ေငြေၾကးအခက္အခဲကတဆင့္ ရရွိႏိုင္သည့္ သင္ခန္းစာ (၃)ခု

ေငြေၾကးအခက္အခဲကတဆင့္ ရရွိႏိုင္သည့္ သင္ခန္းစာ ()ခု

ငွေကြေးအခက်အခဲကတဆင့် ရရှိနိုင်သည့် သင်ခန်းစာ (၃)ခု

ေငြေရးေၾကးေရး အခက္အခဲေတြနဲ႔ ၾကံဳေတြ႕ရတဲ့အခါမွာ စိတ္ညစ္ရပါသလား ? ေငြေၾကး အခက္အခဲက သင့္ကို စြန္႔ဦးလုပ္ငန္းရွင္ေကာင္းတစ္ေယာက္ျဖစ္လာဖို႔ အေၾကာင္းရင္းတစ္ခုျဖစ္လာႏိုင္ပါတယ္။

ဒါ့ေၾကာင့္ ေငြေၾကးအခက္အခဲေတြက ေအာင္ျမင္တဲ့ လုပ္ငန္းရွင္တစ္ေယာက္ ဘယ္လိုျဖစ္လာေစႏိုင္လဲဆိုတဲ့ အေၾကာင္းရင္း()ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ အရင္ကထက္ပိုေကာင္းတဲ့ေမးခြန္းေတြ ေမးျဖစ္မယ္။ ပိုေကာင္းတဲ့ အေျဖေတြလည္း ရႏိုင္တယ္။

စြန္႔ဦးလုပ္ငန္းရွင္တစ္ဦအေနနဲ႔ အစြန္းေရာက္အေျခအေနေတြကို ေတြ႕ၾကံဳခံစားရမွာေသခ်ာပါတယ္။ သင့္ရဲ႕ လုပ္ငန္းက အခက္အခဲေတြနဲ႔ ၾကံဳေတြ႔ရခ်ိန္မွာ အေကာင္းဘက္က ႐ႈျမင္ႏိုင္ဖို႔က မလြယ္ပါဘူး။ စိန္ေခၚမႈေတြ ျပည့္ေနခ်ိန္မွာ ကိုယ့္ကိုယ္ကို ျပန္ေမးရမယ့္ ေမးခြန္းေတြရွိပါတယ္။ အျပစ္သားတစ္ေယာက္လိုခံစားရၿပီး ငါ့ က်မွ ဘာလို႔ဒီလိုျဖစ္ရတာလဲ ဆိုတဲ့ ေမးခြန္းမ်ိဳးထက္ ဒီလိုအခက္အခဲကေန ဘယ္လို သင္ခန္းစာေတြ ရလိုက္သလဲဆိုတာမ်ိဳးကို ျပန္ေမးၾကည့္သင့္ပါတယ္။ ဒီလို အေရးႀကီးတဲ့ ေမးခြန္းေတြ ကိုယ့္ကိုယ္ကို ျပန္ေမးတတ္လာၿပီဆိုရင္ အလုပ္နဲ႔ ဘ၀အတြက္ အေရးအႀကီးဆံုးအရာေတြကို ဆန္းစစ္တတ္လာမွာ ျဖစ္ၿပီး ေငြေၾကး၊ အခ်ိန္ စတဲ့ အဖိုးတန္ရင္းျမစ္ေတြကိုလည္း သင့္ေတာ္စြာ သံုးစြဲတတ္လာမွာျဖစ္ပါတယ္။

၂။ သင့္ကိုေအာင္ျမင္ေစမယ့္ အေျခခံအေၾကာင္းအရာေတြကို ျပန္ေတြးမိေစတယ္။

လုပ္ငန္းခြင္မွာ ေအာင္ျမင္မႈေတြ ပိုမိုရရွိလာၿပီဆိုတာနဲ႔ အရာရာက အဆင္ေျပေနတယ္လို႔ ထင္ရပါတယ္။ ဒီအခါမွာ ေအာင္ျမင္ဖို႔ စတင္ခဲ့ခ်ိန္က အေျခခံအေၾကာင္းအရာေတြကို ေမ့သြားတတ္ပါတယ္။ ဒီလိုနဲ႔ တစ္ေန႔ေန႔မွာ အခက္အခဲေတြနဲ႔ ၾကံဳေတြ႕လာရတတ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ဘ၀မွာပဲျဖစ္ျဖစ္၊ လုပ္ငန္းမွာပဲ ျဖစ္ျဖစ္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ၾကံဳေတြ႕ရၿပီဆိုရင္ ေအာင္ျမင္မႈဆီကို စတင္ေလွ်ာက္လွမ္းတုန္းက အေလ့အက်င့္ေတြကို ဆက္လုပ္ျဖစ္မလုပ္ျဖစ္ ကိုယ့္ကိုယ္ကို ျပန္ေမးပါ။ ေအာင္ျမင္မႈမွာ သာယာၿပီး မလုပ္ျဖစ္တာကို ေတြ႕ပါလိမ့္မယ္။ ဒီလိုဆိုရင္ေတာ့ အေျခခံအေၾကာင္းအရာေတြကို ျပန္က်င့္သံုးဖို႔ လိုအပ္ပါလိမ့္မယ္။

၃။ သင့္မွာျပႆနာရွိေနတာမဟုတ္ပါဘူး။ ေမွ်ာ္လင့္ခ်က္ကို စီမံခ်က္လို႔ ယူဆေနတာက ျပႆနာပါ။

သင့္မွာ ၾကံဳေတြ႕ေနရတဲ့ အခက္အခဲေတြဆိုတာက လူအမ်ားစုလည္း ၾကံဳေတြ႕ၾကရပါတယ္။ ဒါေပမယ့္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ရတဲ့အခါမွာ အေျခအေနေတြအားလံုး ေျပာင္းလဲသြားလိမ့္မယ္လို႔ ေမွ်ာ္လင့္မိတတ္ပါတယ္။ ဒါ့ေပမယ့္ ေမွ်ာ္လင့္တိုင္း ျဖစ္လာတာမဟုတ္ပါဘူး။ စြန္႔ဦးလုပ္ငန္းရွင္တစ္ေယာက္ အေနနဲ႔ ခ်ီးမြမ္းထိုက္တဲ့အရည္အခ်င္းေတြထဲက တစ္ခုကေတာ့ ဘာမွမဟုတ္တဲ့အေျခအေနကေန တစ္ခုခု ျဖစ္လာေအာင္ ဖန္တီးႏိုင္စြမ္းပဲျဖစ္ပါတယ္။ ဒါေပမယ့္ သင့္ရဲ႕စိတ္ကူးကို လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔ အတြက္ အဟန္႔အတားျဖစ္ေနတာက သင္ကိုယ္တိုင္ပဲျဖစ္ႏိုင္ပါတယ္။ ထက္ျမက္တဲ့ စြန္႔ဦးလုပ္ငန္းရွင္ေတြ အားလံုးက ဒီအခ်က္ကို သိထားၾကပါတယ္။ သင့္ရဲ႕အစြဲနဲ႔ အတၱကို စြန္႔လႊတ္ၿပီး ဘယ္ေနရာမွာ ပိုေကာင္းေအာင္လုပ္ႏိုင္မလဲ၊ ဘယ္ေနရာမွာ အားနည္းခ်က္ရွိလဲဆိုတာကို သံုးသပ္ပါ။


ငွေကြေးအခက်အခဲကတဆင့် ရရှိနိုင်သည့် သင်ခန်းစာ (၃)ခု

ငွေကြေးအခက်အခဲက သင့်ကိုစွန့်ဦးလုပ်ငန်းရှင်ကောင်းတစ်ယောက်ဖြစ်စေနိုင်သည့် အကြောင်းရင်း (၃)ခု

ငွေရေးကြေးရေး အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာ စိတ်ညစ်ရပါသလား ? ငွေကြေး အခက်အခဲက သင့်ကို စွန့်ဦးလုပ်ငန်းရှင်ကောင်းတစ်ယောက်ဖြစ်လာဖို့ အကြောင်းရင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ငွေကြေးအခက်အခဲတွေက အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဘယ်လိုဖြစ်လာစေနိုင်လဲဆိုတဲ့ အကြောင်းရင်း(၃)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ အရင်ကထက်ပိုကောင်းတဲ့မေးခွန်းတွေ မေးဖြစ်မယ်။ ပိုကောင်းတဲ့ အဖြေတွေလည်း ရနိုင်တယ်။

စွန့်ဦးလုပ်ငန်းရှင်တစ်ဦအနေနဲ့ အစွန်းရောက်အခြေအနေတွေကို တွေ့ကြုံခံစားရမှာသေချာပါတယ်။ သင့်ရဲ့ လုပ်ငန်းက အခက်အခဲတွေနဲ့ ကြုံတွေ့ရချိန်မှာ အကောင်းဘက်က ရှုမြင်နိုင်ဖို့က မလွယ်ပါဘူး။ စိန်ခေါ်မှုတွေ ပြည့်နေချိန်မှာ ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် မေးခွန်းတွေရှိပါတယ်။ အပြစ်သားတစ်ယောက်လိုခံစားရပြီး ငါ့ ကျမှ ဘာလို့ဒီလိုဖြစ်ရတာလဲ ဆိုတဲ့ မေးခွန်းမျိုးထက် ဒီလိုအခက်အခဲကနေ ဘယ်လို သင်ခန်းစာတွေ ရလိုက်သလဲဆိုတာမျိုးကို ပြန်မေးကြည့်သင့်ပါတယ်။ ဒီလို အရေးကြီးတဲ့ မေးခွန်းတွေ ကိုယ့်ကိုယ်ကို ပြန်မေးတတ်လာပြီဆိုရင် အလုပ်နဲ့ ဘဝအတွက် အရေးအကြီးဆုံးအရာတွေကို ဆန်းစစ်တတ်လာမှာ ဖြစ်ပြီး ငွေကြေး၊ အချိန် စတဲ့ အဖိုးတန်ရင်းမြစ်တွေကိုလည်း သင့်တော်စွာ သုံးစွဲတတ်လာမှာဖြစ်ပါတယ်။

၂။ သင့်ကိုအောင်မြင်စေမယ့် အခြေခံအကြောင်းအရာတွေကို ပြန်တွေးမိစေတယ်။

လုပ်ငန်းခွင်မှာ အောင်မြင်မှုတွေ ပိုမိုရရှိလာပြီဆိုတာနဲ့ အရာရာက အဆင်ပြေနေတယ်လို့ ထင်ရပါတယ်။ ဒီအခါမှာ အောင်မြင်ဖို့ စတင်ခဲ့ချိန်က အခြေခံအကြောင်းအရာတွေကို မေ့သွားတတ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့နေ့မှာ အခက်အခဲတွေနဲ့ ကြုံတွေ့လာရတတ်ပါတယ်။ ဒါ့ကြောင့် သင့်ဘဝမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းမှာပဲ ဖြစ်ဖြစ် အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရပြီဆိုရင် အောင်မြင်မှုဆီကို စတင်လျှောက်လှမ်းတုန်းက အလေ့အကျင့်တွေကို ဆက်လုပ်ဖြစ်မလုပ်ဖြစ် ကိုယ့်ကိုယ်ကို ပြန်မေးပါ။ အောင်မြင်မှုမှာ သာယာပြီး မလုပ်ဖြစ်တာကို တွေ့ပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ အခြေခံအကြောင်းအရာတွေကို ပြန်ကျင့်သုံးဖို့ လိုအပ်ပါလိမ့်မယ်။

၃။ သင့်မှာပြဿနာရှိနေတာမဟုတ်ပါဘူး။ မျှော်လင့်ချက်ကို စီမံချက်လို့ ယူဆနေတာက ပြဿနာပါ။

သင့်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေဆိုတာက လူအများစုလည်း ကြုံတွေ့ကြရပါတယ်။ ဒါပေမယ့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အခြေအနေတွေအားလုံး ပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်မိတတ်ပါတယ်။ ဒါ့ပေမယ့် မျှော်လင့်တိုင်း ဖြစ်လာတာမဟုတ်ပါဘူး။ စွန့်ဦးလုပ်ငန်းရှင်တစ်ယောက် အနေနဲ့ ချီးမွမ်းထိုက်တဲ့အရည်အချင်းတွေထဲက တစ်ခုကတော့ ဘာမှမဟုတ်တဲ့အခြေအနေကနေ တစ်ခုခု ဖြစ်လာအောင် ဖန်တီးနိုင်စွမ်းပဲဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ဖို့ အတွက် အဟန့်အတားဖြစ်နေတာက သင်ကိုယ်တိုင်ပဲဖြစ်နိုင်ပါတယ်။ ထက်မြက်တဲ့ စွန့်ဦးလုပ်ငန်းရှင်တွေ အားလုံးက ဒီအချက်ကို သိထားကြပါတယ်။ သင့်ရဲ့အစွဲနဲ့ အတ္တကို စွန့်လွှတ်ပြီး ဘယ်နေရာမှာ ပိုကောင်းအောင်လုပ်နိုင်မလဲ၊ ဘယ်နေရာမှာ အားနည်းချက်ရှိလဲဆိုတာကို သုံးသပ်ပါ။

Related Posts

%%footer%%