အရာရာတိုင္းကို ျမန္ဆန္စြာေလ့လာႏိုင္ဖို႔ နည္းလမ္းမ်ား
ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္တို႔မွာ ႐ွိတဲ့အခ်ိန္ထက္ ပိုတဲ့အရာေတြကို ေလ့လာခ်င္ၾကပါတယ္။ အင္တာနက္ေခတ္လဲ ေရာက္လာေတာ့ ပိုဆိုးသြားတာေပါ့။ အရာမ်ားမ်ား ေလ့လာႏိုင္ဖို႔ဆိုရင္ ျမန္ျမန္ဆန္ဆန္နဲ႔ ေလ့လာၿပီးဖို႔က တစ္ခုထဲေသာ နည္းလမ္းပါ။
ဒီေဆာင္းပါးမွာ ျမန္ျမန္ဆန္ဆန္ေလ့လာႏိုင္ဖို႔ လိုအပ္တဲ့ အေျခခံအရာေတြကို ေျပာျပသြားမွာပါ။
ေလ့လာတယ္ဆိုတာမွာ ဘာသာစကားေတြ၊ စီးပြားေရးစြမ္းရည္ေတြ၊ ဂီတ ပစၥည္းေတြ၊ အရာအားလံုး ပါဝင္ပါတယ္။ ဒီလို အရာအားလံုးကို ေလ့လာရာမွာ ျမန္ဆန္ေအာင္ အသံုးခ်ႏိုင္တဲ့ နည္းလမ္းေတြကေတာ့
၁. ဘီးကို ျပန္မထြင္ပါနဲ႔
ထြင္ၿပီးသား ဘီးကို ဘာေၾကာင့္ ျပန္တီထြင္ရမွာလဲ?? ေလ့လာရာမွာ လူေတြ အမွတ္မွားေနတဲ့ အရာတစ္ခုကေတာ့ အဲဒီအရာကို တစ္ေယာက္ထဲ အေျခခံကစၿပီး ဆရာတစ္ဆူျဖစ္ေအာင္ ေလ့လာခ်င္တာပါ။ သင္ တစ္ခုခုကို စသင္ခဲ့တဲ့ အခ်ိန္ကို ျပန္စဥ္းစားပါ။ အဲဒီက ႀကံဳခဲ့ရတဲ့ အမွားေတြ၊ အခက္အခဲေတြ ကို ျပန္သတိရပါ။ အခု သင့္သူငယ္ခ်င္းတစ္ေယာက္က အဲဒီပညာကို သင္ခ်င္တယ္ဆိုရင္ သင္ၾကံဳရတဲ့ အခက္အခဲေတြနဲ႔ မေတြ႕ေအာင္ သင္ လမ္းျပမေပးႏိုင္ေပဘူးလား။ ပညာတစ္ခုခုရခ်င္ရင္ အဲဒီပညာမွာ ဆရာအဆင့္ ရိွတဲ့သူေတြထံ သြားေရာက္ၿပီး နည္းလမ္းခံယူကာ သူတို႔ခင္းေပးတဲ့ လမ္းကို ေလ်ွာက္ရံုပါပဲ။
၂. စြမ္းရည္ကို ခြဲျခမ္းစိတ္ျဖာပစ္ပါ
စြမ္းရည္တစ္ခုကို ေလ့လာဖို႔ အလြယ္ဆံုးကေတာ့ အဲဒီ စြမ္းရည္ကို ခြဲျခမ္းစိတ္ျဖာပစ္ၿပီး အေရးႀကီးဆံုး အပိုင္းေတြက စေလ့လာတာပါပဲ။ အေရးႀကီးဆံ အပုိင္းကို သိဖို႔ ၂၀/၈၀ နိယာမကို သိထားပါ။ စီးပြားေရးလုပ္ငန္းေတြမွာ ေဖာက္သည္ ၂၀ ရာႏႈန္းက အျမတ္ ၈၀ ရာႏႈန္းကို သယ္လာပါတယ္။ အဲဒီ ၂၀ ရာႏႈန္းကုိ အရင္ေလ့လာပါ။
ကြၽန္ေတာ္တို႔ အလုပ္တစ္ခုကို အျမန္ဆံုး ေလ့လာသေဘာေပါက္မိဖို႔ နာရီ ၁ေသာင္း မလိုပါဘူး။ ပထမ နာရီ ၂၀ ကိုသံုးၿပီး အလုပ္ကို ခြဲျခမ္းစိတ္ျဖာကာ အေရးႀကီးဆံုး အလုပ္ေလးေတြကို ေသခ်ာေလ့လာလိုက္တာဟာ အခ်ိန္နဲ႔စာရင္ အႀကီးမားဆံုး အက်ိဳးသက္ေရာက္မႈကို ရပါတယ္။
၃. အလုပ္ ႏွစ္ခြ မလုပ္ပါနဲ႔
အလုပ္ လုပ္ေနရင္း Facebook message ေလး ဝင္လာတာ ကို ဖတ္ၾကည့္တာ၊ Email ေလး စစ္တာ၊ လုပ္ေဖာ္ကိုင္ဘက္ေတြကို ႏႈတ္ဆက္ရတာ အားလံုးဟာ သင့္အာရံုကို ႏွစ္ခြ ျဖစ္ေစပါတယ္။ အာရံုႏွစ္ခြနဲ႔ အလုပ္ႏွစ္ခု လုပ္တာဟာ ေလ့လာမႈရဲ႕ အႀကီးမားဆံုး အဟန္႔အတားပါ။ သင့္ရဲ႕ ကြန္ပ်ဴတာေတာင္ App ေပါင္း ၂၀ ေလာက္ ဖြင့္ထားရင္ ဟန္းသြားမွာပါ။ လူတစ္ေယာက္ဟာ စိတ္အာရံုစူးစိုက္မႈ ေႏွာက္ယွက္ခံလိုက္ရရင္ နဂိုအေျခအေနျပန္ေရာက္ဖို႔ ၂၅ မိနစ္ ၾကာပါတယ္။
ကြၽန္ေတာ္တို႔ ကာလ႐ွည္ ေလ့လာမႈေတြမွာလဲ အဲဒီလိုပါပဲ။ တစ္ခုကို ေလ့လာရင္ ေနာက္အရာေတြကို ေမ့ထားပါ။ ခြဲျခမ္းစိတ္ျဖာၿပီး အေရးပါဆံုး ေနရာေတြကို သင္ယူေနတုန္းဆိုရင္ ဘာအေႏွာင့္အယွက္မွ မလာပါေစနဲ႔။
၄. ထပ္ခါ ထပ္ခါ ထပ္ခါ လုပ္ပါ
ဒီေနရာဟာ လူေတာ္ေတာ္မ်ားမ်ား ႐ုန္းကန္ရတဲ့ ေနရာပါပဲ။ ေလ့လာျခင္းမွာ ေလ့က်င့္ျခင္းက အေရးႀကီးတယ္ဆိုတာ ေတာ္ေတာ္မ်ားမ်ား မၾကားလိုၾကပါဘူး။ ေလ့က်င့္ရာမွာ အလုပ္စြမ္းရည္တစ္ခုကို ထပ္ခါ ထပ္ခါ လုပ္ၿပီး ေနာက္ဆံုး လုပ္ေနမွန္း မသိပဲနဲ႔ အလိုလို လုပ္ၿပီးသြားတဲ့ အေျခအေနမ်ိဳးထိ က်င့္ရမွာပါ။ ဒီအဆင့္ကို ေတာင့္ခံႏိုင္သူကေတာ့ ဆရာတစ္ဆူ ျဖစ္မွာပါပဲ။ ဆရာ အဆင့္ ကြၽမ္းက်င္မႈဟာ ဆရာအဆင့္ ေလ့က်င့္မႈေၾကာင့္ပါ။ ေမြးရာပါ မဟုတ္ပါဘူး။
၅. ေဝဖန္မႈ ခ်က္ျခင္း ခံယူပါ
၁၉၆၀ Highschool Rock band ေလး တစ္ခု ဘဝမွာကတည္းက Beatles ဟာ ဂ်ာမနီမွာ သြားေရာက္ ၿပီး လမ္းေဘးတီးဝိုင္းတစ္ခုအေနနဲ႔ ေျဖေဖ်ာ္ခဲ့ပါတယ္။ ဘာမွ မရခဲ့ပါဘူး။ အသံေတြကလဲ ဆိုးရြားလြန္းခဲ့ ပါတယ္။ အဲဒီေတာ့ သူတို႔ ဘာရခဲ့လဲ?? ေလ့က်င့္မႈနဲ႔ ေဝဖန္မႈတို႔ပါ။ အဲဒါကပဲ Beatles ကုိ အေပၚကို တြန္းပို႔ခဲ့ပါတယ္။ သူတုိ႔ဟာ ကားဂိုေထာင္ထဲမွာပဲ က်င့္ခဲ့တာ မဟုတ္ပါဘူး။ ခ်က္ျခင္းေဝဖန္ႏိုင္မယ့္ လူအုပ္ေ႐ွ႕မွာ က်င့္ခဲ့တာပါ။ အဲဒီလိုနဲ႔ တစတစ ပိုေကာင္းလာၿပီး ၁၉၆၄ မွာ ႏိုင္ငံတကာအဆင့္ကို ေရာက္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ တီးဝိုင္းဟာ အႀကိမ္ ၁၂၀၀ ေျဖေဖ်ာ္ခဲ့ၿပီးပါၿပီ။ ခုေခတ္ တီးဝိုင္း အားလံုးလိုလိုဟာ အႀကိမ္ ၁၀၀၀ မေျဖေဖ်ာ္ႏိုင္ပါဘူး။
၆. ၾကာ႐ွည္စြာ ေလ့လာပါ
ေအာင္ျမင္ႏိုင္တဲ့ လူေတာ္ေတာ္မ်ားမ်ားဟာ ေမ်ာသြားတဲ့ အေျခအေနမွာ ဆက္လက္ မေလ့လာၾကေတာ့ပါဘူး။ တစ္ခုခု အသစ္အဆန္းကို ေတြ႕ၾကံဳရရင္ လူဟာ အဲဒီအရာကို လုပ္ရတာ ရႊင္ျမဴးတက္ႂကြတတ္ပါတယ္။ ႐ိုးသြားတဲ့ အခ်ိန္က်ေတာ့ ပ်င္းသြားပါတယ္။ ဒီလိုနဲ႔ ဆက္လက္ မေလ့လာေတာ့ပါဘူး။ သင္ဟာ အေ႐ွ႕မွာ ေမ်ာသြားေတာ့မယ္ဆိုတာကို သိရင္ ကိုယ့္ဘာသာ စိတ္ျပန္ထိန္းႏုိင္ရပါမယ္။ သိေနရင္ေတာ့ ထိန္းရ လြယ္ေနမွာပါ။ အဲဒီ ေမ်ာတဲ့ အခ်ိန္ အဆံုးမွာ သင့္ဘဝ တိုးတက္လာတာ ခံစားရမွာပါ။
အဲဒိေတာ့ အက်ဥ္းခ်ဳပ္ေျပာရရင္
– တတ္ကြၽမ္းၿပီးသားလူတစ္ေယာက္ရဲ႕ နည္းနာကို ခံယူပါ
– စြမ္းရည္၊ အလုပ္ တစ္ခုခုကို အေသးစိတ္ ခြဲျခမ္းစိတ္ျဖာၿပီးမွ အေရးႀကီးတာေတြကို ေရြးခ်ယ္ေလ့လာပါ
– အလုပ္ ႏွစ္ခြ မလုပ္ပါနဲ႔
– ထပ္ခါ ထပ္ခါ လုပ္ပါ
– ေဝဖန္မႈ ခ်က္ျခင္း ခံယူပါ
– မၿပီးဆံုးခင္ ေမ်ာမသြားပါေစနဲ႔။ မပ်င္းပါနဲ႔
အရာရာတိုင်းကို မြန်ဆန်စွာလေ့လာနိုင်ဖို့ နည်းလမ်းများ
ကျွန်တော်တို့ဟာ ကျွန်တော်တို့မှာ ရှိတဲ့အချိန်ထက် ပိုတဲ့အရာတွေကို လေ့လာချင်ကြပါတယ်။ အင်တာနက်ခေတ်လဲ ရောက်လာတော့ ပိုဆိုးသွားတာပေါ့။ အရာများများ လေ့လာနိုင်ဖို့ဆိုရင် မြန်မြန်ဆန်ဆန်နဲ့ လေ့လာပြီးဖို့က တစ်ခုထဲသော နည်းလမ်းပါ။
ဒီဆောင်းပါးမှာ မြန်မြန်ဆန်ဆန်လေ့လာနိုင်ဖို့ လိုအပ်တဲ့ အခြေခံအရာတွေကို ပြောပြသွားမှာပါ။
လေ့လာတယ်ဆိုတာမှာ ဘာသာစကားတွေ၊ စီးပွားရေးစွမ်းရည်တွေ၊ ဂီတ ပစ္စည်းတွေ၊ အရာအားလုံး ပါဝင်ပါတယ်။ ဒီလို အရာအားလုံးကို လေ့လာရာမှာ မြန်ဆန်အောင် အသုံးချနိုင်တဲ့ နည်းလမ်းတွေကတော့
၁. ဘီးကို ပြန်မထွင်ပါနဲ့
ထွင်ပြီးသား ဘီးကို ဘာကြောင့် ပြန်တီထွင်ရမှာလဲ?? လေ့လာရာမှာ လူတွေ အမှတ်မှားနေတဲ့ အရာတစ်ခုကတော့ အဲဒီအရာကို တစ်ယောက်ထဲ အခြေခံကစပြီး ဆရာတစ်ဆူဖြစ်အောင် လေ့လာချင်တာပါ။ သင် တစ်ခုခုကို စသင်ခဲ့တဲ့ အချိန်ကို ပြန်စဉ်းစားပါ။ အဲဒီက ကြုံခဲ့ရတဲ့ အမှားတွေ၊ အခက်အခဲတွေ ကို ပြန်သတိရပါ။ အခု သင့်သူငယ်ချင်းတစ်ယောက်က အဲဒီပညာကို သင်ချင်တယ်ဆိုရင် သင်ကြုံရတဲ့ အခက်အခဲတွေနဲ့ မတွေ့အောင် သင် လမ်းပြမပေးနိုင်ပေဘူးလား။ ပညာတစ်ခုခုရချင်ရင် အဲဒီပညာမှာ ဆရာအဆင့် ရှိတဲ့သူတွေထံ သွားရောက်ပြီး နည်းလမ်းခံယူကာ သူတို့ခင်းပေးတဲ့ လမ်းကို လျှောက်ရုံပါပဲ။
၂. စွမ်းရည်ကို ခွဲခြမ်းစိတ်ဖြာပစ်ပါ
စွမ်းရည်တစ်ခုကို လေ့လာဖို့ အလွယ်ဆုံးကတော့ အဲဒီ စွမ်းရည်ကို ခွဲခြမ်းစိတ်ဖြာပစ်ပြီး အရေးကြီးဆုံး အပိုင်းတွေက စလေ့လာတာပါပဲ။ အရေးကြီးဆံ အပိုင်းကို သိဖို့ ၂၀/၈၀ နိယာမကို သိထားပါ။ စီးပွားရေးလုပ်ငန်းတွေမှာ ဖောက်သည် ၂၀ ရာနှုန်းက အမြတ် ၈၀ ရာနှုန်းကို သယ်လာပါတယ်။ အဲဒီ ၂၀ ရာနှုန်းကို အရင်လေ့လာပါ။
10009
ကျွန်တော်တို့ အလုပ်တစ်ခုကို အမြန်ဆုံး လေ့လာသဘောပေါက်မိဖို့ နာရီ ၁သောင်း မလိုပါဘူး။ ပထမ နာရီ ၂၀ ကိုသုံးပြီး အလုပ်ကို ခွဲခြမ်းစိတ်ဖြာကာ အရေးကြီးဆုံး အလုပ်လေးတွေကို သေချာလေ့လာလိုက်တာဟာ အချိန်နဲ့စာရင် အကြီးမားဆုံး အကျိုးသက်ရောက်မှုကို ရပါတယ်။
၃. အလုပ် နှစ်ခွ မလုပ်ပါနဲ့
အလုပ် လုပ်နေရင်း Facebook message လေး ဝင်လာတာ ကို ဖတ်ကြည့်တာ၊ Email လေး စစ်တာ၊ လုပ်ဖော်ကိုင်ဘက်တွေကို နှုတ်ဆက်ရတာ အားလုံးဟာ သင့်အာရုံကို နှစ်ခွ ဖြစ်စေပါတယ်။ အာရုံနှစ်ခွနဲ့ အလုပ်နှစ်ခု လုပ်တာဟာ လေ့လာမှုရဲ့ အကြီးမားဆုံး အဟန့်အတားပါ။ သင့်ရဲ့ ကွန်ပျူတာတောင် App ပေါင်း ၂၀ လောက် ဖွင့်ထားရင် ဟန်းသွားမှာပါ။ လူတစ်ယောက်ဟာ စိတ်အာရုံစူးစိုက်မှု နှောက်ယှက်ခံလိုက်ရရင် နဂိုအခြေအနေပြန်ရောက်ဖို့ ၂၅ မိနစ် ကြာပါတယ်။
ကျွန်တော်တို့ ကာလရှည် လေ့လာမှုတွေမှာလဲ အဲဒီလိုပါပဲ။ တစ်ခုကို လေ့လာရင် နောက်အရာတွေကို မေ့ထားပါ။ ခွဲခြမ်းစိတ်ဖြာပြီး အရေးပါဆုံး နေရာတွေကို သင်ယူနေတုန်းဆိုရင် ဘာအနှောင့်အယှက်မှ မလာပါစေနဲ့။
300-x-200
၄. ထပ်ခါ ထပ်ခါ ထပ်ခါ လုပ်ပါ
ဒီနေရာဟာ လူတော်တော်များများ ရုန်းကန်ရတဲ့ နေရာပါပဲ။ လေ့လာခြင်းမှာ လေ့ကျင့်ခြင်းက အရေးကြီးတယ်ဆိုတာ တော်တော်များများ မကြားလိုကြပါဘူး။ လေ့ကျင့်ရာမှာ အလုပ်စွမ်းရည်တစ်ခုကို ထပ်ခါ ထပ်ခါ လုပ်ပြီး နောက်ဆုံး လုပ်နေမှန်း မသိပဲနဲ့ အလိုလို လုပ်ပြီးသွားတဲ့ အခြေအနေမျိုးထိ ကျင့်ရမှာပါ။ ဒီအဆင့်ကို တောင့်ခံနိုင်သူကတော့ ဆရာတစ်ဆူ ဖြစ်မှာပါပဲ။ ဆရာ အဆင့် ကျွမ်းကျင်မှုဟာ ဆရာအဆင့် လေ့ကျင့်မှုကြောင့်ပါ။ မွေးရာပါ မဟုတ်ပါဘူး။
၅. ဝေဖန်မှု ချက်ခြင်း ခံယူပါ
၁၉၆၀ Highschool Rock band လေး တစ်ခု ဘဝမှာကတည်းက Beatles ဟာ ဂျာမနီမှာ သွားရောက် ပြီး လမ်းဘေးတီးဝိုင်းတစ်ခုအနေနဲ့ ဖြေဖျော်ခဲ့ပါတယ်။ ဘာမှ မရခဲ့ပါဘူး။ အသံတွေကလဲ ဆိုးရွားလွန်းခဲ့ ပါတယ်။ အဲဒီတော့ သူတို့ ဘာရခဲ့လဲ?? လေ့ကျင့်မှုနဲ့ ဝေဖန်မှုတို့ပါ။ အဲဒါကပဲ Beatles ကို အပေါ်ကို တွန်းပို့ခဲ့ပါတယ်။ သူတို့ဟာ ကားဂိုထောင်ထဲမှာပဲ ကျင့်ခဲ့တာ မဟုတ်ပါဘူး။ ချက်ခြင်းဝေဖန်နိုင်မယ့် လူအုပ်ရှေ့မှာ ကျင့်ခဲ့တာပါ။ အဲဒီလိုနဲ့ တစတစ ပိုကောင်းလာပြီး ၁၉၆၄ မှာ နိုင်ငံတကာအဆင့်ကို ရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ တီးဝိုင်းဟာ အကြိမ် ၁၂၀၀ ဖြေဖျော်ခဲ့ပြီးပါပြီ။ ခုခေတ် တီးဝိုင်း အားလုံးလိုလိုဟာ အကြိမ် ၁၀၀၀ မဖြေဖျော်နိုင်ပါဘူး။
၆. ကြာရှည်စွာ လေ့လာပါ
အောင်မြင်နိုင်တဲ့ လူတော်တော်များများဟာ မျောသွားတဲ့ အခြေအနေမှာ ဆက်လက် မလေ့လာကြတော့ပါဘူး။ တစ်ခုခု အသစ်အဆန်းကို တွေ့ကြုံရရင် လူဟာ အဲဒီအရာကို လုပ်ရတာ ရွှင်မြူးတက်ကြွတတ်ပါတယ်။ ရိုးသွားတဲ့ အချိန်ကျတော့ ပျင်းသွားပါတယ်။ ဒီလိုနဲ့ ဆက်လက် မလေ့လာတော့ပါဘူး။ သင်ဟာ အရှေ့မှာ မျောသွားတော့မယ်ဆိုတာကို သိရင် ကိုယ့်ဘာသာ စိတ်ပြန်ထိန်းနိုင်ရပါမယ်။ သိနေရင်တော့ ထိန်းရ လွယ်နေမှာပါ။ အဲဒီ မျောတဲ့ အချိန် အဆုံးမှာ သင့်ဘဝ တိုးတက်လာတာ ခံစားရမှာပါ။
အဲဒိတော့ အကျဉ်းချုပ်ပြောရရင်
– တတ်ကျွမ်းပြီးသားလူတစ်ယောက်ရဲ့ နည်းနာကို ခံယူပါ
– စွမ်းရည်၊ အလုပ် တစ်ခုခုကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီးမှ အရေးကြီးတာတွေကို ရွေးချယ်လေ့လာပါ
– အလုပ် နှစ်ခွ မလုပ်ပါနဲ့
– ထပ်ခါ ထပ်ခါ လုပ်ပါ
– ဝေဖန်မှု ချက်ခြင်း ခံယူပါ
– မပြီးဆုံးခင် မျောမသွားပါစေနဲ့။ မပျင်းပါနဲ့