ကိုယ္ပိုင္လုပ္ငန္းစတင္ဖို႔ အခ်ိန္မရသူေတြအတြက္ နည္းလမ္းေကာင္း (၆)ခု

ကိုယ္ပိုင္လုပ္ငန္းစတင္ဖို႔ အခ်ိန္မရသူေတြအတြက္ နည္းလမ္းေကာင္း ()ခု

ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ အချိန်မရသူတွေအတွက် နည်းလမ်းကောင်း (၆)ခု

အံ့မခန္းေအာင္ျမင္ႏိုင္ေခ်ရွိတဲ့ စီးပြားေရးလုပ္ငန္းအၾကံအစည္ေတြ အမ်ားႀကီးဟာ တကယ္အေကာင္အထည္ ေပၚမလာတာေတြ အမ်ားႀကီးရွိပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ဒီစိတ္ကူး အၾကံအစည္ေတြကို စတင္ရရွိသူက တကယ္လက္ေတြ႕အသံုးခ်ဖို႔ အခ်ိန္မရွိဘူးဆိုၿပီး ေဘးခ်ိတ္ထားတတ္တာေၾကာင့္ျဖစ္ပါတယ္။ တကယ္လို႔ သင့္မွာ စီးပြားေရးလုပ္ဖို႔ စိတ္ကူးေကာင္းတစ္ခုရွိမယ္ဆိုရင္ အခုပဲထလုပ္လုိက္ပါ။ ဘာေၾကာင့္လဲဆိုရင္ အခုမလုပ္မိတဲ့အခါမွာ တစ္ခ်ိန္က်ရင္ ေနာင္တရမွာေသခ်ာေနလို႔ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ စိတ္ကူးေကာင္းရွိၿပီး လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔ အခ်ိန္မရွိဘူးဆိုတဲ့ စြန္႔ဦးလုပ္ငန္းရွင္ေတြအတြက္ ကိုယ္ပိုင္လုပ္ငန္းတစ္ခုကို အစပ်ိဳးႏိုင္မယ့္ နည္းလမ္းေကာင္း ()ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ လူမႈကြန္ယက္အသံုးျပဳျခင္းကို ေလွ်ာ့ခ်ပါ။

ဘီလ်ံနာလုပ္ငန္းရွင္ေတြျဖစ္တဲ့ Richard Branson နဲ႔ Mark Cuban တို႔ မေန႔က ညစာကို ဘာနဲ႔စားလဲ သိပါသလား။ ၿပီးခဲ့တဲ့အပတ္က သူတို႔ facebook wall မွာ ဘာပံုေတြ တင္ပါသလဲ။ ဒီေမးခြန္းရဲ႕ အေျဖကို သင္ရဖို႔ မလြယ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကမာၻေပၚက လူအမ်ားစုလို လူမႈကြန္ယက္ေတြကို အစြဲအလမ္းမႀကီးၾကလို႔ပဲ ျဖစ္ပါတယ္။ လူမႈကြန္ယက္ေတြက မွားေနတာမဟုတ္ပါဘူး။ ဒါေပမယ့္ လုပ္ငန္းတစ္ခုကို စတင္ထူေထာင္ခ်င္တယ္ဆိုရင္ေတာ့ လူမႈကြန္ယက္သံုးမယ့္ အခ်ိန္ေတြကို ေလွ်ာ့ခ်ပစ္ၿပီး အလုပ္မွာ အာ႐ုံစိုက္ႏိုင္ဖို႔ လိုပါတယ္။

၂။ ႐ုပ္သံအစီအစဥ္ေတြ၊ ဇာတ္လမ္းတြဲေတြ ၾကည့္တာကို ရပ္တန္႔ပါ။

လူအမ်ားစုက သူတို႔မွာ စီးပြားေရးလုပ္ဖို႔ အၾကံေကာင္းတစ္ခုခုရွိေပမယ့္ အခ်ိန္မရလို႔ မလုပ္ျဖစ္ဘူးလို႔ ေျပာတတ္ၾကပါတယ္။ တကယ္ေတာ့ သူတို႔ရဲ႕ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို ႐ုပ္သံဇာတ္လမ္းတြဲေတြ၊ reality shows ေတြၾကည့္ဖို႔အတြက္ သံုးေနၾကတာက မ်ားပါလိမ့္မယ္။ သင့္တစ္ေန႔တာထဲက TV ၾကည့္ခ်ိန္ေတြကို ျပန္ဆြဲထုတ္လုိက္မယ္ဆိုရင္ အလုပ္လုပ္ဖို႔ အခ်ိန္ပိုေတြအမ်ားႀကီးထြက္လာတာကို ေတြ႕ရမွာပါ။

၃။ အေသးအဖြဲကိစၥေတြကို စီမံခန္႔ခြဲပါ။

လူတိုင္းမွာ ကိုယ္ပိုင္ကိစၥေတြ၊ တာ၀န္၀တၱရားေတြ အသီးသီးရွိၾကပါတယ္။ ဒါေပမယ့္ ဒီကိစၥေတြပဲ လုပ္ေဆာင္ရင္ အခ်ိန္ကုန္ေနလို႔ မရပါဘူး။ ဒီကိစၥေတြကို အခ်ိန္တိုတိုအတြင္းမွာ ထိထိေရာက္ေရာက္ အၿပီးသတ္လုပ္ေဆာင္ႏိုင္ဖို႔ ေသခ်ာစီစဥ္ေဆာင္ရြက္ရမွာျဖစ္ပါတယ္။ ေသခ်ာစီစဥ္လုပ္ေဆာင္မယ္ဆိုရင္ မလိုအပ္ပဲ ကုန္ဆံုးသြားတဲ့ အခ်ိန္ပိုေတြကို အလုပ္အတြက္အသံုးခ်ဖို႔ ျပန္လည္ရရွိႏိုင္ပါတယ္။

၄။ ေနာက္က်မွအိပ္ၿပီး ေစာေစာထပါ။

အခုလက္ရွိအခ်ိန္မွာ အခ်ိန္ျပည့္အလုပ္တစ္ခုကို လုပ္ေနရင္ေတာင္မွ ကိုယ္ပိုင္လုပ္ငန္းတစ္ခုကို ဘယ္သူမဆို စတင္လုပ္ေဆာင္ႏိုင္ပါတယ္။ အခုလက္ရွိအခ်ိန္မွာ နံနက္ ()နာရီ အလုပ္သြားဖို႔ ()နာရီိမွာ အိပ္ရာထရတယ္ ဆိုပါစို႔ ဒါဆိုရင္ ဒီထက္ေစာၿပီး အိပ္ရာကထပါ။ ကိုယ္ပိုင္အလုပ္အတြက္ အခ်ိန္ေပးပါ။ အလုပ္ကေန အိမ္ျပန္ေရာက္ၿပီဆိုရင္ မိသားစုနဲ႔ အေပါင္းအသင္းေတြအတြက္ အခ်ိန္ေပးလိုက္ပါဦးိ။ ၿပီးေတာ့မွ ကိုယ္ပိုင္လုပ္ငန္းအတြက္ အခ်ိန္ထပ္ေပးပါ။ ဒီလိုလုပ္ဖို႔မလြယ္တာေတာ့ ေသခ်ာပါတယ္။ ဒါေပမယ့္ ႀကိဳးစားရမွာကေတာ့ ေသခ်ာပါတယ္။

၅။ ျဖစ္ႏိုင္ေခ်ရွိတဲ့ ရည္မွန္းခ်က္ေတြ ခ်မွတ္ပါ။

ဘာအလုပ္ပဲလုပ္လုပ္ အစပိုင္းမွာကတည္းက ျဖစ္ႏိုင္ေခ်ရွိတဲ့ ရည္မွန္းခ်က္ေတြ ခ်မွတ္ထားဖို႔ အေရးႀကီးပါတယ္။ သင့္ရဲ႕ကိုယ္ပိုင္လုပ္ငန္းအတြက္ တစ္ေန႔မွာ အခ်ိတ္()နာရီ သတ္မွတ္ထားရင္ တစ္နာရီျပည့္ေအာင္လုပ္ပါ။ ဒီထက္ပိုၾကာႏိုင္တယ္ဆိုတာကိုလည္း နားလည္ထားပါတယ္။ တကယ္လို႔ တစ္ေန႔တာအတြက္ လုပ္ေဆာင္ရမယ့္ ကိစၥအေသးေလးေတြကိုမွ ေအာင္ျမင္ေအာင္ မလုပ္ႏိုင္ဘူးဆုိရင္ သင့္ရဲ႕ အဓိကရည္မွန္းခ်က္ႀကီးေတြ ေအာင္ျမင္ဖို႔က မျဖစ္ႏုိင္ပါဘူး။ ဒါ့ေၾကာင့္ ဘာပဲျဖစ္ျဖစ္ အခုစလုပ္ျဖစ္ဖို႔ အေရးႀကီးပါတယ္။ အားလပ္ခ်ိန္ရမွ ကိုယ္ပိုင္အလုပ္ကို စတင္မယ္ဆိုရင္ေတာ့ ဘယ္ေတာ့မွလုပ္ျဖစ္ေတာ့မွာ မဟုတ္ပါဘူး။

၆။ အလဟႆျဖစ္ေနခ်ိန္ေတြကို အက်ိဳးရွိရွိအသံုးခ်ပါ။

ေန႔တိုင္း အလုပ္သြားအလုပ္ျပန္အတြက္ ၿမိဳ႕ပတ္ရထား၊ ဘတ္စ္ကား စတဲ့ အမ်ားျပည္သူသံုး သယ္ယူပို႔ေဆာင္ေရးေတြကို အသံုးျပဳတယ္ဆိုရင္ ဖုန္းနဲ႔ ဂိမ္းကစားေနမယ့္အစား ကိုယ္ပိုင္အလုပ္နဲ႔ ပတ္သက္တဲ့ ကိစၥအေသးေလးေတြကို ၿပီးစီးေအာင္လုပ္လုိက္ပါ။ တစ္ေန႔တာလံုး ရတဲ့အခ်ိန္တိုင္းမွာ သင့္ရဲ႕စီးပြားေရးအိပ္မက္ေတြ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ႀကိဳးစားပါ။ ဒါ့ေၾကာင့္ ရႏိုင္သမွ် ေလလြင့္ေနခ်ိန္ေတြကို အက်ိဳးရွိရွိအသံုးခ်တတ္ဖို႔ လိုပါတယ္။


ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ အချိန်မရသူတွေအတွက် နည်းလမ်းကောင်း (၆)ခု

အံ့မခန်းအောင်မြင်နိုင်ချေရှိတဲ့ စီးပွားရေးလုပ်ငန်းအကြံအစည်တွေ အများကြီးဟာ တကယ်အကောင်အထည် ပေါ်မလာတာတွေ အများကြီးရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီစိတ်ကူး အကြံအစည်တွေကို စတင်ရရှိသူက တကယ်လက်တွေ့အသုံးချဖို့ အချိန်မရှိဘူးဆိုပြီး ဘေးချိတ်ထားတတ်တာကြောင့်ဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ စီးပွားရေးလုပ်ဖို့ စိတ်ကူးကောင်းတစ်ခုရှိမယ်ဆိုရင် အခုပဲထလုပ်လိုက်ပါ။ ဘာကြောင့်လဲဆိုရင် အခုမလုပ်မိတဲ့အခါမှာ တစ်ချိန်ကျရင် နောင်တရမှာသေချာနေလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ကူးကောင်းရှိပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ အချိန်မရှိဘူးဆိုတဲ့ စွန့်ဦးလုပ်ငန်းရှင်တွေအတွက် ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို အစပျိုးနိုင်မယ့် နည်းလမ်းကောင်း (၆)ခုကို ဖော်ပြပေးလိုက်ပါတယ်။

10002

၁။ လူမှုကွန်ယက်အသုံးပြုခြင်းကို လျှော့ချပါ။

ဘီလျံနာလုပ်ငန်းရှင်တွေဖြစ်တဲ့ Richard Branson နဲ့ Mark Cuban တို့ မနေ့က ညစာကို ဘာနဲ့စားလဲ သိပါသလား။ ပြီးခဲ့တဲ့အပတ်က သူတို့ facebook wall မှာ ဘာပုံတွေ တင်ပါသလဲ။ ဒီမေးခွန်းရဲ့ အဖြေကို သင်ရဖို့ မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်က လူအများစုလို လူမှုကွန်ယက်တွေကို အစွဲအလမ်းမကြီးကြလို့ပဲ ဖြစ်ပါတယ်။ လူမှုကွန်ယက်တွေက မှားနေတာမဟုတ်ပါဘူး။ ဒါပေမယ့် လုပ်ငန်းတစ်ခုကို စတင်ထူထောင်ချင်တယ်ဆိုရင်တော့ လူမှုကွန်ယက်သုံးမယ့် အချိန်တွေကို လျှော့ချပစ်ပြီး အလုပ်မှာ အာရုံစိုက်နိုင်ဖို့ လိုပါတယ်။

၂။ ရုပ်သံအစီအစဉ်တွေ၊ ဇာတ်လမ်းတွဲတွေ ကြည့်တာကို ရပ်တန့်ပါ။

လူအများစုက သူတို့မှာ စီးပွားရေးလုပ်ဖို့ အကြံကောင်းတစ်ခုခုရှိပေမယ့် အချိန်မရလို့ မလုပ်ဖြစ်ဘူးလို့ ပြောတတ်ကြပါတယ်။ တကယ်တော့ သူတို့ရဲ့ အချိန်တော်တော်များများကို ရုပ်သံဇာတ်လမ်းတွဲတွေ၊ reality shows တွေကြည့်ဖို့အတွက် သုံးနေကြတာက များပါလိမ့်မယ်။ သင့်တစ်နေ့တာထဲက TV ကြည့်ချိန်တွေကို ပြန်ဆွဲထုတ်လိုက်မယ်ဆိုရင် အလုပ်လုပ်ဖို့ အချိန်ပိုတွေအများကြီးထွက်လာတာကို တွေ့ရမှာပါ။

10004

၃။ အသေးအဖွဲကိစ္စတွေကို စီမံခန့်ခွဲပါ။

လူတိုင်းမှာ ကိုယ်ပိုင်ကိစ္စတွေ၊ တာဝန်ဝတ္တရားတွေ အသီးသီးရှိကြပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေပဲ လုပ်ဆောင်ရင် အချိန်ကုန်နေလို့ မရပါဘူး။ ဒီကိစ္စတွေကို အချိန်တိုတိုအတွင်းမှာ ထိထိရောက်ရောက် အပြီးသတ်လုပ်ဆောင်နိုင်ဖို့ သေချာစီစဉ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ သေချာစီစဉ်လုပ်ဆောင်မယ်ဆိုရင် မလိုအပ်ပဲ ကုန်ဆုံးသွားတဲ့ အချိန်ပိုတွေကို အလုပ်အတွက်အသုံးချဖို့ ပြန်လည်ရရှိနိုင်ပါတယ်။

၄။ နောက်ကျမှအိပ်ပြီး စောစောထပါ။

အခုလက်ရှိအချိန်မှာ အချိန်ပြည့်အလုပ်တစ်ခုကို လုပ်နေရင်တောင်မှ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ဘယ်သူမဆို စတင်လုပ်ဆောင်နိုင်ပါတယ်။ အခုလက်ရှိအချိန်မှာ နံနက် (၉)နာရီ အလုပ်သွားဖို့ (၇)နာရိမှာ အိပ်ရာထရတယ် ဆိုပါစို့ ဒါဆိုရင် ဒီထက်စောပြီး အိပ်ရာကထပါ။ ကိုယ်ပိုင်အလုပ်အတွက် အချိန်ပေးပါ။ အလုပ်ကနေ အိမ်ပြန်ရောက်ပြီဆိုရင် မိသားစုနဲ့ အပေါင်းအသင်းတွေအတွက် အချိန်ပေးလိုက်ပါဦးိ။ ပြီးတော့မှ ကိုယ်ပိုင်လုပ်ငန်းအတွက် အချိန်ထပ်ပေးပါ။ ဒီလိုလုပ်ဖို့မလွယ်တာတော့ သေချာပါတယ်။ ဒါပေမယ့် ကြိုးစားရမှာကတော့ သေချာပါတယ်။

၅။ ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်တွေ ချမှတ်ပါ။

ဘာအလုပ်ပဲလုပ်လုပ် အစပိုင်းမှာကတည်းက ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်တွေ ချမှတ်ထားဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ကိုယ်ပိုင်လုပ်ငန်းအတွက် တစ်နေ့မှာ အချိတ်(၁)နာရီ သတ်မှတ်ထားရင် တစ်နာရီပြည့်အောင်လုပ်ပါ။ ဒီထက်ပိုကြာနိုင်တယ်ဆိုတာကိုလည်း နားလည်ထားပါတယ်။ တကယ်လို့ တစ်နေ့တာအတွက် လုပ်ဆောင်ရမယ့် ကိစ္စအသေးလေးတွေကိုမှ အောင်မြင်အောင် မလုပ်နိုင်ဘူးဆိုရင် သင့်ရဲ့ အဓိကရည်မှန်းချက်ကြီးတွေ အောင်မြင်ဖို့က မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ဘာပဲဖြစ်ဖြစ် အခုစလုပ်ဖြစ်ဖို့ အရေးကြီးပါတယ်။ အားလပ်ချိန်ရမှ ကိုယ်ပိုင်အလုပ်ကို စတင်မယ်ဆိုရင်တော့ ဘယ်တော့မှလုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။

300-x-200

၆။ အလဟဿဖြစ်နေချိန်တွေကို အကျိုးရှိရှိအသုံးချပါ။

နေ့တိုင်း အလုပ်သွားအလုပ်ပြန်အတွက် မြို့ပတ်ရထား၊ ဘတ်စ်ကား စတဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးတွေကို အသုံးပြုတယ်ဆိုရင် ဖုန်းနဲ့ ဂိမ်းကစားနေမယ့်အစား ကိုယ်ပိုင်အလုပ်နဲ့ ပတ်သက်တဲ့ ကိစ္စအသေးလေးတွေကို ပြီးစီးအောင်လုပ်လိုက်ပါ။ တစ်နေ့တာလုံး ရတဲ့အချိန်တိုင်းမှာ သင့်ရဲ့စီးပွားရေးအိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားပါ။ ဒါ့ကြောင့် ရနိုင်သမျှ လေလွင့်နေချိန်တွေကို အကျိုးရှိရှိအသုံးချတတ်ဖို့ လိုပါတယ်။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%