သူမ ဘာေၾကာင့္ ခ်စ္တင္းေႏွာဖို႔ ျငင္းဆန္ရတာလဲ
သူမ ဘာကြောင့် ချစ်တင်းနှောဖို့ ငြင်းဆန်ရတာလဲ
သင္နဲ႔ အခ်ိန္ၾကာလက္တြဲခဲ့တဲ့ ခ်စ္သူ ဒါမွမဟုတ္ သင့္ရဲ႕ဇနီးက ႐ုတ္တရက္ႀကီး သင္နဲ႔ခ်စ္တင္းေႏွာခ်င္စိတ္ ေပ်ာက္ဆံုးသြားတာမ်ိဳး ႀကံဳဖူးပါသလား။
ဒီလုိႏွစ္ဦးသားဆက္ဆံေရးမွာ တစ္ေယာက္ေယာက္က ခ်စ္တင္းေႏွာဖို႔ကိစၥကို ၿငင္းဆိုေနတာဟာ အႏၱရာယ္မ်ားတဲ့အေျခအေနတစ္ခုျဖစ္ပါတယ္။ ခ်စ္တင္းေႏွာတာဟာ ႏွစ္ဦးသားဆက္ဆံေရးကို ခိုင္ျမဲေစတဲ့နည္းလမ္းေတြထဲက တစ္ခုျဖစ္တာေၾကာင့္ သူမ ဘာေၾကာင့္ သင္နဲ႔ အတူမအိပ္ခ်င္ေတာ့တာလဲဆိုတဲ့ အေၾကာင္းရင္းကိုသိဖို႔ အေရးႀကီးပါတယ္။ ဒီကိစၥကို ထုတ္ေမးဖုိ႔ မလြယ္ဘူးျဖစ္ေနရင္ အခုေဖာ္ျပတဲ့အေၾကာင္းရင္းေတြကို ဖတ္ၾကည့္လိုက္ပါ။
၁။ ဆက္ဆံေနၾကပံုစံကို ႐ုိးသြားလို႔ျဖစ္ႏိုင္ပါတယ္။
လူေတြက ေျပာင္းလဲတတ္ပါတယ္။ တခ်ိန္က သူမကို အိပ္ရာထဲမွာ ေက်နပ္မႈေပးႏိုင္ခဲ့တဲ့ ပံုစံကို ႐ုိးသြားတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ ဒီအေၾကာင္းရင္းေၾကာင့္ဆိုရင္ေတာ့ ခ်စ္တင္းေႏွာဖို႔ကို စိတ္မ၀င္စားေတာ့တာ မဟုတ္ပါဘူး။ နည္းလမ္းအသစ္ ပံုစံသစ္ေတြကို လိုခ်င္ေနတာပါ။
၂။ ေျခလက္မသယ္ခ်င္ေလာက္ေအာင္ ပင္ပန္းေနလို႔ျဖစ္ႏိုင္ပါတယ္။
အမ်ိဳးသားေတြ ပင္ပန္းတဲ့အခါမွာ လိင္ဆက္ဆံခ်င္စိတ္မရွိသလိုပါပဲ။ အမ်ိဳးသမီးေတြမွာလည္း ျဖစ္တတ္ပါတယ္။ သင့္အမ်ိဳးသမီးမွာ အခ်ိန္ပိုအလုပ္ေတြလုပ္ေနရလား၊ ကေလးထိန္းရတာ ပင္ပန္းလြန္းေနလား၊ ဒါမွမဟုတ္ အျခားစိတ္ဖိစီးပင္ပန္းစရာေတြရွိလား ဆန္းစစ္ၾကည့္ပါ။ ဒီလိုအခ်ိန္မွာ သူမ အပန္းေျဖႏိုင္ေစမယ့္ ကိစၥေလးေတြ စီစဥ္ေပးျခင္းအားျဖင့္ အေျခအေနေကာင္းလာေအာင္ လုပ္ႏိုင္ပါတယ္။
၃။ ေနာက္ဆံုးခ်စ္တင္းေႏွာခဲ့ခ်ိန္က သူမကို စိတ္ပ်က္ေစခဲ့လို႔ ျဖစ္ႏိုင္ပါတယ္။
ခ်စ္သူစံုတြဲေတြ အတူေနကာစ၊ ညားကာစမွာဆိုရင္ တစ္ေယာက္ကို တစ္ေယာက္စိတ္ေက်နပ္မႈေပးႏိုင္ဖို႔ အေကာင္းဆံုးလုပ္တတ္ၾကပါတယ္။ အထိအေတြ႕တိုင္းက စိတ္လႈပ္ရွားစရာျဖစ္ေနတတ္ပါတယ္။ ဒါေပမယ့္ အခ်ိန္ၾကာလာတာနဲ႔အမွ် မဆက္ဆံခင္ နမ္း႐ႈံ႕ပြတ္သပ္ ႏႈးႏွပ္တာေတြ မလုပ္ေတာ့ပဲ ျမန္ျမန္တက္ ျမန္ျမန္လုပ္ ျမန္ျမန္ၿပီး လုပ္လာတတ္ပါတယ္။ ဒီလိုအက်င့္မ်ိဳးက သူမရဲ႕ စိတ္ဆႏၵကို ေပ်ာက္ဆံုးသြားေစပါတယ္။ ဒီလို အေၾကာင္းရင္းေၾကာင့္ဆိုရင္ေတာ့ မဂၤလာဦးညတုန္းက အျပဳအမူမ်ိဳးေတြနဲ႔ သူမရဲ႕စိတ္ကို ျပန္လည္ ႏႈိးဆြေပးႏိုင္ပါတယ္။
၄။ ဟန္ေဆာင္ရတာပင္ပန္းလာလို႔ ျဖစ္ႏိုင္ပါတယ္။
သင္နဲ႔ ဆက္ဆံတဲ့အခါတိုင္းမွာ သူမကိစၥၿပီးဖို႔ ႀကိဳးစားေနခဲ့ၿပီး ၿပီးခ်င္ေယာင္ေဆာင္ရတာ စိတ္ကုန္လာတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ သူမက သင့္အတြက္ ဟန္ေဆာင္ေကာင္းလြန္းတဲ့အတြက္ တကယ္ကိစၥၿပီးမၿပီးကို သင္မသိႏိုင္ေလာက္ပါဘူး။ ေနာက္ဆံုးေတာ့ သူမကိစၥ တကယ္မၿပီးပဲ ၿပီးဟန္ေဆာင္ရတာကို ပင္ပန္းလာတဲ့တစ္ေန႔မွာ သင္နဲ႔ ခ်စ္တင္းေႏွာဖို႔ ၿငင္းဆိုလာတာပဲျဖစ္ပါတယ္။ ဒီလိုဆိုရင္ေတာ့ သူမကို ပြင့္ပြင့္လင္းလင္းေမးၿပီး သူမဆႏၵကို ျဖည့္ဆည္းေပးဖို႔နဲ႔ ေနာက္တစ္ႀကိမ္မွာ သူမစိတ္တိုင္းက်ျဖစ္ေစဖို႔ ႀကိဳးစားလိုက္ပါ။
၅။ အျခားတစ္ေယာက္နဲ႔ အိပ္ေနလို႔ျဖစ္ႏိုင္ပါတယ္။
ဒီကိစၥေျပာရမွာ အားနာေပမယ့္ ျဖစ္ႏိုင္ေခ်ရွိတဲ့ အေၾကာင္းရင္းေတြထဲက တစ္ခုျဖစ္ပါတယ္။ လိင္မႈကိစၥကို သင္နဲ႔ မလုပ္တာဟာ အျခားတစ္ေယာက္ေယာက္နဲ႔ လုပ္ေနလို႔ျဖစ္ပါလိမ့္မယ္။ အမ်ိဳးသားေတြက ေဖာက္ျပန္တဲ့အခါမွာ ႏွစ္ေယာက္စလံုးနဲ႔ အိပ္တတ္ၾကေပမယ့္ အမ်ိဳးသမီးေတြကေတာ့ အသစ္ကိုပဲ ပိုၿပီး သာယာေလ့ရွိပါတယ္။ ဒီလိုအျဖစ္မ်ိဳးၾကံဳေနတယ္လို႔ သံသယရွိလာရင္ေတာ့ စိတ္ကိုတည္တည္ၿငိမ္ၿငိမ္ထားၿပီး သူမကို အျမန္ဆံုးေမးျမန္းညွိႏႈိင္းသင့္ပါတယ္။
၆။ ေအာက္ပါအခ်က္ေတြေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။
(က) ေသြးဆံုးျခင္း – ရာသီေသြးဆံုးခ်ိန္မွာ လိင္စိတ္ကိုျဖစ္ေစတဲ့ ေဟာ္မုန္းထုတ္လုပ္မႈေတြမရွိေတာ့တာေၾကာင့္ ျဖစ္ပါတယ္။
(ခ) သေႏၶတားေဆးေသာက္သံုးျခင္း – ေသာက္သံုးေနက်မဟုတ္တဲ့ သေႏၶတားေဆး သံုးမိရင္ ျဖစ္တတ္ပါတယ္။ ဒါေပမယ့္လည္း ဘယ္သေႏၶတားေစမဆို ကိုယ္၀န္မရေအာင္တားေပးႏိုင္တာအျပင္ အမ်ိဳးသမီးေတြမွာ လိင္မႈကိစၥကို သာယာေစႏိုင္တဲ့ ေဟာမုန္းေတြကို ေပ်ာက္ကြယ္သြားေစႏိုင္တာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
သင့္ခ်စ္သူအမ်ိဳးသမီးက ခ်စ္တင္းေႏွာဖို႔ ျငင္းဆိုလိုက္တာက ခံရခက္မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဘာေၾကာင့္လဲဆိုတဲ့ အေၾကာင္းရင္းကို အျမန္ဆံုးအေျဖရွာဖို႔ လိုပါတယ္။ ပြင့္ပြင့္လင္းလင္း တိုင္ပင္ေဆြးေႏြးမႈေတြက ႏွစ္ဦးစလံုးရဲ႕ အိပ္ရာ၀င္ခ်ိန္ေတြကို ျပန္လည္သာယာစိုေျပေစႏိုင္မွာ ျဖစ္ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
သူမ ဘာကြောင့် ချစ်တင်းနှောဖို့ ငြင်းဆန်ရတာလဲ
သင်နဲ့ အချိန်ကြာလက်တွဲခဲ့တဲ့ ချစ်သူ ဒါမှမဟုတ် သင့်ရဲ့ဇနီးက ရုတ်တရက်ကြီး သင်နဲ့ချစ်တင်းနှောချင်စိတ် ပျောက်ဆုံးသွားတာမျိုး ကြုံဖူးပါသလား။ ဒီလိုနှစ်ဦးသားဆက်ဆံရေးမှာ တစ်ယောက်ယောက်က ချစ်တင်းနှောဖို့ကိစ္စကို ငြင်းဆိုနေတာဟာ အန္တရာယ်များတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ချစ်တင်းနှောတာဟာ နှစ်ဦးသားဆက်ဆံရေးကို ခိုင်မြဲစေတဲ့နည်းလမ်းတွေထဲက တစ်ခုဖြစ်တာကြောင့် သူမ ဘာကြောင့် သင်နဲ့ အတူမအိပ်ချင်တော့တာလဲဆိုတဲ့ အကြောင်းရင်းကိုသိဖို့ အရေးကြီးပါတယ်။ ဒီကိစ္စကို ထုတ်မေးဖို့ မလွယ်ဘူးဖြစ်နေရင် အခုဖော်ပြတဲ့အကြောင်းရင်းတွေကို ဖတ်ကြည့်လိုက်ပါ။
၁။ ဆက်ဆံနေကြပုံစံကို ရိုးသွားလို့ဖြစ်နိုင်ပါတယ်။
လူတွေက ပြောင်းလဲတတ်ပါတယ်။ တချိန်က သူမကို အိပ်ရာထဲမှာ ကျေနပ်မှုပေးနိုင်ခဲ့တဲ့ ပုံစံကို ရိုးသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒီအကြောင်းရင်းကြောင့်ဆိုရင်တော့ ချစ်တင်းနှောဖို့ကို စိတ်မဝင်စားတော့တာ မဟုတ်ပါဘူး။ နည်းလမ်းအသစ် ပုံစံသစ်တွေကို လိုချင်နေတာပါ။
၂။ ခြေလက်မသယ်ချင်လောက်အောင် ပင်ပန်းနေလို့ဖြစ်နိုင်ပါတယ်။
အမျိုးသားတွေ ပင်ပန်းတဲ့အခါမှာ လိင်ဆက်ဆံချင်စိတ်မရှိသလိုပါပဲ။ အမျိုးသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ သင့်အမျိုးသမီးမှာ အချိန်ပိုအလုပ်တွေလုပ်နေရလား၊ ကလေးထိန်းရတာ ပင်ပန်းလွန်းနေလား၊ ဒါမှမဟုတ် အခြားစိတ်ဖိစီးပင်ပန်းစရာတွေရှိလား ဆန်းစစ်ကြည့်ပါ။ ဒီလိုအချိန်မှာ သူမ အပန်းဖြေနိုင်စေမယ့် ကိစ္စလေးတွေ စီစဉ်ပေးခြင်းအားဖြင့် အခြေအနေကောင်းလာအောင် လုပ်နိုင်ပါတယ်။
၃။ နောက်ဆုံးချစ်တင်းနှောခဲ့ချိန်က သူမကို စိတ်ပျက်စေခဲ့လို့ ဖြစ်နိုင်ပါတယ်။
ချစ်သူစုံတွဲတွေ အတူနေကာစ၊ ညားကာစမှာဆိုရင် တစ်ယောက်ကို တစ်ယောက်စိတ်ကျေနပ်မှုပေးနိုင်ဖို့ အကောင်းဆုံးလုပ်တတ်ကြပါတယ်။ အထိအတွေ့တိုင်းက စိတ်လှုပ်ရှားစရာဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ မဆက်ဆံခင် နမ်းရှုံ့ပွတ်သပ် နှုးနှပ်တာတွေ မလုပ်တော့ပဲ မြန်မြန်တက် မြန်မြန်လုပ် မြန်မြန်ပြီး လုပ်လာတတ်ပါတယ်။ ဒီလိုအကျင့်မျိုးက သူမရဲ့ စိတ်ဆန္ဒကို ပျောက်ဆုံးသွားစေပါတယ်။ ဒီလို အကြောင်းရင်းကြောင့်ဆိုရင်တော့ မင်္ဂလာဦးညတုန်းက အပြုအမူမျိုးတွေနဲ့ သူမရဲ့စိတ်ကို ပြန်လည် နှိုးဆွပေးနိုင်ပါတယ်။
၄။ ဟန်ဆောင်ရတာပင်ပန်းလာလို့ ဖြစ်နိုင်ပါတယ်။
သင်နဲ့ ဆက်ဆံတဲ့အခါတိုင်းမှာ သူမကိစ္စပြီးဖို့ ကြိုးစားနေခဲ့ပြီး ပြီးချင်ယောင်ဆောင်ရတာ စိတ်ကုန်လာတာကြောင့် ဖြစ်နိုင်ပါတယ်။ သူမက သင့်အတွက် ဟန်ဆောင်ကောင်းလွန်းတဲ့အတွက် တကယ်ကိစ္စပြီးမပြီးကို သင်မသိနိုင်လောက်ပါဘူး။ နောက်ဆုံးတော့ သူမကိစ္စ တကယ်မပြီးပဲ ပြီးဟန်ဆောင်ရတာကို ပင်ပန်းလာတဲ့တစ်နေ့မှာ သင်နဲ့ ချစ်တင်းနှောဖို့ ငြင်းဆိုလာတာပဲဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ သူမကို ပွင့်ပွင့်လင်းလင်းမေးပြီး သူမဆန္ဒကို ဖြည့်ဆည်းပေးဖို့နဲ့ နောက်တစ်ကြိမ်မှာ သူမစိတ်တိုင်းကျဖြစ်စေဖို့ ကြိုးစားလိုက်ပါ။
၅။ အခြားတစ်ယောက်နဲ့ အိပ်နေလို့ဖြစ်နိုင်ပါတယ်။
ဒီကိစ္စပြောရမှာ အားနာပေမယ့် ဖြစ်နိုင်ချေရှိတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ လိင်မှုကိစ္စကို သင်နဲ့ မလုပ်တာဟာ အခြားတစ်ယောက်ယောက်နဲ့ လုပ်နေလို့ဖြစ်ပါလိမ့်မယ်။ အမျိုးသားတွေက ဖောက်ပြန်တဲ့အခါမှာ နှစ်ယောက်စလုံးနဲ့ အိပ်တတ်ကြပေမယ့် အမျိုးသမီးတွေကတော့ အသစ်ကိုပဲ ပိုပြီး သာယာလေ့ရှိပါတယ်။ ဒီလိုအဖြစ်မျိုးကြံုနေတယ်လို့ သံသယရှိလာရင်တော့ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး သူမကို အမြန်ဆုံးမေးမြန်းညှိနှိုင်းသင့်ပါတယ်။
၆။ အောက်ပါအချက်တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
(က) သွေးဆုံးခြင်း – ရာသီသွေးဆုံးချိန်မှာ လိင်စိတ်ကိုဖြစ်စေတဲ့ ဟော်မုန်းထုတ်လုပ်မှုတွေမရှိတော့တာကြောင့် ဖြစ်ပါတယ်။
(ခ) သန္ဓေတားဆေးသောက်သုံးခြင်း – သောက်သုံးနေကျမဟုတ်တဲ့ သန္ဓေတားဆေး သုံးမိရင် ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်သန္ဓေတားစေမဆို ကိုယ်ဝန်မရအောင်တားပေးနိုင်တာအပြင် အမျိုးသမီးတွေမှာ လိင်မှုကိစ္စကို သာယာစေနိုင်တဲ့ ဟောမုန်းတွေကို ပျောက်ကွယ်သွားစေနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။
သင့်ချစ်သူအမျိုးသမီးက ချစ်တင်းနှောဖို့ ငြင်းဆိုလိုက်တာက ခံရခက်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းကို အမြန်ဆုံးအဖြေရှာဖို့ လိုပါတယ်။ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးမှုတွေက နှစ်ဦးစလုံးရဲ့ အိပ်ရာဝင်ချိန်တွေကို ပြန်လည်သာယာစိုပြေစေနိုင်မှာ ဖြစ်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================