တစ္ေန႔ႏွစ္ႀကိမ္ Gym ကစားဖို႔ သိရွိမွတ္သားစရာမ်ား
တစ်နေ့နှစ်ကြိမ် Gym ကစားဖို့ သိရှိမှတ်သားစရာများ
ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔အတြက္ စိတ္ေတြေစာၿပီး တစ္ေန႔ကို ႏွစ္ႀကိမ္ Gym ကစားဖို႔ စိတ္ကူးေနပါသလား။ တစ္ေန႔ကို ႏွစ္ႀကိမ္ ေလ့က်င့္ခန္းလုပ္တာက အဆင္ေျပေဘးကင္းမႈရွိမရွိ ေလ့လာၾကည့္ဖို႔ လိုပါတယ္။ လူေတြ Gym ကစားရတဲ့ ရည္ရြယ္ခ်က္ေတြက အမ်ိဳးမ်ိဳးရွိပါတယ္။ တစ္ခ်ိဳ႕ေတြက ခႏၶာကိုယ္ၾကြက္သားေတြ ဖြံ႔ၿဖိဳး ႀကီးထြားလွပလာဖို႔ ဒါမွမဟုတ္ ျပိဳင္ပြဲတစ္ခုခုကို ၀င္ေရာက္ယွဥ္ၿပိဳင္ဖို႔ ကစားၾကသလို တစ္ခ်ိဳ႕ေတြကေတာ့ ခႏၶာကိုယ္ အေလးခ်ိန္ကို ထိန္းထားဖို႔နဲ႔ က်န္းမာေရးေကာင္းဖို႔အတြက္ေလာက္ပဲ ကစားၾကတာျဖစ္ပါတယ္။
ဒီေတာ့ တစ္ေန႔ကို ႏွစ္ႀကိမ္ ေလ့က်င့္ခန္းလုပ္တာ ေဘးကင္းစိတ္ခ်ရၿပီး ပိုအက်ိဳးရွိႏိုင္ပါသလား။ တကယ္ဆိုရင္ ကၽြန္ေတာ္တို႔ရဲ႕ ခႏၶာကိုယ္က ေလ့က်င့္ခန္းေတြကို အခ်ိန္ဘယ္ေလာက္ၾကာၾကာလုပ္တယ္၊ ဘယ္ႏွစ္ႀကိမ္ လုပ္တယ္ဆိုတာထက္ ေလ့က်င့္ခန္းရဲ႕ျပင္းအားကို ပိုၿပီးတုံ႔ျပန္မႈရွိပါတယ္။ အေရးႀကီးတာက တစ္ေန႔မွာ Gym ကို သြားၿပီး ေလ့က်င့္ခန္း ဘယ္ႏွစ္ႀကိမ္လုပ္လုပ္ ထိေရာက္တာမဟုတ္ပါဘူး။ ဒုတိယအႀကိမ္ ေလ့က်င့္ခန္းသြားလုပ္တဲ့အခ်ိန္မွာ အေၾကာေလွ်ာ့ ေလ့က်င့္ခန္းေတြနဲ႔ အေပါ့စားကစားနည္းေတြေလာက္ပဲ ကစားမယ္ဆိုရင္ တစ္ေန႔ႏွစ္ႀကိမ္လုပ္တာက စိုးရိမ္စရာမရွိပါဘူး။
ဒါေပမယ့္ ရည္ရြယ္ခ်က္ရွိရွိနဲ႔ အျပင္းအထန္ေလ့က်င့္ခန္းေတြကို လုပ္မယ္ဆိုရင္ေတာ့ တစ္ဦးနဲ႔တစ္ဦး ျခားနားမႈေတြရွိပါတယ္။ လက္ေရြးစင္အားကစားသမားေတြေတာင္ တစ္ေန႔မွာ ႏွစ္ႀကိမ္ထက္မက ေလ့က်င့္ခန္းေတြ လုပ္ၾကရတာေၾကာင့္ အေမွ်ာ္အျမင္ရွိရွိနဲ႔ ပညာသားပါပါ ကစားတတ္မယ္ဆိုရင္ေတာ့ တစ္ေန႔ ႏွစ္ႀကိမ္ အျပင္းအထန္ကစားတာက ေဘးကင္းၿပီး အသံုး၀င္လာႏိုင္ပါတယ္။ ကမာၻအဆင့္အားကစားသမားေတြ အတြက္ေတာ့ တစ္ေန႔ထဲမွာ ေလ့က်င့္မႈေတြ အႀကိမ္မ်ားစြာလုပ္ႏိုင္ေပမယ့္ အခ်ိန္ျပည့္အလုပ္တစ္ခုနဲ႔ မိသားစု တာ၀န္ေတြရွိတဲ့ သက္လတ္အရြယ္လူတစ္ေယာက္ေအနနဲ႔ဆိုရင္ေတာ့ ဒီေလာက္အထိ အခ်ိန္ေပးၿပီး လုပ္ႏိုင္မွာ မဟုတ္ပါဘူး။
ဒါ့ေၾကာင့္ က်န္းမာေရးေကာင္းၿပီး တက္ၾကြလန္းဆန္းခ်င္႐ုံ၊ ခႏၶာကိုယ္အေလးခ်ိန္ထိန္းခ်င္႐ုံေလာက္ပဲ ဆိုရင္ေတာ့ တစ္ေန႔ကို ႏွစ္ႀကိမ္ ေလ့က်င့္ခန္းေတြလုပ္ဖို႔ မလိုအပ္ပါဘူး။ အကယ္၍ တစ္ေန႔ႏွစ္ႀကိမ္ ကစားခ်င္တယ္ဆိုရင္လည္း ျပႆနာမရွိေစဖို႔ လုိက္နာစရာေလးေတြ ေဖာ္ျပေပးလိုက္ပါတယ္။
၁။ မွ်မွ်တတ ကစားပါ။
တစ္ေန႔ကို ႏွစ္ႀကိမ္ ကစားမယ္ဆိုရင္ အျပင္းစားေလ့က်င့္ခန္းေတြနဲ႔ အေပါ့စားေလ့က်င့္ခန္းေတြကို မွ်ၿပီး ကစားတတ္ဖို႔ လိုပါတယ္။ ျပင္းထန္းမႈ၊ ၀ိတ္အေလးခ်ိန္၊ ေလ့က်င့္ခ်ိန္၊ အႀကိမ္အေရအတြက္ တိုးျမွင့္တာကို ဂရုစိုက္ပါ။ အေသးစိတ္ဂ႐ုစိုက္တတ္တာက ခႏၶာကိုယ္မွာ ထိခိုက္နာက်င္မႈေတြ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ တစ္ေန႔တည္းမွာ အျပင္းစားေလ့က်င့္ခန္းႏွစ္ခု မလုပ္မိေအာင္လည္း ေရွာင္သင့္ပါတယ္။
၂။ အခ်ိန္ျခား ကစားပါ။
ပထမတစ္ႀကိမ္နဲ႔ ဒုတိယတစ္ႀကိမ္ကစားတဲ့ အခ်ိန္ကို လုံေလာက္ေအာင္ ျခားထားဖို႔ လိုပါတယ္။ ကၽြမ္းက်င္သူေတြကေတာ့ (၄)နာရီကေန (၆)နာရီေလာက္အထိ ျခားၿပီး ကစားဖို႔ အၾကံျပဳထားပါတယ္။ တူညီတဲ့ ၾကြက္သားအုပ္စုေတြအတြက္ ေလ့က်င့္ခန္းေတြကိုေတာ့ ႏွစ္ရက္ျခားတစ္ခါေလာက္ပဲ ကစားသင့္ပါတယ္။ တစ္ႀကိမ္ထက္ တစ္ႀကိမ္ စြမ္းေဆာင္ရည္က်လာတယ္ဆိုရင္ေတာ့ ရက္အနည္းငယ္ေလာက္ အနားယူလိုက္တာ အေကာင္းဆံုးပါပဲ။
၃။ ခြန္အားျဖည့္ပါ။
ေလ့က်င့္ခန္းေတြ မလုပ္ခင္နဲ႔ လုပ္ၿပီးခ်ိန္မွာ အားရွိတဲ့အစားအေသာက္ေတြ စားေပးဖို႔လည္း လိုပါတယ္။ အေရးႀကီးတာက ေရဓာတ္ျပည့္ေနေစဖို႔ မေမ့ပါနဲ႔။ ေရဓာတ္နည္းေနခ်ိန္မွာ ေလ့က်င့္ခန္းေတြလုပ္တာက ၾကြက္သားေတြကို ပိုၿပီးထိခိုက္ေစၿပီး ျပန္ေကာင္းဖို႔လည္း ခက္တာေၾကာင့္ျဖစ္ပါတယ္။
၄။ အိပ္စက္ပါ။
အိပ္ေရးမ၀တာ၊ ေကာင္းေကာင္းအိပ္မေပ်ာ္တာေတြက ၾကြက္သားထိခိုက္မႈေတြကို ျပန္လည္ကုစားဖို႔ အခ်ိန္ၾကာေစၿပီး ေလ့က်င္းခန္းလုပ္ေဆာင္ႏိုင္စြမ္းကိုလည္း ထိခိုက္ေစပါတယ္။
၅။ ျပန္လည္ကုစားမႈကို ဦးစားေပးပါ။
ၾကြက္သားထိခိုက္မႈေတြကို ျပန္လည္ကုစားဖို႔အတြက္ အေရးႀကီးပါတယ္။ သီတင္းတစ္ပတ္ေလာက္ ၀ိတ္ေတြမ၊ ေလ့က်င့္ခန္းေတြ နာရီေပါင္းမ်ားစြာ လုပ္ၿပီးရင္ တစ္ရက္ေလာက္ေတာ့ အနားယူပါ။ တစ္ရက္ေလာက္နားလိုက္လို႔ ဘာမွျဖစ္မသြားပါဘူး။ နားတယ္ဆိုေပမယ့္ တစ္ေနကုန္ဆိုဖာေပၚမွာ ထိုင္ေနတာထက္ လမ္းေလွ်ာက္တာတုိ႔၊ အေပါ့စားအေၾကာေလွ်ာ့တာတို႔ေလာက္ေတာ့ လုပ္လို႔ရပါတယ္။
ဒီေတာ့ တစ္ေန႔ကို ေလ့က်င့္ခန္းဘယ္ႏွစ္ႀကိမ္လုပ္လုပ္ ျပႆနာမရွိႏိုင္ပါဘူး။ မနက္ခင္းမွာလုပ္ေတာ့လည္း အင္အားအျပည့္နဲ႔ လုပ္ႏိုင္သလို ညဖက္လုပ္မယ္ဆိုရင္လည္း အနားယူလိုက္လို႔ရပါတယ္။ တစ္ေန႔ကို မိနစ္(၃၀) ႏွစ္ႀကိမ္ကစားႏိုင္သလို၊ တစ္ႀကိမ္တည္း (၁)နာရီကစားလည္း ျဖစ္ပါတယ္။ အခုမွ စၿပီးကစားမယ့္သူေတြဆိုရင္ေတာ့ တစ္ခုစီခြဲၿပီး အႀကိမ္မ်ားမ်ားကစားတာက ပိုသက္သာပါတယ္။ အေရးႀကီးတာက တစ္ေန႔ကို ဘယ္ႏွစ္ႀကိမ္ကစားလဲဆိုတာထက္ ဘယ္ခႏၶာကိုယ္အစိတ္အပိုင္းကို ေလ့က်င့္ေပးတာလဲ၊ ဘယ္ေလာက္ျပင္းထန္းလဲ၊ ခႏၶာကိုယ္က ဘယ္လိုတံု႔ျပန္လဲဆိုတာေတြပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တစ္ေန႔ကို ႏွစ္ႀကိမ္ကစားခ်င္တယ္ဆိုရင္ ကစားပါ။ ေဘးကင္းဖို႔နဲ႔ အလြန္အကၽြံမျဖစ္ေအာင္ေတာ့ ဂ႐ုစိုက္ပါလို႔ အၾကံျပဳလိုက္ပါတယ္။
တစ်နေ့နှစ်ကြိမ် Gym ကစားဖို့ သိရှိမှတ်သားစရာများ
ကိုယ်အလေးချိန်လျှော့ချဖို့အတွက် စိတ်တွေစောပြီး တစ်နေ့ကို နှစ်ကြိမ် Gym ကစားဖို့ စိတ်ကူးနေပါသလား။ တစ်နေ့ကို နှစ်ကြိမ် လေ့ကျင့်ခန်းလုပ်တာက အဆင်ပြေဘေးကင်းမှုရှိမရှိ လေ့လာကြည့်ဖို့ လိုပါတယ်။ လူတွေ Gym ကစားရတဲ့ ရည်ရွယ်ချက်တွေက အမျိုးမျိုးရှိပါတယ်။ တစ်ချို့တွေက ခန္ဓာကိုယ်ကြွက်သားတွေ ဖွံ့ဖြိုး ကြီးထွားလှပလာဖို့ ဒါမှမဟုတ် ပြိုင်ပွဲတစ်ခုခုကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကစားကြသလို တစ်ချို့တွေကတော့ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းထားဖို့နဲ့ ကျန်းမာရေးကောင်းဖို့အတွက်လောက်ပဲ ကစားကြတာဖြစ်ပါတယ်။
ဒီတော့ တစ်နေ့ကို နှစ်ကြိမ် လေ့ကျင့်ခန်းလုပ်တာ ဘေးကင်းစိတ်ချရပြီး ပိုအကျိုးရှိနိုင်ပါသလား။ တကယ်ဆိုရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က လေ့ကျင့်ခန်းတွေကို အချိန်ဘယ်လောက်ကြာကြာလုပ်တယ်၊ ဘယ်နှစ်ကြိမ် လုပ်တယ်ဆိုတာထက် လေ့ကျင့်ခန်းရဲ့ပြင်းအားကို ပိုပြီးတုံ့ပြန်မှုရှိပါတယ်။ အရေးကြီးတာက တစ်နေ့မှာ Gym ကို သွားပြီး လေ့ကျင့်ခန်း ဘယ်နှစ်ကြိမ်လုပ်လုပ် ထိရောက်တာမဟုတ်ပါဘူး။ ဒုတိယအကြိမ် လေ့ကျင့်ခန်းသွားလုပ်တဲ့အချိန်မှာ အကြောလျှော့ လေ့ကျင့်ခန်းတွေနဲ့ အပေါ့စားကစားနည်းတွေလောက်ပဲ ကစားမယ်ဆိုရင် တစ်နေ့နှစ်ကြိမ်လုပ်တာက စိုးရိမ်စရာမရှိပါဘူး။
ဒါပေမယ့် ရည်ရွယ်ချက်ရှိရှိနဲ့ အပြင်းအထန်လေ့ကျင့်ခန်းတွေကို လုပ်မယ်ဆိုရင်တော့ တစ်ဦးနဲ့တစ်ဦး ခြားနားမှုတွေရှိပါတယ်။ လက်ရွေးစင်အားကစားသမားတွေတောင် တစ်နေ့မှာ နှစ်ကြိမ်ထက်မက လေ့ကျင့်ခန်းတွေ လုပ်ကြရတာကြောင့် အမျှော်အမြင်ရှိရှိနဲ့ ပညာသားပါပါ ကစားတတ်မယ်ဆိုရင်တော့ တစ်နေ့ နှစ်ကြိမ် အပြင်းအထန်ကစားတာက ဘေးကင်းပြီး အသုံးဝင်လာနိုင်ပါတယ်။ ကမ္ဘာအဆင့်အားကစားသမားတွေ အတွက်တော့ တစ်နေ့ထဲမှာ လေ့ကျင့်မှုတွေ အကြိမ်များစွာလုပ်နိုင်ပေမယ့် အချိန်ပြည့်အလုပ်တစ်ခုနဲ့ မိသားစု တာဝန်တွေရှိတဲ့ သက်လတ်အရွယ်လူတစ်ယောက်အေနနဲ့ဆိုရင်တော့ ဒီလောက်အထိ အချိန်ပေးပြီး လုပ်နိုင်မှာ မဟုတ်ပါဘူး။
ဒါ့ကြောင့် ကျန်းမာရေးကောင်းပြီး တက်ကြွလန်းဆန်းချင်ရုံ၊ ခန္ဓာကိုယ်အလေးချိန်ထိန်းချင်ရုံလောက်ပဲ ဆိုရင်တော့ တစ်နေ့ကို နှစ်ကြိမ် လေ့ကျင့်ခန်းတွေလုပ်ဖို့ မလိုအပ်ပါဘူး။ အကယ်၍ တစ်နေ့နှစ်ကြိမ် ကစားချင်တယ်ဆိုရင်လည်း ပြဿနာမရှိစေဖို့ လိုက်နာစရာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
၁။ မျှမျှတတ ကစားပါ။
တစ်နေ့ကို နှစ်ကြိမ် ကစားမယ်ဆိုရင် အပြင်းစားလေ့ကျင့်ခန်းတွေနဲ့ အပေါ့စားလေ့ကျင့်ခန်းတွေကို မျှပြီး ကစားတတ်ဖို့ လိုပါတယ်။ ပြင်းထန်းမှု၊ ဝိတ်အလေးချိန်၊ လေ့ကျင့်ချိန်၊ အကြိမ်အရေအတွက် တိုးမြှင့်တာကို ဂရုစိုက်ပါ။ အသေးစိတ်ဂရုစိုက်တတ်တာက ခန္ဓာကိုယ်မှာ ထိခိုက်နာကျင်မှုတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် တစ်နေ့တည်းမှာ အပြင်းစားလေ့ကျင့်ခန်းနှစ်ခု မလုပ်မိအောင်လည်း ရှောင်သင့်ပါတယ်။
၂။ အချိန်ခြား ကစားပါ။
ပထမတစ်ကြိမ်နဲ့ ဒုတိယတစ်ကြိမ်ကစားတဲ့ အချိန်ကို လုံလောက်အောင် ခြားထားဖို့ လိုပါတယ်။ ကျွမ်းကျင်သူတွေကတော့ (၄)နာရီကနေ (၆)နာရီလောက်အထိ ခြားပြီး ကစားဖို့ အကြံပြုထားပါတယ်။ တူညီတဲ့ ကြွက်သားအုပ်စုတွေအတွက် လေ့ကျင့်ခန်းတွေကိုတော့ နှစ်ရက်ခြားတစ်ခါလောက်ပဲ ကစားသင့်ပါတယ်။ တစ်ကြိမ်ထက် တစ်ကြိမ် စွမ်းဆောင်ရည်ကျလာတယ်ဆိုရင်တော့ ရက်အနည်းငယ်လောက် အနားယူလိုက်တာ အကောင်းဆုံးပါပဲ။
၃။ ခွန်အားဖြည့်ပါ။
လေ့ကျင့်ခန်းတွေ မလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာ အားရှိတဲ့အစားအသောက်တွေ စားပေးဖို့လည်း လိုပါတယ်။ အရေးကြီးတာက ရေဓာတ်ပြည့်နေစေဖို့ မမေ့ပါနဲ့။ ရေဓာတ်နည်းနေချိန်မှာ လေ့ကျင့်ခန်းတွေလုပ်တာက ကြွက်သားတွေကို ပိုပြီးထိခိုက်စေပြီး ပြန်ကောင်းဖို့လည်း ခက်တာကြောင့်ဖြစ်ပါတယ်။
၄။ အိပ်စက်ပါ။
အိပ်ရေးမဝတာ၊ ကောင်းကောင်းအိပ်မပျော်တာတွေက ကြွက်သားထိခိုက်မှုတွေကို ပြန်လည်ကုစားဖို့ အချိန်ကြာစေပြီး လေ့ကျင်းခန်းလုပ်ဆောင်နိုင်စွမ်းကိုလည်း ထိခိုက်စေပါတယ်။
၅။ ပြန်လည်ကုစားမှုကို ဦးစားပေးပါ။
ကြွက်သားထိခိုက်မှုတွေကို ပြန်လည်ကုစားဖို့အတွက် အရေးကြီးပါတယ်။ သီတင်းတစ်ပတ်လောက် ဝိတ်တွေမ၊ လေ့ကျင့်ခန်းတွေ နာရီပေါင်းများစွာ လုပ်ပြီးရင် တစ်ရက်လောက်တော့ အနားယူပါ။ တစ်ရက်လောက်နားလိုက်လို့ ဘာမှဖြစ်မသွားပါဘူး။ နားတယ်ဆိုပေမယ့် တစ်နေကုန်ဆိုဖာပေါ်မှာ ထိုင်နေတာထက် လမ်းလျှောက်တာတို့၊ အပေါ့စားအကြောလျှော့တာတို့လောက်တော့ လုပ်လို့ရပါတယ်။
ဒီတော့ တစ်နေ့ကို လေ့ကျင့်ခန်းဘယ်နှစ်ကြိမ်လုပ်လုပ် ပြဿနာမရှိနိုင်ပါဘူး။ မနက်ခင်းမှာလုပ်တော့လည်း အင်အားအပြည့်နဲ့ လုပ်နိုင်သလို ညဖက်လုပ်မယ်ဆိုရင်လည်း အနားယူလိုက်လို့ရပါတယ်။ တစ်နေ့ကို မိနစ်(၃၀) နှစ်ကြိမ်ကစားနိုင်သလို၊ တစ်ကြိမ်တည်း (၁)နာရီကစားလည်း ဖြစ်ပါတယ်။ အခုမှ စပြီးကစားမယ့်သူတွေဆိုရင်တော့ တစ်ခုစီခွဲပြီး အကြိမ်များများကစားတာက ပိုသက်သာပါတယ်။ အရေးကြီးတာက တစ်နေ့ကို ဘယ်နှစ်ကြိမ်ကစားလဲဆိုတာထက် ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့ကျင့်ပေးတာလဲ၊ ဘယ်လောက်ပြင်းထန်းလဲ၊ ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်လဲဆိုတာတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို နှစ်ကြိမ်ကစားချင်တယ်ဆိုရင် ကစားပါ။ ဘေးကင်းဖို့နဲ့ အလွန်အကျွံမဖြစ်အောင်တော့ ဂရုစိုက်ပါလို့ အကြံပြုလိုက်ပါတယ်။