သင့္ဖြားဖက္ေတာ္နဲ႔ပတ္သက္ၿပီး စိုးရိမ္ရမည့္ လကၡဏာမ်ား

သင့္ဖြားဖက္ေတာ္နဲ႔ပတ္သက္ၿပီး စိုးရိမ္ရမည့္ လကၡဏာမ်ား

သင့်ဖွားဖက်တော်နဲ့ပတ်သက်ပြီး စိုးရိမ်ရမည့် လက္ခဏာများ

သင့္ဖြားဖက္ေတာ္အေၾကာင္းကို သင္ေသခ်ာသိမွာ ေသခ်ာပါတယ္။ ဒါေပမယ့္ အျခားသူေတြနဲ႔ ႏႈိင္းယွဥ္ၾကည့္မိဖို႔ေတာ့ မလြယ္ကူပါဘူး။ သင္ပစၥည္းကို သင္ကိုယ္တိုင္က ပံုမွန္ပဲလို႔ ထင္ေနေပမယ့္ အျခားသူေတြနဲ႔မတူပဲ ထူးျခားမႈေတြ ရွိေနႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဖြားဖက္ေတာ္နဲ႔ပတ္သက္ၿပီး စိုးရိမ္စရာျဖစ္လာႏိုင္တဲ့ လကၡဏာေတြကို ကၽြမ္းက်င္ပညာရွင္ေတြက ရွင္းျပထားပါတယ္။ ဒီရွင္းျပခ်က္ေတြထဲက တစ္ခုခုကို ၾကံဳေတြ႕ေနရမယ္ဆိုရင္ေတာ့ ဆရာ၀န္ဆီကို ျမန္ႏိုင္သမွ်ျမန္ျမန္သြားေရာက္ ကုသမႈခံယူဖို႔ အၾကံျပဳလိုက္ပါတယ္။

၁။ အနီကြက္ျပႆနာ

သင့္လိင္တံေခါင္းပိုင္း ေအာက္နားကေနစၿပီး လိင္တံတေလွ်ာက္မွာ အနီေရာင္အကြက္ေတြ ျဖစ္ေနတာမ်ိဳး ျဖစ္ပါတယ္။ ဒီလိုျဖစ္ရတာဟာ ပြတ္တိုက္မိတာေၾကာင့္လို႔ ထင္ေကာင္းထင္မိမွာပါ။ မ်ားေသာအားျဖင့္လည္း ပြတ္တိုက္မိတာေၾကာင့္ ျဖစ္ရတာျဖစ္ပါတယ္။ ဒါေပမယ့္ သင့္အေနနဲ႔ လိင္ဆက္ဆံမႈလည္း မရွိခဲ့ပဲ အနီကြက္ေပၚလာၿပီး နာက်င္ခံစားရတာမ်ိဳးမရွိဘူးဆိုရင္ေတာ့ ဒီအနီကြက္ဟာ လိင္တံကင္ဆာရဲ႕ လကၡဏာျဖစ္ႏိုင္ပါတယ္။ ဒီကင္ဆာမ်ိဳးက ေစာစီးစြာသိရွိၿပီး ကုသမႈခံယူရင္ ေပ်ာက္ကင္းႏိုင္ေပမယ့္ အခ်ိန္လြန္သြားတယ္ဆိုရင္ေတာ့ သင့္ပစၥည္းရဲ႕ တစ္စိတ္တစ္ပိုင္း ဒါမွမဟုတ္ တစ္ခုလံုးကို ဖယ္ရွားပစ္ရတဲ့အထိ ျဖစ္ႏိုင္တယ္လို႔ ကၽြမ္းက်င္သူေတြက ေျပာထားပါတယ္။

၂။ တင္းက်ပ္မႈ

သင့္ပစၥည္းထိပ္ေခါင္းပိုင္း အေရျပားက တင္းက်ပ္ေနသလို႔ ခံစားရတာမ်ိဳးကို ဆိုလိုပါတယ္။ ဒါ့အျပင္ အျဖဴေရာင္ အစက္အေပ်ာက္ေလးေတြလည္း ေတြ႕ရႏိုင္ပါတယ္။ ဒီလိုျဖစ္တဲ့အခါမွာ နာက်င္ရတာမ်ိဳးလည္း ရွိသလို ဘာမွမခံစားရတာမ်ိဳးလည္း ရွိပါတယ္။ ဒီအေျခအေနက ခႏၶာကိုယ္တြင္း ေဟာ္မုန္းဓာတ္နဲ႔ ကိုယ္ခံအားစနစ္ မညီမွ်မႈတို႔ေၾကာင့္ ျဖစ္ရတာျဖစ္ပါတယ္။ သင့္အေနနဲ႔ လိင္တံအေရျပားလွီးျဖတ္ထားတယ္ ဒါမွမဟုတ္ ဆီးသြားတဲ့အခါမွာ အရမ္းညွစ္ေနရတယ္ဆိုရင္ စိုးရိမ္ရတဲ့အေျခအေနျဖစ္ပါတယ္။ အခ်ိန္မွီကုသမႈ မခံယူခဲ့ဘူးဆိုရင္ ကင္ဆာေရာဂါျဖစ္ပြားလာႏိုင္သလို ဆီးလမ္းေၾကာင္းပိတ္ဆို႔သြားတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။

၃။ ေကာက္ေနရင္လည္း သတိထားပါ

သင့္ရဲ႕ပစၥည္းေထာင္မတ္လာခ်ိန္မွာ မသိမသာေကာက္ေနတာမ်ိဳးပဲ ျဖစ္သင့္ပါတယ္။ ဒါေပမယ့္ တျဖည္းျဖည္း အရမ္းေကာက္လာေနၿပီး လိင္တံအေရျပားေအာက္မွာ တင္းမာမႈကို ခံစားရလာမယ္ဆိုရင္ Peyronie’s ေရာဂါကို ခံစားေနရတဲ့ လကၡဏာျဖစ္ပါတယ္။ ဒီေရာဂါဟာ အနာရြတ္တစ္႐ႈးေတြ စုပံုမ်ားျပားလာေၾကာင့္ ျဖစ္တာပါ။ ကုသမႈမခံယူဘူးဆိုရင္ လိင္ဆက္ဆံေနစဥ္မွာ နာက်င္ျခင္း၊ လိင္တံအလြန္အကၽြံ႕ေကာက္ေကြးျခင္းနဲ႔ လိင္တံက်ိဳးဖို႔ အလားအလာမ်ားျခင္း စတာေတြကို ခံစားရမွာ ျဖစ္ပါတယ္။ ဒီအေျခအေနကို ကုသရာမွာ လိုအပ္ရင္ ခြဲစိတ္ကုသဖို႔အထိ လိုအပ္တယ္လို႔ ကၽြမ္းက်င္ပညာရွင္ေတြက ဆိုထားပါတယ္။

၄။ ဆီးအတြင္း ေသြးပါျခင္း

ဆီးသြားတဲ့အခါမွာ ေသြးစေသြးနေလးေတြ ပါလာတာကို သတိျပဳမိမယ္ဆိုရင္ ေက်ာက္ကပ္မွာ ေက်ာက္တည္တာ ဒါမွမဟုတ္ ဆီးက်ိတ္ေရာင္ေနတဲ့ လကၡဏာပဲျဖစ္ပါတယ္။ သင့္ရဲ႕ဆီးက အေျခအေနေကာင္းေနေပမယ့္ အတြင္းခံေဘာင္းဘီမွာ ေသြးကြက္ေလးေတြ ေတြ႕ရတာမ်ိဳးလည္း ရွိတတ္ပါတယ္။ ေၾကာက္မသြားပါနဲ႔။ သင့္ေဘာေတြနဲ႔ လိင္တံမွာ အျပာရင့္ေရာင္အစက္အေပ်ာက္ေလးေတြ ရွိမရွိစစ္ေဆးၾကည့္ပါ။ အစက္အေပ်ာက္ေလးေတြ အမ်ားအျပားရွိေနၿပီး ေသြးထြက္ေနတာမ်ိဳးျဖစ္ေနရင္ အေရျပားရွိဆံခ်ည္မွ်င္ေသြးေၾကာေလးေတြမွာအနာျဖစ္ေနတာမ်ိဳး ျဖစ္ပါတယ္။ ဒီအေျခအေနက စိုးရိမ္စရာသိပ္မရွိေပမယ့္ အျပာေရာင္အစက္ေလးေတြ တစ္ကြက္တည္းစုေ၀းၿပီး ယားယံမယ္ဆိုရင္ Paget’s ေရာဂါကို ခံစားေနရၿပီျဖစ္ပါတယ္။ သတိထားကုသဖို႔ လိုပါလိမ့္မယ္။

၅။ ေ၀ွးေစ့နာက်င္မႈ

အသက္(၁၅)ႏွစ္ကေန (၃၅)ႏွစ္အတြင္းအမ်ိဳးသားေတြမွာ ေ၀ွးေစ့ကင္ဆာက အျဖစ္အမ်ားဆံုးေရာဂါတစ္ခု ျဖစ္ပါတယ္။ ဒီေရာဂါရဲ႕ လကၡဏာေတြအေနနဲ႔ သင့္ရဲ႕ေ၀ွးေစ့ေတြေပၚမွာ မာေက်ာၿပီး နာက်င္မႈမရွိတဲ့အက်ိတ္ဖုေတြ ေပၚေနတာပဲျဖစ္ပါတယ္။ ေစာစီးစြာသိရွိမယ္ဆိုရင္ (၉၉)ရာခိုင္ႏႈန္း ေပ်ာက္ကင္းေအာင္ ကုသႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အမ်ိဳးသားေတြအေနနဲ႔ ေ၀ွးေစ့ေတြ ပံုမွန္ရွိမရွိကို တစ္လကို တစ္ႀကိမ္ေလာက္ စမ္းသပ္စစ္ေဆးသင့္ပါတယ္။ ေရေႏြးနဲ႔ေရခ်ိဳးတဲ့အခ်ိန္မွာဆိုရင္ ေ၀ွးေစ့ေတြ တြဲက်ေနတတ္တာေၾကာင့္ ကိုယ့္ကိုယ္ကို စမ္းသပ္စစ္ေဆးဖို႔အေကာင္းဆံုးပဲ ျဖစ္ပါတယ္။


သင့်ဖွားဖက်တော်နဲ့ပတ်သက်ပြီး စိုးရိမ်ရမည့် လက္ခဏာများ

သင့်ဖွားဖက်တော်အကြောင်းကို သင်သေချာသိမှာ သေချာပါတယ်။ ဒါပေမယ့် အခြားသူတွေနဲ့ နှိုင်းယှဉ်ကြည့်မိဖို့တော့ မလွယ်ကူပါဘူး။ သင်ပစ္စည်းကို သင်ကိုယ်တိုင်က ပုံမှန်ပဲလို့ ထင်နေပေမယ့် အခြားသူတွေနဲ့မတူပဲ ထူးခြားမှုတွေ ရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် ဖွားဖက်တော်နဲ့ပတ်သက်ပြီး စိုးရိမ်စရာဖြစ်လာနိုင်တဲ့ လက္ခဏာတွေကို ကျွမ်းကျင်ပညာရှင်တွေက ရှင်းပြထားပါတယ်။ ဒီရှင်းပြချက်တွေထဲက တစ်ခုခုကို ကြုံတွေ့နေရမယ်ဆိုရင်တော့ ဆရာဝန်ဆီကို မြန်နိုင်သမျှမြန်မြန်သွားရောက် ကုသမှုခံယူဖို့ အကြံပြုလိုက်ပါတယ်။

၁။ အနီကွက်ပြဿနာ

သင့်လိင်တံခေါင်းပိုင်း အောက်နားကနေစပြီး လိင်တံတလျှောက်မှာ အနီရောင်အကွက်တွေ ဖြစ်နေတာမျိုး ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ပွတ်တိုက်မိတာကြောင့်လို့ ထင်ကောင်းထင်မိမှာပါ။ များသောအားဖြင့်လည်း ပွတ်တိုက်မိတာကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ လိင်ဆက်ဆံမှုလည်း မရှိခဲ့ပဲ အနီကွက်ပေါ်လာပြီး နာကျင်ခံစားရတာမျိုးမရှိဘူးဆိုရင်တော့ ဒီအနီကွက်ဟာ လိင်တံကင်ဆာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဒီကင်ဆာမျိုးက စောစီးစွာသိရှိပြီး ကုသမှုခံယူရင် ပျောက်ကင်းနိုင်ပေမယ့် အချိန်လွန်သွားတယ်ဆိုရင်တော့ သင့်ပစ္စည်းရဲ့ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် တစ်ခုလုံးကို ဖယ်ရှားပစ်ရတဲ့အထိ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

၂။ တင်းကျပ်မှု

သင့်ပစ္စည်းထိပ်ခေါင်းပိုင်း အရေပြားက တင်းကျပ်နေသလို့ ခံစားရတာမျိုးကို ဆိုလိုပါတယ်။ ဒါ့အပြင် အဖြူရောင် အစက်အပျောက်လေးတွေလည်း တွေ့ရနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ နာကျင်ရတာမျိုးလည်း ရှိသလို ဘာမှမခံစားရတာမျိုးလည်း ရှိပါတယ်။ ဒီအခြေအနေက ခန္ဓာကိုယ်တွင်း ဟော်မုန်းဓာတ်နဲ့ ကိုယ်ခံအားစနစ် မညီမျှမှုတို့ကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ သင့်အနေနဲ့ လိင်တံအရေပြားလှီးဖြတ်ထားတယ် ဒါမှမဟုတ် ဆီးသွားတဲ့အခါမှာ အရမ်းညှစ်နေရတယ်ဆိုရင် စိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်။ အချိန်မှီကုသမှု မခံယူခဲ့ဘူးဆိုရင် ကင်ဆာရောဂါဖြစ်ပွားလာနိုင်သလို ဆီးလမ်းကြောင်းပိတ်ဆို့သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

၃။ ကောက်နေရင်လည်း သတိထားပါ

သင့်ရဲ့ပစ္စည်းထောင်မတ်လာချိန်မှာ မသိမသာကောက်နေတာမျိုးပဲ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် တဖြည်းဖြည်း အရမ်းကောက်လာနေပြီး လိင်တံအရေပြားအောက်မှာ တင်းမာမှုကို ခံစားရလာမယ်ဆိုရင် Peyronie’s ရောဂါကို ခံစားနေရတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒီရောဂါဟာ အနာရွတ်တစ်ရှုးတွေ စုပုံများပြားလာကြောင့် ဖြစ်တာပါ။ ကုသမှုမခံယူဘူးဆိုရင် လိင်ဆက်ဆံနေစဉ်မှာ နာကျင်ခြင်း၊ လိင်တံအလွန်အကျွံ့ကောက်ကွေးခြင်းနဲ့ လိင်တံကျိုးဖို့ အလားအလာများခြင်း စတာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကုသရာမှာ လိုအပ်ရင် ခွဲစိတ်ကုသဖို့အထိ လိုအပ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုထားပါတယ်။

၄။ ဆီးအတွင်း သွေးပါခြင်း

ဆီးသွားတဲ့အခါမှာ သွေးစသွေးနလေးတွေ ပါလာတာကို သတိပြုမိမယ်ဆိုရင် ကျောက်ကပ်မှာ ကျောက်တည်တာ ဒါမှမဟုတ် ဆီးကျိတ်ရောင်နေတဲ့ လက္ခဏာပဲဖြစ်ပါတယ်။ သင့်ရဲ့ဆီးက အခြေအနေကောင်းနေပေမယ့် အတွင်းခံဘောင်းဘီမှာ သွေးကွက်လေးတွေ တွေ့ရတာမျိုးလည်း ရှိတတ်ပါတယ်။ ကြောက်မသွားပါနဲ့။ သင့်ဘောတွေနဲ့ လိင်တံမှာ အပြာရင့်ရောင်အစက်အပျောက်လေးတွေ ရှိမရှိစစ်ဆေးကြည့်ပါ။ အစက်အပျောက်လေးတွေ အများအပြားရှိနေပြီး သွေးထွက်နေတာမျိုးဖြစ်နေရင် အရေပြားရှိဆံချည်မျှင်သွေးကြောလေးတွေမှာအနာဖြစ်နေတာမျိုး ဖြစ်ပါတယ်။ ဒီအခြေအနေက စိုးရိမ်စရာသိပ်မရှိပေမယ့် အပြာရောင်အစက်လေးတွေ တစ်ကွက်တည်းစုဝေးပြီး ယားယံမယ်ဆိုရင် Paget’s ရောဂါကို ခံစားနေရပြီဖြစ်ပါတယ်။ သတိထားကုသဖို့ လိုပါလိမ့်မယ်။

၅။ ဝှေးစေ့နာကျင်မှု

အသက်(၁၅)နှစ်ကနေ (၃၅)နှစ်အတွင်းအမျိုးသားတွေမှာ ဝှေးစေ့ကင်ဆာက အဖြစ်အများဆုံးရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါရဲ့ လက္ခဏာတွေအနေနဲ့ သင့်ရဲ့ဝှေးစေ့တွေပေါ်မှာ မာကျောပြီး နာကျင်မှုမရှိတဲ့အကျိတ်ဖုတွေ ပေါ်နေတာပဲဖြစ်ပါတယ်။ စောစီးစွာသိရှိမယ်ဆိုရင် (၉၉)ရာခိုင်နှုန်း ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေအနေနဲ့ ဝှေးစေ့တွေ ပုံမှန်ရှိမရှိကို တစ်လကို တစ်ကြိမ်လောက် စမ်းသပ်စစ်ဆေးသင့်ပါတယ်။ ရေနွေးနဲ့ရေချိုးတဲ့အချိန်မှာဆိုရင် ဝှေးစေ့တွေ တွဲကျနေတတ်တာကြောင့် ကိုယ့်ကိုယ်ကို စမ်းသပ်စစ်ဆေးဖို့အကောင်းဆုံးပဲ ဖြစ်ပါတယ်။

Related Posts

%%footer%%