စီးပြားေရး နဲ႔ သံသယစိတ္

သံသယစိတ္ကို ဘယ္လိုအသံုးခ်မလဲ ?

သံသယစိတ်ကို ဘယ်လိုအသုံးချမလဲ ?

ေအာင္ျမင္မႈရရွိဖို႔အတြက္ သင့္ရဲ႕စြမ္းေဆာင္ရည္ကို ယုံၾကည္မႈရွိဖို႔ လိုပါတယ္။ သင္လုပ္ႏိုင္တဲ့အရာေတြကို ယုံၾကည္ေနရမွာျဖစ္သလို သင္က်႐ႈံးသြားႏိုင္တယ္ဆိုတာကိုလည္း ယုံၾကည္လက္ခံထားဖို႔ လိုပါတယ္။ အခုေခတ္ကာလမွာ စြန္႔ဦးလုပ္ငန္းရွင္ေတြမွာ အႀကီးမားဆံုးၾကံဳေတြ႕တဲ့ ျပႆနာက ယုံၾကည္မႈကင္းမဲ့တာပဲ ျဖစ္ပါတယ္။ စီးပြားေရးလုပ္ငန္းေတြ အခက္ၾကံဳရတဲ့အခါမွာ ယုံၾကည္မႈေပ်ာက္ဆံုးသြားတတ္ၿပီး လက္ေလွ်ာ့ အ႐ႈံးေပးသြားတတ္ၾကပါတယ္။ အလြယ္ေျပာရရင္ ကိုယ့္စြမ္းေဆာင္ရည္ကို ကိုယ္တိုင္က သံသယ ရွိေနတာေၾကာင့္ ျဖစ္ပါတယ္။

စြန္႔ဦးလုပ္ငန္းရွင္တစ္ေယာက္အေနနဲ႔ သင့္မွာ ယုံၾကည္မႈအျပည့္ရွိဖို႔လိုအပ္ပါတယ္။ ယုံၾကည္မႈရွိဖို႔အတြက္ သင္ရဲ႕ဆံုးျဖတ္ခ်က္တိုင္းကို မွန္မမွန္ေမးခြန္းထုတ္ေနတဲ့ သံသယေတြကို ျဖတ္ေက်ာ္ႏိုင္ရမွာျဖစ္ပါတယ္။ ယုံၾကည္မႈဟာ သံသယကင္းတာမဟုတ္ပါဘူး။ သံသယေတြကို ေက်ာ္ျဖတ္ႏိုင္တာျဖစ္ပါတယ္။

ဒါဆို သံသယေတြကို မ်က္ကြယ္ျပဳထားလို႔ ျဖစ္ႏိုင္ပါသလား။ သံသယေတြက တန္ဖိုးရွိတဲ့ အေဖာ္မြန္ေကာင္းေတြ ျဖစ္ႏိုင္ပါတယ္။ သံသယစိတ္ေတြဟာ ရွင္းထုတ္ပစ္ခ်င္ေလာက္ေအာင္ စိတ္႐ႈပ္စရာေကာင္းတာ မွန္ေပမယ့္ မရွိပဲနဲ႔လည္း မျဖစ္ပါဘူး။ သံသယေတြဟာ အေကာင္းအဆိုး အေၾကာင္းအက်ိဳး ခြဲျခားစိတ္ပဲျဖစ္ပါတယ္။ အရာအားလံုးကို ေမးခြန္းထုတ္ၿပီး စိတ္ကူးတည့္ရာ ေလွ်ာက္မလုပ္မိေအာင္ သတိေပးေနတဲ့ သတိေပးစက္လည္း ျဖစ္ပါတယ္။ သံသယစိတ္ေတြဟာ ကၽြန္ေတာ္တို႔ရဲ႕ ရန္သူျဖစ္ႏိုင္သလို အေပါင္းအသင္းလည္း ျဖစ္ႏိုင္ပါတယ္။

သံသယစိတ္ေတြက အေကာင္းအဆိုးကို ခ်ိန္ညွိတတ္ေစပါတယ္။ သံသယစိတ္သာမရွိဘူးဆိုရင္ နည္းစနစ္တက် လုပ္ေဆာင္ဖို႔ထက္ ထင္ရာစိုင္းျဖစ္ဖို႔ ပိုမ်ားပါလိမ့္မယ္။ သံသယစိတ္ကို အသံုးခ်ႏိုင္ဖို႔ကေတာ့ မလြယ္ပါဘူး။ ကိုယ့္ကိုယ္ကို စိန္ေခၚရာေရာက္ၿပီး စိတ္ဓာတ္က်စရာေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါေပမယ့္ အဆံုးမွာေတာ့ သံသယစိတ္ေတြကေန ထူးထူးျခားျခား အသိေတြကို သိလာႏိုင္ပါတယ္။ ေစ်းကြက္အေျခအေနကို ပိုၿပီးရွင္းရွင္းလင္းလင္းျမင္ႏိုင္ေစႏိုင္ပါတယ္။ ဒါ့အျပင္ စီးပြားေရးဆိုင္ရာ ပတ္သက္ဆက္ႏြယ္မႈေတြ၊ အျပစ္အနာအဆာေတြ၊ မေကာင္းတဲ့အက်င့္ဆိုးေတြ၊ ရလဒ္ဆိုးေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ရွင္းလင္းစြာ သိရွိလာေစႏိုင္ပါတယ္။

သံသယစိတ္ေတြဟာ လက္ေလွ်ာ့အ႐ႈံးေပးလိုက္ဖို႔ လႈံ႕ေဆာ္ေပးေနတာမဟုတ္ပါဘူး။ ဒီလို ျဖစ္ေစမယ္ဆိုရင္လည္း အဆက္အစပ္မရွိပဲ မွားယြင္းတဲ့ သံသယေတြပဲ ျဖစ္ပါတယ္။ မွားယြင္းတဲ့ သံသယစိတ္ေတြကေတာ့ မ်က္လံုးစံုမွိတ္ယံုၾကည္စိတ္လိုမ်ိဳး အပ်က္သေဘာေဆာင္သြားႏိုင္ပါတယ္။ ဥပမာေျပာရရင္ သံသယစိတ္ေတြက ဆားနဲ႔ တူပါတယ္။ လိုအပ္သေလာက္ ပမာဏကို အသံုးျပဳႏိုင္ရင္ ဟင္းလ်ာရဲ႕အရသာကို ထူးကဲေကာင္းမြန္ေစၿပီး လြန္ကဲသြားမယ္ဆိုရင္ အာေခါင္ေျခာက္ၿပီး ေသြးတိုးသြားေစႏိုင္ပါတယ္။

သံသယစိတ္ေတြကို လက္ခံၿပီး မွန္မွန္ကန္ကန္အသံုးခ်ႏိုင္ဖို႔အတြက္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ခိုင္မာေနပါေစ။ ေခါင္းထဲက သံသယအေတြးေတြကို လစ္လ်ဴ႐ႈလိုက္တာထက္ သင္ပိုင္ဆိုင္ထားတဲ့ စြမ္းေဆာင္ရည္ေတြ ပိုမိုထူးျခားေကာင္းမြန္လာေစဖို႔ ခုတံုးေတြအျဖစ္နဲ႔ အသံုးခ်ဖို႔ တိုက္တြန္းလိုက္ပါတယ္။


သံသယစိတ်ကို ဘယ်လိုအသုံးချမလဲ ?

အောင်မြင်မှုရရှိဖို့အတွက် သင့်ရဲ့စွမ်းဆောင်ရည်ကို ယုံကြည်မှုရှိဖို့ လိုပါတယ်။ သင်လုပ်နိုင်တဲ့အရာတွေကို ယုံကြည်နေရမှာဖြစ်သလို သင်ကျရှုံးသွားနိုင်တယ်ဆိုတာကိုလည်း ယုံကြည်လက်ခံထားဖို့ လိုပါတယ်။ အခုခေတ်ကာလမှာ စွန့်ဦးလုပ်ငန်းရှင်တွေမှာ အကြီးမားဆုံးကြုံတွေ့တဲ့ ပြဿနာက ယုံကြည်မှုကင်းမဲ့တာပဲ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ အခက်ကြုံရတဲ့အခါမှာ ယုံကြည်မှုပျောက်ဆုံးသွားတတ်ပြီး လက်လျှော့ အရှုံးပေးသွားတတ်ကြပါတယ်။ အလွယ်ပြောရရင် ကိုယ့်စွမ်းဆောင်ရည်ကို ကိုယ်တိုင်က သံသယ ရှိနေတာကြောင့် ဖြစ်ပါတယ်။

စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ သင့်မှာ ယုံကြည်မှုအပြည့်ရှိဖို့လိုအပ်ပါတယ်။ ယုံကြည်မှုရှိဖို့အတွက် သင်ရဲ့ဆုံးဖြတ်ချက်တိုင်းကို မှန်မမှန်မေးခွန်းထုတ်နေတဲ့ သံသယတွေကို ဖြတ်ကျော်နိုင်ရမှာဖြစ်ပါတယ်။ ယုံကြည်မှုဟာ သံသယကင်းတာမဟုတ်ပါဘူး။ သံသယတွေကို ကျော်ဖြတ်နိုင်တာဖြစ်ပါတယ်။

ဒါဆို သံသယတွေကို မျက်ကွယ်ပြုထားလို့ ဖြစ်နိုင်ပါသလား။ သံသယတွေက တန်ဖိုးရှိတဲ့ အဖော်မွန်ကောင်းတွေ ဖြစ်နိုင်ပါတယ်။ သံသယစိတ်တွေဟာ ရှင်းထုတ်ပစ်ချင်လောက်အောင် စိတ်ရှုပ်စရာကောင်းတာ မှန်ပေမယ့် မရှိပဲနဲ့လည်း မဖြစ်ပါဘူး။ သံသယတွေဟာ အကောင်းအဆိုး အကြောင်းအကျိုး ခွဲခြားစိတ်ပဲဖြစ်ပါတယ်။ အရာအားလုံးကို မေးခွန်းထုတ်ပြီး စိတ်ကူးတည့်ရာ လျှောက်မလုပ်မိအောင် သတိပေးနေတဲ့ သတိပေးစက်လည်း ဖြစ်ပါတယ်။ သံသယစိတ်တွေဟာ ကျွန်တော်တို့ရဲ့ ရန်သူဖြစ်နိုင်သလို အပေါင်းအသင်းလည်း ဖြစ်နိုင်ပါတယ်။

သံသယစိတ်တွေက အကောင်းအဆိုးကို ချိန်ညှိတတ်စေပါတယ်။ သံသယစိတ်သာမရှိဘူးဆိုရင် နည်းစနစ်တကျ လုပ်ဆောင်ဖို့ထက် ထင်ရာစိုင်းဖြစ်ဖို့ ပိုများပါလိမ့်မယ်။ သံသယစိတ်ကို အသုံးချနိုင်ဖို့ကတော့ မလွယ်ပါဘူး။ ကိုယ့်ကိုယ်ကို စိန်ခေါ်ရာရောက်ပြီး စိတ်ဓာတ်ကျစရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ သံသယစိတ်တွေကနေ ထူးထူးခြားခြား အသိတွေကို သိလာနိုင်ပါတယ်။ ဈေးကွက်အခြေအနေကို ပိုပြီးရှင်းရှင်းလင်းလင်းမြင်နိုင်စေနိုင်ပါတယ်။ ဒါ့အပြင် စီးပွားရေးဆိုင်ရာ ပတ်သက်ဆက်နွယ်မှုတွေ၊ အပြစ်အနာအဆာတွေ၊ မကောင်းတဲ့အကျင့်ဆိုးတွေ၊ ရလဒ်ဆိုးတွေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းလင်းစွာ သိရှိလာစေနိုင်ပါတယ်။

သံသယစိတ်တွေဟာ လက်လျှော့အရှုံးပေးလိုက်ဖို့ လှုံ့ဆော်ပေးနေတာမဟုတ်ပါဘူး။ ဒီလို ဖြစ်စေမယ်ဆိုရင်လည်း အဆက်အစပ်မရှိပဲ မှားယွင်းတဲ့ သံသယတွေပဲ ဖြစ်ပါတယ်။ မှားယွင်းတဲ့ သံသယစိတ်တွေကတော့ မျက်လုံးစုံမှိတ်ယုံကြည်စိတ်လိုမျိုး အပျက်သဘောဆောင်သွားနိုင်ပါတယ်။ ဥပမာပြောရရင် သံသယစိတ်တွေက ဆားနဲ့ တူပါတယ်။ လိုအပ်သလောက် ပမာဏကို အသုံးပြုနိုင်ရင် ဟင်းလျာရဲ့အရသာကို ထူးကဲကောင်းမွန်စေပြီး လွန်ကဲသွားမယ်ဆိုရင် အာခေါင်ခြောက်ပြီး သွေးတိုးသွားစေနိုင်ပါတယ်။

သံသယစိတ်တွေကို လက်ခံပြီး မှန်မှန်ကန်ကန်အသုံးချနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ခိုင်မာနေပါစေ။ ခေါင်းထဲက သံသယအတွေးတွေကို လစ်လျူရှုလိုက်တာထက် သင်ပိုင်ဆိုင်ထားတဲ့ စွမ်းဆောင်ရည်တွေ ပိုမိုထူးခြားကောင်းမွန်လာစေဖို့ ခုတုံးတွေအဖြစ်နဲ့ အသုံးချဖို့ တိုက်တွန်းလိုက်ပါတယ်။

Related Posts

%%footer%%