သင့်ကောင်မလေး ရဲ့ ခလုတ်ကိုဖွင့်ဖို့ နည်းလမ်း ၁၂ သွယ်
သင့်ကောင်မလေး ရဲ့ ခလုတ်ကိုဖွင့်ဖို့ နည်းလမ်း ၁၂ သွယ်
သင့်ကောင်မလေး စိတ်ကြွစေဖို့ နည်းလမ်း ၁၂ သွယ်
. သင့်လက်တွေကို သုံးပါ
. ရေကို အသုံးပြုပါ
. မီးတွေ မှိန်လိုက်ပါ
. သူမကို ကျီစယ်ပါ
၁၂. သူမ ဆန္ဒကို သိပါ
သင့်ကောင်မလေး စိတ်ကြွစေဖို့ နည်းလမ်း ၁၂ သွယ်
သင်ကတော့ မီးဖိုချောင်ထဲက ရှောက်သီး ၂ လုံး မြင်တာနဲ့ လိင်ကိစ္စကို စဉ်းစားမိမှာပါ။ ဒါပေမယ့် မိန်းကလေးတွေ အတွက်ကတော့ အဲ့လောက် မလွယ်ပါဘူး။ သူမရဲ့ ဦးနှောက်ကနေ လိင်ကိစ္စနဲ့ဆိုင်တဲ့ ဓာတုပစ္စည်းတွေ ထုတ်ပေးနိုင်ဖို့ ခလုတ်တချို့ကို ဖွင့်ပေးရပါမယ်။ အဲဒိ လိင်ကိစ္စ ခလုတ်ဖွင့်ဖို့ နည်းလမ်းတွေကတော့
၁. သင့်လက်တွေကို သုံးပါ
လမ်းလျှောက်နေတုန်းဖြစ်ဖြစ်၊ တီဗွီကြည့်တုန်း ဖြစ်ဖြစ် သူမလက်တွေကို ကိုင်တွဲထားပါ။ အဲဒါဟာ သူမကို ပျော်စေပါတယ်။ သူမလက်မှာ နာဗ်ကြောဆုံးပေါင်း ၄သောင်း ရှိတာ သင်သိပါသလား??
၂. ရေကို အသုံးပြုပါ
ကမ်းခြေနား၊ ရေကန်နား၊ ရေအိုင်နား၊ နောက်ဆုံး ငှက်လေးတွေ ချိုးတဲ့ ရေအိုင် သေးသေးလေးပဲဖြစ်ဖြစ် ရေအနားမှာ တူတူနေကြည့်ပါ။ ရေအနားမှာ နေတာဟာ စိတ်ဖိစီးမှု ပြေလျော့စေပါတယ်။
၃. စိတ်လှုပ်ရှားစရာကောင်းတာတွေ လုပ်ပါ
ရိုလာကိုစတာ စီးတာဟာ မိန်းမတစ်ယောက်ကို စိတ်ကြွစေတယ်လို့ ဘယ်သူထင်မလဲ?? ဒါပေမယ့် အဲဒိလို စိတ်လှုပ်ရှားစရာ လုပ်ငန်းတွေ တူတူလုပ်ရတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေး ပိုကောင်းမွန်စေပါတယ်။
၄. သခွားသီးသုပ်၊ Fennel သုပ် လုပ်ပေးပါ
တချို့ အနံ့တွေဟာ လိင်စိတ်ကို ထကြွစေပါတယ်။ ဒါပေမယ့် မိန်းမတွေအတွက်ကတော့ မတူပါဘူး။ တချို့မိန်းမတွေဟာ သခွားသီးနဲ့ Licorice အနံ့ ရတဲ့ အခါမှာ လိင်အင်္ဂါ သွေးစီးဆင်းမှု မြင့်တက်လာစေပါတယ် တဲ့။
၅. မီးတွေ မှိန်လိုက်ပါ
တိုက်ရိုက်မသက်ဆိုင်ပေမယ့် မိန်းမတွေဟာ သူတို့ရဲ့ အဝတ်မဲ့ ခန္ဓာကို ပြရမှာ ရှက်နေတတ်ပြီး မီးမှိန်လိုက်ရင် သူမကို ပိုပြီး လွတ်လပ်စေပါတယ် တဲ့။
၆. သူမ စိတ်ကူးတွေကို ဖော်ထုတ်ပါ
မိန်းမတွေဟာ လိင်ကိစ္စအကြောင်းကို တစ်နေ့ ၁၉ ကြိမ်လောက် စဉ်းစားတတ်ကြပါတယ် တဲ့။ ဒါပေမယ့် သူတို့ဟာ သူတို့လုပ်ချင်တဲ့ ပုံစံအကြောင်းကို ပြောရမှာ ရှက်နေတတ်ပါတယ်။ အဲဒါကို ဖြေရှင်းဖို့ သူမကို လိင်စာအုပ်တစ်အုပ် ပေးဖတ်ပြီး သူမအကြိုက်ဆုံး စာပိုဒ်ကို ဖတ်ပြခိုင်းပါ။
၇. တိုးတိုးလေး ကပ်ပြောပါ
ပါတီပဲဖြစ်ဖြစ် ဈေးဝယ်ထွက်ရင်းပဲ ဖြစ်ဖြစ် လူကြားထဲမှာ သင် သူမကို ခုည ဘာလုပ်မလဲဆိုတာ တိုးတိုးလေး ကပ်ပြောပါ။ မိန်းမတွေအတွက်ကတော့ အဲဒါ ကြားရတာ တကယ် ဆက်ဆံရတာလောက် စိတ်ကြွစေပါတယ် တဲ့။
၈. ချွေးထွက်အောင်လုပ်ပါ
ကာယလှုပ်ရှားမှုဟာ မိန်းမတစ်ယောက်ရဲ့ ခန္ဓာကို အထိအတွေ့ကို ပိုမိုတုန့်ပြန်စေပြီး နာဗ်ကြောတွေကို ပိုမိုနိုးထစေခြင်းဖြင့် လိင်ကိစ္စ အသင့် ဖြစ်စေပါတယ်။ သင့် ချွေးနံ့ကလဲ သူ့ကို ဆွဲဆောင်နိုင်လို့ အခုပဲ Gym တူတူသွားလိုက်ပါ။
၉. သူမကို ကျီစယ်ပါ
သူမကို စပါ။ သူမကော်ဖီဖျော်နေတုန်း ပါးလေးတွေကို ကိုင်ပါ။ အပြင်မထွက်ခင် သူမကို လေးစက္ကန့်လောက် တရှိုက်မက်မက် နမ်းလိုက်ပါ။ နံပါတ် ၇ ကို သတိရပါ။
၁၀. အိမ်မှုကိစ္စ တူတူလုပ်ပါ
သန့်ရှင်းရေး တူတူလုပ်တဲ့ အတွဲတွေဟာ ပိုပြီး နီးစပ်ပါတယ် တဲ့။ မိန်းမတွေဟာ သင် သူမတို့ကို စိတ်ဝင်စားတာကို အိမ်ကို စိတ်ဝင်စားတာနဲ့ တူတူပဲ ထင်တတ်ကြပါတယ်။
၁၁. မြန်မြန် လိင်ဆက်ဆံပါ
မရှိတာကို ပိုလိုချင်တတ်ကြပါတယ် တဲ့။ လုပ်ရင်းနဲ့ ရပ်ပစ်လိုက်ရင် သူမ အရမ်းလိုချင်လာပြီး ပိုပြီး Hot ဖြစ်အောင် ဆက်ဆံပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူ အရင်ပြီးလဲ ပြိုင်ပါ။ သူမကို အနိုင်ပေးပြီး သင်က ပုံစံအသစ်တစ်မျိုး ပြောင်းဖို့ အခွင့်အရေး ယူလိုက်ပါ။
၁၂. သူမ ဆန္ဒကို သိပါ
သင်တို့နှစ်ယောက် တစ်ယောက်အကြိုက်ကို တစ်ယောက် သိအောင် လုပ်ပါ။ စစ်တမ်းတစ်ခုအရ ၁၅ နှစ်ကြာ တူတူရှိခဲ့တဲ့ စုံတွဲတွေဟာ ၂၆ ရာနှုန်း ပဲ သူတို့ ပါတနာ အကြိုက် ပုံစံကို သိကြပါတယ် တဲ့။ အဲဒါကြောင့် အိပ်ခန်းအတွက် Yes, No, Maybe စာရင်း တစ်ခုလုပ်လိုက်ပါ။
Related Posts
Discover more from Gentleman Magazine
Subscribe now to keep reading and get access to the full archive.
Continue reading
%%footer%%