အထီးက်န္မႈကို ဘယ္လိုေျဖေဖ်ာက္မလဲ ?
အထီးကျန်မှုကို ဘယ်လိုဖြေဖျောက်မလဲ ?
လြန္ခဲ့တဲ့ အပတ္႐ုံးပတ္ရက္က ကၽြန္ေတာ္တစ္ေယာက္တည္းအထီးက်န္ေနခဲ့သလို ခံစားခဲ့ရတယ္။ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ဖို႔ စဥ္းစားၾကည့္လိုက္ေတာ့ အားလံုးက အလုပ္မ်ားေနတာ ခရီးေ၀းသြားေနၾကတာနဲ႔ မအားလပ္ၾကဘူးျဖစ္ေနတယ္။ အျခားၿမိဳ႕တစ္ခုမွာေနတဲ့ သူငယ္ခ်င္းတစ္ေယာက္ဆီသြားၿပီး စကားစျမည္ေျပာဖို႔ ဒါမွမဟုတ္ အနားက စားေသာက္ဆိုင္သစ္တစ္ခုကိုသြားၿပီး ျမည္းစမ္းၾကည့္ရင္ ေကာင္းမလား ေတြးလိုက္မိေပမယ့္ တကယ္မလုပ္ျဖစ္ခဲ့ပါဘူး။ ဖုန္းကိုပိတ္ထားၿပီး ႏွစ္ရက္လံုးကို စာအုပ္ဖတ္ေနလိုက္တယ္။ ဒါေပမယ့္ ကၽြန္ေတာ္ရဲ႕ အထီးက်န္ေနတဲ့ ခံစားခ်က္ကို ေလ်ာ့ပါးသြားေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ဘူး။ တနလၤာေန႔ေရာက္ၿပီး အလုပ္ထဲေရာက္မွသာ အားလံုးပံုမွန္ျဖစ္သြားခဲ့တယ္။
ကၽြန္ေတာ့္လိုပဲ အထီးက်န္တဲ့သူအမ်ားစုက လူမႈေရးအစီအစဥ္ေတြ၊ သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ အခ်ိန္ျဖဳန္းဖုိ႔ အခြင့္အေရးရွိေပမယ့္ တကယ္တမ္းၾကေတာ့ မလုပ္ျဖစ္ခဲ့ၾကတာမ်ားတတ္ပါတယ္။ ဒီလိုျဖစ္ေလေလ အထီးက်န္မႈကို ပိုၿပီးေတာ့ ခံစားရေလပဲျဖစ္ပါတယ္။
ေလ့လာမႈေတြအရ လူေတြရဲ႕ ဦးေႏွာက္ဟာ အထီးက်န္ေနခ်ိန္မွာ လုပ္ငန္းေဆာင္တာေတြကို တမူထူးျခားစြာ လုပ္ေဆာင္တတ္တယ္လို႔ ဆိုပါတယ္။ အထီးက်န္သူေတြရဲ႕ ဦးေႏွာက္အတြင္း လွ်ပ္စီးလႈပ္ရွားမႈေတြဟာ အထီးမက်န္တဲ့သူေတြထက္ ပိုၿပီးျမန္ဆန္ျပင္းထန္ေလ့ရွိပါတယ္။ ဒါ့ေၾကာင့္ အထီးက်န္မႈကို ခံစားေနရသူေတြဟာ လူမႈအသိုင္းအ၀ိုင္းနဲ႔ ပိုၿပီးေတာ့ ေ၀းေ၀းသြားတတ္တာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အထီးက်န္သလိုခံစားလာရၿပီဆိုရင္ ဒါမွမဟုတ္ တစ္ေယာက္တည္းအထီးက်န္ေနရဖို႔ အေျခအေန ၾကံဳလာရေတာ့မယ္ဆိုရင္ သီးသန္႔ခြဲထြက္ေနခ်င္စိတ္ကို ေဖ်ာက္ဖ်က္ႏိုင္ဖို႔ အေရးႀကီးပါတယ္။
တကယ္ေတာ့ အထီးက်န္မႈနဲ႔ တစ္ေယာက္တည္းျဖစ္ေနတာနဲ႔က မတူပါဘူး။ တစ္ခါတစ္ေလမွာ တစ္ေယာက္တည္းေနရတာက ပိုေကာင္းပါတယ္။ အထီးက်န္မႈဆိုတာကေတာ့ လူမႈ၀န္းက်င္အတြင္းမွာ သီးျခားျဖစ္ေနသလို ခံစားရတဲ့အခါမွာ ဒါမွမဟုတ္ ခင္မင္နီးစပ္သူေတြနဲ႔ ေ၀းကြားေနတဲ့အခါမ်ိဳးမွာ ၾကံဳေတြ႕ရတတ္ပါတယ္။
ဒီေတာ့ အထီးက်န္မႈကို သတိထားတတ္ဖို႔ အေရးႀကီးပါတယ္။ အထီးက်န္မႈ ခံစားရႏိုင္ေျခေတြကို ေစာင့္ၾကည့္ၿပီး ႀကိဳတင္ကာကြယ္မႈေတြ လုပ္ေဆာင္ဖို႔ လိုပါတယ္။ လူမႈ၀န္းက်င္အတြင္းမွာ အထီးက်န္မႈကို ခံစားေနရၿပီဆိုရင္ ကၽြန္ေတာ္တို႔ရဲ႕ လူမႈဆက္ဆံေရးကို ျပန္လည္သံုးသပ္ဖို႔ လိုေနၿပီဆိုတဲ့ သေဘာျဖစ္ပါတယ္။ ဥပမာေျပာရရင္ သူငယ္ခ်င္းမိတ္ေဆြတစ္ေယာက္က ကိုယ့္ကို သိပ္အဖက္မလုပ္ပဲ ဘာသိဘာသာေနေနတယ္ ဆိုရင္ သူ႔ကို ထိခိုက္မိေအာင္ ဘာလုပ္ထားမိလဲဆိုတာကို အရင္ဆံုးျပန္လည္ဆန္းစစ္ရမွာျဖစ္ပါတယ္။ ဒီလို ကိုယ့္ရဲ႕ လူမႈဆက္ဆံေရးအေျခအေနကို ျပန္လည္ဆန္းစစ္ျပဳျပင္ၿပီး အထီးက်န္မႈကို ေျဖေဖ်ာက္ရာမွာ အဆင့္ေလးခု ရွိပါတယ္။
ကိုယ့္ကိုယ္ကို ပြဲထုတ္ပါ။
တစ္ေယာက္တည္း သီးျခားခြဲထြက္ေနသ၍ ဘယ္သူနဲ႔မွ ဆက္သြယ္ႏိုင္မွာမဟုတ္ပါဘူး။ အင္တာနက္ အြန္လိုင္းကိုလည္း အားမကိုးပါနဲ႔။ အဲဒီမွာက အမွန္တရားနည္းလြန္းပါတယ္။ ဒါ့ေၾကာင့္ လူမႈေရးအခမ္းအနား ဖိတ္ၾကားမႈေတြကို လက္ခံပါ။ စိတ္ထဲက မသြားခ်င္ဘူးဆိုရင္ေတာင္မွ ေရာက္ေအာင္သြားပါ။
လုပ္ေဆာင္ခ်က္အစီအစဥ္တခု ေရးဆြဲပါ။
လာဖိတ္တဲ့ အခမ္းအနားေတြ၊ ပြဲေတြသြားေန႐ုံနဲ႔ မလုံေလာက္ပါဘူး။ ျပကၡဒိန္ကို ယူၿပီး လူမႈဆက္ဆံေရးအတြက္ ကိုယ္ပိုင္အစီအစဥ္ကို ေရးဆြဲပါ။ သီတင္းပတ္တစ္ခုလံုးမွာ လူမႈေရးလႈပ္ရွားမႈေတြနဲ႔ ျပည့္ေနပါေစ။ သြားစရာမရွိဘူးဆိုရင္လည္း ကိုယ္တိုင္ပြဲတစ္ခုကို စီစဥ္ၿပီး အျခားလူေတြကို ဖိတ္ေခၚလိုက္ပါ။
၀ါသနာတူသူေတြနဲ႔ အခ်ိန္ကုန္ဆံုးပါ။
စိတ္၀င္စားမႈခ်င္း၊ ၀ါသနာခ်င္း၊ အယူအဆခ်င္း တူညီတဲ့သူေတြနဲ႔ အခ်ိန္ကုန္ဆံုးတာက အထီးက်န္မႈကို ေျဖေဖ်ာက္ႏိုင္တဲ့ အေကာင္းဆံုးနည္းလမ္းျဖစ္ပါတယ္။ တကယ္လို႔ ကၽြန္ေတာ္တို႔အနားမွာ ကိုယ္နဲ႔ ၀ါသနာခ်င္း တူတဲ့သူမရွိဘူးဆိုရင္ ရွာေဖြရမွာျဖစ္ပါတယ္။ စာဖတ္၀ါသနာပါရင္ စာေပအသင္းတစ္ခုကို ၀င္လိုက္ပါ။ အေျပး၀ါသနာပါရင္ အေျပးသမားအဖြဲ႕ေတြနဲ႔ ဆက္သြယ္လိုက္ပါ။
အေကာင္းဆံုးကို ေမွ်ာ္လင့္ထားပါ။
တစ္ေယာက္တည္းအထီးက်န္ေနခ်ိန္မွာ အျခားသူေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကို အထင္အျမင္ မွားတတ္ပါတယ္။ သူငယ္ခ်င္းေတြက ကိုယ့္ကို တကယ္ပစ္ထားလိုက္တာလား။ ဒါမွမဟုတ္ သူတို႔ကိစၥေတြနဲ႔ သူတို႔ အလုပ္အရမ္း႐ႈပ္ေနတာလား။ အျခားသူေတြကို အေကာင္းဘက္ကပဲ ေတြးေပးလိုက္ပါ။
အထီးကျန်မှုကို ဘယ်လိုဖြေဖျောက်မလဲ ?
လွန်ခဲ့တဲ့ အပတ်ရုံးပတ်ရက်က ကျွန်တော်တစ်ယောက်တည်းအထီးကျန်နေခဲ့သလို ခံစားခဲ့ရတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ စဉ်းစားကြည့်လိုက်တော့ အားလုံးက အလုပ်များနေတာ ခရီးဝေးသွားနေကြတာနဲ့ မအားလပ်ကြဘူးဖြစ်နေတယ်။ အခြားမြို့တစ်ခုမှာနေတဲ့ သူငယ်ချင်းတစ်ယောက်ဆီသွားပြီး စကားစမြည်ပြောဖို့ ဒါမှမဟုတ် အနားက စားသောက်ဆိုင်သစ်တစ်ခုကိုသွားပြီး မြည်းစမ်းကြည့်ရင် ကောင်းမလား တွေးလိုက်မိပေမယ့် တကယ်မလုပ်ဖြစ်ခဲ့ပါဘူး။ ဖုန်းကိုပိတ်ထားပြီး နှစ်ရက်လုံးကို စာအုပ်ဖတ်နေလိုက်တယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ အထီးကျန်နေတဲ့ ခံစားချက်ကို လျော့ပါးသွားအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။ တနင်္လာနေ့ရောက်ပြီး အလုပ်ထဲရောက်မှသာ အားလုံးပုံမှန်ဖြစ်သွားခဲ့တယ်။
ကျွန်တော့်လိုပဲ အထီးကျန်တဲ့သူအများစုက လူမှုရေးအစီအစဉ်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းဖို့ အခွင့်အရေးရှိပေမယ့် တကယ်တမ်းကြတော့ မလုပ်ဖြစ်ခဲ့ကြတာများတတ်ပါတယ်။ ဒီလိုဖြစ်လေလေ အထီးကျန်မှုကို ပိုပြီးတော့ ခံစားရလေပဲဖြစ်ပါတယ်။
လေ့လာမှုတွေအရ လူတွေရဲ့ ဦးနှောက်ဟာ အထီးကျန်နေချိန်မှာ လုပ်ငန်းဆောင်တာတွေကို တမူထူးခြားစွာ လုပ်ဆောင်တတ်တယ်လို့ ဆိုပါတယ်။ အထီးကျန်သူတွေရဲ့ ဦးနှောက်အတွင်း လျှပ်စီးလှုပ်ရှားမှုတွေဟာ အထီးမကျန်တဲ့သူတွေထက် ပိုပြီးမြန်ဆန်ပြင်းထန်လေ့ရှိပါတယ်။ ဒါ့ကြောင့် အထီးကျန်မှုကို ခံစားနေရသူတွေဟာ လူမှုအသိုင်းအဝိုင်းနဲ့ ပိုပြီးတော့ ဝေးဝေးသွားတတ်တာဖြစ်ပါတယ်။ ဒါ့ကြောင့် အထီးကျန်သလိုခံစားလာရပြီဆိုရင် ဒါမှမဟုတ် တစ်ယောက်တည်းအထီးကျန်နေရဖို့ အခြေအနေ ကြုံလာရတော့မယ်ဆိုရင် သီးသန့်ခွဲထွက်နေချင်စိတ်ကို ဖျောက်ဖျက်နိုင်ဖို့ အရေးကြီးပါတယ်။
တကယ်တော့ အထီးကျန်မှုနဲ့ တစ်ယောက်တည်းဖြစ်နေတာနဲ့က မတူပါဘူး။ တစ်ခါတစ်လေမှာ တစ်ယောက်တည်းနေရတာက ပိုကောင်းပါတယ်။ အထီးကျန်မှုဆိုတာကတော့ လူမှုဝန်းကျင်အတွင်းမှာ သီးခြားဖြစ်နေသလို ခံစားရတဲ့အခါမှာ ဒါမှမဟုတ် ခင်မင်နီးစပ်သူတွေနဲ့ ဝေးကွားနေတဲ့အခါမျိုးမှာ ကြုံတွေ့ရတတ်ပါတယ်။
ဒီတော့ အထီးကျန်မှုကို သတိထားတတ်ဖို့ အရေးကြီးပါတယ်။ အထီးကျန်မှု ခံစားရနိုင်ခြေတွေကို စောင့်ကြည့်ပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ဖို့ လိုပါတယ်။ လူမှုဝန်းကျင်အတွင်းမှာ အထီးကျန်မှုကို ခံစားနေရပြီဆိုရင် ကျွန်တော်တို့ရဲ့ လူမှုဆက်ဆံရေးကို ပြန်လည်သုံးသပ်ဖို့ လိုနေပြီဆိုတဲ့ သဘောဖြစ်ပါတယ်။ ဥပမာပြောရရင် သူငယ်ချင်းမိတ်ဆွေတစ်ယောက်က ကိုယ့်ကို သိပ်အဖက်မလုပ်ပဲ ဘာသိဘာသာနေနေတယ် ဆိုရင် သူ့ကို ထိခိုက်မိအောင် ဘာလုပ်ထားမိလဲဆိုတာကို အရင်ဆုံးပြန်လည်ဆန်းစစ်ရမှာဖြစ်ပါတယ်။ ဒီလို ကိုယ့်ရဲ့ လူမှုဆက်ဆံရေးအခြေအနေကို ပြန်လည်ဆန်းစစ်ပြုပြင်ပြီး အထီးကျန်မှုကို ဖြေဖျောက်ရာမှာ အဆင့်လေးခု ရှိပါတယ်။
ကိုယ့်ကိုယ်ကို ပွဲထုတ်ပါ။
တစ်ယောက်တည်း သီးခြားခွဲထွက်နေသ၍ ဘယ်သူနဲ့မှ ဆက်သွယ်နိုင်မှာမဟုတ်ပါဘူး။ အင်တာနက် အွန်လိုင်းကိုလည်း အားမကိုးပါနဲ့။ အဲဒီမှာက အမှန်တရားနည်းလွန်းပါတယ်။ ဒါ့ကြောင့် လူမှုရေးအခမ်းအနား ဖိတ်ကြားမှုတွေကို လက်ခံပါ။ စိတ်ထဲက မသွားချင်ဘူးဆိုရင်တောင်မှ ရောက်အောင်သွားပါ။
လုပ်ဆောင်ချက်အစီအစဉ်တခု ရေးဆွဲပါ။
လာဖိတ်တဲ့ အခမ်းအနားတွေ၊ ပွဲတွေသွားနေရုံနဲ့ မလုံလောက်ပါဘူး။ ပြက္ခဒိန်ကို ယူပြီး လူမှုဆက်ဆံရေးအတွက် ကိုယ်ပိုင်အစီအစဉ်ကို ရေးဆွဲပါ။ သီတင်းပတ်တစ်ခုလုံးမှာ လူမှုရေးလှုပ်ရှားမှုတွေနဲ့ ပြည့်နေပါစေ။ သွားစရာမရှိဘူးဆိုရင်လည်း ကိုယ်တိုင်ပွဲတစ်ခုကို စီစဉ်ပြီး အခြားလူတွေကို ဖိတ်ခေါ်လိုက်ပါ။
ဝါသနာတူသူတွေနဲ့ အချိန်ကုန်ဆုံးပါ။
စိတ်ဝင်စားမှုချင်း၊ ဝါသနာချင်း၊ အယူအဆချင်း တူညီတဲ့သူတွေနဲ့ အချိန်ကုန်ဆုံးတာက အထီးကျန်မှုကို ဖြေဖျောက်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့အနားမှာ ကိုယ်နဲ့ ဝါသနာချင်း တူတဲ့သူမရှိဘူးဆိုရင် ရှာဖွေရမှာဖြစ်ပါတယ်။ စာဖတ်ဝါသနာပါရင် စာပေအသင်းတစ်ခုကို ဝင်လိုက်ပါ။ အပြေးဝါသနာပါရင် အပြေးသမားအဖွဲ့တွေနဲ့ ဆက်သွယ်လိုက်ပါ။
အကောင်းဆုံးကို မျှော်လင့်ထားပါ။
တစ်ယောက်တည်းအထီးကျန်နေချိန်မှာ အခြားသူတွေရဲ့ လုပ်ဆောင်ချက်တွေကို အထင်အမြင် မှားတတ်ပါတယ်။ သူငယ်ချင်းတွေက ကိုယ့်ကို တကယ်ပစ်ထားလိုက်တာလား။ ဒါမှမဟုတ် သူတို့ကိစ္စတွေနဲ့ သူတို့ အလုပ်အရမ်းရှုပ်နေတာလား။ အခြားသူတွေကို အကောင်းဘက်ကပဲ တွေးပေးလိုက်ပါ။