တစ္ေန႔တာကို အေကာင္းဆံုး စတင္ႏိုင္ဖို႔ နည္းလမ္းမ်ား

တစ္ေန႔တာကို အေကာင္းဆံုး စတင္ႏိုင္ဖို႔ နည္းလမ္းမ်ား

တစ်နေ့တာကို အကောင်းဆုံး စတင်နိုင်ဖို့ နည်းလမ်းများ

ညဥ့္နက္တဲ့အထိအလုပ္လုပ္ၿပီး မနက္ခင္းမွာ မနက္စာလြတ္တဲ့အထိ အိပ္၊ အလုပ္ကို အေျပးအလႊားသြား ၿပီး တစ္ေနကုန္ အသည္းအသန္ျဖတ္သန္းေနတာက ေကာင္းတဲ့အေလ့အက်င့္မဟုတ္ပါဘူး။ ဒီအေလ့အက်င့္က သင့္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာကိုပါ ထိခိုက္ေစၿပီး အလုပ္စြမ္းေဆာင္ရည္ကို က်ဆင္းသြားေစႏိုင္ပါတယ္။ ဒီလိုမလုပ္ပဲ မနက္ခင္းပိုင္းမွာ ပံုမွန္လုပ္ေဆာင္သင့္တဲ့ အေလ့အက်င့္ေကာင္းေတြကို ေမြးျမဴထားျခင္းက ဘ၀တစ္ေလွ်ာက္လံုး ေအာင္ျမင္မႈေတြကို ေဆာင္က်ဥ္းေပးႏိုင္ပါတယ္။ မနက္ခင္းဟာ တစ္ေန႔တာရဲ႕အစျဖစ္တဲ့အတြက္ တစ္ေန႔တာကို အေကာင္းဆံုျဖတ္သန္းႏိုင္ဖို႔ အေရးႀကီးပါတယ္။ တစ္ေန႔ခ်င္းစီကို အေကာင္းဆံုးျဖတ္သန္းႏိုင္ၿပီဆိုရင္ တစ္ဘ၀လုံးလည္း လွပလာမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လွပတဲ့မနက္ခင္းေတြကို ပိုင္ဆိုင္ႏိုင္ဖို႔ နည္းလမ္းေတြကို စုစည္းေဖာ္ျပလိုက္ပါတယ္။

၁။ အိပ္ရာကႏိုးထလာတာနဲ႔ ေရေအး တစ္ဖန္ခြက္ေသာက္ပါ။

ကၽြန္ေတာ္တို႔ အိပ္စက္ေနတဲ့ အခ်ိန္မွာ ခႏၶာကိုယ္အတြင္း ေရဓာတ္၀င္ေရာက္မႈမရွိပါဘူး။ ဒါ့ေၾကာင့္ အိပ္ရာက ႏိုးလာတာနဲ႔ ေရဓာတ္ျဖည့္တင္းေပးဖို႔ လိုပါတယ္။ အိပ္ရာကႏိုးတာနဲ႔ ေရေသာက္တာဟာ ခႏၶာကိုယ္ရဲ႕ ဇီ၀ကမၼျဖစ္စဥ္ကို ထူးျခားေကာင္းမြန္ေစပါတယ္။

၂။ အေၾကာေလွ်ာ့ပါ ဒါမွမဟုတ္ ေလ့က်င့္ခန္း()မိနစ္ခန္႔ လုပ္ေဆာင္ပါ။

မနက္ခင္းမွာ အေၾကာေလွ်ာ့ေလ့က်င့္ခန္းလုပ္ေဆာင္ျခင္းက ကိုယ္လက္ေလးလံထိုင္းမႈိင္းေနတာကို ေပ်ာက္ကင္းေစၿပီး တစ္ေန႔တာလံုး လန္းဆန္းတက္ၾကြေနေစပါတယ္။ အေျခခံေလ့က်င့္ခန္းေလးေတြ လုပ္ေဆာင္တာကလည္း ဘယ္ေလာက္မွအခ်ိန္မေပးရပါဘူး။ ဖုန္းထဲမွာ Workout app တစ္ခုခု သြင္းထားၿပီး လုပ္လို႔ရပါတယ္။

၃။ ေရခ်ိဳးပါ။

မနက္ခင္းမွာေရခ်ိဳးတာက ခႏၶာကိုယ္ကို အင္အားျပည့္ၿပီး လန္းဆန္းတက္ၾကြေစပါတယ္။ ဒါ့အျပင္ အျခား က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးေတြလည္း အမ်ားႀကီးရွိပါေသးတယ္။

၄။ သြားတိုက္ပါ။ အ၀တ္အစားလဲပါ။

၅။ တရားထိုင္ပါ။

မနက္ခင္းမွာ တရားထိုင္ၿပီး စိတ္ကိုရွင္းလင္းထားတာက တစ္ေန႔တာလံုးမွာ အေကာင္းဆံုးအာ႐ုံစိုက္ႏိုင္မွာ ျဖစ္ပါတယ္။

၆။ ပန္းကန္ေဆးပါ။

မနက္ခင္းပိုင္းမွာ ေဆးေၾကာစရာရွိေနတဲ့ ပန္းကန္ေတြကို ေဆးတာက တစ္ေန႔တာအတြက္ စဥ္းစားခ်ိန္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ တစ္ခုခုကို အၿပီးသတ္လုပ္ေဆာင္ႏိုင္လိုက္သလိုလည္း ခံစားရေစပါတယ္။

၇။ မိနစ္(၂၀)ခန္႔ စာဖတ္ပါ။

မနက္ခင္းမွာ စာဖတ္တာက တစ္ေန႔တာအတြက္ အက်ိဳးသက္ေရာက္မႈမ်ားစြာ ရရွိေစပါတယ္။ ခံယူခ်က္၊ ေအာင္ျမင္တိုးတက္ေရး၊ စီးပြားေရးတို႔နဲ႔ ပတ္သက္တဲ့အေၾကာင္းအရာေတြကို ဖတ္႐ႈျခင္းက ဆန္းသစ္တီထြင္မႈကို အားေပးလႈံ႕ေဆာ္ေပးႏိုင္ပါတယ္။

၈။ မိနစ္(၂၀)ခန္႔ စာေရးပါ။

မနက္ခင္းမွာ စိတ္ထဲမွာ ရွိသမွ်ကို ခ်ေရးတာဟာလည္း ေကာင္းတဲ့အေလ့အက်င့္တစ္ခုျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ ဦးေႏွာက္ထဲမွာ စီးပြားေရးကိစၥေတြ၊ ဘ၀နဲ႔ပတ္သက္တာေတြ၊ အျခားဆံုးျဖတ္ခ်က္ေတြ စသျဖင့္ ျပည့္ႏွက္ေနတတ္ပါတယ္။ ဒီကိစၥေတြအားလံုးကို ခ်ေရးထားလိုက္ၿပီး ေခါင္းကို ရွင္းထားလိုက္တာက ဦးေႏွာက္အတြင္း ရွင္းရွင္းလင္းလင္းနဲ႔ လုပ္ငန္းေဆာင္တာေတြကို ထိထိေရာက္ေရာက္လုပ္ေဆာင္ႏိုင္ေစမွာပါ။

၉။ ေန႔စဥ္ ရည္မွန္းခ်က္ပန္းတိုင္မ်ား ခ်မွတ္ပါ

မနက္ခင္းတိုင္းမွာ ေန႔စဥ္လုပ္ေဆာင္မယ့္ ရည္မွန္းခ်က္ေတြ ခ်ေရးထားပါ။ ဘ၀အတြက္ရည္မွန္းခ်က္ကို အရင္ဆံုးသတ္မွတ္ထားၿပီးမွ တစ္ေန႔ခ်င္းစီမွာ လုပ္ေဆာင္ရမယ့္ ရည္မွန္းခ်က္ေတြကို ခ်မွတ္ရမွာျဖစ္ပါတယ္။ တစ္ေန႔တာရဲ႕ လုပ္ေဆာင္ခ်က္ေတြက ဘ၀ရည္မွန္းခ်က္ကို အေကာင္အထည္ေပၚေစမယ့္ အခ်က္ေတြျဖစ္သင့္ပါတယ္။

၁၀။ တစ္ရက္စာအစီအစဥ္ေရးဆြဲပါ

တစ္ေန႔တာအတြက္ လုပ္ေဆာင္ကိစၥေတြကို မနက္ခင္းမွာကတည္းက ႀကိဳတင္အစီအစဥ္ေရးဆြဲထားပါ။ အေရးႀကီးဆံုးကိစၥေတြကို အရင္ဆံုးလုပ္ေဆာင္ဖို႔ စီစဥ္ပါ။ မြန္းလြဲခ်ိန္မတိုင္မွီ မနက္ခင္းပိုင္းဟာ လုပ္ငန္းစြမ္းေဆာင္ရည္အေကာင္းဆံုး ျဖစ္တာေၾကာင့္ လုပ္စရာရွိတာေတြကို မနက္ခင္းမွာ အၿပီးသတ္လုပ္ေဆာင္ႏိုင္ေအာင္ စီစဥ္ထားတာက အေကာင္းဆံုးျဖစ္ပါတယ္။

အခုေဖာ္ျပခဲ့တဲ့ကိစၥေတြအားလံုးကို တစ္ေန႔တာရဲ႕ မနက္ခင္းမွာ အျခားဘာကိုမွ မလုပ္ေသးခင္ အၿပီးလုပ္ဖို႔ လိုပါတယ္။ အေရးမႀကီးရင္ ဖုန္းေျဖတာ၊ အီးေမးလ္ေတြ ဖတ္တာကိုေတာင္မွ မလုပ္ပါနဲ႔။ တစ္ေန႔တာအတြက္ အစီအစဥ္ေတြေရးဆြဲၿပီးေတာ့မွာ လုပ္ပါ။ အရမ္းအေရးတႀကီးလိုအပ္မွသာ တစ္ေန႔တာအစီအစဥ္ကို ျပင္ဆင္ပါ။ ဒီလိုဆိုရင္ေတာ့ ေန႔ရက္တိုင္းကို ေပ်ာ္ရႊင္ခ်မ္းေျမ့စြာ စတင္ႏိုင္မွာျဖစ္ပါတယ္။


တစ်နေ့တာကို အကောင်းဆုံး စတင်နိုင်ဖို့ နည်းလမ်းများ

ညဉ့်နက်တဲ့အထိအလုပ်လုပ်ပြီး မနက်ခင်းမှာ မနက်စာလွတ်တဲ့အထိ အိပ်၊ အလုပ်ကို အပြေးအလွှားသွား ပြီး တစ်နေကုန် အသည်းအသန်ဖြတ်သန်းနေတာက ကောင်းတဲ့အလေ့အကျင့်မဟုတ်ပါဘူး။ ဒီအလေ့အကျင့်က သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပြီး အလုပ်စွမ်းဆောင်ရည်ကို ကျဆင်းသွားစေနိုင်ပါတယ်။ ဒီလိုမလုပ်ပဲ မနက်ခင်းပိုင်းမှာ ပုံမှန်လုပ်ဆောင်သင့်တဲ့ အလေ့အကျင့်ကောင်းတွေကို မွေးမြူထားခြင်းက ဘဝတစ်လျှောက်လုံး အောင်မြင်မှုတွေကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။ မနက်ခင်းဟာ တစ်နေ့တာရဲ့အစဖြစ်တဲ့အတွက် တစ်နေ့တာကို အကောင်းဆုံဖြတ်သန်းနိုင်ဖို့ အရေးကြီးပါတယ်။ တစ်နေ့ချင်းစီကို အကောင်းဆုံးဖြတ်သန်းနိုင်ပြီဆိုရင် တစ်ဘဝလုံးလည်း လှပလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် လှပတဲ့မနက်ခင်းတွေကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

10002

၁။ အိပ်ရာကနိုးထလာတာနဲ့ ရေအေး တစ်ဖန်ခွက်သောက်ပါ။

ကျွန်တော်တို့ အိပ်စက်နေတဲ့ အချိန်မှာ ခန္ဓာကိုယ်အတွင်း ရေဓာတ်ဝင်ရောက်မှုမရှိပါဘူး။ ဒါ့ကြောင့် အိပ်ရာက နိုးလာတာနဲ့ ရေဓာတ်ဖြည့်တင်းပေးဖို့ လိုပါတယ်။ အိပ်ရာကနိုးတာနဲ့ ရေသောက်တာဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထူးခြားကောင်းမွန်စေပါတယ်။

၂။ အကြောလျှော့ပါ ဒါမှမဟုတ် လေ့ကျင့်ခန်း(၇)မိနစ်ခန့် လုပ်ဆောင်ပါ။

မနက်ခင်းမှာ အကြောလျှော့လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက ကိုယ်လက်လေးလံထိုင်းမှိုင်းနေတာကို ပျောက်ကင်းစေပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေပါတယ်။ အခြေခံလေ့ကျင့်ခန်းလေးတွေ လုပ်ဆောင်တာကလည်း ဘယ်လောက်မှအချိန်မပေးရပါဘူး။ ဖုန်းထဲမှာ Workout app တစ်ခုခု သွင်းထားပြီး လုပ်လို့ရပါတယ်။

10006

၃။ ရေချိုးပါ။

မနက်ခင်းမှာရေချိုးတာက ခန္ဓာကိုယ်ကို အင်အားပြည့်ပြီး လန်းဆန်းတက်ကြွစေပါတယ်။ ဒါ့အပြင် အခြား ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါသေးတယ်။

၄။ သွားတိုက်ပါ။ အဝတ်အစားလဲပါ။

၅။ တရားထိုင်ပါ။

မနက်ခင်းမှာ တရားထိုင်ပြီး စိတ်ကိုရှင်းလင်းထားတာက တစ်နေ့တာလုံးမှာ အကောင်းဆုံးအာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။

၆။ ပန်းကန်ဆေးပါ။

မနက်ခင်းပိုင်းမှာ ဆေးကြောစရာရှိနေတဲ့ ပန်းကန်တွေကို ဆေးတာက တစ်နေ့တာအတွက် စဉ်းစားချိန်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခုခုကို အပြီးသတ်လုပ်ဆောင်နိုင်လိုက်သလိုလည်း ခံစားရစေပါတယ်။

၇။ မိနစ်(၂၀)ခန့် စာဖတ်ပါ။

မနက်ခင်းမှာ စာဖတ်တာက တစ်နေ့တာအတွက် အကျိုးသက်ရောက်မှုများစွာ ရရှိစေပါတယ်။ ခံယူချက်၊ အောင်မြင်တိုးတက်ရေး၊ စီးပွားရေးတို့နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ဖတ်ရှုခြင်းက ဆန်းသစ်တီထွင်မှုကို အားပေးလှုံ့ဆော်ပေးနိုင်ပါတယ်။

300-x-200

၈။ မိနစ်(၂၀)ခန့် စာရေးပါ။

မနက်ခင်းမှာ စိတ်ထဲမှာ ရှိသမျှကို ချရေးတာဟာလည်း ကောင်းတဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် ဦးနှောက်ထဲမှာ စီးပွားရေးကိစ္စတွေ၊ ဘဝနဲ့ပတ်သက်တာတွေ၊ အခြားဆုံးဖြတ်ချက်တွေ စသဖြင့် ပြည့်နှက်နေတတ်ပါတယ်။ ဒီကိစ္စတွေအားလုံးကို ချရေးထားလိုက်ပြီး ခေါင်းကို ရှင်းထားလိုက်တာက ဦးနှောက်အတွင်း ရှင်းရှင်းလင်းလင်းနဲ့ လုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်စေမှာပါ။

၉။ နေ့စဉ် ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ပါ

မနက်ခင်းတိုင်းမှာ နေ့စဉ်လုပ်ဆောင်မယ့် ရည်မှန်းချက်တွေ ချရေးထားပါ။ ဘဝအတွက်ရည်မှန်းချက်ကို အရင်ဆုံးသတ်မှတ်ထားပြီးမှ တစ်နေ့ချင်းစီမှာ လုပ်ဆောင်ရမယ့် ရည်မှန်းချက်တွေကို ချမှတ်ရမှာဖြစ်ပါတယ်။ တစ်နေ့တာရဲ့ လုပ်ဆောင်ချက်တွေက ဘဝရည်မှန်းချက်ကို အကောင်အထည်ပေါ်စေမယ့် အချက်တွေဖြစ်သင့်ပါတယ်။

၁၀။ တစ်ရက်စာအစီအစဉ်ရေးဆွဲပါ

တစ်နေ့တာအတွက် လုပ်ဆောင်ကိစ္စတွေကို မနက်ခင်းမှာကတည်းက ကြိုတင်အစီအစဉ်ရေးဆွဲထားပါ။ အရေးကြီးဆုံးကိစ္စတွေကို အရင်ဆုံးလုပ်ဆောင်ဖို့ စီစဉ်ပါ။ မွန်းလွဲချိန်မတိုင်မှီ မနက်ခင်းပိုင်းဟာ လုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံး ဖြစ်တာကြောင့် လုပ်စရာရှိတာတွေကို မနက်ခင်းမှာ အပြီးသတ်လုပ်ဆောင်နိုင်အောင် စီစဉ်ထားတာက အကောင်းဆုံးဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ကိစ္စတွေအားလုံးကို တစ်နေ့တာရဲ့ မနက်ခင်းမှာ အခြားဘာကိုမှ မလုပ်သေးခင် အပြီးလုပ်ဖို့ လိုပါတယ်။ အရေးမကြီးရင် ဖုန်းဖြေတာ၊ အီးမေးလ်တွေ ဖတ်တာကိုတောင်မှ မလုပ်ပါနဲ့။ တစ်နေ့တာအတွက် အစီအစဉ်တွေရေးဆွဲပြီးတော့မှာ လုပ်ပါ။ အရမ်းအရေးတကြီးလိုအပ်မှသာ တစ်နေ့တာအစီအစဉ်ကို ပြင်ဆင်ပါ။ ဒီလိုဆိုရင်တော့ နေ့ရက်တိုင်းကို ပျော်ရွှင်ချမ်းမြေ့စွာ စတင်နိုင်မှာဖြစ်ပါတယ်။

Related Posts

%%footer%%