်လုပ်ငန်းရဲ့ အတိမ်အနက် အချိုးအကွေ့တွေကို နားလည်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရင်းနှီးထားရတဲ့ စိတ်ခံစားချက်တွေကို နားမလည်ကြပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ချစ်တဲ့သူတွေပေးတဲ့ အကူအညီဟာ ကြုံရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ဖို့ အားတစ်ဆင့် ပေးနေတဲ့အတိုင်းပါပဲ။
သင် ဘာအလုပ်ပဲလုပ်လုပ် သင့်လုပ်ငန်းကို အားပေးစေချင်ရင် ဒီအလုပ်ကို သင်လုပ်ကိုင်တဲ့ ပုံစံနည်းလမ်းအကြောင်း ရှင်းလင်းတဲ့ အချက်အလက်တွေကို အားပေးစေလိုသူတွေထံ ချပြပေးရပါမယ်။ သင့်အိမ်မှာလဲ သင်လုပ်ကိုင်တဲ့ ပုံစံနည်းလမ်းအကြောင်း သူမကို ရှင်းလင်းပြောပြထားမှ ကူညီနိုင်မှာပါ။
သင်တို့နှစ်ယောက် လုပ်ငန်းအောင်မြင်မှုတွေကို တူတူ အောင်ပွဲခံနိုင်ရင်တော့ သင်တို့ရဲ့ ချစ်ဇာတ်လမ်းဟာ ပိုပြီး ပျော်ဖို့ ကောင်းလာမှာပါ။
သင့်ရဲ့ ချစ်သူက သင့်လုပ်ငန်းနဲ့ ပါတ်သတ်ပြီး မကျွမ်းကျင်ရင် သင့်ရဲ့ ရည်မှန်းချက်လမ်းကြောင်းကို သူနားလည်တဲ့ထိ ရှင်းလင်းပြောပြဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ ရည်မှန်းချက်ဟာ သင့်အတွက် ဘာကြောင့် အရေးကြီးရတာလဲ ဆိုတာတွေ၊ သင် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို နားလည်အောင် ပြောပြရပါမယ်။
သင် အလုပ်အတွက် ပေးရမယ့်အချိန်တွေ၊ သင် ပြန်ရမယ့် အကျိုးရလဒ်တွေအတွက် နှစ်ယောက်သား တိုင်ပင် ဆွေးနွေးရပါမယ်။ တကယ်လို့ သင့်ရည်မှန်းချက်ရဖို့ အချိန်ဘယ်လောက်ကြာမယ်၊ ဘဝရဲ့ အစိတ်အပိုင်း ဘယ်လောက် ဖဲ့ပေးရမယ်ဆိုတာ မသိခဲ့ရင်လဲ မသိကြောင်း ပြောပါ။
ရည်မှန်းချက် ပန်းတိုင်နောက် လိုက်စဉ်မှာ ကုန်ဆုံးသွားမယ့် အချိန်တွေ၊ အတူပါသွားမဲ့ ဘယ်တော့မှပြန်မရမဲ့ အမှတ်တရတွေကိုပါ ထည့်စဉ်းစားပါ။ သင့်ကလေးရဲ့ ပထမဆုံး ကျောင်းအားကစားပွဲ လွတ်တာလိုမျိုးကနေ Anniversary အချိန်တွေကို အလုပ်ထဲ ထည့်ပေးရမှာ အထိပေါ့။
အလုပ်အရမ်းများတာဟာ သင့်ကို မထိခိုက်စေနိုင်ပေမယ့် သင့်ချစ်သူကိုတော့ ထိခိုက်မှာပါ။ နှစ်ပေါင်းများစွာ ကြာမယ့် အောင်မြင်မှုနောက် လိုက်ရတဲ့ ခရီးမှာ နှစ်ကိုယ်တူ ပျော်စရာလေးတွေ ဖန်တီးဖို့ မမေ့ပါနဲ့။
သင့်ရဲ့ ပထမဦးစားပေးက အလုပ် ဖြစ်ပေမယ့် အလုပ်အတွက် ပေးထားတဲ့အချိန် ပြီးတဲ့ အခါမှာ သင့်ကောင်မလေးဆီ အရောက်သွားပါ။ ကိုယ် ဝါသနာပါတဲ့ အလုပ်ထဲမှာ အရမ်းစိတ်ရောက်နေရင် လူက မပင်ပန်းပါဘူး။ ဒါပေမယ့် သင်အိမ်အပြန် စောင့်နေတဲ့ တစ်ယောက်သောသူကတော့ သင် ပြန်မလာရင် စိတ်ပင်ပန်းနေမှာကို သတိပြုပါ။
အလုပ်ထဲမှာ စိတ်နှစ်ထားတဲ့ လူ တော်တော်များများဟာ အိမ်မှာ မိသားစုကို ကောင်းကောင်း အဆင်ပြေပြေ မဆက်ဆံမိတာမျိုး ဖြစ်တတ်ပါတယ်။ သင် အလုပ်လုပ်နေစဉ်မှာ သင့်မိန်းမမှာလဲ စိတ်ဖိစီးမှုတွေ၊ စိန်ခေါ်မှုတွေ ပါဝင်နေတဲ့ အလုပ်တစ်ခု ရှိနေနိုင်တာကိုလဲ သတိထားပါ။ သင်တစ်ယောက်ထဲ စိတ်ရှုပ်ရတာ မဟုတ်ပါဘူး။
လင်မယား၊ ချစ်သူ အချင်းချင်း အမြင်တွေ ဖလှယ်ပါ။ သင့်ချစ်သူကိုလဲ နားထောင်အားပေးပါ။ သင်တို့ တစ်ယောက်ကို တစ်ယောက် အားပေးနိုင်လေလေ၊ အောင်မြင်မှုတွေ ရလေလေပါပဲ။