အိပ္ေရးပ်က္သည့္ဒဏ္ကို ခံႏိုင္ေစမည့္ နည္းလမ္းမ်ား
အိပ်ရေးပျက်သည့်ဒဏ်ကို ခံနိုင်စေမည့် နည်းလမ်းများ
ညဖက္မွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ခ်င္ေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေကာင္းေကာင္းအိပ္မရခဲ့ဘူးဆိုရင္ ေနာက္တစ္ေန႔မွာ လန္းလန္းဆန္းဆန္းနဲ႔ အလုပ္လုပ္ႏိုင္ဖို႔ နည္းလမ္း (၁၀)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ေရမ်ားမ်ားေသာက္ပါ။
ေရဓာတ္ခမ္းေျခာက္လာရင္ ပင္ပန္းႏြမ္းနယ္လာတတ္ပါတယ္။ ေရမ်ားမ်ားေသာက္ေလ လန္းဆန္းတက္ၾကြေလပါပဲ။ ဒါ့အျပင္ ေရေသာက္မ်ားရင္ အေပါ့သြားတာလည္း မ်ားတဲ့အတြက္ လႈပ္ရွားတက္ၾကြေနေစၿပီး အိပ္ငိုက္ေတာ့မွာ မဟုတ္ပါဘူး။
၂။ ေသြးလည္ပတ္မႈ ေကာင္းပါေစ။
ရႊင္လန္းတက္ၾကြေနဖို႔အတြက္ အေကာင္းဆံုးနည္းလမ္းကေတာ့ ကိုယ္လက္ေလ့က်င့္ခန္း လုပ္တာပဲျဖစ္ပါတယ္။ ေလ့က်င့္ခန္းေတြက ခႏၶာကိုယ္စြမ္းအင္ကို ျမွင့္တင္ေပးၿပီး ေသြးလည္ပတ္မႈအတြင္း အန္ဒရီလိုင္းပမာဏကိုလည္း တိုးပြားေစတာေၾကာင့္ ဇီ၀ကမၼျဖစ္စဥ္ကို အရွိန္ျမွင့္တင္ေပးႏိုင္ပါတယ္။ ဒီေျပာင္းလဲမႈေတြက တစ္ေန႔တာကို အေကာင္းဆံုးရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္ေစမွာျဖစ္ၿပီး ညဖက္မွာလည္း ျပန္ၿပီး အိပ္ေကာင္းသြားေစမွာျဖစ္ပါတယ္။
၃။ အစားမက်ဴးပါနဲ႔။
အစားအစာေတြ အမ်ားႀကီးစားတာ၊ လမ္းေဘးစာေတြနဲ႔ ကစီဓာတ္ေတြ အစားမ်ားတာကို ေရွာင္က်ဥ္ပါ။ ဒီစားစရာေတြက သင့္ကို ေလးကန္ထိုင္းမႈိင္းေစပါတယ္။ ႏွံစားသီးႏွံေတြ၊ သစ္သီးေတြ၊ ဟင္းသီးဟင္းရြက္၊ ဒိန္ခ်ဥ္၊ ၾကက္သား၊ ငါးစတာေတြ စားသံုးတာကေတာ့ သင့္ကို လန္းဆန္းေစႏိုင္ပါတယ္။
၄။ အျပင္ထြက္ပါ။
ေနေရာင္ျခည္မွာပါ၀င္တဲ့ ဗီတာမင္ ဒီ နဲ႔ ဘီ တို႔က ေန႔လည္ေန႔ခင္းအိပ္ငိုက္တာကို ဆန္႔က်င္ေပးပါတယ္။ သင့္ရဲ႕စိတ္ခံစားမႈကိုလည္း ေကာင္းေစႏိုင္ၿပီး အာ႐ုံစူးစိုက္ႏုိင္လာေစပါတယ္။ ကိုယ္ခံအားစနစ္ကိုလည္း အားျဖစ္ေစတဲ့အတြက္ အိပ္ေရးမ၀လို႔ ကိုယ္ခံအားစနစ္အားနည္းတဲ့ ျပႆနာကိုလည္း ေျဖရွင္းၿပီးသားျဖစ္သြားေစပါတယ္။ ဒါ့အျပင္ ေလေကာင္းေလသန္႔နဲ႔ ပတ္၀န္းက်င္ျမင္ကြင္းေျပာင္းလဲမႈက သင့္စိတ္ကို လန္းဆန္းေစမွာျဖစ္ပါတယ္။
၅။ ေရခ်ိဳးလိုက္ပါ။
ေရေအးနဲ႔ ေရခ်ိဳးတာက ခႏၶာကိုယ္ကို လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ အလုပ္ထဲမွာဆိုရင္ ေရခဲေရနဲ႔ မ်က္ႏွာသစ္တာမ်ိဳး၊ လက္ေကာက္၀တ္နဲ႔ နားထင္ေတြမွာ ေရခဲတံုးေလးေတြ ကပ္ေပးတာမ်ိဳးလုပ္ႏိုင္ပါတယ္။
၆။ အေျပာင္းအလဲလုပ္ပါ။
ပံုမွန္လုပ္႐ုိးလုပ္စဥ္ေတြအတိုင္း လုပ္ေဆာင္ေနမယ္ဆိုရင္ လန္းဆန္းေနႏိုင္မွာမဟုတ္ပါဘူး။ ဒီေတာ့ တစ္ေန႔တာလံုးမွာ လုပ္လို႔ရတဲ့ ေျပာင္းလဲမႈေတြ လုပ္ေဆာင္ပါ။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ဟာသေတြေျပာတာပဲျဖစ္ျဖစ္၊ YouTube မွာ ႐ုပ္ရွင္နမူနာေတြ ၾကည့္တာပဲျဖစ္ျဖစ္၊ ဂိမ္းကစားတာပဲျဖစ္ျဖစ္၊ အေျပာင္းအလဲတစ္ခုခုလုပ္ေဆာင္မယ္ဆိုရင္ ပင္ပန္းေနခ်ိန္မွာေတာင္မွ အလုပ္ေကာင္းေကာင္းလုပ္ေနႏိုင္မွာ ျဖစ္ပါတယ္။
၇။ ပီေက၀ါးပါ။
ပီေက၀ါးတာက အိပ္ခ်င္စိတ္ကို ေလ်ာ့ပါးေစတယ္လို႔ သုေတသီေတြက ေလ့လာေတြ႕ရွိခဲ့ပါတယ္။ ပူရွိန္းအနံ႕အရသာနဲ႔ ပီေကဆိုရင္ ပိုေကာင္းပါတယ္။ ဒါ့ေၾကာင့္ အိပ္ငိုက္လာၿပီဆိုရင္ ပီေကတစ္ခုေကာက္၀ါးၿပီး လုပ္စရာေတြကို ဆက္လက္လုပ္ေဆာင္လုိက္ပါ။
၈။ တစ္ေန႔တာကို ႐ုိးရွင္းစြာ ျဖတ္ေက်ာ္ပါ။
အိပ္ေရးပ်က္ထားတဲ့အတြက္ ပင္ပန္းေနခ်ိန္မွာ အလုပ္စြမ္းေဆာင္ရည္ အေကာင္းဆံုးမျဖစ္ႏိုင္ပါဘူး။ ဒါ့ေၾကာင့္ အလုပ္ေတြအမ်ားႀကီးၿပီးစီးဖို႔ ႀကိဳးစားၿပီး စိတ္ဖိစီမခံပါနဲ႔။ အေရးအႀကီးဆံုးအလုပ္ေတြကိုပဲ ဦးစားေပးလုပ္လိုက္ၿပီး က်န္တာေတြကို ေနာက္ေန႔ေတြအတြက္ ေရႊ႕ထားလိုက္ပါ။
၉။ ကားမေမာင္းပါနဲ႔။
ပင္ပန္းေနခ်ိန္မွာ ကားေမာင္းတာက အရမ္းကို အႏၱရာယ္မ်ားပါတယ္။ ကားေမာင္းသြားမယ့္အစား ဘတ္စ္ကား ဒါမွမဟုတ္ ရထားတစ္ခုခုစီးလိုက္ပါ။ ယာဥ္မေတာ္တဆမႈကို ေရွာင္ႏိုင္႐ုံသာမက မ်က္လံုးပိတ္ၿပီး အိပ္လို႔ေတာင္ ရပါေသးတယ္။
၁၀။ တစ္ေရးေလာက္ေမွးအိပ္ပါ။
ျဖစ္ႏိုင္မယ္ဆိုရင္ ေန႔လည္(၂)နာရီေလာက္မွာ တစ္ေမွးေလာက္ေမွးလိုက္ပါ။ သိပ္အၾကာႀကီးမလိုပါဘူး။ မိနစ္(၂၀)၊ (၂၅)မိနစ္ေလာက္ေမွးအိပ္လိုက္မယ္ဆိုရင္ စိတ္ေရာခႏၶာကိုယ္အတြက္ပါ အားျပန္ျပည့္သြားေစႏိုင္ပါတယ္။ လုပ္ငန္းခြင္႐ုံးမွာ အိပ္ဖို႔ေနရာမရွိဘူးဆိုရင္ေတာ့ နည္းလမ္းရွာၿပီး ႀကိဳးစားၾကည့္ပါ။ ထမင္းစားခ်ိန္ ကားထဲမွာ သြားေမွးလိုက္ရင္လည္း ရပါတယ္။
အိပ္ေရး၀၀အိပ္စက္ဖို႔က ကၽြန္ေတာ္တို႔အားလံုးက ရည္ရြယ္ေလ့ရွိေပမယ့္ တကယ္တမ္းျဖစ္မလာတဲ့ အရာတစ္ခုျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အခုေဖာ္ျပေပးလိုက္တဲ့နည္းလမ္းေလးေတြက အိပ္ေရးပ်က္ခဲ့မယ္ဆိုရင္ေတာ့ လုပ္စရာေတြကို လန္းဆန္းတက္ၾကြစြာ လုပ္ေဆာင္ႏိုင္ေစမွာျဖစ္ပါတယ္။
အိပ်ရေးပျက်သည့်ဒဏ်ကို ခံနိုင်စေမည့် နည်းလမ်းများ
ညဖက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကောင်းကောင်းအိပ်မရခဲ့ဘူးဆိုရင် နောက်တစ်နေ့မှာ လန်းလန်းဆန်းဆန်းနဲ့ အလုပ်လုပ်နိုင်ဖို့ နည်းလမ်း (၁၀)ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ရေများများသောက်ပါ။
ရေဓာတ်ခမ်းခြောက်လာရင် ပင်ပန်းနွမ်းနယ်လာတတ်ပါတယ်။ ရေများများသောက်လေ လန်းဆန်းတက်ကြွလေပါပဲ။ ဒါ့အပြင် ရေသောက်များရင် အပေါ့သွားတာလည်း များတဲ့အတွက် လှုပ်ရှားတက်ကြွနေစေပြီး အိပ်ငိုက်တော့မှာ မဟုတ်ပါဘူး။
၂။ သွေးလည်ပတ်မှု ကောင်းပါစေ။
ရွှင်လန်းတက်ကြွနေဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်စွမ်းအင်ကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုအတွင်း အန်ဒရီလိုင်းပမာဏကိုလည်း တိုးပွားစေတာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို အရှိန်မြှင့်တင်ပေးနိုင်ပါတယ်။ ဒီပြောင်းလဲမှုတွေက တစ်နေ့တာကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နိုင်စေမှာဖြစ်ပြီး ညဖက်မှာလည်း ပြန်ပြီး အိပ်ကောင်းသွားစေမှာဖြစ်ပါတယ်။
၃။ အစားမကျူးပါနဲ့။
အစားအစာတွေ အများကြီးစားတာ၊ လမ်းဘေးစာတွေနဲ့ ကစီဓာတ်တွေ အစားများတာကို ရှောင်ကျဉ်ပါ။ ဒီစားစရာတွေက သင့်ကို လေးကန်ထိုင်းမှိုင်းစေပါတယ်။ နှံစားသီးနှံတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်၊ ဒိန်ချဉ်၊ ကြက်သား၊ ငါးစတာတွေ စားသုံးတာကတော့ သင့်ကို လန်းဆန်းစေနိုင်ပါတယ်။
၄။ အပြင်ထွက်ပါ။
နေရောင်ခြည်မှာပါဝင်တဲ့ ဗီတာမင် ဒီ နဲ့ ဘီ တို့က နေ့လည်နေ့ခင်းအိပ်ငိုက်တာကို ဆန့်ကျင်ပေးပါတယ်။ သင့်ရဲ့စိတ်ခံစားမှုကိုလည်း ကောင်းစေနိုင်ပြီး အာရုံစူးစိုက်နိုင်လာစေပါတယ်။ ကိုယ်ခံအားစနစ်ကိုလည်း အားဖြစ်စေတဲ့အတွက် အိပ်ရေးမဝလို့ ကိုယ်ခံအားစနစ်အားနည်းတဲ့ ပြဿနာကိုလည်း ဖြေရှင်းပြီးသားဖြစ်သွားစေပါတယ်။ ဒါ့အပြင် လေကောင်းလေသန့်နဲ့ ပတ်ဝန်းကျင်မြင်ကွင်းပြောင်းလဲမှုက သင့်စိတ်ကို လန်းဆန်းစေမှာဖြစ်ပါတယ်။
၅။ ရေချိုးလိုက်ပါ။
ရေအေးနဲ့ ရေချိုးတာက ခန္ဓာကိုယ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ အလုပ်ထဲမှာဆိုရင် ရေခဲရေနဲ့ မျက်နှာသစ်တာမျိုး၊ လက်ကောက်ဝတ်နဲ့ နားထင်တွေမှာ ရေခဲတုံးလေးတွေ ကပ်ပေးတာမျိုးလုပ်နိုင်ပါတယ်။
၆။ အပြောင်းအလဲလုပ်ပါ။
ပုံမှန်လုပ်ရိုးလုပ်စဉ်တွေအတိုင်း လုပ်ဆောင်နေမယ်ဆိုရင် လန်းဆန်းနေနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ တစ်နေ့တာလုံးမှာ လုပ်လို့ရတဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်ပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဟာသတွေပြောတာပဲဖြစ်ဖြစ်၊ YouTube မှာ ရုပ်ရှင်နမူနာတွေ ကြည့်တာပဲဖြစ်ဖြစ်၊ ဂိမ်းကစားတာပဲဖြစ်ဖြစ်၊ အပြောင်းအလဲတစ်ခုခုလုပ်ဆောင်မယ်ဆိုရင် ပင်ပန်းနေချိန်မှာတောင်မှ အလုပ်ကောင်းကောင်းလုပ်နေနိုင်မှာ ဖြစ်ပါတယ်။
၇။ ပီကေဝါးပါ။
ပီကေဝါးတာက အိပ်ချင်စိတ်ကို လျော့ပါးစေတယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ပူရှိန်းအနံ့အရသာနဲ့ ပီကေဆိုရင် ပိုကောင်းပါတယ်။ ဒါ့ကြောင့် အိပ်ငိုက်လာပြီဆိုရင် ပီကေတစ်ခုကောက်ဝါးပြီး လုပ်စရာတွေကို ဆက်လက်လုပ်ဆောင်လိုက်ပါ။
၈။ တစ်နေ့တာကို ရိုးရှင်းစွာ ဖြတ်ကျော်ပါ။
အိပ်ရေးပျက်ထားတဲ့အတွက် ပင်ပန်းနေချိန်မှာ အလုပ်စွမ်းဆောင်ရည် အကောင်းဆုံးမဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် အလုပ်တွေအများကြီးပြီးစီးဖို့ ကြိုးစားပြီး စိတ်ဖိစီမခံပါနဲ့။ အရေးအကြီးဆုံးအလုပ်တွေကိုပဲ ဦးစားပေးလုပ်လိုက်ပြီး ကျန်တာတွေကို နောက်နေ့တွေအတွက် ရွှေ့ထားလိုက်ပါ။
၉။ ကားမမောင်းပါနဲ့။
ပင်ပန်းနေချိန်မှာ ကားမောင်းတာက အရမ်းကို အန္တရာယ်များပါတယ်။ ကားမောင်းသွားမယ့်အစား ဘတ်စ်ကား ဒါမှမဟုတ် ရထားတစ်ခုခုစီးလိုက်ပါ။ ယာဉ်မတော်တဆမှုကို ရှောင်နိုင်ရုံသာမက မျက်လုံးပိတ်ပြီး အိပ်လို့တောင် ရပါသေးတယ်။
၁၀။ တစ်ရေးလောက်မှေးအိပ်ပါ။
ဖြစ်နိုင်မယ်ဆိုရင် နေ့လည်(၂)နာရီလောက်မှာ တစ်မှေးလောက်မှေးလိုက်ပါ။ သိပ်အကြာကြီးမလိုပါဘူး။ မိနစ်(၂၀)၊ (၂၅)မိနစ်လောက်မှေးအိပ်လိုက်မယ်ဆိုရင် စိတ်ရောခန္ဓာကိုယ်အတွက်ပါ အားပြန်ပြည့်သွားစေနိုင်ပါတယ်။ လုပ်ငန်းခွင်ရုံးမှာ အိပ်ဖို့နေရာမရှိဘူးဆိုရင်တော့ နည်းလမ်းရှာပြီး ကြိုးစားကြည့်ပါ။ ထမင်းစားချိန် ကားထဲမှာ သွားမှေးလိုက်ရင်လည်း ရပါတယ်။
အိပ်ရေး၀ဝအိပ်စက်ဖို့က ကျွန်တော်တို့အားလုံးက ရည်ရွယ်လေ့ရှိပေမယ့် တကယ်တမ်းဖြစ်မလာတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အခုဖော်ပြပေးလိုက်တဲ့နည်းလမ်းလေးတွေက အိပ်ရေးပျက်ခဲ့မယ်ဆိုရင်တော့ လုပ်စရာတွေကို လန်းဆန်းတက်ကြွစွာ လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။