အမျိုးသမီးတွေ သစ္စာဖောက်ရသည့် အကြောင်းရင်း
အမျိုးသမီးတွေ သစ္စာဖောက်ရသည့် အကြောင်းရင်း
အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ ဘယ်သူတွေက ပိုပြီးတော့ ဖောက်ပြန်တတ်ကြပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးက အဖြေရှာ ငြင်းခုံနေကြတာလည်း ကြာပါပြီ။ Cheating website တစ်ခုက ကောက်ယူထားတဲ့ စစ်တမ်းတွေအရတော့ အမျိုးသားတွေက ပိုပြီးတော သစ္စာဖောက်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ လူမှုဝန်းကျင်မှာဆိုရင်လည်း အမျိုးသမီးတွေက တလင်တမယားစနစ်ကို ပိုစောင့်ထိန်းတတ်ပြီး အမျိုးသားတွေကပဲ အိမ်ထောင်ရေးဖောက်ပြန်တတ်သူတွေ အဖြစ် နာမည်ဆိုးထွက်နေကြပါတယ်။ တကယ်တမ်းတော့ လျို့ဝှက်ချက်တစ်ခုရှိပါတယ်။ အမျိုးသမီးတွေကလည်း အမျိုးသားတွေလောက်ကို သစ္စာဖောက်တတ်ကြတယ်ဆိုတာပါပဲ။
မကြာသေးမီကကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခုအရ အမျိုးသမီး အမျိုးသား နှစ်ဖက်စလုံးမှာ ၂၀ ရာခိုင်နှုန်းလောက်က သူတို့ပါတနာတွေအပေါ် သစ္စာဖောက်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ သစ္စာဖောက် မိန်းမရှုပ်တဲ့ အမျိုးသားအရေအတွက်က အမျိုးသမီးတွေထက်ပိုများနေလေ့ရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေက သူတို့ဖောက်ပြန်တာကို အမျိုးသားတွေလောက် ပွင့်ပွင့်လင်းလင်း ဝန်ခံတာမျိုးမရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အခုခေတ်ကာလမှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်မှုတွေနဲ့အတူ သစ္စာတရားပျက်ယွင်းမှုတွေက ပိုများလာနေပါတယ်။ လူတွေက ပျင်းရိညည်းငွေ့လွယ်လာကြပြီး အသစ်အဆန်းကို တောင့်တာလာကြပါတယ်။ သင့်ရဲ့ပါတနာနဲ့ ဘယ်နှစ်ကြိမ်ပဲ အတူနေဖူးပါစေ၊ ဘားမှာတွေ့တဲ့ သူစိမ်းတစ်ယောက်နဲ့ အတူအိပ်ရတာလောက် ရင်ခုန်စိတ်လှုပ်ရှားစရာမရှိဘူးလို့ ထင်နေပါလိမ့်မယ်။
တကယ်တမ်းတော့ အမျိုးသားရော အမျိုးသမီးတွေမှာပါ နည်းလမ်းအမျိုးမျိုးနဲ့ ဖောက်ပြန်နေတတ်ကြပါတယ်။ အမျိုးသားတွေက ခံစားမှုပိုင်းဆိုင်ရာ တွယ်တာမှုမရှိပဲ လိင်ကိစ္စကိုပဲ စိတ်ဝင်စားပြီး ဖောက်ပြန်တတ်ကြပေမယ့် အမျိုးသမီးတွေကတော့ စိတ်ခံစားမှုပိုင်းတွေကို ပိုပြီးအားသန်လေ့ရှိပါတယ်။ သူတို့က တစ်ယောက်နဲ့ ဆက်သွယ်ဆက်ဆံရတဲ့အခါမှာ စိတ်သာယာမှုကို ပိုပြီးသဘောကျတတ်ကြပါတယ်။ ဒါ့ကြောင့်လည်း အမျိုးသမီးတွေက အမျိုးသားတွေလောက် ဖောက်ပြန်မှုမရှိဘူးလို့ ထင်ရတာဖြစ်ပါတယ်။ အမျိုးသမီးတွေက အလုပ်မှာ ဒါမှမဟုတ် တစ်နေရာရာမှာ တစ်ယောက်ယောက်နဲ့တွေ့မယ်၊ သာယာမိမယ်၊ ဆက်ဆံရေးတစ်ခုဖြစ်လာမယ် ပြီးတော့မှာ ဖောက်ပြန်တတ်ကြတာဖြစ်ပါတယ်။
အမျိုးသားတွေကတော့ စိတ်ခံစားမှုနဲ့ လိင်ပိုင်းဆိုင်ရာကိစ္စတွေကို ခွဲခြားထားတတ်ပါတယ်။ အမျိုးသမီးတွေကတော့ အားလုံးကို ရောထွေးလိုက်တတ်ကြပါတယ်။ ပြီးတော့ အမျိုးသမီးတွေက နောက်ဆက်တွဲ အကျိုးဆက်တွေ၊ သက်ရောက်မှုတွေထက် သူတို့စိတ်သာယာမှုကိုပဲ ဦးစားပေးပြီး ဖောက်ပြန်တတ်ကြတာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ သတင်းကောင်းပြောချင်တာက နှစ်ဦးသားဆက်ဆံရေး ခိုင်မာပျော်ရွှင်နေမယ်ဆိုရင် သင့်မိန်းကလေး သစ္စာဖောက်မှာကို စိုးရိမ်နေစရာမလိုဘူးဆိုတာပါပဲ။ ဘာကြောင့်လဲဆိုရင် ပျော်ရွှင်နေတဲ့ အသိုင်းအဝိုင်းက မိန်းကလေးတစ်ယောက် သစ္စာဖောက်ဖို့ အကြောင်းရင်းမရှိလို့ပဲဖြစ်ပါတယ်။